< ၃ ဓမ္မရာဇဝင် 10 >
1 ၁ ရှေဘ ပြည်ကို အစိုးရသောမိဖုရား သည် ရှောလမုန် ၏ ဂုဏ် အသရေနှင့် ထာဝရဘုရား ၏ နာမ တော်သိတင်းကိုကြား လျှင် ၊ နက်နဲ ခက်ခဲသော ပြဿနာအားဖြင့် သူ့ ကို စုံစမ်း ခြင်းငှါ လာ ၏။
Quando a rainha de Sabá ouviu falar da fama de Salomão a respeito do nome de Iavé, ela veio testá-lo com perguntas difíceis.
2 ၂ နံ့သာမျိုး နှင့် များစွာ သောရွှေ ၊ အဘိုးထိုက် သော ကျောက် တို့ကိုဆောင် သော ကုလားအုပ် များ၊ လိုက် သော သူများနှင့်တကွ ယေရုရှလင် မြို့သို့ ရောက် ၍ ၊ ရှောလမုန် မင်းကြီးထံ တော်သို့ ဝင် သောအခါ ၊ မိမိ အလို ဆန္ဒရှိသမျှ ကို ဆွေးနွေး မေးမြန်းလေ၏။
Ela veio a Jerusalém com uma grande caravana, com camelos que carregavam especiarias, muito ouro e pedras preciosas; e quando veio a Salomão, ela falou com ele sobre tudo o que havia em seu coração.
3 ၃ သူ မေးမြန်း သော ပြဿနာရှိသမျှ တို့ကို ရှောလမုန် မင်းကြီးသည် ဖြေ လေ၏။ နားမလည်၍ မ ဖြေ နိုင် သော အရာ တစုံတခုမျှမ ရှိ။
Salomão respondeu a todas as suas perguntas. Não havia nada escondido do rei que ele não lhe tivesse dito.
4 ၄ ရှေဘ မိဖုရား သည် ရှောလမုန် ၏ ပညာ အလုံးစုံ ကို၎င်း ၊ တည်ဆောက် သော အိမ် တော်ကို၎င်း၊
Quando a rainha de Sabá viu toda a sabedoria de Salomão, a casa que ele tinha construído,
5 ၅ စားပွဲ တော်တန်ဆာ ကို၎င်း၊ အမှု တော်စောင့်တို့နေရာ ထိုင်ရာကို၎င်း၊ လုလင် တို့ ခစား သည် အခြင်းအရာကို ၎င်း၊ သူ တို့ဝတ်သောအဝတ် တန်ဆာကို၎င်း၊ ဝန်စာရေး များကို၎င်း၊ ထာဝရဘုရား ၏ အိမ် တော်၌ မီး ရှို့ရာ ယဇ်ပူဇော် ခြင်းကို၎င်းမြင် သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
a comida de sua mesa, o sentar de seus servos, a assistência de seus funcionários, suas roupas, seus portadores de copos e sua ascensão pela qual ele subiu à casa de Yahweh, não havia mais espírito nela.
6 ၆ ကိုယ်တော် ၏ အခြင်းအရာ နှင့် ကိုယ်တော် ၏ပညာ ကို အကျွန်ုပ်သည် ကိုယ် ပြည် ၌ ကြား ရသော သိတင်းစကား မှန် ပါ၏။
Ela disse ao rei: “Foi um verdadeiro relato que ouvi em minha própria terra de seus atos e de sua sabedoria”.
7 ၇ သို့သော်လည်း ၊ ကိုယ်တိုင်ရောက် ၍ မ မြင် မှီ ထိုစကား ကိုမ ယုံ။ ယခုမူကား၊ အရင်ကြား သော စကား သည် တဝက် ကိုမျှမ မှီ။ ကိုယ်တော်၏ ပညာ နှင့် ကိုယ်တော်၏စည်းစိမ် သည် အကျွန်ုပ်ကြား ရသော သိတင်း ကို လွန်ကဲ ပါ၏။
No entanto, não acreditei nas palavras até que cheguei e meus olhos o viram. Eis que nem mesmo a metade me foi dita! Sua sabedoria e prosperidade excedem a fama que eu ouvi.
8 ၈ ရှေ့ တော်၌ အစဉ် နေ ၍ ပညာ တော်ကိုကြား ရသောကိုယ်တော် ၏လူ ၊ ကိုယ်တော် ၏ကျွန် တို့သည် မင်္ဂလာ ရှိကြပါ၏။
Felizes são seus homens, felizes são estes seus servos que estão continuamente diante de você, que ouvem sua sabedoria.
9 ၉ ကိုယ်တော် ကို နှစ်သက် ၍၊ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ တင် တော်မူသောကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။ ထာဝရဘုရား သည် ဣသရေလ အမျိုးကို အစဉ် ချစ် သောကြောင့် ၊ ဖြောင့်မတ် စွာတရား စီရင် စေခြင်းငှါ ကိုယ်တော် ကို ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူပြီဟု ရှင်ဘုရင် အား ပြောဆို ၍၊
Bendito seja Javé, vosso Deus, que se deleitou em vós, para vos colocar no trono de Israel. Porque Javé amou Israel para sempre, por isso ele o fez rei, para fazer justiça e retidão”.
10 ၁၀ ရွှေ အခွက် တရာ နှစ် ဆယ်၊ နံ့သာမျိုး အများ ၊ ကျောက် မြတ် တို့ကို ဆက် လေ၏။ ရှေဘ မိဖုရား သည် ရှောလမုန် မင်းကြီး အား ဆက် သော နံ့သာမျိုး နှင့်အမျှ များပြား သော နံ့သာမျိုးသည် နောက် တဖန်မ ရောက်။
Ela deu ao rei cento e vinte talentos de ouro, e uma quantidade muito grande de especiarias e pedras preciosas. Nunca mais houve tanta abundância de especiarias como estas que a rainha de Sabá deu ao rei Salomão.
11 ၁၁ ဩဖိရ မြို့မှ ရွှေ ကိုဆောင် ခဲ့သော ဟိရံ သင်္ဘော တို့သည် အာလဂုံ သစ်သား များ၊ ကျောက် မြတ် များ ကိုလည်း ဆောင် ခဲ့ကြ၏။
A frota do Hiram que trouxe ouro de Ophir também trouxe de Ophir grandes quantidades de almugares e pedras preciosas.
12 ၁၂ ထိုအာလဂုံ သစ်သား ဖြင့် ရှင် ဘုရင်သည် ဗိမာန် တော်ပွတ်လုံး တန်းနှင့် နန်း တော်ပွတ်လုံးတန်းကို၎င်း ၊ သီချင်း ဆိုသောသူဘို့ စောင်း နှင့် တယော တို့ကို၎င်းလုပ် လေ၏။ ထိုသို့သော အာလဂုံ သစ်သား သည်နောက် တဖန်မ ရောက် ၊ ယနေ့ တိုင်အောင် မ ပေါ်လာ။
O rei fez das amendoeiras pilares para a casa de Yahweh e para a casa do rei, harpas também e instrumentos de cordas para os cantores; nenhuma dessas amendoeiras veio ou foi vista até hoje.
13 ၁၃ ရှောလမုန် မင်းကြီး သည် အလိုလိုပေး သော လက်ဆောင်မှတပါး ၊ ရှေဘ မိဖုရား ၏ အလို ဆန္ဒပြည့်စုံစေခြင်းငှါ၊ သူတောင်း သမျှ ကိုလည်း ပေး တော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိ ကျွန် တို့နှင့်တကွ မိမိ ပြည် သို့ ပြန် သွားလေ၏။
O rei Salomão deu à rainha de Sabá todo o seu desejo, o que ela pediu, além do que Salomão lhe deu de sua generosidade real. Então ela se virou e foi para sua própria terra, ela e seus servos.
14 ၁၄ ရှောလမုန် ထံသို့ တနှစ် တနှစ်လျှင် ရောက် သော ရွှေ အချိန် ကား အခွက် ခြောက် ရာ ခြောက် ဆယ်ခြောက် ပိဿာဖြစ် သတည်း။
Agora o peso do ouro que chegou a Salomão em um ano foi seiscentos e sessenta e seis talentos de ouro,
15 ၁၅ ထိုမှတပါး ကုန်သည် များ၊ လှည်းသမား များ၊ အာရပ် မင်းကြီး ရှိသမျှ ၊ မြို့ဝန် များဆက်သော ရွှေရှိသေး ၏။
além do que os comerciantes trouxeram, e o tráfego dos comerciantes, e de todos os reis do povo misto, e dos governadores do país.
16 ၁၆ ရှောလမုန် မင်းကြီး သည် ရွှေ ခြောက် ပိဿာ စီဖြင့် ဒိုင်း ကြီးနှစ် ရာ၊ သုံး ပိဿာ စီဖြင့် ဒိုင်း ငယ်သုံး ရာ တို့ကို ထုတ်လုပ် ၍
O rei Salomão fez duzentos baldes de ouro batido; seiscentos siclos de ouro foram para um balde.
17 ၁၇ လေဗနုန် တော သစ်သားနှင့် တည်ဆောက်သောနန်း တော်၌ ထား တော်မူ၏။
Ele fez trezentos escudos de ouro batido; três minas de ouro foram para um escudo; e o rei os colocou na Casa da Floresta do Líbano.
18 ၁၈ ရှင် ဘုရင်သည်လည်း ၊ ဆင်စွယ် ရာဇပလ္လင် ကြီး ကို လုပ် ၍ ရွှေစင် နှင့်မွမ်းမံ လေ၏။
Moreover o rei fez um grande trono de marfim, e o revestiu com o mais fino ouro.
19 ၁၉ ရာဇ ပလ္လင်တော်သည် လှေကား ခြောက် ထစ် ရှိ၏။ နောက်ဖေးဝိုင်း ၏။ ထိုင် ရာတဘက်တချက်၌ မှီစရာလက်ရုံး တန်းနှင့်ပြည့်စုံ၍၊ လက်ရုံး တန်းအနား မှာ ခြင်္သေ့ နှစ် ကောင်ရပ် နေ၏။
Havia seis degraus para o trono, e o topo do trono era redondo atrás; e havia apoios de braço de cada lado junto ao lugar do assento, e dois leões de pé ao lado dos apoios de braço.
20 ၂၀ လှေကား ခြောက် ထစ်အပေါ် တွင် တဘက်တချက်၌ လည်း ခြင်္သေ့ တဆယ် နှစ် ကောင်ရပ် နေ၏။ ထိုသို့ သော ရာဇပလ္လင်သည် အဘယ် တိုင်း နိုင်ငံ၌မျှမ ရှိ။
Doze leões estavam ali de um lado e do outro, nos seis degraus. Nada como foi feito em qualquer reino.
21 ၂၁ ရှောလမုန် မင်းကြီး သောက် သော ဖလား တော် ရှိသမျှ နှင့် လေဗနုန် နန်း တော်၌ သုံးသောဖလား တော် ရှိသမျှ တို့သည် ငွေ ဖလားမ ဟုတ် ရွှေ ဖလားသက်သက်ဖြစ်၏။ ရှောလမုန် လက်ထက် ၌ ငွေကို အလျှင်းပမာဏ မ ပြုတတ်ကြ။
Todos os vasos de bebida do rei Salomão eram de ouro, e todos os vasos da Casa da Floresta do Líbano eram de ouro puro. Nenhum era de prata, pois era considerado de pouco valor nos dias de Salomão.
22 ၂၂ ရှင် ဘုရင်သည် တာရှု သင်္ဘော ကို ဟိရံ မင်း သင်္ဘော နှင့်အတူ စေလွှတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့တတ်၏။
Pois o rei tinha uma frota de navios de Tarshish no mar com a frota do Hiram. Uma vez a cada três anos a frota de Társis vinha trazendo ouro, prata, marfim, macacos e pavões.
23 ၂၃ ထိုသို့ ရှောလမုန် သည် မြေကြီး ပေါ်မှာ ရှိသမျှ သော ရှင် ဘုရင်တို့ထက် ပညာ နှင့် စည်းစိမ် အားဖြင့် လွန်ကဲ ၏။
Portanto, o rei Salomão excedeu todos os reis da terra em riqueza e sabedoria.
24 ၂၄ ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင် သွင်းပေး တော်မူသော ပညာ ကို မြေကြီး သားအပေါင်း တို့သည် ကြား ရအံ့သောငှါ ၊ မျက်နှာ တော်ကို ဖူး လာကြ၏။
Toda a terra buscava a presença de Salomão para ouvir sua sabedoria que Deus havia colocado em seu coração.
25 ၂၅ လာသောသူအသီးအသီး တို့သည် ရွှေ ဖလား ၊ ငွေ ဖလား ၊ အဝတ် တန်ဆာ၊ စစ်တိုက် လက်နက်၊ နံ့သာမျိုး ၊ မြင်း ၊ လား တို့ကို နှစ် တိုင်းအခွန် ဆက် ရကြ၏။
Ano após ano, cada homem trazia seu tributo, vasos de prata, vasos de ouro, roupas, armaduras, especiarias, cavalos e mulas.
26 ၂၆ ရှောလမုန် သည်လည်း ၊ ရထား များ၊ မြင်းစီး သူရဲ များကို ဆည်းဖူး ၍ ၊ ရထား တထောင် နှင့် လေး ရာ ၊ မြင်းစီး သူရဲတသောင်း နှစ်ထောင်ရှိ ၏။ ရထား ထိန်း မြို့ တို့၌ ၎င်း ၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။
Salomão reuniu carruagens e cavaleiros. Ele tinha mil e quatrocentos carros e doze mil cavaleiros. Ele os mantinha nas cidades das carruagens e com o rei em Jerusalém.
27 ၂၇ ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း ၊ အာရဇ် ပင်တို့ကို လွင်ပြင် ၌ ပေါက် သော သဖန်း ပင်ကဲ့သို့ ၎င်း များပြား စေ၏။
O rei tornou a prata tão comum como as pedras em Jerusalém, e os cedros tão comuns como os sicômoros que estão nas terras baixas.
28 ၂၈ ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တု ပြည်၊ ကော မြို့မှ ဆောင် ခဲ့ရ၏။ ရှင်ဘုရင် ၏ ကုန်သည် တို့သည် အဘိုး ပေးလျက် ကော မြို့၌ ခံယူ ရကြ၏။
Os cavalos que Salomão tinha foram trazidos do Egito. Os mercadores do rei os receberam em bandos, cada um com um preço.
29 ၂၉ အဲဂုတ္တု ပြည်မှ ရထား တခုကို ငွေ ခြောက် ပိဿာ နှင့် ၎င်း၊ မြင်း တစီးကို တပိဿာ ငါး ဆယ်နှင့်၎င်း ရောင်းမြဲ ရှိ၏။ ထိုသို့ ဟိတ္တိ မင်းကြီး နှင့် ရှုရိ မင်းကြီး အပေါင်း တို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ၏။
Uma carruagem foi importada do Egito por seiscentos siclos de prata, e um cavalo por cento e cinqüenta siclos; e assim eles os exportaram para todos os reis dos hititas e para os reis da Síria.