< ၁ ယောဟန် 2 >

1 ချစ်သား တို့၊ သင် တို့သည်ဒုစရိုက်ကိုမ ပြု စေခြင်းငှာ ဤအရာ များကိုသင်တို့အား ငါရေး ၍ပေးလိုက်၏။ တစ်စုံတစ်ယောက် သောသူသည် ဒုစရိုက် ကိုပြုမိလျှင် ၊ ဖြောင့်မတ် တော်မူသောအရှင်ယေရှု ခရစ် တည်းဟူသောငါတို့အမှုဆောင် သခင်သည် ခမည်းတော် ထံ၌ ရှိ တော်မူ၏။
My little children, I write these things unto you, that ye may not sin. And if any man sin, we have an advocate with the Father, Jesus Christ the righteous.
2 ထိုသခင် သည်ငါ တို့၏အပြစ် မက ၊ လောကီသား အပေါင်း တို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ် တော်မူ၏။
And He is the propitiation for our sins; and not for ours only, but also for the sins of the whole world.
3 ထို သခင်ကို ကိုယ်တိုင် သိကျွမ်း သည်ကိုအဘယ်သို့သိ ရသနည်းဟူမူကား၊ ပညတ် တော်တို့ကို စောင့်ရှောက် လျှင် သိရသတည်း။
And by this we know that we have known Him, if we keep his commandments.
4 ထိုသခင် ကို ငါသိ ၏ဟုပညတ် တော်တို့ကို မ စောင့် ဘဲလျက် ဆို သောသူ သည် မုသာ ကိုသုံးသောသူ ဖြစ်၍ထိုသူ ၌ သစ္စာ မ ရှိ ။
He that saith, I know Him, and keepeth not his commandments, is a liar, and the truth is not in him.
5 ထိုသခင် ၏စကား တော်ကို နားထောင် သောသူ မည်သည်ကား၊ ဘုရားသခင် ကို ချစ် ခြင်းမေတ္တာနှင့် အမှန် ပြည့်စုံ ၏။ ငါတို့သည် သခင် ၌ ရှိကြောင်း ကို ထိုသို့ အားဖြင့် သိ ရကြ၏။
But whosoever keepeth his word, in him verily is the love of God perfected: and by this we know that we are in Him.
6 ထိုသခင် ၌ ငါတည် ၏ဟုဆို သောသူ သည်၊ ထိုသခင် ကျင့် တော်မူသည်နည်းတူ ကျင့် ရမည်။
He that saith, he abideth in Him, ought himself also so to walk even as He walked.
7 ချစ်သူ တို့၊ သင် တို့အား ငါရေး ထားသော ပညတ် သည် ပညတ်သစ် မ ဟုတ်။ ရှေ့ဦးစွာ ကပင် သင်တို့၌ ရှိ သော ပညတ် ဟောင်း ဖြစ်၏။ ပညတ် ဟောင်း ကား၊ ရှေ့ဦးစွာကပင် သင်တို့ကြား ရသော ဒေသနာ တော်ဖြစ် ၏။
Brethren, I write not a new commandment unto you, but an old commandment which ye had from the beginning: the old commandment is the word which ye have heard from the beginning:
8 တဖန်တုံ ၊ ပညတ် သစ် ကို သင် တို့အား ငါရေး ထား၏။ ထိုသခင် အားဖြင့် ၎င်း ၊ သင် တို့အားဖြင့် ၎င်း၊ အသစ်မှန် ပေ ၏။ အကြောင်းမူကား မှောင်မိုက် ပျောက်လွင့် ၍ မှန် သောအလင်း သည် ထွန်းတောက် လျက်ရှိ၏။
though I write it again as a new commandment, which is truth in Him and in you: because the darkness is past, and the true light now shineth.
9 မိမိ ညီအစ်ကို ကိုမုန်း လျက် ပင်၊ ငါသည် အလင်း ၌ ရှိ ၏ ဟုဆို သောသူ သည်ယခု တိုင်အောင် မှောင်မိုက် ၌ ရှိ သေး၏။
Now he that saith he is in the light, and hateth his brother, is still in darkness:
10 ၁၀ မိမိ ညီအစ်ကို ကိုချစ် သောသူ သည် အလင်း ၌ တည်နေ ၏။ ထိမိ ၍ လဲစရာအကြောင်းသည်ထိုသူ ၌ မ ရှိ ။
whereas, he that loveth his brother, abideth in the light, and is in no danger of stumbling.
11 ၁၁ မိမိ ညီအစ်ကို ကို မုန်း သောသူ သည် မှောင်မိုက် ၌ ရှိ ၏။ မှောင်မိုက် ၌ လည်း ကျင်လည် သွားလာ၏။ မှောင်မိုက် ကြောင့် သူ ၏မျက်စိ မ မြင်နိုင်သဖြင့် ၊ အဘယ် အရပ်သို့ ကိုယ်သွား သည်ကိုကိုယ်မ သိ ။
But he, that hateth his brother, is in darkness, and walketh in darkness, and knoweth not where he goeth, because the darkness hath blinded his eyes.
12 ၁၂ ချစ်သား တို့၊ သင် တို့သည် ထိုသခင် ၏ နာမ တော်အားဖြင့် အပြစ် များနှင့်ကင်းလွတ် သောကြောင့် ၊ သင် တို့အားငါရေး ၍ပေးလိုက်၏။
I write unto you, little children, because for his sake your sins are forgiven you:
13 ၁၃ အဘ တို့၊ သင်တို့သည် ရှေ့ဦးစွာ ကပင် ရှိတော်မူသောသူ ကိုသိ သောကြောင့် ၊ သင် တို့အားငါရေး ၍ ပေးလိုက်၏။ လူပျို တို့၊ သင်တို့သည် မာရ်နတ် ကိုအောင် သောကြောင့် ၊ သင် တို့အားငါရေး ၍ ပေးလိုက်၏။ သူငယ် တို့၊ သင်တို့သည် ခမည်းတော် ကိုသိ သောကြောင့် ၊ သင် တို့အား ငါရေး ၍ပေးလိုက်၏။
I write unto you, fathers, because ye have known Him that is from the beginning: and I write unto you, young men, because ye have overcome the wicked one. Yea I have written to you, little children, because ye have known the Father:
14 ၁၄ အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင်ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျို တို့၊ သင်တို့သည် ခွန်အား နှင့်ပြည့်စုံ၍၊ ဘုရားသခင် ၏နှုတ်ကပတ် တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ် ကိုအောင် သောကြောင့် ၊ သင် တို့အား ငါရေး ၍ ပေးလိုက်ခဲ့ပြီ။
I have written unto you, fathers, because ye have known Him that is from the beginning: and I have written to you, young men, because ye are strong, and the word of God abideth in you, and ye have overcome the wicked one---
15 ၁၅ လောက ကို၎င်း၊ လောက ၌ရှိသောအရာ တို့ကို၎င်း၊ မ ချစ် ကြနှင့်။ လောက ကိုချစ် သောသူမည်သည်ကား၊ ခမည်းတော် ကို ချစ် ခြင်းမေတ္တာမ ရှိ ။
Love not the world, nor the things that are in the world; for if any one love the world to excess, the love of the Father is not in him.
16 ၁၆ လောက ၌ ရှိသမျှ သော အရာတည်းဟူသောကိုယ် ကာယတပ်မက် ခြင်း၊ မျက်စိ တပ်မက် ခြင်း၊ လောကီ စည်းစိမ် ၌ဝါကြွား ခြင်းတို့သည် ခမည်းတော် နှင့်မ စပ်ဆိုင် ၊ လောက နှင့်သာစပ်ဆိုင် ကြ၏။
For all that is in the world, the desire of the flesh, and the desire of the eyes, and the pride of life, is not of the Father, but of the world.
17 ၁၇ လောက နှင့် လောကီတပ်မက် ခြင်းသည် ရွေ့သွားကွယ်ပျောက် တတ်၏။ ဘုရားသခင် ၏ အလို တော်နှင့်အညီကျင့် သောသူ မူကား ၊ နိစ္စ ထာဝရတည် ၏။ (aiōn g165)
And the world passeth away, and the desire of it: but he, that doth the will of God, abideth for ever. (aiōn g165)
18 ၁၈ ချစ်သား တို့၊ ယခုကာလ သည် နောက်ဆုံး သောကာလဖြစ် ၏။ ခရစ်တော်၏ ရန်သူတည်းဟူသောအန္တိခရစ် ပေါ်လာ ကြောင်း ကို သင်တို့ကြား ရသည်အတိုင်း ၊ ယခုပင် အန္တိခရစ် အများ ရှိ ကြ၏။ ထိုကြောင့် ၊ ယခု ကာလသည်နောက်ဆုံး သောကာလ ဖြစ် သည်ကိုသိ ရ၏။
Little children, it is the last time: and as ye have heard that an antichrist will come, there are even now many antichrists, whereby we know that it is the last time.
19 ၁၉ ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါ တို့နှင့်မ စပ်ဆိုင် ကြ။ ငါ တို့နှင့်စပ်ဆိုင် လျှင် ငါ တို့နှင့်အတူ နေ ကြလိမ့်မည် ။ ထိုသူအပေါင်း တို့သည် ငါ တို့နှင့်မ စပ်ဆိုင် ကြောင်း ကို ထင်ရှား စေခြင်းငှာ ၊ ငါ တို့ထံမှ ထွက်သွား ကြ၏။
They went out from us, but they were not of us: for if they had been indeed of us, they would have continued with us; but this was done that they might be made manifest, because all, that are with us, are not indeed of us.
20 ၂၀ သင် တို့သည် သန့်ရှင်း တော်မူသောဘုရား၏ လက်မှ ဘိသိတ် ကျေးဇူးတော်ကိုခံရ ၍ ၊ ခပ်သိမ်း သောအရာတို့ကို သိ ကြ၏။
And ye have an unction from the holy One, and know all.
21 ၂၁ သမ္မာတရား ကို သင် တို့မ သိ သောကြောင့် ၊ ငါရေး ၍ ပေးလိုက်သည်မ ဟုတ်။ သင်တို့သည် သမ္မာတရား ကို၎င်း ၊ မုသာ ရှိသမျှ တို့သည် သမ္မာတရား နှင့် မ စပ်ဆိုင် သည်ကို၎င်း၊ သိ သောကြောင့် ငါရေး၍ပေးလိုက်၏။
I have not therefore written to you, because ye know not the truth; but because ye know it, and that no lie is of the truth.
22 ၂၂ မုသာ ကိုသုံးသောသူကားအဘယ်သူ နည်း ။ ယေရှု သည်ခရစ်တော် မဟုတ်ဟု ငြင်းပယ် သောသူ ဖြစ် သတည်း။ ခမည်းတော် နှင့် သား တော်ကို ငြင်းပယ် သော သူ သည် အန္တိခရစ် ဖြစ် ၏။
Who is a liar, if not he who denieth that Jesus is the Christ? This is the antichrist, that denieth the Father as well as the Son;
23 ၂၃ သား တော်ကိုငြင်းပယ် သောသူ မည်သည်ကား၊ ခမည်းတော် ကိုမ သိ ။ သား တော်ကို ဝန်ခံ သောသူ မည်သည်ကား၊ ခမည်းတော် ကိုသိ ၏။
for whosoever denieth the Son, hath not the Father: but he that confesseth the Son acknowledgeth the Father also.
24 ၂၄ ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာ ကပင် ကြား ရသော ဒေသနာကို သင် တို့၌ တည် စေကြလော့။ ထိုဒေသနာသည် သင် တို့၌ တည် လျှင် ၊ သင် တို့သည် သား တော်၌ ၎င်း ၊ ခမည်းတော် ၌ ၎င်း၊ တည် ရကြလိမ့်မည်။
Let that therefore, which ye have heard from the beginning, abide in you: for if that, which ye heard from the beginning, remain in you, ye also will remain in the Son and in the Father.
25 ၂၅ ငါ တို့အား ပေးတော်မူသောဂတိ တော်မူကား ၊ ထာဝရ အသက် ကို ဝန်ခံတော်မူသောဂတိ တော်ပေတည်း။ (aiōnios g166)
And this is the promise which He hath promised us, even eternal life. (aiōnios g166)
26 ၂၆ သင် တို့ကို လှည့်ဖြား သောသူ တို့၏အကြောင်း ကို ဤသို့ သင် တို့အား ငါရေး ၍ပေးလိုက်၏။
These things have I written unto you concerning those who would seduce you.
27 ၂၇ သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား ၏လက်မှ သင် တို့ခံရ သောဘိသိတ် ကျေးဇူးတော်သည် သင် တို့၌ ရှိ သည်ဖြစ်၍၊ အဘယ်သူ မျှ သင် တို့ကို ဆုံးမ ဩဝါဒပေးစရာအကြောင်း မ ရှိ ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ် ယောင်ဆောင် သည်မ ဟုတ်၊ အမှန် ဖြစ် လျက် ခပ်သိမ်း သောအရာတို့ကို သင် တို့အား သွန်သင် တော်မူသည်အတိုင်း ၊ သင်တို့သည် သား တော်၌ တည်နေ ကြလော့။
But the unction, which ye have received from Him, abideth in you; and therefore ye have no need that any should teach you: since this very unction teacheth you concerning all things, and is truth and not falshood; even as that hath taught you, abide in Him.
28 ၂၈ ချစ်သား တို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါ တို့သည် အထံ တော်သို့ ရောက် လျှင်၊ ရဲရင့် ရသောအခွင့်ရှိ၍ ၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည်အကြောင်း သား တော်၌ တည်နေ ကြလော့။
And now, little children, abide, I say, in Him; that, when He shall appear, we may have confidence, and may not be ashamed before Him at his coming.
29 ၂၉ ဘုရားသခင်သည် ဖြောင့်မတ် တော်မူသည်ကို သင်တို့သည်သိ လျှင် ၊ ဖြောင့်မတ် ခြင်းတရားကို ကျင့် သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ် ဘွား စေတော်မူသောသူဖြစ်သည်ကို သိ ရကြ၏။
If ye know that He is righteous, ye know that every one, who practiseth righteousness, is born of Him.

< ၁ ယောဟန် 2 >