< ၃ ဓမ္မရာဇဝင် 11 >

1 ရှောလမုန် မင်းကြီး သည် ဖာရော ဘုရင်၏ သမီး မှတပါး ၊ ဣသရေလ အမျိုးသားမဟုတ်သော မောဘ အမျိုး၊ အမ္မုန် အမျိုး၊ ဧဒုံ အမျိုး၊ ဇိဒုန် အမျိုး၊ ဟိတ္တိ အမျိုးသားမိန်းမ အများတို့ကို ချစ် တတ်၏။
King Solomon, however, loved many foreign women along with the daughter of Pharaoh—women of Moab, Ammon, Edom, and Sidon, as well as Hittite women.
2 ထာဝရဘုရား က၊ သင်တို့သည် တပါးအမျိုးသား တို့နှင့်စုံဘက် ခြင်းကိုမ ပြုရ။ အကယ်စင်စစ် သူတို့သည် မိမိ တို့ဘုရား များနောက် သို့ သင် တို့၏ စိတ်နှလုံးကို လွဲ စေကြလိမ့်မည်ဟု ဣသရေလ အမျိုးသား တို့အား မိန့် တော်မူ သော်လည်း၊ ရှောလမုန် သည် တပါးအမျိုးသားမိန်းမတို့ကို တပ်မက် သောစိတ်ရှိ၏။
These women were from the nations about which the LORD had told the Israelites, “You must not intermarry with them, for surely they will turn your hearts after their gods.” Yet Solomon clung to these women in love.
3 မင်းသမီး ဖြစ်သော ခင်ပွန်း ခုနစ် ရာ ၊ မောင်းမမိဿံ သုံး ရာ ရှိ ၍ ၊ သူတို့သည် စိတ် နှလုံးတော်ကို လွဲ စေကြ ၏။
He had seven hundred wives of royal birth and three hundred concubines—and his wives turned his heart away.
4 ရှောလမုန် သည် အသက်ကြီး သောအခါ ၊ မိန်းမ များတို့သည် စိတ် နှလုံးတော်ကို အခြား တပါးသော ဘုရား နောက် သို့ လွဲ စေသဖြင့် ၊ စိတ် နှလုံးတော်သည် ခမည်းတော် ဒါဝိဒ် ၏ စိတ် နှလုံးကဲ့သို့ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စုံလင် ခြင်းမ ရှိ။
For when Solomon grew old, his wives turned his heart after other gods, and he was not wholeheartedly devoted to the LORD his God, as his father David had been.
5 ဇိဒုန် နတ်သမီး အာရှတရက် ၊ ရွံရှာ ဘွယ်သော အမ္မုန် ဘုရား မိလကုံ နောက် သို့ လိုက် ၍၊
Solomon followed Ashtoreth the goddess of the Sidonians and Milcom the abomination of the Ammonites.
6 ခမည်းတော် ဒါဝိဒ် ကဲ့သို့ ထာဝရဘုရား ၌ လုံးလုံး မ ဆည်းကပ်၊ ရှေ့ တော်၌ဒုစရိုက် ကိုပြု လေ၏။
So Solomon did evil in the sight of the LORD; unlike his father David, he did not follow the LORD completely.
7 ထိုအခါ ရှောလမုန် သည် ရွံရှာ ဘွယ်သောမောဘ ဘုရားခေမုရှ နှင့် ရွံရှာ ဘွယ်သော အမ္မုန် ဘုရားမောလုတ် အဘို့ ၊ ယေရုရှလင် မြို့ ရှေ့ တော်၌ရှိသော တောင် ပေါ် တွင် ကုန်း တို့ကို တည် လေ၏။
At that time on a hill east of Jerusalem, Solomon built a high place for Chemosh the abomination of Moab and for Molech the abomination of the Ammonites.
8 မိမိ တို့ဘုရား အား နံ့သာပေါင်းကိုမီးရှို့ ၍ ၊ ယဇ် ပူဇော်သော တပါး အမျိုးသားခင်ပွန်း အပေါင်း တို့အဘို့ ထိုသို့ ပြု ၏။
He did the same for all his foreign wives, who burned incense and sacrificed to their gods.
9
Now the LORD grew angry with Solomon, because his heart had turned away from the LORD, the God of Israel, who had appeared to him twice.
10 ၁၀ အခြား တပါးသော ဘုရား နောက် သို့ မ လိုက် ရမည် အကြောင်းပညတ် တော်မူသောဘုရား၊ နှစ်ကြိမ် ထင်ရှား တော်မူသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်မှ၊ ရှောလမုန် သည်စိတ်နှလုံး လွှဲသွား ၍၊ မှာထား တော်မူသောစကား ကို နား မ ထောင်သောကြောင့်၊ ထာဝရဘုရား အမျက်ထွက် တော်မူလျက်၊
Although He had warned Solomon explicitly not to follow other gods, Solomon did not keep the LORD’s command.
11 ၁၁ သင် သည်ဤသို့ ပြု၍ ငါ ဖွဲ့သော ပဋိညာဉ် နှင့် ငါမှာထား သော တရား ကိုမ စောင့် ဘဲနေသောကြောင့် ၊ နိုင်ငံ တော်ကို သင့် လက်မှ ငါဆက်ဆက်နှုတ် ၍ သင့် ကျွန် အား ပေး မည်။
Then the LORD said to Solomon, “Because you have done this and have not kept My covenant and My statutes, which I have commanded you, I will tear the kingdom away from you and give it to your servant.
12 ၁၂ သို့ရာတွင် သင့် အဘ ဒါဝိဒ် ၏မျက်နှာကို ထောက်၍ ၊ သင့် လက်ထက် ၌ ငါသည်းခံ ဦးမည်။ သင် ၏ သား လက် မှ နိုင်ငံ တော်ကို နှုတ် မည်။
Nevertheless, for the sake of your father David, I will not do it during your lifetime; I will tear it out of the hand of your son.
13 ၁၃ သို့သော်လည်း တနိုင်ငံလုံး ကိုမ နှုတ်။ ငါ့ ကျွန် ဒါဝိဒ် နှင့် ငါ ရွေးကောက် သော ယေရုရှလင် မြို့ကိုထောက်၍ ၊ သင့် သား အား ခရိုင် တ ခရိုင်ကို ငါပေး မည်ဟု ရှောလမုန် အား မိန့် တော်မူ၏။
Yet I will not tear the whole kingdom away from him. I will give one tribe to your son for the sake of My servant David and for the sake of Jerusalem, which I have chosen.”
14 ၁၄ ထိုနောက် ထာဝရဘုရား သည် ရှောလမုန် ၌ ရန်ဘက် ပြုသောသူ ဧဒုံ အမျိုးသားဟာဒဒ် ကို နှိုးဆော် တော်မူ၏။ ထိုသူ သည် ဧဒုံ ရှင်ဘုရင် အမျိုး ဖြစ်၏။
Then the LORD raised up against Solomon an adversary, Hadad the Edomite, from the royal line of Edom.
15 ၁၅
Earlier, when David was in Edom, Joab the commander of the army had gone to bury the dead and had struck down every male in Edom.
16 ၁၆ အထက်က ဒါဝိဒ် သည် ဧဒုံ ပြည်၌ ရှိ ၍၊ ဗိုလ်ချုပ် ယွာဘ သည် ဧဒုံ အမျိုးသားယောက်ျား အပေါင်း တို့ကို ပယ်ဖြတ် မည်ဟု ဣသရေလ လူအပေါင်း တို့နှင့် ဧဒုံ ပြည်၌ ခြောက် လ နေ ပြီးမှ ၊ အသေ ကောင်များကို မြေ၌မြှုပ် စေခြင်းငှါ သွား စဉ်အခါ၊
Joab and all Israel had stayed there six months, until he had killed every male in Edom.
17 ၁၇ ဟာဒဒ် သည် အသက်ငယ် လျက်ပင်အဘ ၏ကျွန် ဧဒုံ အမျိုးသားအချို့တို့နှင့်အတူအဲဂုတ္တု ပြည်သို့ ရောက်အောင်ပြေး ၏။
But Hadad, still just a young boy, had fled to Egypt, along with some Edomites who were servants of his father.
18 ၁၈ မိဒျန် ပြည်မှ ထွက် ၍ မါရန် ပြည်သို့ ရောက် လေ၏။ တဖန် ပါရန် ပြည်သား အချို့တို့ကို ခေါ် ၍ အဲဂုတ္တု ပြည်၊ အဲဂုတ္တု ဖာရော ဘုရင် ထံသို့ ရောက် လေသော်၊ ထိုမင်း သည် အိမ် နှင့် မြေ ကိုပေး ၍ ကျွေးမွေးလေ၏။
Hadad and his men set out from Midian and went to Paran. They took men from Paran with them and went to Egypt, to Pharaoh king of Egypt, who gave Hadad a house and land and provided him with food.
19 ၁၉ ဖာရော ဘုရင်သည် ဟာဒဒ် ကို အလွန် ချစ် ၍ မိမိ ခင်ပွန်း မိဖုရား တာပနက် ၏ညီမ ကို ပေးစား ၏။
There Hadad found such great favor in the sight of Pharaoh that he gave to him in marriage the sister of Queen Tahpenes, his own wife.
20 ၂၀ တာပနက် ၏ ညီမ သည်သား ဂေနုဗက် ကို ဘွားမြင် ၍ ၊ တာပနက် သည်နန်း တော်၌ နို့ခွါသဖြင့် ၊ ဂေနုဗတ် သည် နန်း တော်၌ ဖာရော ဘုရင်၏ သား များနှင့်အတူ နေ ၏။
And the sister of Tahpenes bore Hadad a son named Genubath. Tahpenes herself weaned him in Pharaoh’s palace, and Genubath lived there among the sons of Pharaoh.
21 ၂၁ ဒါဝိဒ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ကြောင်း နှင့် ဗိုလ်ချုပ် မင်းယွာဘ သေ ကြောင်း ကို ဟာဒဒ် သည် အဲဂုတ္တု ပြည်၌ ကြား သောအခါ ၊ အကျွန်ုပ်သည် ကိုယ် ပြည် သို့ ပြန် သွားရသောအခွင့်ကိုပေး တော်မူပါဟု ဖာရော ဘုရင်အား တောင်းပန် လေ၏။
When Hadad heard in Egypt that David had rested with his fathers and that Joab, the commander of the army, was dead, he said to Pharaoh, “Let me go, that I may return to my own country.”
22 ၂၂ ဖာရော ဘုရင်က၊ သင်သည်ကိုယ် ပြည် သို့ ပြန် ချင် သောစိတ်ရှိမည်အကြောင်းငါ့ ထံ မှာအဘယ် အရာ လို သေးသနည်းဟုမေး သော် ၊ အဘယ် အရာမျှမလိုပါ။ သို့သော်လည်း သွား ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ပြန်လေ၏။
But Pharaoh asked him, “What have you lacked here with me that you suddenly want to go back to your own country?” “Nothing,” Hadad replied, “but please let me go.”
23 ၂၃ ရှောလမုန် ၌ ရန်ဘက် ပြုသောသူတခြား၊ ဧလျာဒ သား ရေဇုန် ကို ဘုရားသခင် နှိုးဆော် တော်မူ၏။ ထိုသူသည် မိမိ သခင် ဇောဘ မင်းကြီး ဟာဒဒေဇာ ထံမှ ပြေး ၍၊
And God raised up against Solomon another adversary, Rezon the son of Eliada, who had fled from his master, Hadadezer king of Zobah,
24 ၂၄ လူ များကိုစုဝေး စေသဖြင့် ၊ ဒါဝိဒ် မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ် လေ၏။တဖန် ဒမာသက် မြို့သို့သွား ၍ မင်း ပြုလျက် နေ ၏။
and had gathered men to himself. When David killed the Zobaites, Rezon captained a band of raiders and went to Damascus, where they settled and gained control.
25 ၂၅ ဟာဒဒ် နှောင့်ရှက် သောအမှုမှတပါး ထိုသူသည် ရှောလမုန် လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးကို ရန်ဘက် ပြု ၏။ ရှုရိ ပြည်ကို အစိုးရ ၍ ဣသရေလ အမျိုးကို စက်ဆုပ် ရွံရှာ၏။
Rezon was Israel’s enemy throughout the days of Solomon, adding to the trouble caused by Hadad. So Rezon ruled over Aram with hostility toward Israel.
26 ၂၆ ထိုမှတပါး ရှောလမုန် ၏ ကျွန် တယောက်၊ ဧဖရိမ် အမျိုး၊ ဇေရဒ ရွာသား၊ နေဗတ် ၏သား ယေရောဗောင် သည်လည်း ရှင်ဘုရင် ကို ပုန်ကန် ၏။ သူ ၏အမိ ကား၊ ဇေရွာ အမည် ရှိသောမုတ်ဆိုးမ တည်း။
Now Jeroboam son of Nebat was an Ephraimite from Zeredah whose mother was a widow named Zeruah. Jeroboam was a servant of Solomon, but he rebelled against the king,
27 ၂၇ ရှင်ဘုရင် ကို ပုန်ကန် သော အကြောင်း ဟူမူကား ၊ ရှောလမုန် သည် မိလ္လော မြို့ကိုတည် ၍၊ ခမည်းတော် ဒါဝိဒ် ၏မြို့ရိုး ပျက်ကို ပြုပြင် သောအခါ၊
and this is the account of his rebellion against the king. Solomon had built the supporting terraces and repaired the gap in the wall of the city of his father David.
28 ၂၈ ယေရောဗောင် သည် ခွန်အား ကြီးသော သူရဲ ဖြစ်၏။ ကြိုးစား အားထုတ်တတ်သော လုလင် ဖြစ်ကြောင်း ကို ရှောလမုန် သည်မြင် လျှင် ၊ ယောသပ် အမျိုး ဆောင်ရွက် ရသောအမှုရှိသမျှ ကို အုပ်စေခြင်းငှါခန့်ထား တော်မူ၏။
Now Jeroboam was a mighty man of valor. So when Solomon noticed that the young man was industrious, he put him in charge of the whole labor force of the house of Joseph.
29 ၂၉ တရံရောအခါယေရောဗောင် သည် ယေရုရှလင် မြို့ပြင်သို့ ထွက်သွား သည်ရှိသော်၊ ရှိလော မြို့သားအဟိယ သည် ဝတ်လုံ သစ် နှင့် ကိုယ်ကိုခြုံ လျက် ၊ ယေရောဗောင်ကိုကြိုဆို ၍ လယ်ပြင် ၌ ထို သူနှစ် ယောက်တည်း ရှိ စဉ်အခါ၊
During that time, the prophet Ahijah the Shilonite met Jeroboam on the road as he was going out of Jerusalem. Now Ahijah had wrapped himself in a new cloak, and the two of them were alone in the open field.
30 ၃၀ အဟိယ သည် မိမိ ဝတ်သော ဝတ်လုံ သစ် ကို ကိုင် ၍ ဆယ် နှစ် ပိုင်းဆုတ်ဖြတ် ပြီးလျှင်၊
And Ahijah took hold of the new cloak he was wearing, tore it into twelve pieces,
31 ၃၁ ယေရောဗောင် အား ၊ ဤဆယ် ပိုင်း ကိုယူ လော့။ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ နိုင်ငံ တော်ကို ရှောလမုန် လက် မှ ငါ နှုတ် ၍ ခရိုင်ဆယ် ခရိုင် ကို သင့် အား ပေး မည်။
and said to Jeroboam, “Take ten pieces for yourself, for this is what the LORD, the God of Israel, says: ‘Behold, I will tear the kingdom out of the hand of Solomon, and I will give you ten tribes.
32 ၃၂ ငါ့ ကျွန် ဒါဝိဒ် အတွက် ဣသရေလ ခရိုင် များတို့တွင်၊ ငါရွေးကောက် သော ယေရုရှလင် မြို့ အတွက် ရှောလမုန်သည် တ ခရိုင် ကို ယူရ ၏။
But one tribe will remain for the sake of My servant David and for the sake of Jerusalem, the city I have chosen out of all the tribes of Israel.
33 ၃၃ ဆယ်ခရိုင်ကို နှုတ်ရသောအကြောင်း ဟူမူကား၊ ငါ့ ကိုစွန့် ၍ ဇိဒုန် နတ်သမီး အာရှတရက် ၊ မောဘ ဘုရား ခေမုရှ ၊ အမ္မုန် ဘုရား မိလကုံ တို့ကို ကိုးကွယ် သဖြင့် ၊ အဘ ဒါဝိဒ် ကဲ့သို့ ငါ့ ရှေ့ ၌ မှန် သောတရား ၊ ငါ စီရင် ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက် ခြင်းငှါ ငါ့ လမ်း တို့သို့ မ လိုက်။
For they have forsaken Me to worship Ashtoreth the goddess of the Sidonians, Chemosh the god of the Moabites, and Milcom the god of the Ammonites. They have not walked in My ways, nor done what is right in My eyes, nor kept My statutes and judgments, as Solomon’s father David did.
34 ၃၄ သို့ရာတွင် နိုင်ငံ တော်ကို သူ ၏လက် မှ ငါမ နှုတ် သေး။ ငါရွေးကောက် ၍ ငါ့ ပညတ် တရားတို့ကို စောင့်ရှောက် သော ငါ့ ကျွန် ဒါဝိဒ် အတွက် ၊ သားရှောလမုန်သည် တသက်လုံး စိုးစံ စေခြင်းငှါငါအခွင့် ပေး၏။
Nevertheless, I will not take the whole kingdom out of Solomon’s hand, because I have made him ruler all the days of his life for the sake of David My servant, whom I chose because he kept My commandments and statutes.
35 ၃၅ ရှောလမုန် ၏သား လက် မှ နိုင်ငံ တော်ကို နှုတ် ၍ ဆယ် ခရိုင် ကို သင့် အား ငါပေး မည်။
But I will take ten tribes of the kingdom from the hand of his son and give them to you.
36 ၃၆ ငါ့ နာမ တည် ရာဘို့ ငါရွေးကောက် သော ယေရုရှလင် မြို့ တွင် ၊ ငါ့ ရှေ့ မှာ ငါ့ ကျွန် ဒါဝိဒ် ၏ မီးခွက် သည် အစဉ် ထွန်းလင်းလျက်ရှိစေခြင်းငှါ၊ ရှောလမုန် သား အား တ ခရိုင် ကို ငါပေး ၏။
I will give one tribe to his son, so that My servant David will always have a lamp before Me in Jerusalem, the city where I chose to put My Name.
37 ၃၇ သင့် ကိုငါရွေးယူ ၍ ၊ သင်သည် ကိုယ် အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ၊ စိုးစံ လျက်ဣသရေလ အမျိုးတွင် မင်း ပြု ရ၏။
But as for you, I will take you, and you shall reign over all that your heart desires, and you will be king over Israel.
38 ၃၈ သင်သည် ငါမှာထား သမျှ ကို နားထောင် ၍၊ ငါ့ ကျွန် ဒါဝိဒ် ပြု သကဲ့သို့ ငါ ၏လမ်း တို့သို့ လိုက် လျက် ၊ ငါ့ ရှေ့ ၌ မှန် သောတရား၊ ငါ စီရင်ချက် ပညတ် များကို စောင့်ရှောက် လျှင် ၊ သင် နှင့်အတူ ငါရှိ ၍ ဒါဝိဒ် အဘို့ မြဲမြံ သောအိမ် ကို ဆောက် သည်နည်းတူ ၊ သင့် အဘို့ ဆောက် ၍ ဣသရေလ နိုင်ငံကို ငါပေး မည်။
If you listen to all that I command you, walk in My ways, and do what is right in My sight in order to keep My statutes and commandments as My servant David did, then I will be with you. I will build you a lasting dynasty just as I built for David, and I will give Israel to you.
39 ၃၉ ဤ အကြောင်းကြောင့် ဒါဝိဒ် မင်းမျိုး ကို ငါနှောင့်ရှက် မည်။ သို့ရာတွင် အစဉ် နှောင့်ရှက်မည်မ ဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။
Because of this, I will humble David’s descendants—but not forever.’”
40 ၄၀ ရှောလမုန် သည် ယေရောဗောင် ကိုသတ် မည်ဟု အားထုတ် သည်ရှိသော်၊ ယေရောဗောင် သည် ထ ၍ အဲဂုတ္တု ပြည်၊ အဲဂုတ္တု ရှင်ဘုရင် ရှိရှက် ထံ သို့ပြေး သဖြင့် ၊ ရှောလမုန် သေ သည်တိုင်အောင် အဲဂုတ္တု ပြည်၌ နေ လေ ၏။
Solomon therefore sought to kill Jeroboam. But Jeroboam arose and fled to Egypt, to Shishak king of Egypt, where he remained until the death of Solomon.
41 ၄၁ ရှောလမုန် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ နှင့် ၊ သူ ၏ပညာ စကားသည် ရှောလမုန် ဝတ္ထု ၌ ရေးထား လျက်ရှိ၏။
As for the rest of the acts of Solomon—all that he did, as well as his wisdom—are they not written in the Book of the Acts of Solomon?
42 ၄၂ ရှောလမုန် သည် ယေရုရှလင် မြို့၌ နေ၍ ဣသရေလ နိုင်ငံလုံး ကို အနှစ် လေး ဆယ်စိုးစံ ပြီးမှ၊
Thus the time that Solomon reigned in Jerusalem over all Israel was forty years.
43 ၄၃ ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ခမည်းတော် ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ရောဗောင် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
And Solomon rested with his fathers and was buried in the city of his father David. And his son Rehoboam reigned in his place.

< ၃ ဓမ္မရာဇဝင် 11 >