< ၃ ဓမ္မရာဇဝင် 10 >

1 ရှေဘ ပြည်ကို အစိုးရသောမိဖုရား သည် ရှောလမုန် ၏ ဂုဏ် အသရေနှင့် ထာဝရဘုရား ၏ နာမ တော်သိတင်းကိုကြား လျှင် ၊ နက်နဲ ခက်ခဲသော ပြဿနာအားဖြင့် သူ့ ကို စုံစမ်း ခြင်းငှါ လာ ၏။
When the queen of Sheba heard of the fame of Solomon concerning the LORD’s name, she came to test him with hard questions.
2 နံ့သာမျိုး နှင့် များစွာ သောရွှေ ၊ အဘိုးထိုက် သော ကျောက် တို့ကိုဆောင် သော ကုလားအုပ် များ၊ လိုက် သော သူများနှင့်တကွ ယေရုရှလင် မြို့သို့ ရောက် ၍ ၊ ရှောလမုန် မင်းကြီးထံ တော်သို့ ဝင် သောအခါ ၊ မိမိ အလို ဆန္ဒရှိသမျှ ကို ဆွေးနွေး မေးမြန်းလေ၏။
She came to Jerusalem with a very great caravan, with camels that bore spices, very much gold, and precious stones; and when she had come to Solomon, she talked with him about all that was in her heart.
3 သူ မေးမြန်း သော ပြဿနာရှိသမျှ တို့ကို ရှောလမုန် မင်းကြီးသည် ဖြေ လေ၏။ နားမလည်၍ မ ဖြေ နိုင် သော အရာ တစုံတခုမျှမ ရှိ။
Solomon answered all her questions. There wasn’t anything hidden from the king which he didn’t tell her.
4 ရှေဘ မိဖုရား သည် ရှောလမုန် ၏ ပညာ အလုံးစုံ ကို၎င်း ၊ တည်ဆောက် သော အိမ် တော်ကို၎င်း၊
When the queen of Sheba had seen all the wisdom of Solomon, the house that he had built,
5 စားပွဲ တော်တန်ဆာ ကို၎င်း၊ အမှု တော်စောင့်တို့နေရာ ထိုင်ရာကို၎င်း၊ လုလင် တို့ ခစား သည် အခြင်းအရာကို ၎င်း၊ သူ တို့ဝတ်သောအဝတ် တန်ဆာကို၎င်း၊ ဝန်စာရေး များကို၎င်း၊ ထာဝရဘုရား ၏ အိမ် တော်၌ မီး ရှို့ရာ ယဇ်ပူဇော် ခြင်းကို၎င်းမြင် သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
the food of his table, the sitting of his servants, the attendance of his officials, their clothing, his cup bearers, and his ascent by which he went up to the LORD’s house, there was no more spirit in her.
6 ကိုယ်တော် ၏ အခြင်းအရာ နှင့် ကိုယ်တော် ၏ပညာ ကို အကျွန်ုပ်သည် ကိုယ် ပြည် ၌ ကြား ရသော သိတင်းစကား မှန် ပါ၏။
She said to the king, “It was a true report that I heard in my own land of your acts and of your wisdom.
7 သို့သော်လည်း ၊ ကိုယ်တိုင်ရောက် ၍ မ မြင် မှီ ထိုစကား ကိုမ ယုံ။ ယခုမူကား၊ အရင်ကြား သော စကား သည် တဝက် ကိုမျှမ မှီ။ ကိုယ်တော်၏ ပညာ နှင့် ကိုယ်တော်၏စည်းစိမ် သည် အကျွန်ုပ်ကြား ရသော သိတင်း ကို လွန်ကဲ ပါ၏။
However, I didn’t believe the words until I came and my eyes had seen it. Behold, not even half was told me! Your wisdom and prosperity exceed the fame which I heard.
8 ရှေ့ တော်၌ အစဉ် နေ ၍ ပညာ တော်ကိုကြား ရသောကိုယ်တော် ၏လူ ၊ ကိုယ်တော် ၏ကျွန် တို့သည် မင်္ဂလာ ရှိကြပါ၏။
Happy are your men, happy are these your servants who stand continually before you, who hear your wisdom.
9 ကိုယ်တော် ကို နှစ်သက် ၍၊ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ တင် တော်မူသောကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။ ထာဝရဘုရား သည် ဣသရေလ အမျိုးကို အစဉ် ချစ် သောကြောင့် ၊ ဖြောင့်မတ် စွာတရား စီရင် စေခြင်းငှါ ကိုယ်တော် ကို ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူပြီဟု ရှင်ဘုရင် အား ပြောဆို ၍၊
Blessed is the LORD your God, who delighted in you, to set you on the throne of Israel. Because the LORD loved Israel forever, therefore he made you king, to do justice and righteousness.”
10 ၁၀ ရွှေ အခွက် တရာ နှစ် ဆယ်၊ နံ့သာမျိုး အများ ၊ ကျောက် မြတ် တို့ကို ဆက် လေ၏။ ရှေဘ မိဖုရား သည် ရှောလမုန် မင်းကြီး အား ဆက် သော နံ့သာမျိုး နှင့်အမျှ များပြား သော နံ့သာမျိုးသည် နောက် တဖန်မ ရောက်။
She gave the king one hundred twenty talents of gold, and a very great quantity of spices, and precious stones. Never again was there such an abundance of spices as these which the queen of Sheba gave to King Solomon.
11 ၁၁ ဩဖိရ မြို့မှ ရွှေ ကိုဆောင် ခဲ့သော ဟိရံ သင်္ဘော တို့သည် အာလဂုံ သစ်သား များ၊ ကျောက် မြတ် များ ကိုလည်း ဆောင် ခဲ့ကြ၏။
The fleet of Hiram that brought gold from Ophir also brought in from Ophir great quantities of almug trees and precious stones.
12 ၁၂ ထိုအာလဂုံ သစ်သား ဖြင့် ရှင် ဘုရင်သည် ဗိမာန် တော်ပွတ်လုံး တန်းနှင့် နန်း တော်ပွတ်လုံးတန်းကို၎င်း ၊ သီချင်း ဆိုသောသူဘို့ စောင်း နှင့် တယော တို့ကို၎င်းလုပ် လေ၏။ ထိုသို့သော အာလဂုံ သစ်သား သည်နောက် တဖန်မ ရောက် ၊ ယနေ့ တိုင်အောင် မ ပေါ်လာ။
The king made of the almug trees pillars for the LORD’s house and for the king’s house, harps also and stringed instruments for the singers; no such almug trees came or were seen to this day.
13 ၁၃ ရှောလမုန် မင်းကြီး သည် အလိုလိုပေး သော လက်ဆောင်မှတပါး ၊ ရှေဘ မိဖုရား ၏ အလို ဆန္ဒပြည့်စုံစေခြင်းငှါ၊ သူတောင်း သမျှ ကိုလည်း ပေး တော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိ ကျွန် တို့နှင့်တကွ မိမိ ပြည် သို့ ပြန် သွားလေ၏။
King Solomon gave to the queen of Sheba all her desire, whatever she asked, in addition to that which Solomon gave her of his royal bounty. So she turned and went to her own land, she and her servants.
14 ၁၄ ရှောလမုန် ထံသို့ တနှစ် တနှစ်လျှင် ရောက် သော ရွှေ အချိန် ကား အခွက် ခြောက် ရာ ခြောက် ဆယ်ခြောက် ပိဿာဖြစ် သတည်း။
Now the weight of gold that came to Solomon in one year was six hundred sixty-six talents of gold,
15 ၁၅ ထိုမှတပါး ကုန်သည် များ၊ လှည်းသမား များ၊ အာရပ် မင်းကြီး ရှိသမျှ ၊ မြို့ဝန် များဆက်သော ရွှေရှိသေး ၏။
in addition to that which the traders brought, and the traffic of the merchants, and of all the kings of the mixed people, and of the governors of the country.
16 ၁၆ ရှောလမုန် မင်းကြီး သည် ရွှေ ခြောက် ပိဿာ စီဖြင့် ဒိုင်း ကြီးနှစ် ရာ၊ သုံး ပိဿာ စီဖြင့် ဒိုင်း ငယ်သုံး ရာ တို့ကို ထုတ်လုပ် ၍
King Solomon made two hundred bucklers of beaten gold; six hundred shekels of gold went to one buckler.
17 ၁၇ လေဗနုန် တော သစ်သားနှင့် တည်ဆောက်သောနန်း တော်၌ ထား တော်မူ၏။
He made three hundred shields of beaten gold; three minas of gold went to one shield; and the king put them in the House of the Forest of Lebanon.
18 ၁၈ ရှင် ဘုရင်သည်လည်း ၊ ဆင်စွယ် ရာဇပလ္လင် ကြီး ကို လုပ် ၍ ရွှေစင် နှင့်မွမ်းမံ လေ၏။
Moreover the king made a great throne of ivory, and overlaid it with the finest gold.
19 ၁၉ ရာဇ ပလ္လင်တော်သည် လှေကား ခြောက် ထစ် ရှိ၏။ နောက်ဖေးဝိုင်း ၏။ ထိုင် ရာတဘက်တချက်၌ မှီစရာလက်ရုံး တန်းနှင့်ပြည့်စုံ၍၊ လက်ရုံး တန်းအနား မှာ ခြင်္သေ့ နှစ် ကောင်ရပ် နေ၏။
There were six steps to the throne, and the top of the throne was round behind; and there were armrests on either side by the place of the seat, and two lions standing beside the armrests.
20 ၂၀ လှေကား ခြောက် ထစ်အပေါ် တွင် တဘက်တချက်၌ လည်း ခြင်္သေ့ တဆယ် နှစ် ကောင်ရပ် နေ၏။ ထိုသို့ သော ရာဇပလ္လင်သည် အဘယ် တိုင်း နိုင်ငံ၌မျှမ ရှိ။
Twelve lions stood there on the one side and on the other on the six steps. Nothing like it was made in any kingdom.
21 ၂၁ ရှောလမုန် မင်းကြီး သောက် သော ဖလား တော် ရှိသမျှ နှင့် လေဗနုန် နန်း တော်၌ သုံးသောဖလား တော် ရှိသမျှ တို့သည် ငွေ ဖလားမ ဟုတ် ရွှေ ဖလားသက်သက်ဖြစ်၏။ ရှောလမုန် လက်ထက် ၌ ငွေကို အလျှင်းပမာဏ မ ပြုတတ်ကြ။
All King Solomon’s drinking vessels were of gold, and all the vessels of the House of the Forest of Lebanon were of pure gold. None were of silver, because it was considered of little value in the days of Solomon.
22 ၂၂ ရှင် ဘုရင်သည် တာရှု သင်္ဘော ကို ဟိရံ မင်း သင်္ဘော နှင့်အတူ စေလွှတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့တတ်၏။
For the king had a fleet of ships of Tarshish at sea with Hiram’s fleet. Once every three years the fleet of Tarshish came bringing gold, silver, ivory, apes, and peacocks.
23 ၂၃ ထိုသို့ ရှောလမုန် သည် မြေကြီး ပေါ်မှာ ရှိသမျှ သော ရှင် ဘုရင်တို့ထက် ပညာ နှင့် စည်းစိမ် အားဖြင့် လွန်ကဲ ၏။
So King Solomon exceeded all the kings of the earth in riches and in wisdom.
24 ၂၄ ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင် သွင်းပေး တော်မူသော ပညာ ကို မြေကြီး သားအပေါင်း တို့သည် ကြား ရအံ့သောငှါ ၊ မျက်နှာ တော်ကို ဖူး လာကြ၏။
All the earth sought the presence of Solomon to hear his wisdom which God had put in his heart.
25 ၂၅ လာသောသူအသီးအသီး တို့သည် ရွှေ ဖလား ၊ ငွေ ဖလား ၊ အဝတ် တန်ဆာ၊ စစ်တိုက် လက်နက်၊ နံ့သာမျိုး ၊ မြင်း ၊ လား တို့ကို နှစ် တိုင်းအခွန် ဆက် ရကြ၏။
Year after year, every man brought his tribute, vessels of silver, vessels of gold, clothing, armor, spices, horses, and mules.
26 ၂၆ ရှောလမုန် သည်လည်း ၊ ရထား များ၊ မြင်းစီး သူရဲ များကို ဆည်းဖူး ၍ ၊ ရထား တထောင် နှင့် လေး ရာ ၊ မြင်းစီး သူရဲတသောင်း နှစ်ထောင်ရှိ ၏။ ရထား ထိန်း မြို့ တို့၌ ၎င်း ၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။
Solomon gathered together chariots and horsemen. He had one thousand four hundred chariots and twelve thousand horsemen. He kept them in the chariot cities and with the king at Jerusalem.
27 ၂၇ ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း ၊ အာရဇ် ပင်တို့ကို လွင်ပြင် ၌ ပေါက် သော သဖန်း ပင်ကဲ့သို့ ၎င်း များပြား စေ၏။
The king made silver as common as stones in Jerusalem, and cedars as common as the sycamore trees that are in the lowland.
28 ၂၈ ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တု ပြည်၊ ကော မြို့မှ ဆောင် ခဲ့ရ၏။ ရှင်ဘုရင် ၏ ကုန်သည် တို့သည် အဘိုး ပေးလျက် ကော မြို့၌ ခံယူ ရကြ၏။
The horses which Solomon had were brought out of Egypt. The king’s merchants received them in droves, each drove at a price.
29 ၂၉ အဲဂုတ္တု ပြည်မှ ရထား တခုကို ငွေ ခြောက် ပိဿာ နှင့် ၎င်း၊ မြင်း တစီးကို တပိဿာ ငါး ဆယ်နှင့်၎င်း ရောင်းမြဲ ရှိ၏။ ထိုသို့ ဟိတ္တိ မင်းကြီး နှင့် ရှုရိ မင်းကြီး အပေါင်း တို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ၏။
A chariot was imported from Egypt for six hundred shekels of silver, and a horse for one hundred fifty shekels; and so they exported them to all the kings of the Hittites and to the kings of Syria.

< ၃ ဓမ္မရာဇဝင် 10 >