< ၁ ယောဟန် 5 >
1 ၁ ယေရှု သည် ခရစ်တော် ဖြစ် တော်မူသည်ကို ယုံကြည် သောသူ မည်သည်ကား ၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ၊
၁သခင်ယေရှုသည်မေရှိယဖြစ်တော်မူကြောင်းကို ယုံကြည်သောသူသည် ဘုရားသခင်၏သားသမီး ဖြစ်၏။ ဖခင်ကိုချစ်သောသူသည်ထိုဖခင်၏သား ကိုလည်းချစ်တတ်၏။-
2 ၂ ငါတို့သည် ဘုရားသခင် ကိုချစ် ၍၊ ပညတ် တော်တို့ကို စောင့် ကြည့်လျှင်၊ ဘုရားသခင် ၏သား တို့ကို ချစ် ကြသည်ကို ငါတို့သိ ရကြ၏။
၂ငါတို့သည်ဘုရားသခင်ကိုချစ်၍ပညတ် တော်ကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင် ၏သားသမီးများကိုငါတို့ချစ်ကြောင်း ငါတို့သိကြရ၏။-
3 ၃ ပညတ် တော်တို့ကို စောင့် ခြင်းအရာသည် ဘုရားသခင် ကိုချစ် ရာရောက် ၏။ ပညတ် တော်တို့ကို စောင့် ခဲ သည်မ ဟုတ်။
၃အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကို ချစ်ခြင်းသည် ကိုယ်တော်၏ပညတ်တော်တို့ ကိုစောင့်ထိန်းခြင်းပင်ဖြစ်သည်။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်းရန်ငါတို့ အတွက်ဝန်မလေးပေ။-
4 ၄ ဘုရားသခင် ၏သား ဖြစ်သောသူ မည်သည်ကား၊ လောက ကို အောင် တတ်၏။ လောက ကို အောင် ခြင်း အကြောင်းမူကား၊ ငါ တို့၏ ယုံကြည် ခြင်းပေတည်း။
၄အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏သား သမီးဖြစ်သူသည် လောကကိုအောင်နိုင်သော ကြောင့်ဖြစ်၏။ ငါတို့သည်ယုံကြည်ခြင်းအား ဖြင့်လောကကိုအောင်ခြင်းဖြစ်ပေသည်။-
5 ၅ ယေရှု သည် ဘုရားသခင် ၏ သား တော်ဖြစ် သည်ကို ယုံကြည် သောသူ မှတပါး ၊ အဘယ်သူ သည်လောက ကို အောင် နိုင်သနည်း ။
၅သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းခံယူယုံကြည်သူမှတစ်ပါး အဘယ်သူသည်လောကကိုအောင်နိုင်သနည်း။
6 ၆ ထိုသခင် ကား ၊ ရေ အားဖြင့် ၎င်း ၊ အသွေး အားဖြင့်၎င်း ကြွလာ သောသူ တည်းဟူသောယေရှု ခရစ် ပေတည်း။ ရေ အားဖြင့် သာ မ ဟုတ်၊ ရေ အားဖြင့် ၎င်း ၊ အသွေး အားဖြင့် ၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ် တော်သည် သမ္မာတရား ဖြစ် ၍ သက်သေခံတော်မူ၏။
၆ယေရှုခရစ်သည်ရေအားဖြင့်ဗတ္တိဇံကိုခံ တော်မူလျက်သွေးတော်ကိုသွန်း၍ အသေခံ တော်မူလျက်ကြွလာတော်မူသောအရှင်ပေ တည်း။ ကိုယ်တော်သည်ရေအားဖြင့်သာကြွလာ တော်မူသည်မဟုတ်။ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်းကြွလာတော်မူပေ သည်။ ဝိညာဉ်တော်သည်သမ္မာတရားဖြစ်၍ကြွ လာတော်မူကြောင်းကိုသက်သေခံတော်မူ၏။-
7 ၇ သို့ဖြစ်လျှင် ၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံ သုံး ပါးရှိ ၍ ထိုသုံး ပါးတို့သည် တလုံးတဝတည်း ဖြစ် တော်မူ၏။
၇သက်သေသုံးပါးရှိလေသည်။-
8 ၈ မြေကြီးပေါ်၌လည်း ဝိညာဉ် တော်တစ်ပါး၊ ရေ တစ်ပါး၊ အသွေး တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါး တို့သည် တစ်ညီတစ်ညွတ်တည်းဖြစ်၏။
၈ယင်းတို့ကားဝိညာဉ်တော်၊ ရေနှင့်သွေးတို့ဖြစ် ကြ၏။ ထိုသုံးပါးတို့သည်တညီတညွတ် တည်းသက်သေခံကြ၏။-
9 ၉ လူ ၏သက်သေ ကိုယုံ ရလျှင် ၊ ဘုရားသခင် ၏ သက်သေ တော်ကိုသာ၍ ယုံဘွယ်ရာအကြောင်း ရှိ ၏။ ယခု ဆိုခဲ့ပြီးသော သက်သေ ကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း ကို သက်သေခံ တော်မူချက်ဖြစ် သတည်း။
၉ငါတို့သည်လူတို့၏သက်သေခံချက်ကို လက်ခံတတ်ကြ၏။ ဘုရားသခင်၏သက်သေ ခံတော်မူချက်မှာ လူတို့၏သက်သေခံချက် ထက်ပို၍ပင်ခိုင်လုံ၏။ ကိုယ်တော်သည်သား တော်၏အကြောင်းသက်သေခံတော်မူပြီ။-
10 ၁၀ ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ သည်၊ မိမိ အထဲ ၌ ထိုသက်သေ ကိုရ ၏။ ဘုရားသခင် ကို မ ယုံကြည် သောသူ မူကား၊ ဘုရားသခင် ကို မုသာ အပြစ်တင် ၏။ အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း မှာ သက်သေခံ တော်မူသောစကားတော်ကို ထိုသူသည် မ ယုံ ဘဲနေ၏။
၁၀ဘုရားသခင်၏သားတော်ကိုယုံကြည်သူသည် ထိုသက်သေခံချက်ကိုစိတ်နှလုံးထဲတွင်မှတ် ကျုံးထား၏။ ဘုရားသခင်ကိုမယုံကြည်သူ သည်ကား သားတော်အကြောင်းကိုယ်တော်သက် သေခံတော်မူသည်ကိုမယုံကြည်သဖြင့် ဘုရားသခင်အားမုသားသုံးသည်ဟုဆို ရာရောက်၏။-
11 ၁၁ သက်သေခံ တော်မူချက်ဟူမူကား၊ ဘုရားသခင် သည် ငါ တို့အား ထာဝရ အသက် ကိုပေး တော်မူ၍ ၊ ထို အသက် သည်လည်း သား တော်၌ ပါ၏ ။ (aiōnios )
၁၁ဘုရားသခင်သည်ငါတို့အား ထာဝရအသက် ကိုပေးသနားတော်မူကြောင်း၊ ထိုအသက်ကို သားတော်အားဖြင့်ရရှိကြောင်းဘုရားသခင် သက်သေခံတော်မူ၏။- (aiōnios )
12 ၁၂ သား တော်ကိုရ သောသူ သည် အသက် ကိုရ ၏။ ဘုရားသခင် ၏သား တော်ကို မ ရ သောသူ မူကား အသက် ကိုမ ရ ။
၁၂သားတော်ကိုရရှိသူသည်ထိုအသက်ကို ရ၏။ ဘုရားသခင်၏သားတော်ကိုမရ ရှိသူမူကားထိုအသက်ကိုမရ။
13 ၁၃ ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသင်တို့သည် ထာဝရ အသက် ကိုကိုယ်တိုင်ရ သည်ဟု သိ စေခြင်းငှာ ၊ ဤအရာ များကို သင် တို့အား ငါရေး ၍ပေးလိုက်၏။ (aiōnios )
၁၃ဘုရားသခင်၏သားတော်ကိုယုံကြည်သူသင် တို့သည် ထာဝရအသက်ကိုရရှိကြောင်းသိ ကြစေရန် ဤအကြောင်းအရာများကိုငါ ရေးလိုက်၏။- (aiōnios )
14 ၁၄ ငါ တို့သည် ဘုရားသခင့် အထံ တော်၌ ရဲရင့် ခြင်းအကြောင်း ဟူမူကား၊ ငါတို့သည်အလို တော်နှင့်အညီ တစ်စုံတစ်ခု သောဆုကိုတောင်း လျှင် ၊ ဘုရားသခင် သည် နားထောင် တော်မူ၏။
၁၄ကိုယ်တော်သည်မိမိ၏အလိုတော်နှင့်အညီ တောင်းလျှောက်သောပတ္ထနာကိုနားညောင်းတော် မူကြောင်းစိတ်ချယုံကြည်နိုင်သဖြင့် ငါတို့ သည်ရှေ့တော်သို့ရဲဝံ့စွာချဉ်းကပ်ကြပေသည်။-
15 ၁၅ ဆုတောင်း သမျှ သောစကားတို့ကို နားထောင် တော်မူသည်ကို ငါတို့သိ လျှင် ၊ အထံ တော်၌ တောင်း သောဆုတို့ကို ရ မည်ဟုသိ ရကြ၏။
၁၅ယင်းသို့ကိုယ်တော်နားညောင်းတော်မူသည်ကို သိကြသဖြင့် ငါတို့သည်မိမိတို့တောင်းလျှောက် သည့်ဆုများကိုချပေးတော်မူသည်ကိုလည်း သိကြ၏။
16 ၁၆ ညီအစ်ကို ချင်းသည် သေ ပြစ်မ သင့် သောဒုစရိုက် ကို ပြု မိသည်ကို တစ်စုံတစ်ယောက် သောသူသည် မြင် လျှင် ၊ ထိုသူသည် ဆုတောင်း ရမည်။ သေ ပြစ် ကို မ ပြု သောသူ တို့အဘို့အလိုငှာ၊ ဘုရားသခင်သည် ထိုသူ အား အသက် ကိုပေး တော်မူမည်။ သေ ပြစ်သင့် သောဒုစရိုက် ရှိ ၏။ ထိုဒုစရိုက် အပြစ်ကို လွှတ်စေခြင်းငှာ ဆုတောင်း ရမည်ဟုငါမ ဆို ။
၁၆ညီအစ်ကိုတစ်စုံတစ်ယောက်သည်အသက် ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်မှလွဲ၍ အခြားအပြစ် တစ်စုံတစ်ရာကိုကူးလွန်ပါမူသူ့အတွက် ဘုရားသခင်ထံဆုတောင်းလော့။ ကိုယ်တော် သည်သူ့အားအသက်ကိုပေးတော်မူလိမ့်မည်။ အသက်ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်ကိုမကူး သူများအတွက်သာ ဤသို့ဆုတောင်းပေးရန် ဖြစ်သည်။ သို့ရာတွင်အသက်ဝိညာဉ်ဆုံးရှုံး မည့်အပြစ်ဟူ၍ရှိသည်။ ထိုအပြစ်မျိုးကို ကူးသူအတွက်ဆုတောင်းရမည်ဟုငါမဆို။-
17 ၁၇ မတရား သောအမှုမည်သည်ကား ဒုစရိုက် ဖြစ် ၏။ သို့သော်လည်း သေ ပြစ်မ သင့် သောဒုစရိုက် ရှိ ၏။
၁၇ဒုစရိုက်ဟူသမျှသည်အပြစ်ဖြစ်၏။ သို့ရာ တွင်အပြစ်ဟူသမျှသည် အသက်ဝိညာဉ် ဆုံးရှုံးမည့်အပြစ်များမဟုတ်ပေ။
18 ၁၈ ဘုရားသခင် ၏သား ဖြစ်သမျှ သောသူတို့သည် ဒုစရိုက် ကိုမ ပြုတတ်သည်ကို ငါတို့သိ ကြ၏။ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ သည်၊ မိမိ ကိုမိမိစောင့်ရှောက် သဖြင့် ၊ မာရ်နတ် သည်ထိုသူ ကို မ ထိ မခိုက်နိုင်ရာ။
၁၈ဘုရားသခင်၏သားသမီးဖြစ်သူသည် ဆက်လက်၍ အပြစ်မကူးတတ်ကြောင်းကိုငါ တို့သိကြ၏။ သူ့အားဘုရားသခင်၏သား တော်စောင့်ထိန်းတော်မူသည်ဖြစ်၍ မာရ်နတ် သည်ထိုသူကိုမထိမခိုက်နိုင်။
19 ၁၉ ငါတို့သည် ဘုရားသခင် နှင့်စပ်ဆိုင် သည်ကို၎င်း ၊ လောကီသား အပေါင်း တို့သည် မာရ်နတ် ၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိ ကြ၏။
၁၉ကမ္ဘာလောကတစ်ခုလုံးတွင်မာရ်နတ်၏တန်ခိုး လွှမ်းမိုးလျက်ရှိနေသော်လည်း ငါတို့သည် ဘုရားသခင်၏ဘက်တော်သားများဖြစ် ကြောင်းကိုငါတို့သိကြ၏။
20 ၂၀ ဘုရားသခင် ၏သား တော်သည်ကြွလာ ၍ ၊ မှန် သောဘုရားသခင်ကို သိသောဉာဏ် ကို ငါ တို့အား ပေး တော်မူသည်ကိုလည်း ငါတို့သိ ကြ၏။ မှန် သောဘုရားသခင်၌ ၎င်း ၊ သား တော်ယေရှု ခရစ် ၌ ၎င်းငါတို့သည် တည်လျက်ရှိ ကြ၏။ ထိုသူ သည်မှန် သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရ အသက် လည်း ဖြစ် တော်မူ၏။ (aiōnios )
၂၀ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။ (aiōnios )
21 ၂၁ ချစ်သား တို့၊ ရုပ်တု ဆင်းတုကို ကြဉ်ရှောင် ကြလော့။
၂၁သားသမီးတို့၊ သင်တို့သည်ဘုရားအတု အယောင် များကိုရှောင်ကြလော့။ ရှင်ယောဟန်သြဝါဒစာပထမစောင်ပြီး၏။