< ၁ ကောရိန္သု 9 >
1 ၁ ငါပေါလုသည်ကျွန်မဟုတ်၊ လူ လွတ်ဖြစ် သည် မ ဟုတ်လော။ တမန်တော် ဖြစ် သည်မ ဟုတ်လော။ ငါ တို့ သခင် ယေရှု ခရစ်ကို မြင် ရပြီ မ ဟုတ်လော။ သင် တို့သည် သခင် ဘုရား၌ ငါ လုပ်သော အလုပ် ဖြစ် ကြသည် မ ဟုတ်လော။
Am I not free? Am I not an Apostle? Can it be denied that I have seen Jesus, our Lord? Are not you yourselves my work in the Lord?
2 ၂ ငါ သည် အခြား သောသူတို့အား တမန်တော် မ ဖြစ်သော်လည်း ၊ သင် တို့အားတမန်တော်အမှန် ဖြစ် ၏။ အကြောင်းမူကား ၊ ငါသည် တမန်တော် မှန်သည်ဟု သင် တို့သည် တပည့်တော်ဖြစ် သောအားဖြင့် ငါ့ ကို တံဆိပ် ခတ်ကြ၏။
If to other men I am not an Apostle, yet at any rate I am one to you; for your very existence as a Christian Church is the seal of my Apostleship.
3 ၃ ငါ့ ကိုစစ်ဆေး မေးမြန်းသော သူ တို့အား ငါ အပြစ် ဖြေရာစကားဟူမူကား၊
That is how I vindicate myself to those who criticize me.
4 ၄ ငါ တို့သည် စား သောက်ခြင်းအခွင့် မ ရှိသလော။
Have we not a right to claim food and drink?
5 ၅ ကေဖ နှင့် သခင် ဘုရား၏ညီ များမှစ၍ ကြွင်း သော တမန်တော် များကဲ့သို့ ၊ ငါ တို့သည်ဒေသစာရီ လှည့်လည် သည်တွင် နှမ ဖြစ်သော မယား ပါစေခြင်းငှာအခွင့် မ ရှိသလော။
Have we not a right to take with us on our journeys a Christian sister as our wife, as the rest of the Apostles do--and the Lord's brothers and Peter?
6 ၆ ငါ နှင့် ဗာနဗ သာ အလုပ်မ လုပ် ဘဲနေရသော အခွင့် မ ရှိ ဟု ဆိုရသလော။
Or again, is it only Barnabas and myself who are not at liberty to give up working with our hands?
7 ၇ အဘယ်သူ သည် ကိုယ် စရိတ် ကို သုံး၍ စစ်မှု ကို ထမ်းရသနည်း။ အဘယ်သူ သည် ဥယျာဉ် ကိုစိုက်ပျိုး ၍ အသီး ကိုမ စား ဘဲနေရသနည်း။ အဘယ်သူ သည် သိုး ထိန်း လုပ်၍ သိုး နို့ ကိုမ သုံး ဘဲနေရသနည်း။
What soldier ever serves at his own cost? Who plants a vineyard and yet does not eat any of the grapes? Or who tends a herd of cattle and yet does not taste their milk?
8 ၈ လောကီ ဝေါဟာရအားဖြင့် သာ ဤသို့ ငါဆို သလော။ ပညတ် တရားသည်လည်း ဤသို့ပင်ဆို သည် မ ဟုတ်လော။
Am I making use of merely worldly illustrations? Does not the Law speak in the same tone?
9 ၉ မောရှေ ၏ ပညတ္တိ ကျမ်းစာ၌ လာ သည်ကား ၊ စပါး နင်းနယ်သော နွား ၏ နှုတ်ကိုမ ချုပ်တည်း ရဟု လာ၏။ ဘုရားသခင် သည် နွား ကိုသာ ပမာဏ ပြုတော်မူသလော။
For in the Law of Moses it is written, "Thou shalt not muzzle an ox while it is treading out the grain."
10 ၁၀ သို့မဟုတ် ငါ တို့ကြောင့် သာ ဤသို့ပညတ် တော်မူသလော။ လယ်ထွန် သောသူ သည် မြော်လင့် လျက် လယ်ထွန် စေခြင်းငှာ ၎င်း၊ မြော်လင့် လျက် စပါး နင်းနယ်သောသူ သည် မြော်လင့်သည်အတိုင်း ရ စေခြင်းငှာ၎င်း၊ ငါ တို့ကြောင့် သာဤသို့ကျမ်းစာ လာ၏။
Is God simply thinking about the oxen? Or is it really in our interest that He speaks? Of course, it was written in our interest, because it is His will that when a plough-man ploughs, and a thresher threshes, it should be in the hope of sharing that which comes as the result.
11 ၁၁ ငါ တို့သည် သင် တို့၌ ဓမ္မ မျိုးစေ့ကို စိုက် ပြီးမှ သင် တို့၏လောကီ အသီးကို သုံးဆောင် လျှင် ကျေးဇူးကြီး မည်လော။
If it is we who sowed the spiritual grain in you, is it a great thing that we should reap a temporal harvest from you?
12 ၁၂ အခြား သောသူတို့သည် သင် တို့ထံမှာထိုအခွင့် ကိုရ လျှင် ငါ တို့သည် သာ၍ ရထိုက်သည်မ ဟုတ်လော။ သို့သော်လည်း ထို အခွင့် ကို ငါ တို့သည် မ သုံးဘဲ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားကို ဆီးတား ခြင်းအကြောင်း မ ရှိ စေခြင်းငှာအရာရာ ၌ သည်းခံ ကြ၏။
If other teachers possess that right over you, do not we possess it much more? Yet we have not availed ourselves of the right, but we patiently endure all things rather than hinder in the least degree the progress of the Good News of the Christ.
13 ၁၃ ဓမ္မ ကိစ္စအမှုကို ဆောင်ရွက် သော သူ တို့သည် ဗိမာန် တော်ကို အမှီပြု ၍ စား ရသည်ကို၎င်း၊ ယဇ် ပူဇော် ခြင်းအမှုကို ဆောင်ရွက် သော သူ တို့သည် ယဇ်ပလ္လင် နှင့် ဆက်ဆံ၍ စားရသည်ကို၎င်း၊ သင်တို့ မ သိ ကြသလော။
Do you not know that those who perform the sacred rites have their food from the sacred place, and that those who serve at the altar all alike share with the altar?
14 ၁၄ ထိုနည်းတူ ၊ ဧဝံဂေလိ တရားကိုဟော သော သူ တို့သည် ဧဝံဂေလိ တရားကို အမှီပြု ၍ အသက် မွေးရမည်အကြောင်း၊ သခင် ဘုရား၏ ပညတ် တော်မူချက်ရှိ၏။
In the same way the Lord also directed those who proclaim the Good News to maintain themselves by the Good News.
15 ၁၅ သို့သော်လည်း ထိုအခွင့်ကို ငါ သည် အလျှင်း မ သုံး ။ သင်တို့သည် ငါ့ အား ထိုသို့ ပြု စေခြင်းငှာ ဤ စကား ကို ငါရေး သည်မ ဟုတ်။ အကြောင်းမူကား ၊ ငါ ဝါကြွား ခြင်းအခွင့်ကိုသူတစ်ပါး ဖျက်ဆီး သည်ထက် ငါ သေ သော် သာ၍ ကောင်း၏။
But I, for my part, have not used, and do not use, my full rights in any of these things. Nor do I now write with that object so far as I myself am concerned, for I would rather die than have anybody make this boast of mine an empty one.
16 ၁၆ ငါသည်ဧဝံဂေလိ တရားကို ဟောရုံပြုလျှင် ဝါကြွား ခြင်းအကြောင်းမ ရှိ သေး။ အဘယ်ကြောင့် နည်းဟူမူကား၊ မဟောဘဲမနေနိုင်။ မ ဟော ဘဲနေလျှင် အမင်္ဂလာ ရှိ ၏။
If I go on preaching the Good News, that is nothing for me to boast of; for the necessity is imposed upon me; and alas for me, if I fail to preach it!
17 ၁၇ သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက် လျှင် အကျိုး ရှိ ၏။ ကိုယ် အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာ တော်၌ ခန့်ထား သောသူဖြစ်၏။
And if I preach willingly, I receive my wages; but if against my will, a stewardship has nevertheless been entrusted to me.
18 ၁၈ သို့ဖြစ်၍ ငါ ၏အကျိုး အဘယ်သို့ နည်းဟူမူကား၊ ဧဝံဂေလိ တရားကို ဟော သောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သော အခွင့် ကို မ သုံး ဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိ တရားကို နာသောသူတို့သည် အဘယ် စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှာ ပြု လျှင်ငါ၌အကျိုးရှိ၏။
What are my wages then? The very fact that the Good News which I preach will cost my hearers nothing, so that I cannot be charged with abuse of my privileges as a Christian preacher.
19 ၁၉ ငါသည် အဘယ်သူ၏ကျွန်မဖြစ် သော်လည်းသာ၍ များ သော သူတို့ကိုရ ခြင်းအလို့ငှာ လူတကာ တို့၏ ကျွန် ခံရ၏။
Though free from all human control, I have made myself the slave of all in the hope of winning as many converts as possible.
20 ၂၀ ယုဒ လူတို့ကိုရ ခြင်းအလိုငှာ ယုဒ လူတို့၌ ယုဒ လူကဲ့သို့ ဖြစ် ၏။ ပညတ် တရားကိုကိုယ်တိုင် မ ဆည်းကပ် သော်လည်း၊ ပညတ် တရားကို ဆည်းကပ် သောသူ တို့ကို ရ ခြင်းအလိုငှာ ၊ ပညတ် တရားကို ဆည်းကပ် သောသူ တို့၌ ပညတ် တရားကို ကျင့်သောသူကဲ့သို့ ဖြစ် ၏။
To the Jews I have become like a Jew in order to win Jews; to men under the Law as if I were under the Law--although I am not--in order to win those who are under the Law;
21 ၂၁ ဘုရားသခင် ရှေ့တော်၌ တရားမဲ့ မ နေ၊ ခရစ်တော် ၏တရား ကို ကျင့်သောသူဖြစ် သော်လည်း ၊ ပညတ် တရားမဲ့သောသူ တို့ကို ရ ခြင်းအလိုငှာ ပညတ် တရားမဲ့သောသူ တို့၌ ပညတ် တရားမဲ့သော သူကဲ့သို့ ဖြစ်၏။
to men without Law as if I were without Law--although I am not without Law in relation to God but am abiding in Christ's Law--in order to win those who are without Law.
22 ၂၂ အားနည်း သော သူတို့၌ အားနည်း သော သူကဲ့သို့ဖြစ် ၏။ အချို့ သော သူတို့ကို တစ်စုံတစ်ခုသော အမှုအရာအားဖြင့်ကယ်တင် ခြင်းအလို့ငှာ၊ ခပ်သိမ်း သော သူတို့၌ ခပ်သိမ်း သောအရာဖြစ် ၏။
To the weak I have become weak, so as to gain the weak. To all men I have become all things, in the hope that in every one of these ways I may save some.
23 ၂၃ သင်တို့နှင့်အတူဧဝံဂေလိ တရားကို ဆက်ဆံ ခြင်းအလို့ငှာ ၊တရားကြောင့် ထိုသို့ငါပြု လေ့ရှိ၏။
And I do everything for the sake of the Good News, that I may share with my hearers in its benefits.
24 ၂၄ မြေ တလင်း၌ ပြိုင်၍ ပြေး ကြသောသူ အပေါင်း တို့သည် ပြိုင်၍ ပြေး ကြသော်လည်း ၊ တစ်ယောက်တည်း သာလျှင် ဆု ကိုရ သည်ဟု သင်တို့ မ သိ ကြသလော။ ဆုကို ရ မည်အကြောင်း ပြေး ကြလော့။
Do you not know that in the foot-race the runners all run, but that only one gets the prize? You must run like him, in order to win with certainty.
25 ၂၅ ပွဲ၌ပြိုင်၍ အချင်းချင်း တိုက်သော သူမည်သည်ကား၊ အရာရာ ၌ တပ်မက် ခြင်းကို ချုပ်တည်း တတ်၏။ ထို သူတို့သည် ညှိုးနွမ်း ပျက်စီးတတ်သော ပန်း ဦးရစ်ကို ရခြင်း အလိုငှာ ပြုကြ၏။ ငါ တို့မူကား မ ညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှာ ပြုကြ၏။
But every competitor in an athletic contest practices abstemiousness in all directions. They indeed do this for the sake of securing a perishable wreath, but we for the sake of securing one that will not perish.
26 ၂၆ ထိုကြောင့် ငါ ပြေး သောအခါ၊ အမှတ်တမဲ့ ပြေးသည်မ ဟုတ်၊ လက်ပွေ့ သတ်သောအခါအာကာသ ကောင်းကင်ကိုသာ ထိုး ၍ သတ်သည်မ ဟုတ်။
That is how I run, not being in any doubt as to my goal. I am a boxer who does not inflict blows on the air,
27 ၂၇ သူတစ်ပါး ကို ဆုံးမ ပြီးမှကိုယ်တိုင် ရှုံး သော သူမ ဖြစ် ရမည်အကြောင်း၊ ကိုယ် ကိုထိုး ၍ နှိပ်စက် လေ့ရှိ၏။
but I hit hard and straight at my own body and lead it off into slavery, lest possibly, after I have been a herald to others, I should myself be rejected.