< ၁ ကောရိန္သု 9 >

1 ငါပေါလုသည်ကျွန်မဟုတ်၊ လူ လွတ်ဖြစ် သည် မ ဟုတ်လော။ တမန်တော် ဖြစ် သည်မ ဟုတ်လော။ ငါ တို့ သခင် ယေရှု ခရစ်ကို မြင် ရပြီ မ ဟုတ်လော။ သင် တို့သည် သခင် ဘုရား၌ ငါ လုပ်သော အလုပ် ဖြစ် ကြသည် မ ဟုတ်လော။
Am I not an apostle? am I not free? have I not seen Jesus Christ our Lord? are not ye my work in the Lord?
2 ငါ သည် အခြား သောသူတို့အား တမန်တော် မ ဖြစ်သော်လည်း ၊ သင် တို့အားတမန်တော်အမှန် ဖြစ် ၏။ အကြောင်းမူကား ၊ ငါသည် တမန်တော် မှန်သည်ဟု သင် တို့သည် တပည့်တော်ဖြစ် သောအားဖြင့် ငါ့ ကို တံဆိပ် ခတ်ကြ၏။
If I be not an apostle unto others, yet doubtless I am to you: for the seal of mine apostleship are ye in the Lord.
3 ငါ့ ကိုစစ်ဆေး မေးမြန်းသော သူ တို့အား ငါ အပြစ် ဖြေရာစကားဟူမူကား၊
Mine answer to them that do examine me is this,
4 ငါ တို့သည် စား သောက်ခြင်းအခွင့် မ ရှိသလော။
Have we not power to eat and to drink?
5 ကေဖ နှင့် သခင် ဘုရား၏ညီ များမှစ၍ ကြွင်း သော တမန်တော် များကဲ့သို့ ၊ ငါ တို့သည်ဒေသစာရီ လှည့်လည် သည်တွင် နှမ ဖြစ်သော မယား ပါစေခြင်းငှာအခွင့် မ ရှိသလော။
Have we not power to lead about a sister, a wife, as well as other apostles, and [as] the brethren of the Lord, and Cephas?
6 ငါ နှင့် ဗာနဗ သာ အလုပ်မ လုပ် ဘဲနေရသော အခွင့် မ ရှိ ဟု ဆိုရသလော။
Or I only and Barnabas, have not we power to forbear working?
7 အဘယ်သူ သည် ကိုယ် စရိတ် ကို သုံး၍ စစ်မှု ကို ထမ်းရသနည်း။ အဘယ်သူ သည် ဥယျာဉ် ကိုစိုက်ပျိုး ၍ အသီး ကိုမ စား ဘဲနေရသနည်း။ အဘယ်သူ သည် သိုး ထိန်း လုပ်၍ သိုး နို့ ကိုမ သုံး ဘဲနေရသနည်း။
Who goeth a warfare any time at his own charges? who planteth a vineyard, and eateth not of the fruit thereof? or who feedeth a flock, and eateth not of the milk of the flock?
8 လောကီ ဝေါဟာရအားဖြင့် သာ ဤသို့ ငါဆို သလော။ ပညတ် တရားသည်လည်း ဤသို့ပင်ဆို သည် မ ဟုတ်လော။
Say I these things as a man? or saith not the law the same also?
9 မောရှေ ၏ ပညတ္တိ ကျမ်းစာ၌ လာ သည်ကား ၊ စပါး နင်းနယ်သော နွား ၏ နှုတ်ကိုမ ချုပ်တည်း ရဟု လာ၏။ ဘုရားသခင် သည် နွား ကိုသာ ပမာဏ ပြုတော်မူသလော။
For it is written in the law of Moses, Thou shalt not muzzle the mouth of the ox that treadeth out the corn. Doth God take care for oxen?
10 ၁၀ သို့မဟုတ် ငါ တို့ကြောင့် သာ ဤသို့ပညတ် တော်မူသလော။ လယ်ထွန် သောသူ သည် မြော်လင့် လျက် လယ်ထွန် စေခြင်းငှာ ၎င်း၊ မြော်လင့် လျက် စပါး နင်းနယ်သောသူ သည် မြော်လင့်သည်အတိုင်း ရ စေခြင်းငှာ၎င်း၊ ငါ တို့ကြောင့် သာဤသို့ကျမ်းစာ လာ၏။
Or saith he [it] altogether for our sakes? For our sakes, no doubt, [this] is written: that he that ploweth should plow in hope; and that he that thresheth in hope should be partaker of his hope.
11 ၁၁ ငါ တို့သည် သင် တို့၌ ဓမ္မ မျိုးစေ့ကို စိုက် ပြီးမှ သင် တို့၏လောကီ အသီးကို သုံးဆောင် လျှင် ကျေးဇူးကြီး မည်လော။
If we have sown unto you spiritual things, [is it] a great thing if we shall reap your carnal things?
12 ၁၂ အခြား သောသူတို့သည် သင် တို့ထံမှာထိုအခွင့် ကိုရ လျှင် ငါ တို့သည် သာ၍ ရထိုက်သည်မ ဟုတ်လော။ သို့သော်လည်း ထို အခွင့် ကို ငါ တို့သည် မ သုံးဘဲ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားကို ဆီးတား ခြင်းအကြောင်း မ ရှိ စေခြင်းငှာအရာရာ ၌ သည်းခံ ကြ၏။
If others be partakers of [this] power over you, [are] not we rather? Nevertheless we have not used this power; but suffer all things, lest we should hinder the gospel of Christ.
13 ၁၃ ဓမ္မ ကိစ္စအမှုကို ဆောင်ရွက် သော သူ တို့သည် ဗိမာန် တော်ကို အမှီပြု ၍ စား ရသည်ကို၎င်း၊ ယဇ် ပူဇော် ခြင်းအမှုကို ဆောင်ရွက် သော သူ တို့သည် ယဇ်ပလ္လင် နှင့် ဆက်ဆံ၍ စားရသည်ကို၎င်း၊ သင်တို့ မ သိ ကြသလော။
Do ye not know that they which minister about holy things live [of the things] of the temple? and they which wait at the altar are partakers with the altar?
14 ၁၄ ထိုနည်းတူ ၊ ဧဝံဂေလိ တရားကိုဟော သော သူ တို့သည် ဧဝံဂေလိ တရားကို အမှီပြု ၍ အသက် မွေးရမည်အကြောင်း၊ သခင် ဘုရား၏ ပညတ် တော်မူချက်ရှိ၏။
Even so hath the Lord ordained that they which preach the gospel should live of the gospel.
15 ၁၅ သို့သော်လည်း ထိုအခွင့်ကို ငါ သည် အလျှင်း မ သုံး ။ သင်တို့သည် ငါ့ အား ထိုသို့ ပြု စေခြင်းငှာ ဤ စကား ကို ငါရေး သည်မ ဟုတ်။ အကြောင်းမူကား ၊ ငါ ဝါကြွား ခြင်းအခွင့်ကိုသူတစ်ပါး ဖျက်ဆီး သည်ထက် ငါ သေ သော် သာ၍ ကောင်း၏။
But I have used none of these things: neither have I written these things, that it should be so done unto me: for [it were] better for me to die, than that any man should make my glorying void.
16 ၁၆ ငါသည်ဧဝံဂေလိ တရားကို ဟောရုံပြုလျှင် ဝါကြွား ခြင်းအကြောင်းမ ရှိ သေး။ အဘယ်ကြောင့် နည်းဟူမူကား၊ မဟောဘဲမနေနိုင်။ မ ဟော ဘဲနေလျှင် အမင်္ဂလာ ရှိ ၏။
For though I preach the gospel, I have nothing to glory of: for necessity is laid upon me; yea, woe is unto me, if I preach not the gospel!
17 ၁၇ သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက် လျှင် အကျိုး ရှိ ၏။ ကိုယ် အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာ တော်၌ ခန့်ထား သောသူဖြစ်၏။
For if I do this thing willingly, I have a reward: but if against my will, a dispensation [of the gospel] is committed unto me.
18 ၁၈ သို့ဖြစ်၍ ငါ ၏အကျိုး အဘယ်သို့ နည်းဟူမူကား၊ ဧဝံဂေလိ တရားကို ဟော သောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သော အခွင့် ကို မ သုံး ဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိ တရားကို နာသောသူတို့သည် အဘယ် စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှာ ပြု လျှင်ငါ၌အကျိုးရှိ၏။
What is my reward then? [Verily] that, when I preach the gospel, I may make the gospel of Christ without charge, that I abuse not my power in the gospel.
19 ၁၉ ငါသည် အဘယ်သူ၏ကျွန်မဖြစ် သော်လည်းသာ၍ များ သော သူတို့ကိုရ ခြင်းအလို့ငှာ လူတကာ တို့၏ ကျွန် ခံရ၏။
For though I be free from all [men], yet have I made myself servant unto all, that I might gain the more.
20 ၂၀ ယုဒ လူတို့ကိုရ ခြင်းအလိုငှာ ယုဒ လူတို့၌ ယုဒ လူကဲ့သို့ ဖြစ် ၏။ ပညတ် တရားကိုကိုယ်တိုင် မ ဆည်းကပ် သော်လည်း၊ ပညတ် တရားကို ဆည်းကပ် သောသူ တို့ကို ရ ခြင်းအလိုငှာ ၊ ပညတ် တရားကို ဆည်းကပ် သောသူ တို့၌ ပညတ် တရားကို ကျင့်သောသူကဲ့သို့ ဖြစ် ၏။
And unto the Jews I became as a Jew, that I might gain the Jews; to them that are under the law, as under the law, that I might gain them that are under the law;
21 ၂၁ ဘုရားသခင် ရှေ့တော်၌ တရားမဲ့ မ နေ၊ ခရစ်တော် ၏တရား ကို ကျင့်သောသူဖြစ် သော်လည်း ၊ ပညတ် တရားမဲ့သောသူ တို့ကို ရ ခြင်းအလိုငှာ ပညတ် တရားမဲ့သောသူ တို့၌ ပညတ် တရားမဲ့သော သူကဲ့သို့ ဖြစ်၏။
To them that are without law, as without law, (being not without law to God, but under the law to Christ, ) that I might gain them that are without law.
22 ၂၂ အားနည်း သော သူတို့၌ အားနည်း သော သူကဲ့သို့ဖြစ် ၏။ အချို့ သော သူတို့ကို တစ်စုံတစ်ခုသော အမှုအရာအားဖြင့်ကယ်တင် ခြင်းအလို့ငှာ၊ ခပ်သိမ်း သော သူတို့၌ ခပ်သိမ်း သောအရာဖြစ် ၏။
To the weak became I as weak, that I might gain the weak: I am made all things to all [men], that I might by all means save some.
23 ၂၃ သင်တို့နှင့်အတူဧဝံဂေလိ တရားကို ဆက်ဆံ ခြင်းအလို့ငှာ ၊တရားကြောင့် ထိုသို့ငါပြု လေ့ရှိ၏။
And this I do for the gospel’s sake, that I might be partaker thereof with [you].
24 ၂၄ မြေ တလင်း၌ ပြိုင်၍ ပြေး ကြသောသူ အပေါင်း တို့သည် ပြိုင်၍ ပြေး ကြသော်လည်း ၊ တစ်ယောက်တည်း သာလျှင် ဆု ကိုရ သည်ဟု သင်တို့ မ သိ ကြသလော။ ဆုကို ရ မည်အကြောင်း ပြေး ကြလော့။
Know ye not that they which run in a race run all, but one receiveth the prize? So run, that ye may obtain.
25 ၂၅ ပွဲ၌ပြိုင်၍ အချင်းချင်း တိုက်သော သူမည်သည်ကား၊ အရာရာ ၌ တပ်မက် ခြင်းကို ချုပ်တည်း တတ်၏။ ထို သူတို့သည် ညှိုးနွမ်း ပျက်စီးတတ်သော ပန်း ဦးရစ်ကို ရခြင်း အလိုငှာ ပြုကြ၏။ ငါ တို့မူကား မ ညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှာ ပြုကြ၏။
And every man that striveth for the mastery is temperate in all things. Now they [do it] to obtain a corruptible crown; but we an incorruptible.
26 ၂၆ ထိုကြောင့် ငါ ပြေး သောအခါ၊ အမှတ်တမဲ့ ပြေးသည်မ ဟုတ်၊ လက်ပွေ့ သတ်သောအခါအာကာသ ကောင်းကင်ကိုသာ ထိုး ၍ သတ်သည်မ ဟုတ်။
I therefore so run, not as uncertainly; so fight I, not as one that beateth the air:
27 ၂၇ သူတစ်ပါး ကို ဆုံးမ ပြီးမှကိုယ်တိုင် ရှုံး သော သူမ ဖြစ် ရမည်အကြောင်း၊ ကိုယ် ကိုထိုး ၍ နှိပ်စက် လေ့ရှိ၏။
But I keep under my body, and bring [it] into subjection: lest that by any means, when I have preached to others, I myself should be a castaway.

< ၁ ကောရိန္သု 9 >