< ၁ ကောရိန္သု 1 >

1 ဘုရားသခင် ၏အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် အရာ၌ ခန့်ထား သော ငါ ပေါလုနှင့် ငါ့ညီ သုဿင် သည်၊
This letter comes from Paul, called to be an apostle of Jesus Christ according to the will of God, and from Sosthenes, our brother.
2 ယေရှု ခရစ် အားဖြင့် အပြစ် နှင့်ကင်းစင်၍ သန့်ရှင်း သူအရာ၌ ခန့်ထား သောသူတည်းဟူသော၊ ကောရိန္သု မြို့၌ ရှိ သော ဘုရားသခင် ၏ အသင်းတော် မှစ၍ခပ်သိမ်း သောအရပ် ၌ ငါ တို့သခင် ယေရှု ခရစ် ကို ပဌနာ ပြုသောသူ အပေါင်း တို့ကို ကြားလိုက်ပါ၏။
It is sent to the church of God in Corinth, those who are being made right in Christ Jesus, called to live holy lives—and to everyone who worships the Lord Jesus Christ everywhere, the Lord both of them and of us.
3 ထိုသခင်သည် ငါ တို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
May you have grace and peace from God our Father and the Lord Jesus Christ.
4 အထက်ခရစ်တော် ၏ သက်သေ ကို သင် တို့တွင် တည် စေသည်ရှိသော်၊
I'm always thanking God for you because of the grace of God given to you in Christ Jesus.
5 သင်တို့သည် ထိုခရစ်တော် အားဖြင့် ၊ အရာရာ ၌ နှုတ် သတ္တိ၊ ဉာဏ် သတ္တိအပေါင်း နှင့် ကြွယ်ဝ ပြည့်စုံကြ သည်ဖြစ်၍ ၊
Through him you have been made rich in everything, in all that you say and every aspect of what you know.
6 ယေရှု ခရစ် အားဖြင့် သင် တို့အားပေး တော်မူသော ဆုကျေးဇူး တော်ကို ငါထောက် ၍၊ သင် တို့ အကြောင်း ကြောင့် ငါ့ ဘုရားသခင် ၏ကျေးဇူး တော်ကို အစဉ်မပြတ် ချီးမွမ်း၏။
In fact the testimony of Christ was proved valid in your experience,
7 ထိုကြောင့် သင် တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ ပေါ်ထွန်း တော်မူခြင်းကို မြော်လင့် ၍နေစဉ်၊ ဆု တော် တစ်စုံတစ်ခု မျှမ လျော့ ဘဲ စုံလင်လျက်ရှိကြ၏။
so that you're not missing any spiritual gift as you wait for the coming of our Lord Jesus Christ.
8 သင်တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ နေ့ရက် ၌ အပြစ်တင် စရာအခွင့်နှင့်ကင်းလွတ်မည်အကြောင်း၊ သင် တို့ကို အဆုံး တိုင်အောင် ခိုင်ခံ့ မြဲမြံစေတော်မူလိမ့်မည်။
He will also keep you strong to the very end, so you will be kept right until the day of the Lord Jesus Christ.
9 ငါ တို့သခင် တည်းဟူသောသား တော်မြတ်သခင် ယေရှု ခရစ် နှင့် ဆက်ဆံ ခြင်းကျေးဇူးတော်ကို သင်တို့ အား ပေး တော်မူသော ဘုရားသခင် သည် သစ္စာ နှင့်ပြည့်စုံတော်မူ၏။
God is trustworthy who called you to share together in fellowship with his son Jesus Christ our Lord.
10 ၁၀ ညီအစ်ကို တို့၊ သင်တို့ရှိသမျှ သည် စကား တညီတညွတ် တည်းဖြစ်၍ အချင်းချင်း မ ကွဲပြား ဘဲ စိတ် သဘော တသံ တသမတ်တည်းရှိ သည်နှင့် စေ့စပ် စုံလင်ကြမည်အကြောင်း၊ ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော် ကို အမှီပြု ၍ သင် တို့ကို ငါ နှိုးဆော်တောင်းပန်ပါ၏။
Brothers and sisters, I plead with you in the name of our Lord Jesus Christ that you all agree and that you're not divided. Instead develop a united attitude and purpose.
11 ၁၁ အကြောင်းမူကား ၊ ငါ့ ညီအစ်ကို တို့၊ သင် တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်းရှိ သည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြော ကြ၏။
For I have been told things about you, my brothers and sisters, by some of Chloe's people—that you are quarreling among yourselves.
12 ၁၂ သင် တို့က၊ ငါ သည်ပေါလု တပည့်ဖြစ် ၏။ ငါ သည် အာပေါလု တပည့်ဖြစ်၏။ ငါ သည်ကေဖ တပည့်ဖြစ်၏။ ငါ သည်ခရစ်တော် တပည့် ဖြစ်၏ဟု အသီးအသီး ပြော ကြသောကြောင့် ငါဆို ရ၏။
Let me explain what I mean. You're all making different claims: “I follow Paul,” or “I follow Apollos,” or “I follow Peter,” or “I follow Christ.”
13 ၁၃ ခရစ်တော် သည် ကွဲပြား သလော။ ပေါလု သည် သင် တို့အတွက် လက်ဝါးကပ်တိုင် မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု ၏နာမ ၌ ဗတ္တိဇံ ကို ခံကြပြီလော။
Is Christ divided? Did Paul die on a cross for you? Was it in the name of Paul that you were baptized?
14 ၁၄ ကရိပ္ပု နှင့် ဂါယု မှတစ်ပါး ၊ သင် တို့တွင် အဘယ်သူ အားမျှ ဗတ္တိဇံ ကို ငါမပေးသည်ဖြစ်၍ ဘုရားသခင် ၏ ကျေးဇူး တော်ရှိပါ၏။
I'm grateful to God that I didn't baptize any of you, except Crispus and Gaius,
15 ၁၅ သို့ဖြစ်၍ ပေါလုသည်မိမိ နာမ ၌ ဗတ္တိဇံ ကို ပေးသည်ဟု အဘယ်သူ မျှဆို စရာအကြောင်း မ ရှိ။
so nobody can claim they were baptized in my name.
16 ၁၆ သတေဖန် ၏အိမ်သူ အိမ်သားတို့အားလည်း ဗတ္တိဇံကို ပေး ပြီ။ ထိုမှတစ်ပါးအခြား သောသူအား ဗတ္တိဇံ ပေးသည်ကိုငါမ မှတ်မိ ။
(Oh, and I also baptized the Stephanas family—I can't think of anyone else.)
17 ၁၇ ဗတ္တိဇံ ကိုပေးစေခြင်းငှာခရစ်တော် သည် ငါ့ ကို စေလွှတ် တော်မူသည်မ ဟုတ်။ ဧဝံဂေလိ တရားကို ဟောစေခြင်းငှာစေလွှတ်တော်မူ၏။ သို့သော်လည်း ၊ ခရစ်တော် ၏လက်ဝါးကပ်တိုင် ကို အချည်းနှီး မ ဖြစ် စေခြင်းငှာ ၊ နှုတ် ပညာ ကို အခွင့်မ ပေးဘဲနေတော်မူ၏။
For Christ didn't send me out to baptize, but to spread the good news, and not with eloquent human wisdom, otherwise the cross of Christ would be made powerless.
18 ၁၈ အကြောင်းမူကား ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့၌ လက်ဝါးကပ်တိုင် တော်တရား သည် မိုက် သော တရားဖြစ် ၏။ ကယ်တင် ခြင်းသို့ ရောက်သောငါ တို့၌ ထိုတရားသည် ဘုရားသခင် ၏ တန်ခိုး တော် ဖြစ် ၏။
For the message of the cross is nonsense to those who are lost, but it's the power of God to those of us who are saved.
19 ၁၉ ကျမ်းစာ လာသည်ကား ၊ ပညာရှိ တို့၏ ပညာ ကို ငါဖျက်ဆီး မည်။ ဉာဏ် ကောင်းသောသူ တို့၏ ဉာဏ် ကို လည်း ငါပယ် မည်ဟု လာသတည်း။
As Scripture says, “I will destroy the wisdom of the wise, and I will wipe out the cleverness of the clever.”
20 ၂၀ ပညာရှိ ကားအဘယ်မှာ ရှိသနည်း။ ကျမ်းပြု ဆရာကား အဘယ်မှာ ရှိသနည်း။ ပြဿနာ ၌လေ့ကျက်သော ဆရာကား အဘယ်မှာ ရှိသနည်း။ လောကီ ပညာ ကို ဘုရားသခင် သည် မိုက် စေတော်မူသည် မ ဟုတ်လော။ (aiōn g165)
So how about the wise, the writers, and the philosophers of this age? Hasn't God turned the wisdom of this world into foolishness? (aiōn g165)
21 ၂၁ အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် ၏ ပညာ တော်စီရင်သည်နှင့်အညီ၊ လောကီသား တို့သည် မိမိ တို့ပညာ အားဖြင့် ဘုရားသခင် ကို မ သိ ဘဲနေကြသောအခါ၊ ဘုရားသခင် သည် ယုံကြည် သော သူတို့ ကို ဒေသနာ တော် မိုက်မဲ ခြင်းအားဖြင့် ကယ်တင် ခြင်းငှာစေတနာ ရှိတော်မူ၏။
Since God in his wisdom allowed the world in its wisdom not to know God, it was God's gracious plan that by the foolishness of the good news those who trusted in him would be saved.
22 ၂၂ ယုဒ လူတို့သည် နိမိတ် လက္ခဏာကို တောင်း တတ်ကြ၏။ ဟေလသ လူတို့သည် ပညာ ကို ရှာ တတ် ကြ၏။
The Jews ask for miraculous signs, and Greeks look for wisdom,
23 ၂၃ ငါ တို့မူကား ၊ လက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော ခရစ်တော် ၏ အကြောင်းအရာကို ဟောပြော ကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒ အမျိုးသားထိမိ ၍ လဲစရာအကြောင်းဖြစ်၏။ တစ်ပါး အမျိုးသား၌ကား၊ မိုက်မဲ ခြင်းဖြစ်၏။
but our message is of Christ killed on a cross—offensive to the Jews, and foolishness to the foreigners.
24 ၂၄ သို့သော်လည်း ၊ ယုဒ လူဖြစ်စေ၊ ဟေလသ လူဖြစ်စေ၊ ခေါ် တော်မူသောသူ တို့၌ ဘုရားသခင် ၏ တန်ခိုး တော်နှင့် ဘုရားသခင် ၏ပညာ တော်တည်းဟူသောခရစ်တော် ၏ တရားဖြစ်၏။
However, for those who are called by God, both Jews and foreigners, Christ is the power of God and the wisdom of God.
25 ၂၅ ဘုရားသခင် ၏မိုက်မဲ ခြင်းအရာသည် လူ တို့၏ ပညာထက်သာ၍ပညာ ရှိ ၏။ ဘုရားသခင် ၏ အားနည်း ခြင်းအရာသည် လူ တို့၏ အစွမ်းထက်သာ၍အစွမ်း ရှိ၏။
For the foolishness of God is wiser than we are; and the weakness of God is stronger than we are.
26 ၂၆ ညီအစ်ကို တို့၊ သင် တို့ကို ခေါ် တော်မူခြင်း အကြောင်း အရာကို ဆင်ခြင် ကြလော့။ ခေါ်တော်မူသော သူတို့တွင် လောကီ ပညာရှိ အများ မ ပါ။ ထင်ရှားသော လူ ကြီးအများ မ ပါ။ မင်းအမျိုးအနွယ်ဖြစ်သော သူအများ မ ပါ။
Brothers and sisters, remember your calling—and that this did not include many who are wise, humanly speaking; not many who are powerful; not many who are important.
27 ၂၇ ဘုရားသခင် သည် ပညာရှိ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ မိုက်မဲ သော သူ တို့ကို ရွေးကောက် တော်မူ၏။ အစွမ်း သတ္တိရှိသော သူ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ အားနည်း သော သူ တို့ကို ရွေးကောက် တော်မူ၏။
Instead God chose the things the world considers foolish to humiliate those who think they are wise. He chose the things the world considers weak to humiliate those who think they are strong.
28 ၂၈ မြတ်သောသူတို့ကို ရှက်ကြောက် စေခြင်းငှာလောကီ အရာ ၌ ဆင်းရဲ သောသူ၊ မ ရေရာ သောသူ ၊ ယုတ် သောသူ တို့ကို ရွေးကောက် တော်မူ၏။
He chose the things that are unimportant and despised by the world, even things that are not, to bring to nothing the things that are,
29 ၂၉ ထိုကြောင့် ၊ ဘုရားသခင် ရှေ့ ၌ အဘယ်သူမျှ ဝါကြွား စရာ အကြောင်းမ ရှိ။
so that nobody should boast in God's presence.
30 ၃၀ ထိုဘုရားသခင် အားဖြင့် သင် တို့သည် ယေရှု ခရစ် ၌ တည်နေကြ၏။ ထိုသခင် မူကား ၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း၊ ငါ တို့၌ ပညာ မှစ၍ဖြောင့်မတ် ခြင်း၊ သန့်ရှင်း ခြင်း၊ ရွေးနှုတ် ခြင်းဖြစ်တော်မူ၏။
It's because of him that you live in Christ Jesus, who God made to be wisdom for us. He sets us right, keeps us right, and frees us.
31 ၃၁ သို့ဖြစ်၍ ၊ ကျမ်းစာ လာသည်နှင့်အညီ ၊ ဝါကြွား သောသူ မည်သည်ကား၊ ထာဝရ ဘုရား၌ သာဝါကြွား စေ။
So as Scripture says, “Whoever wants to boast, let them boast in the Lord.”

< ၁ ကောရိန္သု 1 >