< ၁ ယောဟန် 4 >

1 ချစ်သူ တို့၊ ခပ်သိမ်း သောစိတ် ဝိညာဉ်တို့ကို မ ယုံ ကြနှင့်။ စိတ် ဝိညာဉ်တို့သည် ဘုရားသခင် နှင့် စပ်ဆိုင် သည် မစပ်ဆိုင်သည်ကိုစုံစမ်း ကြလော့။ အကြောင်းမူကား ၊ မိစ္ဆာ ပရောဖက်အများ တို့သည် ဤလောက သို့ သွား ကြပြီ။
Beloved, every spirit believe not, but prove the spirits, if of God they are, because many false prophets have gone forth to the world;
2 ဘုရားသခင် ၏ဝိညာဉ် တော်ကို အဘယ်သို့သိ နိုင်သနည်းဟူမူကား၊ လူဇာတိ အားဖြင့် ကြွလာ တော်မူသောယေရှု ခရစ် ကို ဝန်ခံ သောဝိညာဉ် မည်သည်ကား၊ ဘုရားသခင် နှင့် စပ်ဆိုင် ၏။
in this know ye the Spirit of God; every spirit that doth confess Jesus Christ in the flesh having come, of God it is,
3 လူဇာတိအားဖြင့်ကြွလာတော်မူသောယေရှု ခရစ်ကိုဝန် မ ခံသောဝိညာဉ် မည်သည်ကား ၊ ဘုရားသခင် နှင့်မ စပ်ဆိုင် ။ ထိုသို့သော ဝိညာဉ်ကား၊ သင်တို့သည် ကြား ခဲ့ပြီးသည်အတိုင်း ဤလောက သို့လာမည်ဖြစ် ၍ ၊ ယခုပင် လာ လျက်ရှိသော အန္တိခရစ် ၏ ဝိညာဉ် ဖြစ် ၏။
and every spirit that doth not confess Jesus Christ in the flesh having come, of God it is not; and this is that of the antichrist, which ye heard that it doth come, and now in the world it is already.
4 ချစ်သား တို့၊ သင် တို့သည် ဘုရားသခင် နှင့်စပ်ဆိုင် ကြ၏။ ထိုသူ တို့ကိုလည်း အောင် ကြပြီ။ အကြောင်းမူကား ၊ သင် တို့ဘက်၌ ရှိ သောသူ သည် လောက ဘက်၌ ရှိသောသူ ထက် သာ၍ကြီး တော်မူ၏။
Ye — of God ye are, little children, and ye have overcome them; because greater is He who [is] in you, than he who is in the world.
5 ထိုသူ တို့သည် လောက နှင့်စပ်ဆိုင် သောကြောင့် ၊ လောကီ အကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသား တို့သည်လည်း သူတို့စကား ကို နားထောင် တတ်ကြ၏။
They — of the world they are; because of this from the world they speak, and the world doth hear them;
6 ငါ တို့မူကား၊ ဘုရားသခင် နှင့်စပ်ဆိုင်ကြ၏။ ဘုရားသခင် ကိုသိ သောသူ သည် ငါ တို့စကားကို နားထောင် တတ်၏။ ဘုရားသခင် နှင့် မ စပ်ဆိုင် သောသူ သည် ငါ တို့စကားကိုနား မ ထောင်တတ်။ ထို အရာကို ငါတို့သည်ထောက်၍၊ သမ္မာ ဝိညာဉ် ကို၎င်း ၊ မိစ္ဆာ ဝိညာဉ် ကို၎င်း သိ ရကြ၏။
we — of God we are; he who is knowing God doth hear us; he who is not of God, doth not hear us; from this we know the spirit of the truth, and the spirit of the error.
7 ချစ်သူ တို့၊ ငါတို့သည် အချင်းချင်း ချစ် ကြကုန်အံ့၊ အကြောင်းမူကား ၊ ချစ် ခြင်းမေတ္တာသည် ဘုရားသခင် နှင့် စပ်ဆိုင် ၏။ ချစ် တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ ဘုရားသခင် ကို သိ သောသူလည်း ဖြစ် ၏။
Beloved, may we love one another, because the love is of God, and every one who is loving, of God he hath been begotten, and doth know God;
8 ချစ် ခြင်းမ ရှိသောသူ သည် ဘုရားသခင် ကိုမ သိ ။ အကြောင်းမူကား ၊ ဘုရားသခင် သည် ချစ် ခြင်းမေတ္တာ ဖြစ် တော်မူ၏။
he who is not loving did not know God, because God is love.
9 သား တော်အားဖြင့် ငါတို့သည် အသက် ရှင်စေခြင်းငှာ ၊ ဘုရားသခင် သည်တစ်ပါးတည်း သော သား တော်ကို ဤလောက သို့ စေလွှတ် တော်မူသောအရာ၌၊ ငါ တို့ကို ချစ် တော်မူသောမေတ္တာတော်သည် ထင်ရှား လျက်ရှိ၏။
In this was manifested the love of God in us, because His Son — the only begotten — hath God sent to the world, that we may live through him;
10 ၁၀ ငါ တို့သည် ဘုရားသခင် ကိုချစ် ကြသည်ဟု မ ဆို။ ဘုရားသခင် သည် ငါ တို့ကိုချစ် ၍ ငါ တို့၏အပြစ် ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ၊ သား တော်ကို စေလွှတ် တော်မူသောအရာ ၌ ချစ် ခြင်းမေတ္တာရှိ ၏။
in this is the love, not that we loved God, but that He did love us, and did send His Son a propitiation for our sins.
11 ၁၁ ချစ်သူ တို့၊ ဘုရားသခင် သည် ငါ တို့ကို ဤမျှလောက် ချစ် တော်မူသည်မှန်လျှင် ၊ ငါ တို့သည်လည်း အချင်းချင်း ချစ် ရကြမည်။
Beloved, if thus did God love us, we also ought one another to love;
12 ၁၂ ဘုရားသခင် ကို အဘယ်သူ မျှမမြင် စဖူး ။ သို့သော်လည်း၊ အချင်းချင်း ချစ် ကြလျှင် ၊ ဘုရားသခင် သည် ငါ တို့၌ တည် တော်မူ၍ ၊ ငါ တို့သည် ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ လျက်ရှိ ကြ၏။
God no one hath ever seen; if we may love one another, God in us doth remain, and His love is having been perfected in us;
13 ၁၃ ဘုရားသခင် သည် ဝိညာဉ် တော်၏ ကျေးဇူးကို ငါ တို့အား ပေး တော်မူသောကြောင့် ၊ ငါ တို့သည် ဘုရားသခင် ၌ တည် သည်ကို၎င်း ၊ ဘုရားသခင် သည် ငါတို့၌ တည်တော်မူသည်ကို၎င်း သိ ရကြ၏။
in this we know that in Him we do remain, and He in us, because of His Spirit He hath given us.
14 ၁၄ လောကီသား တို့ကို ကယ်တင် သောသခင်ဖြစ်စေခြင်းငှာ ၊ ခမည်းတော် သည် သား တော်ကို စေလွှတ် တော်မူသည်ဟု ငါ တို့သည် သိမြင် ၍ သက်သေခံ ကြ၏။
And we — we have seen and do testify, that the Father hath sent the Son — Saviour of the world;
15 ၁၅ ယေရှု သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ကို ဝန်ခံ သောသူမည်သည်ကား၊ ဘုရားသခင် ၌ တည်၏။ ဘုရားသခင် သည်လည်း ထိုသူ ၌ တည် တော်မူ၏။
whoever may confess that Jesus is the Son of God, God in him doth remain, and he in God;
16 ၁၆ ဘုရားသခင် သည် ငါ တို့ကိုချစ် တော်မူခြင်းမေတ္တာတော်ကိုငါ တို့သည်သိ ၍ ယုံကြည် ကြ၏။ ဘုရားသခင် သည် ချစ် ခြင်းမေတ္တာဖြစ် တော်မူ၏။ ချစ် ခြင်းမေတ္တာ၌ တည် သောသူ သည် ဘုရားသခင် ၌ တည် ၏။ ဘုရားသခင် သည်လည်း ထိုသူ ၌ တည် တော်မူ၏။
and we — we have known and believed the love, that God hath in us; God is love, and he who is remaining in the love, in God he doth remain, and God in him.
17 ၁၇ ထိုသို့ ငါ တို့သည် ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ သောအားဖြင့် ၊ တရား ဆုံးဖြတ်တော်မူသောနေ့ ၌ ရဲရင့် ရသော အခွင့်ရှိ ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ တို့သည် ကိုယ်တော် ၏နည်းတူ ဤ လောက ၌ ဖြစ် ကြ၏။
In this made perfect hath been the love with us, that boldness we may have in the day of the judgment, because even as He is, we — we also are in this world;
18 ၁၈ ချစ် ခြင်းမေတ္တာသည် ကြောက် ခြင်းသံဝေဂနှင့် မ ပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန် ခြင်းဝေဒနာကို ဖြစ် စေသောကြောင့် ၊ စုံလင် သောမေတ္တာ သည် သံဝေဂ ကိုပယ်ရှား တတ်၏။ သံဝေဂ ရှိသောသူ သည် မေတ္တာ နှင့် မ ပြည့်စုံ သေး။
fear is not in the love, but the perfect love doth cast out the fear, because the fear hath punishment, and he who is fearing hath not been made perfect in the love;
19 ၁၉ ဘုရားသခင် သည် ငါ တို့ကိုရှေ့ဦးစွာ ချစ် တော်မူသောကြောင့် ၊ ငါ တို့သည် ဘုရားသခင်ကိုချစ် ကြ၏။
we — we love him, because He — He first loved us;
20 ၂၀ တစ်စုံတစ်ယောက် သောသူက၊ ငါသည် ဘုရားသခင် ကိုချစ် ၏ဟု ဆို လျက်ပင် မိမိ ညီအစ်ကို ကိုမုန်း လျှင် ၊ ထိုသူသည် မုသာ ကိုသုံးသောသူဖြစ် ၏။ မိမိမြင် ရသော မိမိ ညီအစ်ကို ကိုမ ချစ် လျှင်၊ မ မြင် သေးသောဘုရားသခင် ကို အဘယ်သို့ ချစ် နိုင် မည်နည်း။
if any one may say — 'I love God,' and his brother he may hate, a liar he is; for he who is not loving his brother whom he hath seen, God — whom he hath not seen — how is he able to love?
21 ၂၁ ဘုရားသခင် ကို ချစ် သောသူ သည် မိမိ ညီအစ်ကို ကို ချစ် ရမည်ဟူသော ပညတ် တော်ကို ငါတို့သည် ခရစ်တော် ထံ၌ ခံရ ကြပြီ။
and this [is] the command we have from Him, that he who is loving God, may also love his brother.

< ၁ ယောဟန် 4 >