< ၁ ယောဟန် 3 >

1 ဘုရားသခင် ၏ သား တော်ဟုခေါ်ဝေါ် ခြင်းအခွင့်ကို ငါ တို့သည်ရ မည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ် တော်မူသည်ကို ကြည့်ရှု ဆင်ခြင်ကြလော့။ လောကီသား တို့သည် ဘုရားသခင် ကို မ သိ သောကြောင့် ၊ ငါ တို့ကိုလည်း မ သိ ကြ။
See what marvellous love the Father has bestowed upon us--that we should be called God's children: and that is what we are. For this reason the world does not recognize us--because it has not known Him.
2 ချစ်သူ တို့၊ ယခု တွင်ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြ၏။ နောက်မှ အဘယ်သို့ သောသူဖြစ် မည်ဟု မ ထင်ရှား သေး။ သို့သော်လည်းကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါတို့သည် ကိုယ်တော် နှင့် တူကြလတံ့ဟု ငါတို့သိ ကြ၏။ အကြောင်းမူကား ၊ ကိုယ်တော် ဖြစ် တော်မူသည်အတိုင်း ကို ငါတို့သည် မြင် ရကြလတံ့။
Dear friends, we are now God's children, but what we are to be in the future has not yet been fully revealed. We know that if Christ reappears we shall be like Him, because we shall see Him as He is.
3 ထိုသို့ မြော်လင့် သောသူမည်သည်ကား ၊ ကိုယ်တော် သန့်ရှင်း တော်မူသည်နည်းတူ ၊ ကိုယ်ကိုကိုယ် သန့်ရှင်း စေတတ်၏။
And every man who has this hope fixed on Him, purifies himself so as to be as pure as He is.
4 ဒုစရိုက် ကို ပြု သောသူမည်သည်ကား ၊ ပညတ်တော်ကို လွန်ကျူး ၏။ ဒုစရိုက် သည်ကား ပညတ်တော်ကို လွန်ကျူး ခြင်းဖြစ် သတည်း။
Every one who is guilty of sin is also guilty of violating Law; for sin is the violation of Law.
5 ကိုယ်တော်သည် ငါတို့၏အပြစ် များကို ဆောင်သွား ခြင်းငှာ ထင်ရှား ပေါ်ထွန်းတော်မူသည်ကို သင်တို့ သိ ကြ၏။ ကိုယ်တော် ၌ လည်း အပြစ် မ ရှိ ။
And you know that He appeared in order to take away sins; and in Him there is no sin.
6 ကိုယ်တော် ၌ တည်နေ သောသူမည်သည်ကား ၊ ဒုစရိုက် ကို မ ပြုတတ်၊ ဒုစရိုက် ကို ပြုတတ်သောသူ မည်သည်ကား၊ ကိုယ်တော် ကိုမ သိ မ မြင် ရသေး။
No one who continues in union with Him lives in sin: no one who lives in sin has seen Him or knows Him.
7 ချစ်သား တို့၊ သင် တို့ကို အဘယ်သူ မျှ မလှည့်ဖြား စေနှင့်။ အကြင်သူ သည် ဖြောင့်မတ် ခြင်းတရားကို ကျင့် ၏။ ကိုယ်တော်ဖြောင့်မတ် တော်မူသည်နည်းတူ ၊ ထိုသူ သည်ဖြောင့်မတ် ခြင်းရှိ ၏။
Dear children, let no one lead you astray. The man who acts righteously is righteous, just as He is righteous.
8 မာရ်နတ် သည်ရှေ့ဦးစွာ မှစ၍ ဒုစရိုက် ကိုပြု သောသူ ဖြစ် သောကြောင့် ၊ အကြင်သူသည်ဒုစရိုက် ကို ပြု၏။ ထိုသူသည်မာရ်နတ် နှင့် ဆိုင်၏။ မာရ်နတ် အမှု တို့ကို ပယ်ဖျက် ခြင်းငှာ ၊ ဘုရားသခင် ၏ သား တော်သည် ထင်ရှား ပေါ်ထွန်းတော်မူ၏။
He who is habitually guilty of sin is a child of the Devil, because the Devil has been a sinner from the very beginning. The Son of God appeared for the purpose of undoing the work of the Devil.
9 ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက် ကိုမ ပြု တတ်။ အကြောင်းမူကား ၊ ထိုသူ ၌ မျိုးစေ့ တော်တည် လျက်ရှိ၏။ ထိုသူသည် ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက် ကိုမ ပြုနိုင် ။
No one who is a child of God is habitually guilty of sin. A God-given germ of life remains in him, and he cannot habitually sin--because he is a child of God.
10 ၁၀ ထိုသို့သော လက္ခဏာအားဖြင့် ဘုရားသခင် ၏ သား တို့နှင့် မာရ်နတ် ၏သား တို့သည် ထင်ရှား ကြ၏။ ဖြောင့်မတ် ခြင်းတရားကို မ ကျင့် သောသူ၊ မိမိ ညီအစ်ကို ကိုမ ချစ် သောသူ မည်သည်ကား ၊ ဘုရားသခင် နှင့်မ ဆိုင် ။
By this we can distinguish God's children and the Devil's children: no one who fails to act righteously is a child of God, nor he who does not love his brother man.
11 ၁၁ သင်တို့သည်ရှေ့ဦးစွာ ကပင် ကြား ရသောတရား စကားဟူမူကား ၊ မာရ်နတ် နှင့်ဆိုင် ၍ မိမိ ညီ ကိုသတ် သော ကာဣန ကဲ့သို့ မ ဟုတ်၊ ငါတို့သည် အချင်းချင်း ချစ် ရကြမည်ဟုလာသတည်း။
For this is the Message you have heard from the beginning--that we are to love one another.
12 ၁၂ ကာဣနသည် မိမိ ညီကို အဘယ်ကြောင့် သတ် သနည်းဟူမူကား ၊ မိမိ အကျင့် သည် ဆိုးယုတ် ၍၊ ညီ ၏အကျင့်သည် ဖြောင့်မတ် သတည်း။
We are not to resemble Cain, who was a child of the Evil one and killed his own brother. And why did he kill him? Because his own actions were wicked and his brother's actions righteous.
13 ၁၃ ညီအစ်ကို တို့၊ လောကီသား တို့သည် သင် တို့ကို မုန်း သော်လည်း အံ့ဩ ခြင်းမ ရှိကြနှင့်။
Do not be surprised, brethren, if the world hates you.
14 ၁၄ ငါတို့သည် ညီအစ်ကို ချင်းတို့ကို ချစ် သောကြောင့် ၊ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကိုယ် ကူးမြောက် သည်ကို ကိုယ်သိ ရကြ၏။ မိမိ ညီအစ်ကိုကို မ ချစ် သောသူ သည် သေ ခြင်း၌ တည် ၏။
As for us, we know that we have already passed out of death into Life--because we love our brother men. He who is destitute of love continues dead.
15 ၁၅ မိမိ ညီအစ်ကို ကိုမုန်း သောသူ မည်သည်ကား၊ လူ အသက်ကို သတ်သောသူဖြစ် ၏။ လူ အသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌ မျှ ထာဝရ အသက် မတည် သည်ကို သင်တို့သိ ကြ၏။ (aiōnios g166)
Every one who hates his brother man is a murderer; and you know that no murderer has the Life of the Ages continuing in him. (aiōnios g166)
16 ၁၆ ခရစ်တော် သည် ငါ တို့အဘို့ အလိုငှာ အသက် တော်ကို စွန့် တော်မူသည်အရာကို ငါတို့သည် ထောက်၍ ၊ မေတ္တာ တော်ကို သိ ရကြပြီ။ ငါ တို့သည်လည်း ညီအစ်ကို ချင်းတို့အဘို့ အလိုငှာ အသက် ကိုစွန့် ရကြ၏။
We know what love is--through Christ's having laid down His life on our behalf; and in the same way we ought to lay down our lives for our brother men.
17 ၁၇ အကြင်သူ သည် လောကီ စည်းစိမ် ဥစ္စာရှိ လျက်ပင်၊ မိမိ ညီအစ်ကို ဆင်းရဲခြင်းကိုမြင် ၍ ၊ သနား ခြင်းကရုဏာစိတ်ကို ချုပ်တည်း ၏။ ထိုသူ ၌ ဘုရားသခင် ၏ မေတ္တာ တော်သည် အဘယ်သို့ တည် မည်နည်း။
But if any one has this world's wealth and sees that his brother man is in need, and yet hardens his heart against him--how can such a one continue to love God?
18 ၁၈ ချစ်သား တို့၊ ငါတို့သည် စကား ပြော ကာမျှအားဖြင့် သာ မ ချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ် ကြကုန်အံ့။
Dear children, let us not love in words only nor with the lips, but in deed and in truth.
19 ၁၉ ထိုသို့ ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရား နှင့် ဆိုင် သည်ကို ကိုယ်သိ ရ၍၊ ဘုရားသခင့် ရှေ့ တော်၌ ကိုယ်စိတ်နှလုံး ကို သက်သာစေကြလိမ့်မည်။
And in this way we shall come to know that we are loyal to the truth, and shall satisfy our consciences in His presence
20 ၂၀ အကြောင်းမူကား ၊ ကိုယ် စိတ် နှလုံးသည် ကိုယ် ကိုအပြစ်တင် လျှင် ၊ ဘုရားသခင် သည် ငါ တို့၏ စိတ် နှလုံး ထက်သာ၍ကြီးမြတ် သည်ဖြစ် ၍၊ အလုံးစုံ တို့ကို သိ တော်မူသည်ကို ငါတို့သိကြ၏။
in whatever matters our hearts condemn us--because God is greater than our hearts and knows everything.
21 ၂၁ ချစ်သူ တို့၊ ကိုယ် စိတ်နှလုံးသည် ကိုယ် ကို အပြစ် မ တင်လျှင် ၊ ဘုရားသခင့် ရှေ့ တော်၌ ရဲရင့် ရသော အခွင့် ရှိ ကြ၏။
Dear friends, if our hearts do not condemn us, we have perfect confidence towards God;
22 ၂၂ ငါတို့သည် ပညတ် တော်တို့ကို စောင့်ရှောက် ၍ ၊ နှစ်သက် တော်မူသောအကျင့် တို့ကို ကျင့်သောကြောင့် ၊ ဆုတောင်း သမျှ တို့ကိုဘုရားသခင့် ထံ တော်မှရ ကြ၏။
and whatever we ask for we obtain from Him, because we obey His commands and do the things which are pleasing in His sight.
23 ၂၃ ဘုရားသခင်၏ပညတ် တော်ဟူမူကား၊ သား တော်ယေရှု ခရစ် ကို ယုံကြည် ရမည်။ သားတော်ပညတ် တော်မူသည်အတိုင်း ၊ အချင်းချင်း ချစ် ရမည်ဟူသော ပညတ်တော်ပေတည်း။
And this is His command--that we are to believe in His Son Jesus Christ and love one another, just as He has commanded us to do.
24 ၂၄ ပညတ် တော်တို့ကို စောင့် သောသူ သည် ဘုရားသခင် ၌ တည် ၏။ ထိုသူ ၌ လည်း ဘုရားသခင်တည်တော်မူ၏။ ငါ တို့အားပေး တော်မူသောဝိညာဉ် တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါ တို့၌ တည် တော်မူသည်ကိုသိ ရကြ၏။
The man who obeys His commands continues in union with God, and God continues in union with him; and through His Spirit whom He has given us we can know that He continues in union with us.

< ၁ ယောဟန် 3 >