< ၁ ယောဟန် 3 >
1 ၁ ဘုရားသခင် ၏ သား တော်ဟုခေါ်ဝေါ် ခြင်းအခွင့်ကို ငါ တို့သည်ရ မည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ် တော်မူသည်ကို ကြည့်ရှု ဆင်ခြင်ကြလော့။ လောကီသား တို့သည် ဘုရားသခင် ကို မ သိ သောကြောင့် ၊ ငါ တို့ကိုလည်း မ သိ ကြ။
2 ၂ ချစ်သူ တို့၊ ယခု တွင်ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြ၏။ နောက်မှ အဘယ်သို့ သောသူဖြစ် မည်ဟု မ ထင်ရှား သေး။ သို့သော်လည်းကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါတို့သည် ကိုယ်တော် နှင့် တူကြလတံ့ဟု ငါတို့သိ ကြ၏။ အကြောင်းမူကား ၊ ကိုယ်တော် ဖြစ် တော်မူသည်အတိုင်း ကို ငါတို့သည် မြင် ရကြလတံ့။
3 ၃ ထိုသို့ မြော်လင့် သောသူမည်သည်ကား ၊ ကိုယ်တော် သန့်ရှင်း တော်မူသည်နည်းတူ ၊ ကိုယ်ကိုကိုယ် သန့်ရှင်း စေတတ်၏။
4 ၄ ဒုစရိုက် ကို ပြု သောသူမည်သည်ကား ၊ ပညတ်တော်ကို လွန်ကျူး ၏။ ဒုစရိုက် သည်ကား ပညတ်တော်ကို လွန်ကျူး ခြင်းဖြစ် သတည်း။
5 ၅ ကိုယ်တော်သည် ငါတို့၏အပြစ် များကို ဆောင်သွား ခြင်းငှာ ထင်ရှား ပေါ်ထွန်းတော်မူသည်ကို သင်တို့ သိ ကြ၏။ ကိုယ်တော် ၌ လည်း အပြစ် မ ရှိ ။
6 ၆ ကိုယ်တော် ၌ တည်နေ သောသူမည်သည်ကား ၊ ဒုစရိုက် ကို မ ပြုတတ်၊ ဒုစရိုက် ကို ပြုတတ်သောသူ မည်သည်ကား၊ ကိုယ်တော် ကိုမ သိ မ မြင် ရသေး။
7 ၇ ချစ်သား တို့၊ သင် တို့ကို အဘယ်သူ မျှ မလှည့်ဖြား စေနှင့်။ အကြင်သူ သည် ဖြောင့်မတ် ခြင်းတရားကို ကျင့် ၏။ ကိုယ်တော်ဖြောင့်မတ် တော်မူသည်နည်းတူ ၊ ထိုသူ သည်ဖြောင့်မတ် ခြင်းရှိ ၏။
8 ၈ မာရ်နတ် သည်ရှေ့ဦးစွာ မှစ၍ ဒုစရိုက် ကိုပြု သောသူ ဖြစ် သောကြောင့် ၊ အကြင်သူသည်ဒုစရိုက် ကို ပြု၏။ ထိုသူသည်မာရ်နတ် နှင့် ဆိုင်၏။ မာရ်နတ် အမှု တို့ကို ပယ်ဖျက် ခြင်းငှာ ၊ ဘုရားသခင် ၏ သား တော်သည် ထင်ရှား ပေါ်ထွန်းတော်မူ၏။
9 ၉ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက် ကိုမ ပြု တတ်။ အကြောင်းမူကား ၊ ထိုသူ ၌ မျိုးစေ့ တော်တည် လျက်ရှိ၏။ ထိုသူသည် ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက် ကိုမ ပြုနိုင် ။
10 ၁၀ ထိုသို့သော လက္ခဏာအားဖြင့် ဘုရားသခင် ၏ သား တို့နှင့် မာရ်နတ် ၏သား တို့သည် ထင်ရှား ကြ၏။ ဖြောင့်မတ် ခြင်းတရားကို မ ကျင့် သောသူ၊ မိမိ ညီအစ်ကို ကိုမ ချစ် သောသူ မည်သည်ကား ၊ ဘုရားသခင် နှင့်မ ဆိုင် ။
11 ၁၁ သင်တို့သည်ရှေ့ဦးစွာ ကပင် ကြား ရသောတရား စကားဟူမူကား ၊ မာရ်နတ် နှင့်ဆိုင် ၍ မိမိ ညီ ကိုသတ် သော ကာဣန ကဲ့သို့ မ ဟုတ်၊ ငါတို့သည် အချင်းချင်း ချစ် ရကြမည်ဟုလာသတည်း။
12 ၁၂ ကာဣနသည် မိမိ ညီကို အဘယ်ကြောင့် သတ် သနည်းဟူမူကား ၊ မိမိ အကျင့် သည် ဆိုးယုတ် ၍၊ ညီ ၏အကျင့်သည် ဖြောင့်မတ် သတည်း။
13 ၁၃ ညီအစ်ကို တို့၊ လောကီသား တို့သည် သင် တို့ကို မုန်း သော်လည်း အံ့ဩ ခြင်းမ ရှိကြနှင့်။
14 ၁၄ ငါတို့သည် ညီအစ်ကို ချင်းတို့ကို ချစ် သောကြောင့် ၊ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကိုယ် ကူးမြောက် သည်ကို ကိုယ်သိ ရကြ၏။ မိမိ ညီအစ်ကိုကို မ ချစ် သောသူ သည် သေ ခြင်း၌ တည် ၏။
15 ၁၅ မိမိ ညီအစ်ကို ကိုမုန်း သောသူ မည်သည်ကား၊ လူ အသက်ကို သတ်သောသူဖြစ် ၏။ လူ အသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌ မျှ ထာဝရ အသက် မတည် သည်ကို သင်တို့သိ ကြ၏။ (aiōnios )
16 ၁၆ ခရစ်တော် သည် ငါ တို့အဘို့ အလိုငှာ အသက် တော်ကို စွန့် တော်မူသည်အရာကို ငါတို့သည် ထောက်၍ ၊ မေတ္တာ တော်ကို သိ ရကြပြီ။ ငါ တို့သည်လည်း ညီအစ်ကို ချင်းတို့အဘို့ အလိုငှာ အသက် ကိုစွန့် ရကြ၏။
17 ၁၇ အကြင်သူ သည် လောကီ စည်းစိမ် ဥစ္စာရှိ လျက်ပင်၊ မိမိ ညီအစ်ကို ဆင်းရဲခြင်းကိုမြင် ၍ ၊ သနား ခြင်းကရုဏာစိတ်ကို ချုပ်တည်း ၏။ ထိုသူ ၌ ဘုရားသခင် ၏ မေတ္တာ တော်သည် အဘယ်သို့ တည် မည်နည်း။
18 ၁၈ ချစ်သား တို့၊ ငါတို့သည် စကား ပြော ကာမျှအားဖြင့် သာ မ ချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ် ကြကုန်အံ့။
19 ၁၉ ထိုသို့ ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရား နှင့် ဆိုင် သည်ကို ကိုယ်သိ ရ၍၊ ဘုရားသခင့် ရှေ့ တော်၌ ကိုယ်စိတ်နှလုံး ကို သက်သာစေကြလိမ့်မည်။
20 ၂၀ အကြောင်းမူကား ၊ ကိုယ် စိတ် နှလုံးသည် ကိုယ် ကိုအပြစ်တင် လျှင် ၊ ဘုရားသခင် သည် ငါ တို့၏ စိတ် နှလုံး ထက်သာ၍ကြီးမြတ် သည်ဖြစ် ၍၊ အလုံးစုံ တို့ကို သိ တော်မူသည်ကို ငါတို့သိကြ၏။
21 ၂၁ ချစ်သူ တို့၊ ကိုယ် စိတ်နှလုံးသည် ကိုယ် ကို အပြစ် မ တင်လျှင် ၊ ဘုရားသခင့် ရှေ့ တော်၌ ရဲရင့် ရသော အခွင့် ရှိ ကြ၏။
22 ၂၂ ငါတို့သည် ပညတ် တော်တို့ကို စောင့်ရှောက် ၍ ၊ နှစ်သက် တော်မူသောအကျင့် တို့ကို ကျင့်သောကြောင့် ၊ ဆုတောင်း သမျှ တို့ကိုဘုရားသခင့် ထံ တော်မှရ ကြ၏။
23 ၂၃ ဘုရားသခင်၏ပညတ် တော်ဟူမူကား၊ သား တော်ယေရှု ခရစ် ကို ယုံကြည် ရမည်။ သားတော်ပညတ် တော်မူသည်အတိုင်း ၊ အချင်းချင်း ချစ် ရမည်ဟူသော ပညတ်တော်ပေတည်း။
24 ၂၄ ပညတ် တော်တို့ကို စောင့် သောသူ သည် ဘုရားသခင် ၌ တည် ၏။ ထိုသူ ၌ လည်း ဘုရားသခင်တည်တော်မူ၏။ ငါ တို့အားပေး တော်မူသောဝိညာဉ် တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါ တို့၌ တည် တော်မူသည်ကိုသိ ရကြ၏။