< ၁ ကောရိန္သု 1 >
1 ၁ ဘုရားသခင် ၏အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် အရာ၌ ခန့်ထား သော ငါ ပေါလုနှင့် ငါ့ညီ သုဿင် သည်၊
Paul, a called apostle of Christ Jesus, through the will of God, and Sosthenes the brother,
2 ၂ ယေရှု ခရစ် အားဖြင့် အပြစ် နှင့်ကင်းစင်၍ သန့်ရှင်း သူအရာ၌ ခန့်ထား သောသူတည်းဟူသော၊ ကောရိန္သု မြို့၌ ရှိ သော ဘုရားသခင် ၏ အသင်းတော် မှစ၍ခပ်သိမ်း သောအရပ် ၌ ငါ တို့သခင် ယေရှု ခရစ် ကို ပဌနာ ပြုသောသူ အပေါင်း တို့ကို ကြားလိုက်ပါ၏။
to the church of God which is at Corinth, the sanctified in Christ Jesus, called, holy, with all that in every place call upon the name of our Lord Jesus Christ, their Lord and ours;
3 ၃ ထိုသခင်သည် ငါ တို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
grace be to you, and peace, from God our Father, and the Lord Jesus Christ.
4 ၄ အထက်ခရစ်တော် ၏ သက်သေ ကို သင် တို့တွင် တည် စေသည်ရှိသော်၊
I ever thank my God for you, on account of the grace of God bestowed upon you in Christ Jesus;
5 ၅ သင်တို့သည် ထိုခရစ်တော် အားဖြင့် ၊ အရာရာ ၌ နှုတ် သတ္တိ၊ ဉာဏ် သတ္တိအပေါင်း နှင့် ကြွယ်ဝ ပြည့်စုံကြ သည်ဖြစ်၍ ၊
that in him ye were enriched in everything, in all utterance, and all knowledge,
6 ၆ ယေရှု ခရစ် အားဖြင့် သင် တို့အားပေး တော်မူသော ဆုကျေးဇူး တော်ကို ငါထောက် ၍၊ သင် တို့ အကြောင်း ကြောင့် ငါ့ ဘုရားသခင် ၏ကျေးဇူး တော်ကို အစဉ်မပြတ် ချီးမွမ်း၏။
as the testimony of Christ was established among you;
7 ၇ ထိုကြောင့် သင် တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ ပေါ်ထွန်း တော်မူခြင်းကို မြော်လင့် ၍နေစဉ်၊ ဆု တော် တစ်စုံတစ်ခု မျှမ လျော့ ဘဲ စုံလင်လျက်ရှိကြ၏။
so that ye come behind in no gift, while waiting for the manifestation of our Lord Jesus Christ;
8 ၈ သင်တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ နေ့ရက် ၌ အပြစ်တင် စရာအခွင့်နှင့်ကင်းလွတ်မည်အကြောင်း၊ သင် တို့ကို အဆုံး တိုင်အောင် ခိုင်ခံ့ မြဲမြံစေတော်မူလိမ့်မည်။
who will also make you steadfast to the end, so that ye may be without blame in the day of our Lord Jesus Christ.
9 ၉ ငါ တို့သခင် တည်းဟူသောသား တော်မြတ်သခင် ယေရှု ခရစ် နှင့် ဆက်ဆံ ခြင်းကျေးဇူးတော်ကို သင်တို့ အား ပေး တော်မူသော ဘုရားသခင် သည် သစ္စာ နှင့်ပြည့်စုံတော်မူ၏။
God is faithful, by whom ye were called into the fellowship of his Son Jesus Christ our Lord.
10 ၁၀ ညီအစ်ကို တို့၊ သင်တို့ရှိသမျှ သည် စကား တညီတညွတ် တည်းဖြစ်၍ အချင်းချင်း မ ကွဲပြား ဘဲ စိတ် သဘော တသံ တသမတ်တည်းရှိ သည်နှင့် စေ့စပ် စုံလင်ကြမည်အကြောင်း၊ ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော် ကို အမှီပြု ၍ သင် တို့ကို ငါ နှိုးဆော်တောင်းပန်ပါ၏။
But I beseech you, brethren, by the name of our Lord Jesus Christ, that ye all speak the same thing, and that there be no divisions among you, but that ye be perfectly united in the same mind and in the same judgment.
11 ၁၁ အကြောင်းမူကား ၊ ငါ့ ညီအစ်ကို တို့၊ သင် တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်းရှိ သည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြော ကြ၏။
For I have been informed concerning you, my brethren, by those of the family of Chloe, that there are dissensions among you.
12 ၁၂ သင် တို့က၊ ငါ သည်ပေါလု တပည့်ဖြစ် ၏။ ငါ သည် အာပေါလု တပည့်ဖြစ်၏။ ငါ သည်ကေဖ တပည့်ဖြစ်၏။ ငါ သည်ခရစ်တော် တပည့် ဖြစ်၏ဟု အသီးအသီး ပြော ကြသောကြောင့် ငါဆို ရ၏။
What I mean is this, that each of you saith, I am of Paul; and I of Apollos; and I of Cephas; and I of Christ.
13 ၁၃ ခရစ်တော် သည် ကွဲပြား သလော။ ပေါလု သည် သင် တို့အတွက် လက်ဝါးကပ်တိုင် မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု ၏နာမ ၌ ဗတ္တိဇံ ကို ခံကြပြီလော။
Is Christ divided? Was Paul crucified for you? Or were ye baptized the name of Paul?
14 ၁၄ ကရိပ္ပု နှင့် ဂါယု မှတစ်ပါး ၊ သင် တို့တွင် အဘယ်သူ အားမျှ ဗတ္တိဇံ ကို ငါမပေးသည်ဖြစ်၍ ဘုရားသခင် ၏ ကျေးဇူး တော်ရှိပါ၏။
I thank God that I baptized none of you, but Crispus and Gaius;
15 ၁၅ သို့ဖြစ်၍ ပေါလုသည်မိမိ နာမ ၌ ဗတ္တိဇံ ကို ပေးသည်ဟု အဘယ်သူ မျှဆို စရာအကြောင်း မ ရှိ။
that no one may say that ye were baptized into my name.
16 ၁၆ သတေဖန် ၏အိမ်သူ အိမ်သားတို့အားလည်း ဗတ္တိဇံကို ပေး ပြီ။ ထိုမှတစ်ပါးအခြား သောသူအား ဗတ္တိဇံ ပေးသည်ကိုငါမ မှတ်မိ ။
And I baptized also the household of Stephanas; I am not aware that I baptized any one besides.
17 ၁၇ ဗတ္တိဇံ ကိုပေးစေခြင်းငှာခရစ်တော် သည် ငါ့ ကို စေလွှတ် တော်မူသည်မ ဟုတ်။ ဧဝံဂေလိ တရားကို ဟောစေခြင်းငှာစေလွှတ်တော်မူ၏။ သို့သော်လည်း ၊ ခရစ်တော် ၏လက်ဝါးကပ်တိုင် ကို အချည်းနှီး မ ဖြစ် စေခြင်းငှာ ၊ နှုတ် ပညာ ကို အခွင့်မ ပေးဘဲနေတော်မူ၏။
For Christ sent me not to baptize, but to preach the gospel; not with wisdom of speech, lest the cross of Christ should be made of no effect.
18 ၁၈ အကြောင်းမူကား ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့၌ လက်ဝါးကပ်တိုင် တော်တရား သည် မိုက် သော တရားဖြစ် ၏။ ကယ်တင် ခြင်းသို့ ရောက်သောငါ တို့၌ ထိုတရားသည် ဘုရားသခင် ၏ တန်ခိုး တော် ဖြစ် ၏။
For the preaching of the cross is to those who are perishing, foolishness, but to us who are being saved, it is the power of God.
19 ၁၉ ကျမ်းစာ လာသည်ကား ၊ ပညာရှိ တို့၏ ပညာ ကို ငါဖျက်ဆီး မည်။ ဉာဏ် ကောင်းသောသူ တို့၏ ဉာဏ် ကို လည်း ငါပယ် မည်ဟု လာသတည်း။
For it is written: “I will destroy the wisdom of the wise, and will bring to nought the discernment of the discerning.”
20 ၂၀ ပညာရှိ ကားအဘယ်မှာ ရှိသနည်း။ ကျမ်းပြု ဆရာကား အဘယ်မှာ ရှိသနည်း။ ပြဿနာ ၌လေ့ကျက်သော ဆရာကား အဘယ်မှာ ရှိသနည်း။ လောကီ ပညာ ကို ဘုရားသခင် သည် မိုက် စေတော်မူသည် မ ဟုတ်လော။ (aiōn )
Where is the wise man? Where the scribe? Where the disputer of this world? Hath not God made foolish the wisdom of the world? (aiōn )
21 ၂၁ အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် ၏ ပညာ တော်စီရင်သည်နှင့်အညီ၊ လောကီသား တို့သည် မိမိ တို့ပညာ အားဖြင့် ဘုရားသခင် ကို မ သိ ဘဲနေကြသောအခါ၊ ဘုရားသခင် သည် ယုံကြည် သော သူတို့ ကို ဒေသနာ တော် မိုက်မဲ ခြင်းအားဖြင့် ကယ်တင် ခြင်းငှာစေတနာ ရှိတော်မူ၏။
For since, in the wisdom of God, the world by its wisdom knew not God, it pleased God by the foolishness of preaching to save those who believe;
22 ၂၂ ယုဒ လူတို့သည် နိမိတ် လက္ခဏာကို တောင်း တတ်ကြ၏။ ဟေလသ လူတို့သည် ပညာ ကို ရှာ တတ် ကြ၏။
since even Jews ask for signs, and the Greeks seek for wisdom;
23 ၂၃ ငါ တို့မူကား ၊ လက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော ခရစ်တော် ၏ အကြောင်းအရာကို ဟောပြော ကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒ အမျိုးသားထိမိ ၍ လဲစရာအကြောင်းဖြစ်၏။ တစ်ပါး အမျိုးသား၌ကား၊ မိုက်မဲ ခြင်းဖြစ်၏။
but we preach Christ crucified, to Jews a stumbling-block, and to gentiles foolishness,
24 ၂၄ သို့သော်လည်း ၊ ယုဒ လူဖြစ်စေ၊ ဟေလသ လူဖြစ်စေ၊ ခေါ် တော်မူသောသူ တို့၌ ဘုရားသခင် ၏ တန်ခိုး တော်နှင့် ဘုရားသခင် ၏ပညာ တော်တည်းဟူသောခရစ်တော် ၏ တရားဖြစ်၏။
but to those who are called, both Jews and Greeks, Christ the power of God, and the wisdom of God.
25 ၂၅ ဘုရားသခင် ၏မိုက်မဲ ခြင်းအရာသည် လူ တို့၏ ပညာထက်သာ၍ပညာ ရှိ ၏။ ဘုရားသခင် ၏ အားနည်း ခြင်းအရာသည် လူ တို့၏ အစွမ်းထက်သာ၍အစွမ်း ရှိ၏။
Because the foolishness of God is wiser than men; and the weakness of God is stronger than men.
26 ၂၆ ညီအစ်ကို တို့၊ သင် တို့ကို ခေါ် တော်မူခြင်း အကြောင်း အရာကို ဆင်ခြင် ကြလော့။ ခေါ်တော်မူသော သူတို့တွင် လောကီ ပညာရှိ အများ မ ပါ။ ထင်ရှားသော လူ ကြီးအများ မ ပါ။ မင်းအမျိုးအနွယ်ဖြစ်သော သူအများ မ ပါ။
For consider, brethren, who ye are that have been called; not many wise men after the fashion of the world, not many mighty, not many noble;
27 ၂၇ ဘုရားသခင် သည် ပညာရှိ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ မိုက်မဲ သော သူ တို့ကို ရွေးကောက် တော်မူ၏။ အစွမ်း သတ္တိရှိသော သူ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ အားနည်း သော သူ တို့ကို ရွေးကောက် တော်မူ၏။
but the foolish things of the world did God choose, to put to shame the wise; and the weak things of the world did God choose, to put to shame the things which are strong;
28 ၂၈ မြတ်သောသူတို့ကို ရှက်ကြောက် စေခြင်းငှာလောကီ အရာ ၌ ဆင်းရဲ သောသူ၊ မ ရေရာ သောသူ ၊ ယုတ် သောသူ တို့ကို ရွေးကောက် တော်မူ၏။
and the mean things of the world, and the things which are despised, did God choose, the things which are not, to bring to nought things that are;
29 ၂၉ ထိုကြောင့် ၊ ဘုရားသခင် ရှေ့ ၌ အဘယ်သူမျှ ဝါကြွား စရာ အကြောင်းမ ရှိ။
that no flesh might glory before God.
30 ၃၀ ထိုဘုရားသခင် အားဖြင့် သင် တို့သည် ယေရှု ခရစ် ၌ တည်နေကြ၏။ ထိုသခင် မူကား ၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း၊ ငါ တို့၌ ပညာ မှစ၍ဖြောင့်မတ် ခြင်း၊ သန့်ရှင်း ခြင်း၊ ရွေးနှုတ် ခြင်းဖြစ်တော်မူ၏။
But from him it is that ye are in Christ Jesus, who from God was made to us wisdom, and righteousness, and sanctification, and redemption;
31 ၃၁ သို့ဖြစ်၍ ၊ ကျမ်းစာ လာသည်နှင့်အညီ ၊ ဝါကြွား သောသူ မည်သည်ကား၊ ထာဝရ ဘုရား၌ သာဝါကြွား စေ။
that, according as it is written, “He that glorieth, let him glory in the Lord.”