< ၁ ယောဟန် 4 >
1 ၁ ချစ်သူ တို့၊ ခပ်သိမ်း သောစိတ် ဝိညာဉ်တို့ကို မ ယုံ ကြနှင့်။ စိတ် ဝိညာဉ်တို့သည် ဘုရားသခင် နှင့် စပ်ဆိုင် သည် မစပ်ဆိုင်သည်ကိုစုံစမ်း ကြလော့။ အကြောင်းမူကား ၊ မိစ္ဆာ ပရောဖက်အများ တို့သည် ဤလောက သို့ သွား ကြပြီ။
Beloved, do not believe every spirit, but test the spirits, whether they are of God, because many false prophets have gone out into the world.
2 ၂ ဘုရားသခင် ၏ဝိညာဉ် တော်ကို အဘယ်သို့သိ နိုင်သနည်းဟူမူကား၊ လူဇာတိ အားဖြင့် ကြွလာ တော်မူသောယေရှု ခရစ် ကို ဝန်ခံ သောဝိညာဉ် မည်သည်ကား၊ ဘုရားသခင် နှင့် စပ်ဆိုင် ၏။
By this you know the Spirit of God: every spirit who confesses that Jesus Christ has come in the flesh is of God,
3 ၃ လူဇာတိအားဖြင့်ကြွလာတော်မူသောယေရှု ခရစ်ကိုဝန် မ ခံသောဝိညာဉ် မည်သည်ကား ၊ ဘုရားသခင် နှင့်မ စပ်ဆိုင် ။ ထိုသို့သော ဝိညာဉ်ကား၊ သင်တို့သည် ကြား ခဲ့ပြီးသည်အတိုင်း ဤလောက သို့လာမည်ဖြစ် ၍ ၊ ယခုပင် လာ လျက်ရှိသော အန္တိခရစ် ၏ ဝိညာဉ် ဖြစ် ၏။
and every spirit who does not confess Jesus is not of God; and this is that of the antichrist, of whom you have heard that it comes. Now it is in the world already.
4 ၄ ချစ်သား တို့၊ သင် တို့သည် ဘုရားသခင် နှင့်စပ်ဆိုင် ကြ၏။ ထိုသူ တို့ကိုလည်း အောင် ကြပြီ။ အကြောင်းမူကား ၊ သင် တို့ဘက်၌ ရှိ သောသူ သည် လောက ဘက်၌ ရှိသောသူ ထက် သာ၍ကြီး တော်မူ၏။
You are of God, little children, and have overcome them; because greater is he who is in you than he who is in the world.
5 ၅ ထိုသူ တို့သည် လောက နှင့်စပ်ဆိုင် သောကြောင့် ၊ လောကီ အကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသား တို့သည်လည်း သူတို့စကား ကို နားထောင် တတ်ကြ၏။
They are of the world. Therefore they speak of the world, and the world hears them.
6 ၆ ငါ တို့မူကား၊ ဘုရားသခင် နှင့်စပ်ဆိုင်ကြ၏။ ဘုရားသခင် ကိုသိ သောသူ သည် ငါ တို့စကားကို နားထောင် တတ်၏။ ဘုရားသခင် နှင့် မ စပ်ဆိုင် သောသူ သည် ငါ တို့စကားကိုနား မ ထောင်တတ်။ ထို အရာကို ငါတို့သည်ထောက်၍၊ သမ္မာ ဝိညာဉ် ကို၎င်း ၊ မိစ္ဆာ ဝိညာဉ် ကို၎င်း သိ ရကြ၏။
We are of God. He who knows God listens to us. He who is not of God does not listen to us. By this we know the spirit of truth, and the spirit of error.
7 ၇ ချစ်သူ တို့၊ ငါတို့သည် အချင်းချင်း ချစ် ကြကုန်အံ့၊ အကြောင်းမူကား ၊ ချစ် ခြင်းမေတ္တာသည် ဘုရားသခင် နှင့် စပ်ဆိုင် ၏။ ချစ် တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ ဘုရားသခင် ကို သိ သောသူလည်း ဖြစ် ၏။
Beloved, let us love one another, for love is of God; and everyone who loves is born of God, and knows God.
8 ၈ ချစ် ခြင်းမ ရှိသောသူ သည် ဘုရားသခင် ကိုမ သိ ။ အကြောင်းမူကား ၊ ဘုရားသခင် သည် ချစ် ခြင်းမေတ္တာ ဖြစ် တော်မူ၏။
He who does not love does not know God, for God is love.
9 ၉ သား တော်အားဖြင့် ငါတို့သည် အသက် ရှင်စေခြင်းငှာ ၊ ဘုရားသခင် သည်တစ်ပါးတည်း သော သား တော်ကို ဤလောက သို့ စေလွှတ် တော်မူသောအရာ၌၊ ငါ တို့ကို ချစ် တော်မူသောမေတ္တာတော်သည် ထင်ရှား လျက်ရှိ၏။
By this God's love was revealed in us, that God has sent his one and only Son into the world that we might live through him.
10 ၁၀ ငါ တို့သည် ဘုရားသခင် ကိုချစ် ကြသည်ဟု မ ဆို။ ဘုရားသခင် သည် ငါ တို့ကိုချစ် ၍ ငါ တို့၏အပြစ် ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ၊ သား တော်ကို စေလွှတ် တော်မူသောအရာ ၌ ချစ် ခြင်းမေတ္တာရှိ ၏။
In this is love, not that we have loved God, but that he loved us, and sent his Son as the atoning sacrifice for our sins.
11 ၁၁ ချစ်သူ တို့၊ ဘုရားသခင် သည် ငါ တို့ကို ဤမျှလောက် ချစ် တော်မူသည်မှန်လျှင် ၊ ငါ တို့သည်လည်း အချင်းချင်း ချစ် ရကြမည်။
Beloved, if God loved us in this way, we also ought to love one another.
12 ၁၂ ဘုရားသခင် ကို အဘယ်သူ မျှမမြင် စဖူး ။ သို့သော်လည်း၊ အချင်းချင်း ချစ် ကြလျှင် ၊ ဘုရားသခင် သည် ငါ တို့၌ တည် တော်မူ၍ ၊ ငါ တို့သည် ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ လျက်ရှိ ကြ၏။
No one has seen God at any time. If we love one another, God remains in us, and his love has been perfected in us.
13 ၁၃ ဘုရားသခင် သည် ဝိညာဉ် တော်၏ ကျေးဇူးကို ငါ တို့အား ပေး တော်မူသောကြောင့် ၊ ငါ တို့သည် ဘုရားသခင် ၌ တည် သည်ကို၎င်း ၊ ဘုရားသခင် သည် ငါတို့၌ တည်တော်မူသည်ကို၎င်း သိ ရကြ၏။
By this we know that we remain in him and he in us, because he has given us of his Spirit.
14 ၁၄ လောကီသား တို့ကို ကယ်တင် သောသခင်ဖြစ်စေခြင်းငှာ ၊ ခမည်းတော် သည် သား တော်ကို စေလွှတ် တော်မူသည်ဟု ငါ တို့သည် သိမြင် ၍ သက်သေခံ ကြ၏။
We have seen and testify that the Father has sent the Son as the Savior of the world.
15 ၁၅ ယေရှု သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ကို ဝန်ခံ သောသူမည်သည်ကား၊ ဘုရားသခင် ၌ တည်၏။ ဘုရားသခင် သည်လည်း ထိုသူ ၌ တည် တော်မူ၏။
Whoever confesses that Jesus is the Son of God, God remains in him, and he in God.
16 ၁၆ ဘုရားသခင် သည် ငါ တို့ကိုချစ် တော်မူခြင်းမေတ္တာတော်ကိုငါ တို့သည်သိ ၍ ယုံကြည် ကြ၏။ ဘုရားသခင် သည် ချစ် ခြင်းမေတ္တာဖြစ် တော်မူ၏။ ချစ် ခြင်းမေတ္တာ၌ တည် သောသူ သည် ဘုရားသခင် ၌ တည် ၏။ ဘုရားသခင် သည်လည်း ထိုသူ ၌ တည် တော်မူ၏။
We know and have believed the love which God has for us. God is love, and he who remains in love remains in God, and God remains in him.
17 ၁၇ ထိုသို့ ငါ တို့သည် ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ သောအားဖြင့် ၊ တရား ဆုံးဖြတ်တော်မူသောနေ့ ၌ ရဲရင့် ရသော အခွင့်ရှိ ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ တို့သည် ကိုယ်တော် ၏နည်းတူ ဤ လောက ၌ ဖြစ် ကြ၏။
In this love has been made perfect among us, that we may have boldness in the day of judgment, because as he is, even so are we in this world.
18 ၁၈ ချစ် ခြင်းမေတ္တာသည် ကြောက် ခြင်းသံဝေဂနှင့် မ ပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန် ခြင်းဝေဒနာကို ဖြစ် စေသောကြောင့် ၊ စုံလင် သောမေတ္တာ သည် သံဝေဂ ကိုပယ်ရှား တတ်၏။ သံဝေဂ ရှိသောသူ သည် မေတ္တာ နှင့် မ ပြည့်စုံ သေး။
There is no fear in love; but perfect love casts out fear, because fear has punishment. He who fears is not made perfect in love.
19 ၁၉ ဘုရားသခင် သည် ငါ တို့ကိုရှေ့ဦးစွာ ချစ် တော်မူသောကြောင့် ၊ ငါ တို့သည် ဘုရားသခင်ကိုချစ် ကြ၏။
We love, because he first loved us.
20 ၂၀ တစ်စုံတစ်ယောက် သောသူက၊ ငါသည် ဘုရားသခင် ကိုချစ် ၏ဟု ဆို လျက်ပင် မိမိ ညီအစ်ကို ကိုမုန်း လျှင် ၊ ထိုသူသည် မုသာ ကိုသုံးသောသူဖြစ် ၏။ မိမိမြင် ရသော မိမိ ညီအစ်ကို ကိုမ ချစ် လျှင်၊ မ မြင် သေးသောဘုရားသခင် ကို အဘယ်သို့ ချစ် နိုင် မည်နည်း။
If anyone says, "I love God," and hates his brother, he is a liar; for he who does not love his brother whom he has seen, cannot love God whom he has not seen.
21 ၂၁ ဘုရားသခင် ကို ချစ် သောသူ သည် မိမိ ညီအစ်ကို ကို ချစ် ရမည်ဟူသော ပညတ် တော်ကို ငါတို့သည် ခရစ်တော် ထံ၌ ခံရ ကြပြီ။
This commandment we have from him, that he who loves God should also love his brother.