< ၁ ကောရိန္သု 5 >
1 ၁ မတရား သောမေထုန်သာမည မဟုတ်၊ အဘ ၏ မယား ကို သိမ်းယူ ခြင်းတည်းဟူသောသာသနာပ လူတို့ တွင် ပင် မ ကြားရသော မေထုန် ၌မှီဝဲသော သူသည် သင် တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စော ကြ၏။
ⲁ̅ϨⲞⲖⲰⲤ ⲤⲈⲤⲰⲦⲈⲘ ⲈⲞⲨⲠⲞⲢⲚⲒⲀ ϦⲈⲚⲐⲎⲚⲞⲨ ⲞⲨⲞϨ ⲞⲨⲠⲞⲢⲚⲒⲀ ⲘⲠⲀⲒⲢⲎϮ ⲐⲀⲒ ⲈⲦⲈⲚⲤϢⲞⲠ ⲀⲚ ϦⲈⲚⲚⲒⲔⲈⲈⲐⲚⲞⲤ ϨⲰⲤⲦⲈ ⲚⲦⲈⲞⲨⲀⲒ ϬⲒ ⲦⲤϨⲒⲘⲒ ⲘⲠⲈϤⲒⲰⲦ.
2 ၂ ထိုသို့ပြု သောသူ ကို သင် တို့အထဲ မှ နှင်ထုတ် မည် အကြောင်း ၊ စိတ်မသာ ညည်းတွားခြင်းကိုမ ပြု၊ မာန ထောင်လွှားလျက် နေ ကြ၏။
ⲃ̅ⲞⲨⲞϨ ⲚⲐⲰⲦⲈⲚ ϨⲰⲦⲈⲚ ⲦⲈⲦⲈⲚϬⲞⲤⲒ ⲚϨⲎⲦ ⲞⲨⲞϨ ⲈⲐⲂⲈⲞⲨ ⲘⲀⲖⲖⲞⲚ ⲘⲠⲈⲦⲈⲚⲈⲢϨⲎ ⲂⲒ ϨⲒⲚⲀ ⲚⲤⲈⲰⲖⲒ ⲈⲂⲞⲖ ϦⲈⲚⲦⲈⲦⲈⲚⲘⲎϮ ⲘⲪⲎ ⲈⲦⲀϤⲒⲢⲒ ⲘⲠⲀⲒϨⲰⲂ ⲘⲠⲀⲒⲢⲎϮ.
3 ၃ ထိုကြောင့် ငါ သည် ကိုယ်ခန္ဓါ အားဖြင့် သင်တို့နှင့်ကွာ လျက် ရှိသော်လည်း ၊ ဝိညာဉ် အားဖြင့် မ ကွာ၊ ကိုယ်တိုင်သင်တို့နှင့်အတူရှိ သကဲ့သို့ ထိုသို့ကျင့် သောသူ ကို ယခုပင် ငါစီရင် ပြီ။
ⲅ̅ⲀⲚⲞⲔ ⲘⲈⲚ ⲄⲀⲢ ⲚϮⲚⲈⲘⲰⲦⲈⲚ ⲀⲚ ϦⲈⲚⲠⲒⲤⲰⲘⲀ ϮⲚⲈⲘⲰⲦⲈⲚ ⲆⲈ ϦⲈⲚⲠⲒⲠⲚⲈⲨⲘⲀϨⲎⲆⲎ ⲈⲒϮϨⲀⲠ ϨⲰⲤ ⲈⲒⲚⲈⲘⲰⲦⲈⲚ ⲘⲪⲎ ⲈⲦⲀϤⲒⲢⲒ ⲘⲠⲀⲒϨⲰⲂ ⲘⲠⲀⲒⲢⲎϮ.
4 ၄ စီရင်ချက်ဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ်၏ အခွင့် အားဖြင့် သင် တို့သည် ငါ့ ဝိညာဉ် နှင့်အတူ စည်းဝေး ပြီးမှငါ တို့သခင် ယေရှု ခရစ်၏ တန်ခိုး တော်ကို အမှီပြု၍ ၊
ⲇ̅ϦⲈⲚ ⲪⲢⲀⲚ ⲘⲠⲈⲚϬⲞⲒⲤ ⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ ⲚⲦⲈⲦⲈⲚⲐⲰⲞⲨϮ ⲈⲨⲘⲀ ⲚⲈⲘ ⲠⲀⲠⲚⲈⲨⲘⲀⲚⲈⲘ ϮϪⲞⲘ ⲚⲦⲈⲠⲈⲚϬⲞⲒⲤ ⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ.
5 ၅ ထိုသူ ၏ဝိညာဉ် သည် ယေရှု ခရစ်၏နေ့ရက် ၌ ကယ်တင် ခြင်းသို့ ရောက်မည်အကြောင်း ၊ သူ ၏ကိုယ်ခန္ဓါ ပျက်စီး ဘို့ရာ သူ့ကိုစာတန် လက်သို့ အပ်နှံ ကြစေဟု ငါစီရင်၏။
ⲉ̅ⲈϮ ⲘⲪⲀⲒ ⲘⲠⲀⲒⲢⲎϮ ⲈⲦⲞⲦϤ ⲘⲠⲤⲀⲦⲀⲚⲀⲤ ⲈⲠⲦⲀⲔⲞ ⲚⲦⲈϮⲤⲀⲢⲜ ϨⲒⲚⲀ ⲚⲦⲈⲠⲒⲠⲚⲈⲨⲘⲀⲚⲞϨⲈⲘ ϦⲈⲚⲠⲈϨⲞⲞⲨ ⲘⲠⲈⲚϬⲞⲒⲤ ⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ.
6 ၆ သင် တို့၏ ဝါကြွား ခြင်းသည် မ ကောင်း မသင့် ဖြစ်၏။ အနည်းငယ် သောတဆေး သည် မုန့်စိမ်းတပုံ လုံး ကို ဖောင်းကြွ စေတတ်သည်ကို မ သိ ကြသလော။
ⲋ̅ⲚⲀⲚⲈ ⲠⲈⲦⲈⲚϢⲞⲨϢⲞⲨ ⲀⲚ ⲚⲦⲈⲦⲈⲚⲈⲘⲒ ⲀⲚ ϪⲈ ⲞⲨⲔⲞⲨϪⲒ ⲚϢⲈⲘⲎⲢ ϢⲀϤⲐⲢⲈ ⲠⲒⲞⲨⲰϢⲈⲘ ⲦⲎⲢϤ ϬⲒϢⲈⲘⲎⲢ.
7 ၇ သင်တို့သည် တဆေးမဲ့ ဖြစ် သည်နှင့်အညီ ၊ အသစ် သော မုန့်စိမ်း ဖြစ် မည်အကြောင်း ၊ ဟောင်း သော တဆေး ကို သုတ်သင် ပယ်ရှင်းကြလော့။ အကြောင်းမူကား ၊ ခရစ်တော် တည်းဟူသောငါ တို့ပသခါ သိုးသငယ်သည် ငါတို့အဘို့ ယဇ် ပူဇော်ရာဖြစ်၏။
ⲍ̅ⲘⲀⲦⲞⲨⲂⲈ ⲠⲒϢⲈⲘⲎⲢ ⲚⲀⲠⲀⲤ ⲈⲂⲞⲖ ϦⲈⲚⲐⲎⲚⲞⲨ ϨⲒⲚⲀ ⲚⲦⲈⲦⲈⲚϢⲰⲠⲒ ⲚⲞⲨⲰϢⲈⲘ ⲘⲂⲈⲢⲒ ⲔⲀⲦⲀ ⲪⲢⲎϮ ⲈⲦⲈⲦⲈⲚⲞⲒ ⲚⲀⲦϢⲈⲘⲎⲢ ⲔⲈ ⲄⲀⲢ ⲠⲈⲚⲠⲀⲤⲬⲀ ⲀⲨϢⲀⲦϤ ⲠⲬⲢⲒⲤⲦⲞⲤ.
8 ၈ ထိုကြောင့် ၊ ဟောင်း သောတဆေး ၊ ဆိုးညစ် မိုက်မဲ ခြင်းတဆေး တို့ကို ပယ်ပစ်၍၊ တဆေးမဲ့ မုန့်တည်းဟူသောကြည်ဖြူ ခြင်း၊ သစ္စာစောင့် ခြင်းနှင့် ပွဲ ခံကြ ကုန်အံ့။
ⲏ̅ϨⲰⲤⲦⲈ ⲘⲀⲢⲈⲚⲈⲢϢⲀⲒ ϦⲈⲚⲞⲨϢⲈⲘⲎⲢ ⲚⲀⲠⲀⲤ ⲀⲚ ⲞⲨⲆⲈ ϦⲈⲚⲞⲨϢⲈⲘⲎⲢ ⲚⲔⲀⲔⲒⲀ ⲀⲚ ⲚⲈⲘ ⲠⲞⲚⲎⲢⲒⲀ ⲀⲖⲖⲀ ϦⲈⲚϨⲀⲚⲘⲈⲦⲀⲦϢⲈⲘⲎ ⲢⲚⲦⲈ ⲞⲨⲦⲞⲨⲂⲞ ⲚⲈⲘ ⲞⲨⲘⲈⲐⲘⲎⲒ.
9 ၉ သင် တို့သည် မတရား သောမေထုန်၌ မှီဝဲသောသူတို့နှင့် မ ပေါင်းဘော်မည် အကြောင်း၊ အထက်ဩဝါဒစာ ၌ ငါရေး ထားခဲ့ပြီ။
ⲑ̅ⲀⲒⲤϦⲀⲒ ⲚⲰⲦⲈⲚ ϨⲒ ϮⲈⲠⲒⲤⲦⲞⲖⲎ ⲈϢⲦⲈⲘⲘⲞⲨϪⲦ ⲚⲈⲘ ⲚⲒⲠⲞⲢⲚⲞⲤ.
10 ၁၀ ထိုသို့ ရေးထားသော်၊ မတရား သောမေထုန်၌ မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ အနိုင် အထက်လုယူခြင်း၊ ရုပ်တု ကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသား တို့ နှင့် အလျှင်း မ ပေါင်းဘော်ရဟုမဆိုလို။ ထိုသို့ဆိုလျှင်၊ သင်တို့သည်လောကီ မှ ထွက်သွား ရ ကြမည်။
ⲓ̅ⲚⲀⲒϪⲈⲢⲈ ⲚⲒⲠⲞⲢⲚⲞⲤ ⲀⲚ ⲚⲦⲈⲠⲀⲒⲔⲞⲤⲘⲞⲤ ⲒⲈ ⲚⲒⲢⲈϤϬⲒⲚϪⲞⲚⲤ ⲒⲈ ⲚⲒⲢⲈϤϨⲰⲖⲈⲘ ⲒⲈ ⲚⲒⲢⲈϤϢⲀⲘϢⲈ ⲒⲆⲰⲖⲞⲚ ⲘⲘⲞⲚ ⲚⲀⲤⲘⲠϢⲀ ⲚⲰⲦⲈⲚ ⲠⲈ ⲚⲦⲈⲦⲈⲚⲒ ⲈⲂⲞⲖ ϦⲈⲚⲠⲀⲒⲔⲞⲤⲘⲞⲤ.
11 ၁၁ ယခု မူကား ညီအစ်ကို ဟု ခေါ်ဝေါ် သော သူသည် မတရား သောမေထုန်၌မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ ရုပ်တု ကိုးကွယ်ခြင်း၊ ဆဲရေး ကဲ့ရဲ့ခြင်း၊ သေရည် သေရက်နှင့် ယစ်မူးခြင်း၊ အနိုင် အထက်လုယူ ခြင်းမှစ၍၊ထိုသို့သောအမှုကို ပြုသောသူနှင့်မ ပေါင်းဘော်ရ သည်သာမက၊ ထိုသူနှင့်အတူ စား သောက်ခြင်းကိစ္စကိုမျှ မ ပြုရဟုငါရေး ထား၍ ပညတ်၏။
ⲓ̅ⲁ̅ϮⲚⲞⲨ ⲆⲈ ⲀⲒⲤϦⲀⲒ ⲚⲰⲦⲈⲚ ⲈϢⲦⲈⲘⲘⲞⲨϪⲦ ⲚⲈⲘⲰⲞⲨ ⲈϢⲰⲠ ⲈⲞⲨⲞⲚ ⲞⲨⲀⲒ ⲈⲨϮⲢⲀⲚ ⲈⲢⲞϤ ϪⲈ ⲤⲞⲚ ⲈⲞⲨⲠⲞⲢⲚⲞⲤ ⲒⲈ ⲞⲨⲢⲈϤϬⲒⲚϪⲞⲚⲤ ⲒⲈ ⲞⲨⲢⲈϤϢⲀⲘϢⲈ ⲒⲆⲰⲖⲞⲚ ⲒⲈ ⲞⲨⲢⲈϤϨⲰⲞⲨϢ ⲒⲈ ⲞⲨⲢⲈϤⲐⲒϦⲒ ⲒⲈ ⲞⲨⲢⲈϤϨⲰⲖⲈⲘ ⲪⲀⲒ ⲘⲠⲀⲒⲢⲎϮ ⲞⲨⲆⲈ ⲘⲠⲈⲢⲈⲢϢⲪⲎⲢ ⲚⲞⲨⲰⲘ ⲚⲈⲘⲀϤ.
12 ၁၂ ပြင် လူ တို့ကို စီရင် ခြင်းအမှုနှင့် ငါ သည် အဘယ်သို့ ဆိုင်သနည်း။ အတွင်း လူ တို့ကို သင် တို့စီရင် ရသည် မ ဟုတ်လော။
ⲓ̅ⲃ̅ⲈⲢⲞⲨ ⲄⲀⲢ ⲚⲎⲒ ⲈϮϨⲀⲠ ⲈⲚⲎ ⲈⲦⲤⲀⲂⲞⲖ ⲚⲎ ⲈⲦⲤⲀϦⲞⲨⲚ ⲚⲐⲰⲦⲈⲚ ⲘⲀϨⲀⲠ ⲈⲢⲰⲞⲨ
13 ၁၃ ပြင် လူတို့ကို ဘုရားသခင် စီရင် တော်မူလိမ့်မည်။ သို့ဖြစ်၍ ထို ဆိုးညစ် သောသူကိုသင် တို့အထဲ မှနှင်ထုတ် ကြလော့။
ⲓ̅ⲅ̅ⲚⲎ ⲈⲦⲤⲀⲂⲞⲖ ⲆⲈ ⲪⲚⲞⲨϮ ⲈϤⲈϮϨⲀⲠ ⲈⲢⲰⲞⲨ ⲀⲖⲒⲞⲨⲒ ⲘⲠⲒⲠⲈⲦϨⲰⲞⲨ ⲈⲂⲞⲖ ϦⲈⲚⲐⲎⲚⲞⲨ.