< ၃ ဓမ္မရာဇဝင် 12 >
1 ၁ ဣသရေလ အမျိုးသားအပေါင်း တို့သည် ရောဗောင် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ၊ ရှေခင် မြို့သို့သွား ကြ၍ သူသည်လည်း သွား ၏။
Rehoboam went to Shechem, for all Israel was coming to Shechem to make him king.
2 ၂ ရှောလမုန် မင်းကြီး ထံမှ အဲဂုတ္တု ပြည်သို့ ပြေး သော နေဗတ် ၏သား ယေရောဗောင် သည် ထိုသိတင်း ကိုကြား ၍ အဲဂုတ္တု ပြည်မှ ပြန်လာ၏။
It happened that Jeroboam son of Nebat heard of this (for he was still in Egypt, where he had fled from the presence of King Solomon), for Jeroboam had settled down in Egypt.
3 ၃ ဣသရေလလူတို့သည် သူ့ ထံသို့ လူကိုစေလွှတ် ၍ ခေါ် သဖြင့် ၊ စည်းဝေးသော ပရိသတ် အပေါင်း တို့သည် သူနှင့်အတူ ရောဗောင် ထံသို့ဝင် လျက်၊
So they sent and called him, and Jeroboam and all the assembly of Israel came and said to Rehoboam,
4 ၄ ခမည်းတော် သည် ကျွန်တော် တို့၌ လေး သောထမ်းဘိုး ကိုတင်ပါပြီ။ ခမည်းတော် ထံမှာပင်ပန်း စွာ ဆောင်ရွက်ရသောအမှု ၊ တင် တော်မူသော ထမ်းဘိုး လေး ကို ပေါ့ စေတော်မူပါ။ ထိုသို့ ပြုတော်မူလျှင်၊ ကျွန်တော်တို့သည် အမှု တော်ကို ထမ်းပါမည်ဟု လျှောက်ဆို ကြ၏။
“Your father made our yoke heavy. Now make lighter the hard work of your father and make lighter the heavy yoke that he put on us, and we will serve you.”
5 ၅ ရောဗောင်ကလည်း၊ သင်တို့သွား ကြဦးလော့။ သုံး ရက် လွန်မှ တဖန် လာ ကြဦးလော့ဟု မိန့် တော်မူလျှင် ၊ သူတို့သည် သွား ကြ၏။
Rehoboam said to them, “Go away for three days, then come back to me.” So the people went away.
6 ၆ ထိုအခါ ရောဗောင် မင်းကြီး သည် ခမည်းတော် ရှောလမုန် အသက် ရှင်စဉ် အခါ၊ အထံ တော်၌ ခစား သော အသက်ကြီး သူတို့နှင့် တိုင်ပင် ၍၊ ဤ သူ တို့အား ငါပြန် ပြောရမည်အကြောင်း အဘယ်သို့ အကြံ ပေး ကြမည်နည်းဟုမေး သော်၊
King Rehoboam consulted with the old men who had stood before Solomon his father while he was alive, and he said, “How do you advise me to answer this people?”
7 ၇ သူတို့က၊ ကိုယ်တော်သည် ယနေ့ ဤ သူ တို့၏ ကျွန် ခံ လျက်၊ သူ တို့အမှု ကို စောင့်၍ ကောင်း သော စကား နှင့်ပြန် ပြောတော်မူလျှင် ၊ သူတို့သည် အစဉ် ကိုယ်တော် ၏ ကျွန် ခံ ကြပါလိမ့်မည်ဟု လျှောက် ထားကြ၏။
They spoke to him and said, “If you will be a servant today to these people and serve them, and answer them by saying good words to them, then they will always be your servants.”
8 ၈ အသက်ကြီး သူတို့ပေး သော အကြံ ကို ရောဗောင်သည်မ လိုက်။ ခစား မြဲခစားသော မိမိ သူငယ်ချင်း တို့နှင့် တိုင်ပင် လျက်၊
But Rehoboam ignored the advice that the old men had given him and he consulted with the young men who had grown up with him and stood before him.
9 ၉ ပြည်သားတို့က၊ ခမည်းတော် တင် သော ထမ်းဘိုး ကို ပေါ့ စေတော်မူပါဟု လျှောက်ဆို ကြသည်ဖြစ်၍၊ သူ တို့ အား ငါပြန် ပြောရမည်အကြောင်း အဘယ်သို့ အကြံ ပေး ကြမည်နည်းဟုမေး သော်၊
He said to them, “What advice do you give me that we may answer the people who spoke to me and said, 'Lighten the yoke that your father put on us'?”
10 ၁၀ ထိုသူငယ်ချင်းလုလင် တို့က၊ ခမည်းတော် သည် ကျွန်တော် တို့၌ ထမ်းဘိုး ကို လေး စေပါပြီ။ ပေါ့ စေတော်မူပါဟု လျှောက် သော ပြည်သား တို့အား ၊ ကိုယ်တော်က၊ ငါ့ လက်သန်း သည် ငါ့ ခမည်းတော် ခါး ထက် သာ၍ကြီး လိမ့်မည်။
The young men who had grown up with Rehoboam spoke to him, saying, “Speak to these people who told you that your father Solomon made their yoke heavy but that you must make it lighter. You should say to them, 'My little finger is thicker than my father's waist.
11 ၁၁ ငါ့ ခမည်းတော် သည် သင် တို့အပေါ် မှာ လေး သောထမ်းဘိုး ကိုတင် လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ပြန် ပြောတော်မူပါဟု လျှောက် ထားကြ၏။
So now, although my father burdened you with a heavy yoke, I will add to your yoke. My father punished you with whips, but I will punish you with scorpions.'”
12 ၁၂ ရှင် ဘုရင်က၊ သုံး ရက်မြောက်သောနေ့ ၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း ၊ သုံး ရက်မြောက်သောနေ့ ၌ ယေရောဗောင် နှင့် လူ အပေါင်း တို့သည် ရောဗောင် ထံသို့ ရောက် လာကြ၏။
So Jeroboam and all the people came to Rehoboam on the third day, as the king had instructed when he said, “Come back to me on the third day.”
13 ၁၃ ရှင် ဘုရင်သည် အသက်ကြီး သူတို့ပေး သော အကြံ ကိုမ လိုက်။ လူပျို တို့ပေးသောအကြံ ကို လိုက်လျက်၊
The king answered the people roughly and ignored the advice of the old men that they had given him.
14 ၁၄ ငါ့ ခမည်းတော် သည် သင် တို့အပေါ်မှာ လေး သော ထမ်းဘိုး ကိုတင်လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ကြမ်းတမ်း စွာ ပြန် ပြောတော်မူ၏။
He spoke to them following the advice of the young men; he said, “My father burdened you with a heavy yoke, but I will add to your yoke. My father punished you with whips, but I will punish you with scorpions.”
15 ၁၅ ရှင် ဘုရင်သည် ပြည်သား တို့၏ စကားကိုနား မ ထောင်ရသည်အကြောင်း ကား၊ ထာဝရဘုရား သည် ရှိလော မြို့သားအဟိယ အားဖြင့် နေဗတ် ၏သား ယေရောဗောင် အား မိန့် တော်မူသော စကား ကို ပြည့်စုံ စေတော်မူမည်အကြောင်း တည်း။
So the king did not listen to the people, for it was a turn of events brought about by Yahweh, that he might carry out his word that he had spoken by Ahijah the Shilonite to Jeroboam son of Nebat.
16 ၁၆ ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှင်ဘုရင် နား မ ထောင်ကြောင်း ကို သိမြင် လျှင် ၊ ငါတို့သည် ဒါဝိဒ် နှင့်အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ ၏သား နှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလ အမျိုး၊ သင် တို့နေရာ သို့ သွားကြ။ အိုဒါဝိဒ် ၊ သင် ၏ အိမ် ကို ကြည့်ရှု လော့ဟု ရှင်ဘုရင် အားပြန်ပြော လျက် ၊ ဣသရေလ လူတို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
When all Israel saw that the king did not listen to them, the people answered him and said, “What share do we have in David? We have no inheritance in the son of Jesse! Go to your tents, Israel. Now see to your own house, David.” So Israel went back to their tents.
17 ၁၇ သို့ရာတွင် ယုဒ မြို့ ရွာတို့၌ နေ သောဣသရေလ လူတို့ကို ရောဗောင် သည် အုပ်စိုး ရသေး၏။
But as for the people of Israel who lived in the cities of Judah, Rehoboam became king over them.
18 ၁၈ ထိုအခါ ရောဗောင် မင်းကြီး သည် အခွန် တော်ဝန် အဒေါနိရံ ကို စေလွှတ် ၍ ဣသရေလ လူအပေါင်း တို့ သည် သူ့ ကိုသေ အောင် ကျောက်ခဲ နှင့် ပစ်ကြ၏။
Then King Rehoboam sent Adoniram, who was over the forced laborers, but all Israel stoned him to death with stones. King Rehoboam fled quickly in his chariot to Jerusalem.
19 ၁၉ ရောဗောင် မင်းကြီး သည် ရထား တော်ကို အလျင်အမြန် တက် ၍ ယေရုရှလင် မြို့သို့ ပြေး လေ၏။ ထိုသို့ ဣသရေလ အမျိုးသည် ယနေ့ တိုင်အောင် ဒါဝိဒ် မင်းမျိုး ကို ပုန်ကန် ကြ၏။
So Israel has been in rebellion against the house of David to this day.
20 ၂၀ ယေရောဗောင် ပြန် လာကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သောအခါ ၊ လူကို စေလွှတ် ၍ ၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ် ထံသို့ ခေါ် ပြီးလျှင် ၊ ဣသရေလ အမျိုးကို အုပ်စိုးသော ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒ အမျိုး မှတပါး အဘယ်အမျိုးမျှ ဒါဝိဒ် မင်းမျိုး သို့ မ ဆည်းကပ် ။
It happened that when all Israel heard that Jeroboam had returned, they sent and called him to their assembly and made him king over all Israel. There was no one who followed the family of David, except only the tribe of Judah.
21 ၂၁ ရောဗောင် သည် ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ ဣသရေလ အမျိုး ကို စစ်တိုက် ၍ နိုင်ငံ တော်ကို ရှောလမုန် သား ရောဗောင် လက်သို့ရောက် ပြန်စေခြင်းငှါ ၊ ဗင်္ယာမိန် အမျိုး နှင့်တကွ ယုဒ အမျိုးသား အပေါင်း တို့နှင့် ရွေးချယ် သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေး စေ၏။
When Rehoboam arrived in Jerusalem, he assembled all the house of Judah and the tribe of Benjamin; there were 180,000 chosen men who were soldiers, to fight against the house of Israel, to restore the kingdom to Rehoboam son of Solomon.
22 ၂၂ သို့ရာတွင် ဘုရားသခင် ၏ နှုတ်ကပတ် တော်သည် ဘုရားသခင် ၏လူ ရှေမာယ သို့ ရောက် ၍၊
But the word of God came to Shemaiah, the man of God; it said,
23 ၂၃ သင်သည် ရှောလမုန် သား ၊ ယုဒ ရှင်ဘုရင် ရောဗောင် နှင့် ယုဒ အမျိုး ၊ ဗင်္ယာမိန် အမျိုးသားများ၊ ကျန်ကြွင်း သော သူ များတို့အား ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊
“Speak to Rehoboam son of Solomon, king of Judah, to all the house of Judah and Benjamin, and to the rest of the people; say,
24 ၂၄ သင် တို့ညီအစ်ကို ဖြစ်သော ဣသရေလ အမျိုးသား တို့ကို စစ်တိုက် ခြင်းငှါချီ ၍မ သွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ ပြန် သွားကြလော့။ ဤ အမှု သည် ငါအခွင့်ပေးသောကြောင့် ဖြစ်၏ဟု မိန့်တော်မူသောထာဝရဘုရား ၏စကား တော်ကို နားထောင် ၍ စကား တော်အတိုင်း ပြန် သွားကြ၏။
'Yahweh says this: You must not attack or fight against your brothers the people of Israel. Each man must return to his home, for this thing has been made to happen by me.'” So they listened to the word of Yahweh and turned back and went their way, and they obeyed his word.
25 ၂၅ ထိုနောက် ယေရောဗောင် သည် ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ကို တည် ၍ နေရာ ချ၏။ ထို မြို့မှ သွား ၍ ပေနွေလ မြို့ကိုလည်း တည် ၏။
Then Jeroboam built Shechem in the hill country of Ephraim, and lived there. He went out from there and built Peniel.
26 ၂၆ ယေရောဗောင် က၊ ဤနိုင်ငံ သည် ဒါဝိဒ် မင်းမျိုး လက်သို့ ပြန် ကောင်းပြန်လိမ့်မည်။
Jeroboam thought in his heart, “Now the kingdom will return to the house of David.
27 ၂၇ ပြည်သား တို့သည် ထာဝရဘုရား ၏ ဗိမာန် တော်၌ ယဇ် ပူဇော် ခြင်းငှါ ယေရုရှလင် မြို့သို့ သွား လျှင် ၊ သူတို့ စိတ် နှလုံးသည် မိမိ တို့သခင် ယုဒ ရှင်ဘုရင် ရောဗောင် ဘက်သို့ ပြောင်းလဲ၍၊ ငါ့ ကိုသတ် ပြီးမှ ယုဒ ရှင်ဘုရင် ရောဗောင် ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက်မေ့ သောကြောင့်၊
If these people go up to offer sacrifices in the temple of Yahweh at Jerusalem, then the heart of these people will turn again to their master, to Rehoboam king of Judah. They will kill me and return to Rehoboam king of Judah.”
28 ၂၈ သူတပါးနှင့်တိုင်ပင် ၍ ရွှေ နွား သငယ်နှစ် ကောင်ကို လုပ် ပြီးလျှင် ၊ သင် တို့သည် ယေရုရှလင် မြို့သို့ သွား ရသောအမှုခက် လှ၏။ အို ဣသရေလ အမျိုး၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော ဘုရား တို့ကို ကြည့်ရှု ကြ လော့ဟု ဆို လျက်၊
So King Jeroboam sought advice and made two calves of gold; he said to the people, “It is too much for you to go up to Jerusalem. Look, these are your gods, Israel, who brought you up out of the land of Egypt.”
29 ၂၉ ဗေသလ မြို့၌ တကောင် ၊ ဒန် မြို့၌ တကောင် ကို ထား သဖြင့်၊ ပြစ်မှား စရာအကြောင်းကို ပြု လေ၏။
He set up one in Bethel and the other in Dan.
30 ၃၀ ပြည်သား တို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန် မြို့တိုင်အောင် သွား တတ်ကြ၏။
So this act became a sin. The people went to one or the other, all the way to Dan.
31 ၃၁ ယေရောဗောင်သည်လည်း၊ မြင့် သောအရပ်ပေါ်မှာ အိမ် ကိုဆောက် ၍ ၊ လေဝိ သား မ ဟုတ် သော သာမညလူ တို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား လေ၏။
Jeroboam made houses on high places and he also made priests from among all the people, who were not among the sons of Levi.
32 ၃၂ ယုဒ ပြည်၌ ခံသော ပွဲ ကဲ့သို့ အဋ္ဌမ လ တဆယ် ငါး ရက် နေ့တွင် ပွဲ ကိုစီရင် ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ၏။ ထိုသို့ ဗေသလ မြို့၌ စီရင် ၍၊ မိမိလုပ် သော နွား သငယ်တို့အား ယဇ် ပူဇော်၏။ မြင့် သောအရပ်၌ ခန့်ထား သော ယဇ် ပုရောဟိတ်တို့ကိုလည်း ဗေသလ မြို့မှာ နေရာ ချ၏။
Jeroboam ordained a feast in the eighth month, on the fifteenth day of the month, like the feast that is in Judah, and he went up to the altar. He did so at Bethel, sacrificing to the calves that he had made, and he placed in Bethel the priests of the high places he had made.
33 ၃၃ ထိုသို့ ကိုယ် အလိုအလျောက်ချိန်းချက် သော အဋ္ဌမ လ တဆယ် ငါး ရက် နေ့တွင် ဗေသလ မြို့၌ မိမိလုပ် သော ယဇ် ပလ္လင်ပေါ် မှာပူဇော် ၏။ ဣသရေလ အမျိုးသား တို့အား ပွဲ ကိုလည်း စီရင် ၏။ ယဇ် ပလ္လင်ပေါ် မှာ ယဇ်ပူဇော် ၍ နံ့သာပေါင်း ကို မီးရှို့၏။
Jeroboam went up to the altar that he had made in Bethel on the fifteenth day in the eighth month, in the month he had planned in his own mind; he ordained a feast for the people of Israel and went up to the altar to burn incense.