< ၁ ကောရိန္သု 7 >

1 သင်တို့သည် ငါ့ထံသို့ပေး လိုက်သောစာ ၌ ပါ သောအရာမှာ၊ ယောက်ျား သည် မိန်းမ နှင့်မ ဆက်ဆံ ဘဲ နေလျှင် ၊
Yahusu sasa mambo yale mliyoandika: naam, ni vizuri kama mtu haoi;
2 ကောင်း သော်လည်း ၊ မတရား သောမေထုန်နှင့် ကင်းလွတ်မည် အကြောင်း၊ ယောက်ျား တိုင်း မိမိ မယား ရှိ စေလော့။ မိန်းမ တိုင်း မိမိ လင် ရှိ စေလော့။
lakini kwa sababu ya hatari ya uzinzi, basi, kila mwanamume na awe na mke wake mwenyewe, na kila mwanamke awe na mume wake mwenyewe.
3 ယောက်ျား သည် ဆက်ဆံခြင်းဝတ်ကို မိမိမယား အား ပြု စေလော့။ ထိုနည်းတူ ၊ မိန်းမ သည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင် အား ပြုစေလော့။
Mume atimize wajibu alio nao kwa mkewe, naye mke atimize wajibu alio nao kwa mumewe.
4 မိန်းမ သည် မိမိ ကိုယ် ကိုမ ပိုင် ၊ လင် သည်ပိုင်၏။ ထိုနည်းတူ ယောက်ျား သည်လည်း မိမိ ကိုယ် ကိုမ ပိုင် ၊ မယား သည်ပိုင်၏။
Mke hana mamlaka juu ya mwili wake, bali mumewe anayo; hali kadhalika naye mume, hana mamlaka juu ya mwili wake, bali mkewe anayo.
5 အချင်းချင်း ခင်ပွန်းဝတ်ကို မ ပယ် မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်း ခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှာ၊ သဘောတူ ၍ ခင်ပွန်းဝတ်ကိုခဏ မျှ မရှောင်ရဟု မဆိုလို ။ ထိုသို့ ရှောင် လျှင် ၊ ကိုယ် ကိုမချုပ်တည်းနိုင်သောအားဖြင့် စာတန် သည် အပြစ် သို့ သွေးဆောင်ရသော အခွင့်မ ရှိစေခြင်းငှာ ၊ နောက် တဖန် အတူ နေ ကြလော့။
Msinyimane haki zenu, isipokuwa kama mnaafikiana kufanya hivyo kwa kitambo tu, ili mpate nafasi nzuri ya kusali. Kisha rudianeni tena mara, ili Shetani asije akawajaribu kwa sababu ya udhaifu wenu.
6 သို့ရာတွင်ပညတ် မ ထားဘဲအခွင့် ပေးခြင်း အားဖြင့် သာ ငါဆို ၏။
Ninayowaambieni sasa ni mawaidha, si amri.
7 လူ အပေါင်း တို့သည် ငါ ကဲ့သို့ ဖြစ် စေခြင်းငှာငါအလိုရှိ ၏။ သို့သော်လည်း ၊ လူအသီးအသီး တို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီး သော ဆု ကျေးဇူးကို ခံရ ကြ၏။
Ningependa watu wote wawe kama mimi nilivyo; lakini kila mmoja anacho kipaji chake kutoka kwa Mungu; mmoja kipaji hiki na mwingine kile.
8 ထိုကြောင့် မယား မရှိသောသူ တို့နှင့် မုတ်ဆိုးမ တို့ကို ငါဆို သည်ကား၊ ထို သူ တို့သည် ငါ ကဲ့သို့ နေလျှင် ကောင်း ၏။
Basi, wale ambao hawajaoana na wale walio wajane nawaambia kwamba ni vema kuendelea kuwa kama mimi nilivyo.
9 သို့သော်လည်း ၊ ကာမဂုဏ်ကို မ ချုပ်တည်း နိုင်လျှင် ထိမ်းမြား စုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာ စိတ်ပူပန်ခြင်းရှိ သည်ထက် ထိမ်းမြား စုံဘက်ခြင်းပြုသော် သာ၍ ကောင်း၏။
Hata hivyo, kama mtu hawezi kujizuia basi, na aoe; maana ni afadhali zaidi kuoa kuliko kuwaka tamaa.
10 ၁၀ ခင်ပွန်း ရှိသော သူ တို့ကိုလည်း ၊ ငါပညတ် သည် သာမက၊ သခင်ဘုရား ပညတ်တော်မူသည်ကား ၊ မယား သည် မိမိခင်ပွန်း ကို မ စွန့်ပစ် စေနှင့်။
Kwa wale waliooa ninayo amri, tena si yangu, ila ni ya Bwana: mke asiachane na mumewe;
11 ၁၁ စွန့်ပစ် လျှင် ခင်ပွန်း မရှိဘဲနေ စေ။ သို့မဟုတ် လျှင်၊ ခင်ပွန်း ဟောင်းထံသို့ပြန်၍ အသင့်အတင့် နေစေ။ ယောက်ျား သည်လည်း မိမိမယား နှင့် မ ကွာ စေနှင့်။
lakini kama akiachana naye, basi abaki bila kuolewa; ama la, apatanishwe na mume wake. Mume naye asimpe talaka mkewe.
12 ၁၂ ကြွင်း သောသူ တို့ကိုသခင် ဘုရားသည် ကိုယ်တိုင်မ ပညတ်ဘဲ၊ ငါ ပညတ် သည်ကား ၊ တစ်စုံတစ်ယောက် သော ညီအစ်ကို သည်မယုံကြည် သော မယား ရှိ ၍၊ ထိုမယား သည် မိမိခင်ပွန်း နှင့် နေ ခြင်းငှာအလိုရှိ လျှင် မ ကွာ စေနှင့်။
Kwa wale wengine, (mimi binafsi, si Bwana) nasema hivi: Ikiwa mwanamume Mkristo anaye mke asiyeamini, na huyo mwanamke akakubali kuendelea kuishi naye, asimpe talaka.
13 ၁၃ ထိုနည်းတူမိန်းမ သည်လည်း ၊ မယုံကြည် သော ခင်ပွန်း ရှိ ၍၊ ထိုခင်ပွန်း သည် မိမိမယား နှင့် နေ ခြင်းငှာအလိုရှိ လျှင် မ ကွာ စေနှင့်။
Na, kama mwanamke Mkristo anaye mume asiyeamini, na huyo mwanamume akakubali kuendelea kuishi naye, basi, asimpe talaka mumewe.
14 ၁၄ အကြောင်းမူကား ၊ မယုံကြည် သောလင် သည် မိမိမယား အဘို့ စင်ကြယ် ၏။ မယုံကြည် သော မယား သည်လည်း မိမိလင် အဘို့ စင်ကြယ် ၏။ သို့မဟုတ် လျှင်သင် တို့၏ သားသမီး သည် မ စင်ကြယ်။ ယခု တွင် စင်ကြယ် ကြ ၏။
Kwa maana huyo mume asiyeamini hupokelewa kwa Mungu kwa kuungana na mkewe; na huyo mke asiyeamini hupokelewa kwa Mungu kwa kuungana na mumewe. Vinginevyo watoto wao wangekuwa si wa Mungu; kumbe sasa ni watoto wake Mungu.
15 ၁၅ သို့သော်လည်း မယုံကြည် သောသူ သည် ကွာ သွားလိုလျှင် ကွာ သွားစေ။ ထိုသို့ပြုလျှင်တပည့်တော် သည် ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ချည်နှောင် ခြင်းမ ရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှာဘုရားသခင် ၏ ပညတ် တော်ရှိ၏။
Hata hivyo, ikiwa yule asiyeamini anataka kumwacha mwenzake aliye Mkristo, basi, na amwache tu. Hapo huyo Mkristo, mume au mke, atakuwa huru. Maana Mungu amewaiteni ninyi muishi kwa amani.
16 ၁၆ အချင်းမိန်းမ ၊ သင်သည်ကိုယ် ခင်ပွန်း ကို ကယ်တင်မည် ၊ မကယ်တင်မည်ကို အဘယ်သို့သိ သနည်း။ အချင်းယောက်ျား ၊ သင်သည် ကိုယ် ခင်ပွန်း ကို ကယ်တင်မည် ။ မကယ်တင်မည်ကို အဘယ်သို့ သိ သနည်း။
Wewe mama Mkristo, unawezaje kuwa na hakika kwamba hutaweza kumwokoa mume wako? Au wewe mume Mkristo, unawezaje kuwa na hakika kwamba hutaweza kumwokoa mkeo?
17 ၁၇ သခင် ဘုရားသည် လူ အသီးအသီးတို့အား ဝေငှ တော်မူ၍၊ ဘုရားသခင် သည် လူအသီးအသီး တို့ကို ခေါ် တော်မူသည်နှင့် လျော်စွာလူတိုင်းကျင့် နေစေ။ ခပ်သိမ်း သော အသင်းတော် တို့ကို ထိုသို့ ငါပညတ် ၏။
Kwa vyovyote kila mmoja na aishi kufuatana na vipaji alivyogawiwa na Bwana, na kama alivyoitwa na Mungu. Hili ndilo agizo langu kwa makanisa yote.
18 ၁၈ အရေဖျားလှီး ခြင်းကို ခံသောသူ သည် ခေါ် တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မ စွန့် စေနှင့်။ အရေဖျားလှီး ခြင်းကို မခံသောသူ သည်လည်း ခေါ် တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီး ခြင်းကို မ ခံစေနှင့်။
Kama mtu aliitwa akiwa ametahiriwa, basi asijisingizie kwamba hakutahiriwa; na kama alipoitwa hakuwa ametahiriwa, basi na asitahiriwe.
19 ၁၉ အရေဖျားလှီး ခြင်းအားဖြင့် အကျိုး မ ရှိ။ မခံဘဲ နေခြင်းအားဖြင့် လည်း အကျိုးမ ရှိ ။ ဘုရားသခင် ၏ ပညတ် တော်တို့ကို စောင့်ရှောက် ခြင်းအားဖြင့်သာ အကျိုးရှိ၏။
Maana kutahiriwa au kutotahiriwa si kitu; kilicho muhimu ni kuzishika amri za Mungu.
20 ၂၀ ခေါ် တော်မူခြင်းကျေးဇူးကို ခံရသောသူ သည် အကြင်အမှု ကို လုပ် နေ၏။ ထိုသို့ လူတိုင်းလုပ်နေ စေ။
Basi, kila mmoja na abaki kama alivyokuwa wakati alipoitwa.
21 ၂၁ အစေခံ ကျွန်ဖြစ်၍ခေါ်တော်မူခြင်းကျေးဇူးကို ခံရ လျှင် စိုးရိမ် ခြင်းမ ရှိနှင့်။ သို့သော်လည်း လွတ် ခြင်းသို့ ရောက် နိုင်လျှင် လွတ် ရသော အခွင့်ကိုသာ၍ သုံးဆောင် လော့။
Je, wewe ulikuwa mtumwa wakati ulipoitwa? Sawa, usijali; lakini ukipata fursa ya kuwa huru, itumie.
22 ၂၂ အကြောင်းမူကား ကျွန် ဖြစ်စဉ်၊ သခင် ဘုရား ခေါ် တော်မူခြင်းကို ခံရသောသူ သည် သခင် ဘုရား၏ လူ လွတ်ဖြစ် ၏။ ထိုနည်းတူ လူ လွတ်ဖြစ်စဉ်၊ ခေါ် တော်မူခြင်းကို ခံရသောသူ သည် ခရစ်တော် ၏ ကျွန် ဖြစ် ၏။
Maana yeye aliyeitwa na Bwana akiwa mtumwa huyo huwa mtu huru wa Bwana. Hali kadhalika naye aliyeitwa akiwa mtu huru, huwa mtumwa wa Kristo.
23 ၂၃ သင်တို့သည် အဘိုး နှင့်ဝယ် တော်မူသောသူ ဖြစ်၍၊ လူ ထံ၌အလိုအလျောက်ကျွန် မ ခံ ကြနှင့်။
Nyote mmenunuliwa kwa bei; kwa hiyo msiwe tena watumwa wa watu.
24 ၂၄ ညီအစ်ကို တို့၊ ခေါ် တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှု ကို လုပ်နေ၏။ ထိုသို့ ဘုရားသခင့် ရှေ့တော်၌ လူ တိုင်းလုပ်နေ စေ။
Ndugu zangu, kila mmoja wenu basi, na abaki na Mungu kama alivyokuwa wakati alipoitwa.
25 ၂၅ ခင်ပွန်း မရှိသောသူ တို့၏ အမှု မှာ၊ သခင် ဘုရား၏ပညတ် တော်သည် ငါ ၌မ ရှိသော်လည်း ၊ ငါသည် သစ္စာ ရှိ သောသူဖြစ်အံ့သောငှာ၊ သခင် ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင် ၏။
Sasa, kuhusu mabikira na waseja, sina amri kutoka kwa Bwana; lakini natoa maoni yangu mimi ambaye kwa huruma yake Bwana nastahili kuaminiwa.
26 ၂၆ စီရင်ချက်ဟူမူကား ၊ ယခု ညှဉ်းဆဲ ခြင်းအကြောင်း ကြောင့် ခင်ပွန်းမရှိ လျှင် ကောင်း ၏။
Basi, kutokana na shida iliyopo sasa nadhani ingefaa mtu abaki kama alivyo.
27 ၂၇ သင်သည်မယား ရှိ လျှင် လွတ် စေခြင်းငှာမ ကြံစည် နှင့်။ မယား နှင့် လွတ် လျှင် အခြားသောမယား ကို မ ရှာ နှင့်။
Je, umeoa? Basi, usitake kuachana na mkeo. Wewe hukuoa? Basi, usitake kuoa.
28 ၂၈ သို့သော်လည်း သင်သည် မယား နေလျှင် အပြစ် မ ရှိ။ လင် မနေဘူးသော မိန်းမသည်လည်း လင် နေလျှင် အပြစ် မ ရှိ။ သို့သော်လည်း ၊ ထိုသို့ ပြုသော သူတို့သည် လောက ညှဉ်းဆဲ ခြင်းဒုက္ခကို ခံရ ကြမည်။ ဤ အမှုအရာ၌ ကျပ်တည်းစွာသော ပညတ်ကို ငါ မထားလို။
Lakini ikiwa utaoa hutakuwa umetenda dhambi; na msichana akiolewa hatakuwa ametenda dhambi. Hao watakaooana watapatwa na matatizo ya dunia hii, lakini mimi ningependa hayo yasiwapate ninyi.
29 ၂၉ ညီအစ်ကို တို့၊ ငါဆို သည်ကား ၊ ကျန်ကြွင်းသော ကာလ သည် ကျဉ်းကျပ် သည်ဖြစ် ၍၊ မယားရှိ သောသူ သည် မယား မ ရှိ သကဲ့သို့ ဖြစ် ရမည်။
Ndugu, nataka kusema hivi: muda uliobaki ni mfupi. Na tangu sasa wale waliooa na waishi kama vile hawakuoa;
30 ၃၀ ငိုကြွေး သောသူ သည် မ ငိုကြွေး သကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက် သောသူ သည် ဝမ်း မ မြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ် သောသူ သည် အလျှင်းမ ရှိ သကဲ့သို့ ဖြစ်ရမည်။
wenye kulia wawe kama hawalii, na wenye kufurahi wawe kama hawafurahi; wanaonunua wawe kama hawana kitu;
31 ၃၁ ဤ လောက ကို သုံး သောသူ သည် မ သုံး သကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား ၊ ဤ လောက ၏ အဆင်း သဏ္ဌာန်သည်ရွေ့သွားကွယ်ပျောက် တတ်၏။
nao wenye shughuli na dunia hii wawe kama vile hawana shughuli sana nayo. Maana ulimwengu huu, kama tuujuavyo, unapita.
32 ၃၂ သင် တို့သည် စိုးရိမ် ခြင်းနှင့်ကင်းလွတ်စေခြင်းငှာငါအလိုရှိ ၏။ ခင်ပွန်း မရှိသောသူ သည် သခင် ဘုရား၏ စိတ် တော်နှင့်တွေ့စေခြင်းငှာသခင် ဘုရား၏အမှု ကိုသာ သတိ ထားတတ်၏။
Ningependa ninyi msiwe na wasiwasi. Mtu asiye na mke hujishughulisha na kazi ya Bwana jinsi atakavyompendeza Bwana.
33 ၃၃ ခင်ပွန်း ရှိသောသူ မူကား ၊ မိမိ မယား ၏စိတ် နှင့် တွေ့စေခြင်းငှာလောကီ အမှု ကို သတိ ထားတတ်၏။
Mtu aliyeoa hujishughulisha na mambo ya dunia jinsi atakavyompendeza mkewe,
34 ၃၄ ထိုနည်းတူ၊ ခင်ပွန်း မရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမ သည် ခြားနား ခြင်းရှိ၏။ ခင်ပွန်း မရှိသော မိန်းမသည် ကိုယ်ခန္ဓါ စိတ်ဝိညာဉ် နှစ် ပါးကို သန့်ရှင်း စေခြင်းငှာ သခင် ဘုရား၏အမှု ကိုသာ သတိ ထားတတ်၏။ ခင်ပွန်း ရှိသောမိန်းမ မူကား ၊ မိမိ ခင်ပွန်း ၏စိတ် နှင့် တွေ့စေခြင်းငှာလောကီ အမှု ကို သတိ ထားတတ်၏။
naye amegawanyika. Mwanamke asiyeolewa au bikira hujishughulisha na mambo ya Bwana apate kujitolea mwili na roho kwa Bwana. Lakini mwanamke aliyeolewa hujishughulisha na mambo ya dunia hii jinsi atakavyompendeza mumewe.
35 ၃၅ ထိုသို့ ငါဆို သော်၊ သင် တို့အကျိုး ကိုသာ ထောက် ၍ဆို၏။ သင် တို့ကို နှောင့်ရှက် ချင်သောစိတ်နှင့် ဆိုသည် မ ဟုတ်။ သင်တို့သည် လျောက်ပတ် စွာကျင့်၍ စိတ် ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင် ဘုရား၏ဝတ်ကို အမြဲ ပြုစေခြင်းငှာသာ ဤသို့ဆို၏။
Nawaambieni haya kwa faida yenu, na si kwa kuwawekeeni kizuio. Nataka tu muwe na mpango unaofaa, mpate kumtumikia Bwana kwa moyo na nia moja.
36 ၃၆ အပျို ကညာသည် ခင်ပွန်းမရှိဘဲ အသက် အရွယ်လွန်လျှင် မ လျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူ သည် ထင်မှတ် ၍ ထိမ်းမြားစရာအကြောင်းလည်း ရှိ လျှင် ၊ ထိုသူသည် အလိုအလျောက် ပြု စေ။ အပြစ် မ ရှိထိမ်းမြား ကြစေ။
Kama mtu anaona kwamba hamtendei vyema mchumba wake asipomwoa, na kama tamaa zake zinamshinda, na afanye atakavyo; waoane tu; hatakuwa ametenda dhambi.
37 ၃၇ သို့သော်လည်း မိမိ စိတ် နှလုံးတည်ကြည် ခြင်းရှိ၍၊ ပြုလိုသည်အတိုင်း ပြုနိုင်သော အခွင့် နှင့် ကိုယ် စိတ် အလို ကို ချုပ်တည်း နိုင်သော အခွင့်ရှိသောကြောင့်၊ မ ထိမ်းမြား ဘဲနေ မည်ဟု ကိုယ် စိတ် နှလုံးထဲမှာ စီရင် ဆုံးဖြတ်သောသူသည်ကောင်း စွာပြု ၏။
Lakini kama huyo mwanamume akiamua kwa hiari moyoni mwake kutooa na kama anaweza kuzitawala tamaa zake na kuamua namna ya kufanya, basi, anafanya vizuri zaidi asipomwoa huyo mwenzake bikira.
38 ၃၈ သို့ရာတွင် မင်္ဂလာဆောင် သောသူ သည် ကောင်း စွာပြု ၏။ မ ဆောင် သောသူ မူကား ၊ သာ၍ ကောင်းစွာပြု ၏။
Kwa maneno mengine: yule anayeamua kumwoa huyo mchumba wake anafanya vema; naye anayeamua kutomwoa anafanya vema zaidi.
39 ၃၉ မိန်းမ သည် မိမိ ခင်ပွန်း မ သေမှီကာလ ပတ်လုံးတရားအားဖြင့် ချည်နှောင် လျက်ရှိ၏။ ခင်ပွန်း သေ လျှင် မူကား ၊ မိမိအလို အတိုင်း သခင် ဘုရား၌ သာ အခြား သော သူ၏ မယားဖြစ်ခြင်းငှာအခွင့် ရှိ ၏။
Mwanamke huwa amefungwa na mumewe kwa muda wote mumewe aishipo. Lakini mumewe akifa, mama huyo yuko huru, na akipenda anaweza kuolewa na mtu yeyote, mradi tu iwe Kikristo.
40 ၄၀ အခွင့်ရှိသော်လည်း ၊ အခြားသောသူ၏ မယား မဖြစ် ဘဲနေ လျှင် ၊ သာ၍မင်္ဂလာ ရှိသည်ဟု ငါ သဘော ရှိ၏။ ငါ ၌လည်း ဘုရားသခင် ၏ ဝိညာဉ် တော်ရှိ တော်မူသည်ဟု ငါ စွဲလမ်းခြင်းစိတ်ရှိ၏။
Lakini, nionavyo mimi, atakuwa na heri zaidi kama akibaki hivyo alivyo. Hayo ni maoni yangu, na nafikiri mimi pia ninaye Roho wa Mungu.

< ၁ ကောရိန္သု 7 >