< ၁ ယောဟန် 2 >
1 ၁ ချစ်သား တို့၊ သင် တို့သည်ဒုစရိုက်ကိုမ ပြု စေခြင်းငှာ ဤအရာ များကိုသင်တို့အား ငါရေး ၍ပေးလိုက်၏။ တစ်စုံတစ်ယောက် သောသူသည် ဒုစရိုက် ကိုပြုမိလျှင် ၊ ဖြောင့်မတ် တော်မူသောအရှင်ယေရှု ခရစ် တည်းဟူသောငါတို့အမှုဆောင် သခင်သည် ခမည်းတော် ထံ၌ ရှိ တော်မူ၏။
၁ငါ၏သားသမီးတို့၊ သင်တို့သည်အပြစ် မကူးကြစေရန်ဤစာကိုငါရေးလိုက်၏။ သို့ရာတွင်အကယ်၍တစ်စုံတစ်ယောက်သော သူသည်အပြစ်ကူးမိပါမူ ခမည်းတော် ထံတွင်ငါတို့အတွက်အသနားခံသည့်ဖြောင့် မတ်တော်မူသောအရှင်ယေရှုခရစ်ရှိပေ သည်။-
2 ၂ ထိုသခင် သည်ငါ တို့၏အပြစ် မက ၊ လောကီသား အပေါင်း တို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ် တော်မူ၏။
၂ကိုယ်တော်သည်ငါတို့၏အပြစ်များသာမက ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၏အြုပစ်ပြေ ရာပြေကြောင်းပူဇော်ဆက်ကပ်တော်မူသော အရှင်ဖြစ်တော်မူ၏။
3 ၃ ထို သခင်ကို ကိုယ်တိုင် သိကျွမ်း သည်ကိုအဘယ်သို့သိ ရသနည်းဟူမူကား၊ ပညတ် တော်တို့ကို စောင့်ရှောက် လျှင် သိရသတည်း။
၃ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း မှသာလျှင်ငါတို့သည်ကိုယ်တော်ကိုသိကျွမ်း သူများဖြစ်ကြောင်းအသေအချာသိရှိ နိုင်မည်။-
4 ၄ ထိုသခင် ကို ငါသိ ၏ဟုပညတ် တော်တို့ကို မ စောင့် ဘဲလျက် ဆို သောသူ သည် မုသာ ကိုသုံးသောသူ ဖြစ်၍ထိုသူ ၌ သစ္စာ မ ရှိ ။
၄ကိုယ်တော်ကိုသိပါသည်ဟုဆိုပြီးလျှင် ပညတ်တော်တို့ကိုမစောင့်ထိန်းသူသည် လူလိမ်ဖြစ်၍ထိုသူ၌သစ္စာတရားမရှိ။-
5 ၅ ထိုသခင် ၏စကား တော်ကို နားထောင် သောသူ မည်သည်ကား၊ ဘုရားသခင် ကို ချစ် ခြင်းမေတ္တာနှင့် အမှန် ပြည့်စုံ ၏။ ငါတို့သည် သခင် ၌ ရှိကြောင်း ကို ထိုသို့ အားဖြင့် သိ ရကြ၏။
၅သို့ရာတွင်ကိုယ်တော်၏စကားတော်ကိုနား ထောင်သူသည် အကယ်ပင်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝစုံလင်၏။ သို့မှ သာကျွန်ုပ်တို့သည်ဘုရားသခင်နှင့်တစ် လုံးတစ်ဝတည်းဖြစ်ကြောင်းသေချာသိ ပေသည်။ ဘုရားသခင်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်ကြောင်းသေချာသိသူသည် သခင်ယေရှုခရစ်၏ခြေတော်ရာကို လိုက်လျှောက်သူဖြစ်မည်။
6 ၆ ထိုသခင် ၌ ငါတည် ၏ဟုဆို သောသူ သည်၊ ထိုသခင် ကျင့် တော်မူသည်နည်းတူ ကျင့် ရမည်။
၆
7 ၇ ချစ်သူ တို့၊ သင် တို့အား ငါရေး ထားသော ပညတ် သည် ပညတ်သစ် မ ဟုတ်။ ရှေ့ဦးစွာ ကပင် သင်တို့၌ ရှိ သော ပညတ် ဟောင်း ဖြစ်၏။ ပညတ် ဟောင်း ကား၊ ရှေ့ဦးစွာကပင် သင်တို့ကြား ရသော ဒေသနာ တော်ဖြစ် ၏။
၇ချစ်ဆွေတို့၊ သင်တို့ထံသို့ငါစာရေးသား ဖော်ပြနေသည့်ပညတ်သည်အသစ်မဟုတ်။ အစမူလကတည်းကသင်တို့ရရှိထား ကြသည့်ပညတ်ဟောင်းဖြစ်၏။ ထိုပညတ် ဟောင်းကား သင်တို့ကြားနာခဲ့ရသည့် တရားတော်ပင်ဖြစ်ပေသည်။-
8 ၈ တဖန်တုံ ၊ ပညတ် သစ် ကို သင် တို့အား ငါရေး ထား၏။ ထိုသခင် အားဖြင့် ၎င်း ၊ သင် တို့အားဖြင့် ၎င်း၊ အသစ်မှန် ပေ ၏။ အကြောင်းမူကား မှောင်မိုက် ပျောက်လွင့် ၍ မှန် သောအလင်း သည် ထွန်းတောက် လျက်ရှိ၏။
၈သို့သော်သင်တို့အားယခုငါရေးသား ဖော်ပြသည့်ပညတ်သည်အသစ်ဖြစ်၏။ ယင်း သို့အမှန်ပင်အသစ်ဖြစ်ကြောင်းခရစ်တော် ၌လည်းကောင်း၊ သင်တို့၌လည်းကောင်းဖော်ပြ လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော်အမှောင် သည်ရွေ့လျားလျက်အလင်းစစ်အလင်းမှန် ပေါ်ထွန်းလာပြီဖြစ်သောကြောင့်တည်း။
9 ၉ မိမိ ညီအစ်ကို ကိုမုန်း လျက် ပင်၊ ငါသည် အလင်း ၌ ရှိ ၏ ဟုဆို သောသူ သည်ယခု တိုင်အောင် မှောင်မိုက် ၌ ရှိ သေး၏။
၉အလင်းတွင်ကျင်လည်ပါသည်ဟုဆိုလျက် မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည် ယခု တိုင်အောင်အမှောင်တွင်ကျင်လည်နေသေးသူ ဖြစ်၏။-
10 ၁၀ မိမိ ညီအစ်ကို ကိုချစ် သောသူ သည် အလင်း ၌ တည်နေ ၏။ ထိမိ ၍ လဲစရာအကြောင်းသည်ထိုသူ ၌ မ ရှိ ။
၁၀ညီအစ်ကိုကိုချစ်သောသူသည်အလင်းတွင် ကျင်လည်သောသူဖြစ်၏။ သူသည်အဘယ်သို့ မျှသူတစ်ပါးတို့အားအပြစ်ကူးလွန်စေ လိမ့်မည်မဟုတ်။-
11 ၁၁ မိမိ ညီအစ်ကို ကို မုန်း သောသူ သည် မှောင်မိုက် ၌ ရှိ ၏။ မှောင်မိုက် ၌ လည်း ကျင်လည် သွားလာ၏။ မှောင်မိုက် ကြောင့် သူ ၏မျက်စိ မ မြင်နိုင်သဖြင့် ၊ အဘယ် အရပ်သို့ ကိုယ်သွား သည်ကိုကိုယ်မ သိ ။
၁၁သို့ရာတွင်ညီအစ်ကိုကိုမုန်းသောသူသည် ကားအမှောင်တွင်ကျင်လည်သူဖြစ်၏။ အမှောင် တွင်ကျင်လည်၍မျက်စိမမြင်နိုင်သဖြင့်သူ သည်မိမိအဘယ်အရပ်သို့သွားသည်ကိုမသိ။
12 ၁၂ ချစ်သား တို့၊ သင် တို့သည် ထိုသခင် ၏ နာမ တော်အားဖြင့် အပြစ် များနှင့်ကင်းလွတ် သောကြောင့် ၊ သင် တို့အားငါရေး ၍ပေးလိုက်၏။
၁၂သားသမီးတို့၊ သင်တို့သည်ခရစ်တော်အတွက် ကြောင့်အပြစ်လွတ်ပြီဖြစ်၍သင်တို့ထံငါ စာရေးလိုက်၏။-
13 ၁၃ အဘ တို့၊ သင်တို့သည် ရှေ့ဦးစွာ ကပင် ရှိတော်မူသောသူ ကိုသိ သောကြောင့် ၊ သင် တို့အားငါရေး ၍ ပေးလိုက်၏။ လူပျို တို့၊ သင်တို့သည် မာရ်နတ် ကိုအောင် သောကြောင့် ၊ သင် တို့အားငါရေး ၍ ပေးလိုက်၏။ သူငယ် တို့၊ သင်တို့သည် ခမည်းတော် ကိုသိ သောကြောင့် ၊ သင် တို့အား ငါရေး ၍ပေးလိုက်၏။
၁၃အဖတို့၊ သင်တို့သည်အစကပင်ရှိတော်မူ သောအရှင်ကိုသိသူများဖြစ်သောကြောင့် သင်တို့ထံသို့ငါစာရေးလိုက်၏။ လူငယ် လူရွယ်တို့၊ သင်တို့သည်မာရ်နတ်ကိုအောင် သောကြောင့်သင်တို့ထံသို့ငါစာရေးလိုက်၏။
14 ၁၄ အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင်ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျို တို့၊ သင်တို့သည် ခွန်အား နှင့်ပြည့်စုံ၍၊ ဘုရားသခင် ၏နှုတ်ကပတ် တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ် ကိုအောင် သောကြောင့် ၊ သင် တို့အား ငါရေး ၍ ပေးလိုက်ခဲ့ပြီ။
၁၄သားသမီးတို့၊ သင်တို့သည်ခမည်းတော် ကိုသိသူများဖြစ်သောကြောင့်သင်တို့ထံသို့ ငါစာရေးလိုက်၏။ သင်တို့သည်အစကပင် ရှိတော်မူသောအရှင်ကိုသိသူများဖြစ် သောကြောင့် သင်တို့ထံသို့ငါစာရေးလိုက် ၏။ လူငယ်လူရွယ်တို့၊ သင်တို့သည်ခွန်အား ရှိ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့တွင်ကိန်းအောင်းလျက်၊ မာရ်နတ်ကို အောင်သောကြောင့်သင်တို့ထံသို့ငါစာရေး လိုက်၏။
15 ၁၅ လောက ကို၎င်း၊ လောက ၌ရှိသောအရာ တို့ကို၎င်း၊ မ ချစ် ကြနှင့်။ လောက ကိုချစ် သောသူမည်သည်ကား၊ ခမည်းတော် ကို ချစ် ခြင်းမေတ္တာမ ရှိ ။
၁၅သင်တို့သည်လောကကိုသော်လည်းကောင်း၊ လော ကီအရာများကိုသော်လည်းကောင်းမချစ်ကြ နှင့်။ လောကကိုချစ်သောသူသည်ခမည်းတော် ကိုမချစ်။-
16 ၁၆ လောက ၌ ရှိသမျှ သော အရာတည်းဟူသောကိုယ် ကာယတပ်မက် ခြင်း၊ မျက်စိ တပ်မက် ခြင်း၊ လောကီ စည်းစိမ် ၌ဝါကြွား ခြင်းတို့သည် ခမည်းတော် နှင့်မ စပ်ဆိုင် ၊ လောက နှင့်သာစပ်ဆိုင် ကြ၏။
၁၆ကာယတပ်မက်စွဲလန်းသောအရာများ၊ မျက်စိ ဖြင့်မြင်၍လိုချင်တပ်မက်သောအရာများ၊ ဂုဏ် ယူဝါကြွားစရာများအစရှိသောလောကီ အရာရှိသမျှတို့သည်ခမည်းတော်နှင့် မသက်ဆိုင်။ လောကနှင့်သာသက်ဆိုင်၏။-
17 ၁၇ လောက နှင့် လောကီတပ်မက် ခြင်းသည် ရွေ့သွားကွယ်ပျောက် တတ်၏။ ဘုရားသခင် ၏ အလို တော်နှင့်အညီကျင့် သောသူ မူကား ၊ နိစ္စ ထာဝရတည် ၏။ (aiōn )
၁၇လောကနှင့်တကွလူတို့တပ်မက်သောအရာ များသည်ရွေ့လျားကွယ်ပျောက်လျက်နေလေပြီ။ သို့ရာတွင်ဘုရားသခင်အလိုတော်ကိုဆောင် ရွက်သူမူကား ကာလအစဉ်အမြဲတည်လိမ့် မည်။ (aiōn )
18 ၁၈ ချစ်သား တို့၊ ယခုကာလ သည် နောက်ဆုံး သောကာလဖြစ် ၏။ ခရစ်တော်၏ ရန်သူတည်းဟူသောအန္တိခရစ် ပေါ်လာ ကြောင်း ကို သင်တို့ကြား ရသည်အတိုင်း ၊ ယခုပင် အန္တိခရစ် အများ ရှိ ကြ၏။ ထိုကြောင့် ၊ ယခု ကာလသည်နောက်ဆုံး သောကာလ ဖြစ် သည်ကိုသိ ရ၏။
၁၈သားသမီးတို့၊ အဆုံးစွန်သောကာလသည် ယခုနီးလာလေပြီ။ ခရစ်တော်၏ရန်သူပေါ် ပေါက်လာမည်ဖြစ်ကြောင်းကိုသင်တို့ကြားသိ ခဲ့ကြ၏။ ယခုပင်လျှင်ခရစ်တော်၏ရန်သူ အများအပြားပေါ်ပေါက်လျက်ရှိလေပြီ။ ဤ အချက်ကိုထောက်၍အဆုံးစွန်သောကာလ ရောက်လာကြောင်းကိုငါတို့သိရကြ၏။-
19 ၁၉ ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါ တို့နှင့်မ စပ်ဆိုင် ကြ။ ငါ တို့နှင့်စပ်ဆိုင် လျှင် ငါ တို့နှင့်အတူ နေ ကြလိမ့်မည် ။ ထိုသူအပေါင်း တို့သည် ငါ တို့နှင့်မ စပ်ဆိုင် ကြောင်း ကို ထင်ရှား စေခြင်းငှာ ၊ ငါ တို့ထံမှ ထွက်သွား ကြ၏။
၁၉ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။
20 ၂၀ သင် တို့သည် သန့်ရှင်း တော်မူသောဘုရား၏ လက်မှ ဘိသိတ် ကျေးဇူးတော်ကိုခံရ ၍ ၊ ခပ်သိမ်း သောအရာတို့ကို သိ ကြ၏။
၂၀သို့ရာတွင်ခရစ်တော်သည်သင်တို့အပေါ်သန့် ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ သည်ဖြစ်၍ သင်တို့အပေါင်းသည်သမ္မာတရား ကိုသိကြပေသည်။-
21 ၂၁ သမ္မာတရား ကို သင် တို့မ သိ သောကြောင့် ၊ ငါရေး ၍ ပေးလိုက်သည်မ ဟုတ်။ သင်တို့သည် သမ္မာတရား ကို၎င်း ၊ မုသာ ရှိသမျှ တို့သည် သမ္မာတရား နှင့် မ စပ်ဆိုင် သည်ကို၎င်း၊ သိ သောကြောင့် ငါရေး၍ပေးလိုက်၏။
၂၁သင်တို့ထံငါစာရေးရခြင်းအကြောင်းမှာ သမ္မာတရားကိုသင်တို့မသိကြ၍မဟုတ်။ သမ္မာတရားကိုလည်းကောင်း၊ မုသားစကား သည် သမ္မာတရားနှင့်မည်သို့မျှမသက်ဆိုင် သည်ကိုလည်းကောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။
22 ၂၂ မုသာ ကိုသုံးသောသူကားအဘယ်သူ နည်း ။ ယေရှု သည်ခရစ်တော် မဟုတ်ဟု ငြင်းပယ် သောသူ ဖြစ် သတည်း။ ခမည်းတော် နှင့် သား တော်ကို ငြင်းပယ် သော သူ သည် အန္တိခရစ် ဖြစ် ၏။
၂၂ထို့ကြောင့်အဘယ်သူသည်မုသားစကားကို ပြောသနည်း။ သခင်ယေရှုသည်မေရှိယ မဟုတ်ဟုပြောဆိုသူသည်မုသားစကား ကိုပြော၏။ ထိုကဲ့သို့သောသူသည်ခရစ်တော် ၏ရန်သူဖြစ်၏။ သူသည်ခမည်းတော်နှင့် သားတော်ကိုပစ်ပယ်သူဖြစ်၏။-
23 ၂၃ သား တော်ကိုငြင်းပယ် သောသူ မည်သည်ကား၊ ခမည်းတော် ကိုမ သိ ။ သား တော်ကို ဝန်ခံ သောသူ မည်သည်ကား၊ ခမည်းတော် ကိုသိ ၏။
၂၃သားတော်ကိုပစ်ပယ်သူသည်ခမည်းတော်ကို လည်းပစ်ပယ်သူဖြစ်၏။ သားတော်ကိုလက်ခံ သူသည်ခမည်းတော်ကိုလည်းလက်ခံသူ ဖြစ်၏။
24 ၂၄ ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာ ကပင် ကြား ရသော ဒေသနာကို သင် တို့၌ တည် စေကြလော့။ ထိုဒေသနာသည် သင် တို့၌ တည် လျှင် ၊ သင် တို့သည် သား တော်၌ ၎င်း ၊ ခမည်းတော် ၌ ၎င်း၊ တည် ရကြလိမ့်မည်။
၂၄သို့ဖြစ်၍သင်တို့သည်အစကပင်ကြားနာခဲ့ ကြသည့်တရားတော်ကိုမိမိတို့၏စိတ်နှလုံး တွင်ထိန်းသိမ်းထားကြလော့။ ယင်းသို့ပြုပါမူ သင်တို့သည်သားတော်နှင့်လည်းကောင်း၊ ခမည်း တော်နှင့်လည်းကောင်းထာဝစဉ်တစ်လုံးတစ်ဝ တည်းတည်ရှိကြလိမ့်မည်။-
25 ၂၅ ငါ တို့အား ပေးတော်မူသောဂတိ တော်မူကား ၊ ထာဝရ အသက် ကို ဝန်ခံတော်မူသောဂတိ တော်ပေတည်း။ (aiōnios )
၂၅ဤကားငါတို့အားခရစ်တော်ကိုယ်တော်တိုင် ကတိထားတော်မူသောထာဝရအသက် ပေတည်း။ (aiōnios )
26 ၂၆ သင် တို့ကို လှည့်ဖြား သောသူ တို့၏အကြောင်း ကို ဤသို့ သင် တို့အား ငါရေး ၍ပေးလိုက်၏။
၂၆သင်တို့အားမှောက်မှားလမ်းလွဲစေရန်ကြိုးစား သူတို့၏အကြောင်းနှင့်ပတ်သက်၍ ဤအကြောင်း အရာများကိုငါစာရေးလိုက်၏။-
27 ၂၇ သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား ၏လက်မှ သင် တို့ခံရ သောဘိသိတ် ကျေးဇူးတော်သည် သင် တို့၌ ရှိ သည်ဖြစ်၍၊ အဘယ်သူ မျှ သင် တို့ကို ဆုံးမ ဩဝါဒပေးစရာအကြောင်း မ ရှိ ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ် ယောင်ဆောင် သည်မ ဟုတ်၊ အမှန် ဖြစ် လျက် ခပ်သိမ်း သောအရာတို့ကို သင် တို့အား သွန်သင် တော်မူသည်အတိုင်း ၊ သင်တို့သည် သား တော်၌ တည်နေ ကြလော့။
၂၇သင်တို့မူကားခရစ်တော်သည်မိမိ၏ဝိညာဉ် တော်ကိုသင်တို့အပေါ်သို့သွန်းလောင်းတော်မူ ပြီ။ ဝိညာဉ်တော်သည်သင်တို့စိတ်နှလုံးတွင် ကိန်းအောင်းလျက်နေတော်မူသမျှကာလ ပတ်လုံးသင်တို့အားအခြားအဘယ်အရာမျှ သွန်သင်ပေးစရာမလို။ အဘယ်ကြောင့်ဆို သော်ကိုယ်တော်၏ဝိညာဉ်တော်သည်သင်တို့အား ခပ်သိမ်းသောအမှုအရာတို့ကိုသွန်သင်ပေး တော်မူသောကြောင့်ဖြစ်၏။ ဝိညာဉ်တော်သွန်သင် တော်မူသောအရာတို့သည်မှန်ကန်၍အမှား မရှိ။ ထို့ကြောင့်သင်တို့သည်ဝိညာဉ်တော်သွန် သင်သည့်အတိုင်းလိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်ကြ လော့။
28 ၂၈ ချစ်သား တို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါ တို့သည် အထံ တော်သို့ ရောက် လျှင်၊ ရဲရင့် ရသောအခွင့်ရှိ၍ ၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည်အကြောင်း သား တော်၌ တည်နေ ကြလော့။
၂၈သားသမီးတို့၊ ကိုယ်တော်ကြွလာတော်မူသော နေ့၌ငါတို့သည်ရှက်ကြောက်၍ ပုန်းအောင်းနေ ကြရန်မလိုဘဲ ရှေ့တော်၌ရဲရင့်ခွင့်ရရှိစေ ခြင်းငှာ၊ ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း တည်ရှိနေကြလော့။-
29 ၂၉ ဘုရားသခင်သည် ဖြောင့်မတ် တော်မူသည်ကို သင်တို့သည်သိ လျှင် ၊ ဖြောင့်မတ် ခြင်းတရားကို ကျင့် သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ် ဘွား စေတော်မူသောသူဖြစ်သည်ကို သိ ရကြ၏။
၂၉ခရစ်တော်သည်ဖြောင့်မတ်တော်မူသည်ကို သင်တို့သိကြ၏။ သို့ဖြစ်၍အမှန်တရား ကိုကျင့်သုံးသူသည်ဘုရားသခင်၏သား သမီးဖြစ်ကြောင်းကိုသင်တို့သိကြ၏။