< ၁ ကောရိန္သု 6 >

1 သင် တို့သည် အချင်းချင်း အမှု ရှိ လျှင် ၊ သန့်ရှင်း သူတို့ရှေ့ ၌ တရား စီရင်ခြင်းကို မ ခံဘဲသာသနာပ လူတို့ ရှေ့ ၌ ခံ ဝံ့သောသူတစ်စုံတစ်ယောက် ရှိသလော။
Dare any of you, having a matter against his neighbor, go to law before the unrighteous, and not before the saints?
2 သန့်ရှင်း သူတို့သည် လောကီ နိုင်ငံကို တရား စီရင်မည်ဟု မ သိ ကြသလော။ သင် တို့သည် လောကီ နိုင်ငံကို စီရင် ရသည်မှန်လျှင် ၊ အငယ်ဆုံး သော အမှုများကို မ စီရင် ထိုက်သလော။
Do not you know that the saints will judge the world? And if the world is judged by you, are you unworthy to judge the smallest matters?
3 ငါတို့သည်ကောင်းကင်တမန် တို့ကို တရား စီရင်မည်ဟု မ သိ ကြသလော။ သို့ဖြစ်၍ လောကီ အမှုကို စီရင် ထိုက်သည်မ ဟုတ်လော။
Do not you know that we will judge angels? How much more, things that pertain to this life?
4 ထိုကြောင့် သင် တို့သည် လောကီ အမှုကိုစီရင် စရာရှိလျှင် ၊ အသင်းတော် ၌ အသရေ နည်းသောသူ တို့ကို တရားသူကြီး အရာ၌ ခန့်ထား ကြလော့။
If then you have to judge things pertaining to this life, do you set them to judge who are of no account in the assembly?
5 ထိုသို့ဆိုသော် ၊ သင် တို့ရှက် စေခြင်းငှာပြောဆို ၏။ သင် တို့တွင် ပညာရှိ တစ်စုံတစ်ယောက်မျှ မ ရှိ သလော။ ညီအစ်ကို ချင်းတို့၏ အမှုကို စီရင် ဆုံးဖြတ်နိုင် သောသူ တစ်စုံတစ်ယောက်မျှမရှိသလော။
I say this to move you to shame. Is not there even one wise man among you who would be able to decide between his brothers?
6 ညီအစ်ကို ချင်းတို့သည် တရား တွေ့သည် သာမက၊ မယုံကြည် သော သူတို့ရှေ့ ၌ပင် တရားတွေ့ပါ သည်တကား။
But brother goes to law with brother, and that before unbelievers!
7 ထိုသို့ သင် တို့သည် အချင်းချင်း တရား တွေ့သည် အမှုမှာ အလွန်ကြီးစွာသော အပြစ်ရှိ ကြ၏။ တရားမတွေ့ဘဲ ညှဉ်းဆဲ ခြင်းကို အဘယ်ကြောင့် မ ခံသနည်း။
Therefore it is already altogether a defect in you that you have lawsuits one with another. Why not rather be wronged? Why not rather be defrauded?
8 ကိုယ်ဥစ္စာရှုံး ခြင်းကို အဘယ်ကြောင့် မ ခံသနည်း။ ထိုသို့ သင်တို့သည် မခံဘဲ၊ ညီအစ်ကိုချင်းတစ်ယောက်ကိုတစ်ယောက်ညှင်းဆဲ ၍ ၊ ညီအစ်ကို ချင်းတို့၏ ဥစ္စာကိုသိမ်းယူ ကြသည်တကား ၊
No, but you yourselves do wrong and defraud, and that against your brothers.
9 မတရား သောသူတို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို အမွေ မ ခံရသည်ကို သင်တို့မ သိ ကြ သလော။ အလွဲ မ ယူကြနှင့်။ မတရား သောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ ယောက်ျား ချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊
Or do not you know that the unrighteous will not inherit God’s Kingdom? Do not be deceived. Neither the sexually immoral, nor idolaters, nor adulterers, nor male prostitutes, nor homosexuals,
10 ၁၀ သူ့ ဥစ္စာကိုခိုးသောသူ၊ လောဘ လွန်ကျူးသောသူ၊ သေရည် သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေး ကဲ့ရဲ့သောသူ၊ အနိုင် အထက်လုယူသော သူတို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို အမွေ မ ခံရကြ။
nor thieves, nor covetous, nor drunkards, nor slanderers, nor extortionists, will inherit God’s Kingdom.
11 ၁၁ အထက်ကသင်တို့တွင် အချို့ သောသူတို့သည် ထိုသို့သောသူဖြစ် ကြသော်လည်း ၊ ယခုတွင်သခင် ယေရှု ၏ နာမ တော်အားဖြင့် ၎င်း၊ ငါ တို့ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ၎င်း ၊ ဆေးကြော သန့်ရှင်း ၍ ဖြောင့်မတ် ရာ သို့ ရောက်ကြပြီ။
Some of you were such, but you were washed. You were sanctified. You were justified in the name of the Lord Jesus, and in the Spirit of our God.
12 ၁၂ ငါ သည် အပြစ်မသင့်ဘဲလျက်ခပ်သိမ်း သော အမှုအရာကို ပြု နိုင်သည် မှန်စေတော့။ ခပ်သိမ်း သော အမှုအရာကို ပြု သင့်သည်မ ဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်း သော အမှုအရာကိုပြု နိုင်သည်မှန်စေတော့။ အဘယ် အမှုအရာ၌ မျှ ငါ သည်ကျွန် မ ခံ။
“All things are lawful for me,” but not all things are expedient. “All things are lawful for me,” but I will not be brought under the power of anything.
13 ၁၃ အစား အသောက်တို့သည် ဝမ်း အဘို့ ၊ ဝမ်း သည်လည်း အစား အသောက်တို့ အဘို့ဖြစ်သည်မှန်စေတော့။ သို့သော်လည်း ဘုရားသခင် သည် ထို နှစ် ပါးကို ဖျက်ဆီး တော်မူလိမ့်မည်။ ကိုယ်ခန္ဓါ သည် မတရား သောမေထုန် အဘို့ဖြစ်သည်မ ဟုတ်။ သခင် ဘုရားအဘို့ ဖြစ်၏။ သခင် ဘုရားသည်လည်း ကိုယ်ခန္ဓါ အဘို့ ဖြစ်တော်မူ၏။
“Foods for the belly, and the belly for foods,” but God will bring to nothing both it and them. But the body is not for sexual immorality, but for the Lord, and the Lord for the body.
14 ၁၄ ဘုရားသခင် သည် တန်ခိုး တော်အားဖြင့် သခင် ဘုရားကို ထမြောက် စေတော်မူသည်ဖြစ်၍ ၊ ငါ တို့ကိုလည်း ထမြောက် စေတော်မူလိမ့်မည်။
Now God raised up the Lord, and will also raise us up by his power.
15 ၁၅ သင် တို့ကိုယ်ခန္ဓာ သည် ခရစ်တော် ၏ အင်္ဂါ ဖြစ် ကြောင်း ကို မ သိ ကြသလော။ သို့ဖြစ်လျှင် ၊ ခရစ်တော် ၏ အင်္ဂါ ကိုယူ ၍ ပြည်တန်ဆာ ၏ အင်္ဂါ ဖြစ် စေအပ် သလော။ မ ဖြစ်စေ အပ်။
Do not you know that your bodies are members of Christ? Shall I then take the members of Christ and make them members of a prostitute? May it never be!
16 ၁၆ အဘယ်သို့ နည်း။ ပြည်တန်ဆာ ၌ မှီဝဲ သောသူ သည်ထိုပြည်တန်ဆာနှင့် တစ်သား တစ်ကိုယ်တည်း ဖြစ် ကြောင်း ကို မ သိ ကြသလော။ ထိုသူနှစ် ယောက်တို့သည် တစ်သား တစ်ကိုယ်တည်း ဖြစ် ရလိမ့်မည်ဟု ကျမ်းစာလာ ၏။
Or do not you know that he who is joined to a prostitute is one body? For, “The two”, he says, “will become one flesh.”
17 ၁၇ သခင် ဘုရား၌ မှီဝဲ သော သူ သည် ထိုသခင်နှင့် တစ် စိတ် တစ်ဝိညာဉ်တည်းဖြစ် ၏။
But he who is joined to the Lord is one spirit.
18 ၁၈ မတရား သောမေထုန်ကိုကြဉ်ရှောင် ကြလော့။ လူ ပြု တတ်သော အခြားဒုစရိုက် ရှိသမျှ တို့သည် ကိုယ် ပြင် ၌ ရှိ ၏။ မတရား သော မေထုန်ကို ပြုသောသူ မူကား ၊ မိမိ ကိုယ် ကိုပင်ပြစ်မှား ၏။
Flee sexual immorality! “Every sin that a man does is outside the body,” but he who commits sexual immorality sins against his own body.
19 ၁၉ အဘယ်သို့နည်း။ သင် တို့ကိုယ်ခန္ဓါ သည် ဘုရားသခင် ပေး သနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင် တို့အထဲ ၌ ကျိန်းဝပ်၍ သန့်ရှင်း သော ဝိညာဉ် တော်၏ ဗိမာန် ဖြစ် ကြောင်း ကို၎င်း၊ မိမိ တို့ကို မိမိတို့မ ပိုင် ကြောင်းကို၎င်း၊ မ သိ ကြသလော။
Or do not you know that your body is a temple of the Holy Spirit who is in you, whom you have from God? You are not your own,
20 ၂၀ သင်တို့သည် အဘိုး နှင့် ဝယ် တော်မူသော သူဖြစ်သောကြောင့် ၊ ဘုရားသခင် ပိုင်တော်မူသောသင် တို့၏ ကိုယ်ခန္ဓါ နှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ် တော်ကိုထင်ရှားစေကြလော့။
for you were bought with a price. Therefore glorify God in your body and in your spirit, which are God’s.

< ၁ ကောရိန္သု 6 >