< ၁ ကောရိန္သု 5 >

1 မတရား သောမေထုန်သာမည မဟုတ်၊ အဘ ၏ မယား ကို သိမ်းယူ ခြင်းတည်းဟူသောသာသနာပ လူတို့ တွင် ပင် မ ကြားရသော မေထုန် ၌မှီဝဲသော သူသည် သင် တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စော ကြ၏။
It is everywhere reported that there is fornication among you, and such fornication as is not even among the gentiles, that one should have his father's wife.
2 ထိုသို့ပြု သောသူ ကို သင် တို့အထဲ မှ နှင်ထုတ် မည် အကြောင်း ၊ စိတ်မသာ ညည်းတွားခြင်းကိုမ ပြု၊ မာန ထောင်လွှားလျက် နေ ကြ၏။
And ye are puffed up, and did not rather mourn, so that he that committed this deed might be separated from among you.
3 ထိုကြောင့် ငါ သည် ကိုယ်ခန္ဓါ အားဖြင့် သင်တို့နှင့်ကွာ လျက် ရှိသော်လည်း ၊ ဝိညာဉ် အားဖြင့် မ ကွာ၊ ကိုယ်တိုင်သင်တို့နှင့်အတူရှိ သကဲ့သို့ ထိုသို့ကျင့် သောသူ ကို ယခုပင် ငါစီရင် ပြီ။
For I, for my part, though absent in the body, yet present in the spirit have already determined, as if I were present with you, respecting him who thus wrought this deed,
4 စီရင်ချက်ဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ်၏ အခွင့် အားဖြင့် သင် တို့သည် ငါ့ ဝိညာဉ် နှင့်အတူ စည်းဝေး ပြီးမှငါ တို့သခင် ယေရှု ခရစ်၏ တန်ခိုး တော်ကို အမှီပြု၍ ၊
in the name of our Lord Jesus, when you and my spirit with you are assembled together, with the power of our Lord Jesus,
5 ထိုသူ ၏ဝိညာဉ် သည် ယေရှု ခရစ်၏နေ့ရက် ၌ ကယ်တင် ခြင်းသို့ ရောက်မည်အကြောင်း ၊ သူ ၏ကိုယ်ခန္ဓါ ပျက်စီး ဘို့ရာ သူ့ကိုစာတန် လက်သို့ အပ်နှံ ကြစေဟု ငါစီရင်၏။
to deliver such a man over to Satan for the destruction of his flesh, that his spirit may be saved in the day of the Lord.
6 သင် တို့၏ ဝါကြွား ခြင်းသည် မ ကောင်း မသင့် ဖြစ်၏။ အနည်းငယ် သောတဆေး သည် မုန့်စိမ်းတပုံ လုံး ကို ဖောင်းကြွ စေတတ်သည်ကို မ သိ ကြသလော။
Your glorying is not good. Know ye not, that a little leaven leaveneth the whole lump?
7 သင်တို့သည် တဆေးမဲ့ ဖြစ် သည်နှင့်အညီ ၊ အသစ် သော မုန့်စိမ်း ဖြစ် မည်အကြောင်း ၊ ဟောင်း သော တဆေး ကို သုတ်သင် ပယ်ရှင်းကြလော့။ အကြောင်းမူကား ၊ ခရစ်တော် တည်းဟူသောငါ တို့ပသခါ သိုးသငယ်သည် ငါတို့အဘို့ ယဇ် ပူဇော်ရာဖြစ်၏။
Cleanse out the old leaven, that ye may be a new lump, as ye are unleavened; for our passover also hath been sacrificed, even Christ.
8 ထိုကြောင့် ၊ ဟောင်း သောတဆေး ၊ ဆိုးညစ် မိုက်မဲ ခြင်းတဆေး တို့ကို ပယ်ပစ်၍၊ တဆေးမဲ့ မုန့်တည်းဟူသောကြည်ဖြူ ခြင်း၊ သစ္စာစောင့် ခြင်းနှင့် ပွဲ ခံကြ ကုန်အံ့။
So then let us keep the feast, not with the old leaven, nor with the leaven of malice and wickedness, but with the unleavened bread of sincerity and truth.
9 သင် တို့သည် မတရား သောမေထုန်၌ မှီဝဲသောသူတို့နှင့် မ ပေါင်းဘော်မည် အကြောင်း၊ အထက်ဩဝါဒစာ ၌ ငါရေး ထားခဲ့ပြီ။
I wrote to you in that letter, not to keep company with fornicators;
10 ၁၀ ထိုသို့ ရေးထားသော်၊ မတရား သောမေထုန်၌ မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ အနိုင် အထက်လုယူခြင်း၊ ရုပ်တု ကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသား တို့ နှင့် အလျှင်း မ ပေါင်းဘော်ရဟုမဆိုလို။ ထိုသို့ဆိုလျှင်၊ သင်တို့သည်လောကီ မှ ထွက်သွား ရ ကြမည်။
certainly not meaning the fornicators of this world, or the covetous and extortioners, or idolaters; for to do this ye must go out of the world.
11 ၁၁ ယခု မူကား ညီအစ်ကို ဟု ခေါ်ဝေါ် သော သူသည် မတရား သောမေထုန်၌မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ ရုပ်တု ကိုးကွယ်ခြင်း၊ ဆဲရေး ကဲ့ရဲ့ခြင်း၊ သေရည် သေရက်နှင့် ယစ်မူးခြင်း၊ အနိုင် အထက်လုယူ ခြင်းမှစ၍၊ထိုသို့သောအမှုကို ပြုသောသူနှင့်မ ပေါင်းဘော်ရ သည်သာမက၊ ထိုသူနှင့်အတူ စား သောက်ခြင်းကိစ္စကိုမျှ မ ပြုရဟုငါရေး ထား၍ ပညတ်၏။
But this is what I wrote you, not to keep company with any one called a brother, if he be a fornicator, or covetous, or an idolater, or a reviler, or a drunkard, or an extortioner; with such a one not even to eat.
12 ၁၂ ပြင် လူ တို့ကို စီရင် ခြင်းအမှုနှင့် ငါ သည် အဘယ်သို့ ဆိုင်သနည်း။ အတွင်း လူ တို့ကို သင် တို့စီရင် ရသည် မ ဟုတ်လော။
For what have I to do with judging those who are without? Do not ye judge those who are within?
13 ၁၃ ပြင် လူတို့ကို ဘုရားသခင် စီရင် တော်မူလိမ့်မည်။ သို့ဖြစ်၍ ထို ဆိုးညစ် သောသူကိုသင် တို့အထဲ မှနှင်ထုတ် ကြလော့။
But those who are without, God will judge. Do ye put away that bad man from among yourselves.

< ၁ ကောရိန္သု 5 >