< ၁ ကောရိန္သု 8 >
1 ၁ ရုပ်တု ရှေ့၌ပူဇော်သော ယဇ်ကောင်အရာ မှာ၊ ငါတို့ရှိသမျှ သည် ပိုင်းခြားတတ်သော ဉာဏ် ရှိသည် ကို ငါတို့သိ ကြ၏။ ဉာဏ် သည် ထောင်လွှား စေတတ်၏။ မေတ္တာ မူကား တည်ဆောက် တတ်၏။
2 ၂ အကြင်သူ သည်၊ ငါကားပညာရှိ ဖြစ်သည်ဟူ၍စိတ်ထင် ၏။ ထို သူသည် သိ အပ် သည်အတိုင်း အလျှင်း မ သိသေး။
3 ၃ ဘုရားသခင် ကိုချစ် သော သူ မည်သည်ကား ၊ ဘုရားသခင် သိ စေတော်မူသောသူ ဖြစ်၏။
4 ၄ ရုပ်တု ရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စား ခြင်းအရာ မှာ၊ ရုပ်တု သည် ဤလောက ၌ အချည်းနှီး သက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်း သော ဘုရားသခင် မှတစ်ပါး အဘယ် ဘုရားသခင်မျှမ ရှိသည်ကို၎င်း၊ ငါတို့သိ ကြ၏။
5 ၅ ဘုရား များ ၊ အရှင် များ ဟုဆိုသည်အတိုင်း ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ဘုရား ဟူ၍ခေါ်ဝေါ် သမုတ်သော သူအများရှိ သော်လည်း ၊
6 ၆ အကြင်ဘုရားသခင်အထဲ က ခပ်သိမ်း သော အရာဖြစ်၍၊ အကြင်ဘုရားသခင် အဘို့ အလိုငှာငါ တို့သည် ဖြစ်ကြ၏။ ထိုခမည်းတော် ဘုရားသခင် တစ်ပါးတည်း သာ ငါ တို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါ တို့မှစ၍ ခပ်သိမ်း သောအရာဖြစ်ကြ၏။ ထိုသခင် ယေရှု ခရစ် တစ်ပါးတည်း သာငါတို့၌ရှိတော်မူ၏။
7 ၇ သို့သော်လည်း ထို ဉာဏ် ကို လူ တိုင်းမ ရ။ အချို့ သော သူတို့သည် ယခု တိုင်အောင် ရုပ်တု ရှေ့၌ ပူဇော် သော ယဇ်ကောင်ကိုစား သော်၊ ရုပ်တု ကို ထောက်သော စိတ်နှင့်စားကြသည်ဖြစ်၍၊ သူ တို့၌ကိုယ်ကိုကိုယ် သိသော စိတ်သည်အားနည်း သောကြောင့် ညစ်ညူး ခြင်းသို့ ရောက်တတ်၏။
8 ၈ အစား အသောက်အားဖြင့်ဘုရားသခင် ရှေ့ မှာ မျက်နှာရသည်မ ဟုတ်။ အစာကိုသုံး ကာ မျှဖြင့်မြတ် သည် မဟုတ်။ ရှောင် ကာ မျှဖြင့် ယုတ် သည်မ ဟုတ်။
9 ၉ သို့သော်လည်း ၊ သင် တို့အခွင့် ကိုအားနည်း သော သူ တို့၌ ထိမိ ၍ လဲစရာအကြောင်း မ ဖြစ် စေခြင်းငှာသတိပြု ကြလော့။
10 ၁၀ အကြောင်းမူကား ၊ သင် သည် ပိုင်းခြားတတ်သော ဉာဏ် ရှိ လျက်ပင်၊ ရုပ်တု စင်ထဲ၌ စားပွဲနားမှာ လျောင်း သည်ကို သူတစ်ပါး မြင် လျှင် ၊ ကိုယ်ကိုကိုယ် သိသော စိတ်အားနည်း သောသူ သည်၊ ရုပ်တု ရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စား ခြင်းငှာရဲမည်မဟုတ်လော။
11 ၁၁ ထိုသို့ဖြစ်လျှင်၊ အကြင်ညီအစ်ကို အဘို့ အလို့ငှာခရစ်တော် သည် အသေခံ တော်မူ၏။ အားနည်း သော ထို ညီအစ်ကိုသည် သင် ၏ဉာဏ် ကြောင့် ပျက်စီး ခြင်းသို့ ရောက်ရပါသည်တကား ၊
12 ၁၂ သင်တို့သည်၊ ညီအစ်ကို တို့ကို ထိုသို့ ပြစ်မှား ၍ သူ တို့၌ ကိုယ်ကိုကိုယ် သိသော အားနည်း သောစိတ်ကို ထိခိုက် သောအခါ၊ ခရစ်တော် ကိုလည်း ပြစ်မှား ရာသို့ ရောက်၏။
13 ၁၃ သို့ဖြစ်၍ ၊ ငါ၏အစား အသောက်သည် ငါ့ ညီအစ်ကို ကို မှားယွင်း စေလျှင် ၊ ငါ့ ညီအစ်ကို ၌ မှားယွင်း စရာအကြောင်းမ ရှိစေခြင်းငှာ ၊ အမဲသား ကို အစဉ်မပြတ် ရှောင် မည်။ (aiōn )