< ၁ ကောရိန္သု 3 >
1 ၁ ညီအစ်ကို တို့၊ အထက်က ငါ သည် ဝိညာဉ် လူတို့အား ဟောပြောသကဲ့သို့ သင် တို့အား ဟောပြော ရသော အခွင့်မ ရှိ ဘဲ၊ ဇာတိ ပကတိလူတို့အား၎င်း၊ ခရစ်တော် ၌ သူငယ် ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။
And I, brethren, could not speak to you as to spiritual, but as to carnal, even as to babes in Christ.
2 ၂ ယခုတိုင်အောင်သင် တို့သည် ခဲဘွယ် စားဘွယ်ကို မ ကြေနိုင် သောကြောင့် ငါမ ကျွေးရ၊ နို့ ကိုသာ တိုက် ရ ၏။ ယခုပင် လည်း ၊ သင်တို့သည် မ ကြေနိုင် ကြသေး ။
I have fed you with milk, and not with meat: for until now ye were not able to bear it, neither yet now are ye able.
3 ၃ ယခုပင်လည်း၊ ဇာတိ ပကတိလူဖြစ် ကြသေး ၏။ ဂုဏ်ပြိုင် ခြင်း၊ ရန်တွေ့ ခြင်း၊ အချင်းချင်း ကွဲပြားခြင်း ရှိသည်ဖြစ်၍ ၊ သင် တို့သည်ဇာတိ ပကတိ လူဖြစ် ကြသည် မ ဟုတ်လော။ လောကီ ထုံးစံအတိုင်း ကျင့်ဆောင် ကြသည် မဟုတ်လော။
For ye are yet carnal: for though there is among you envying, and strife, and divisions, are ye not carnal, and walk as men?
4 ၄ တစ်ယောက် က၊ ငါ သည်ပေါလု တပည့်ဖြစ် ၏ ဟူ၍၎င်း၊ တစ်ယောက် က၊ ငါ သည်အာပေါလု တပည့်ဖြစ်၏ ဟူ၍၎င်း၊ အသီးသီးပြော ကြလျှင် ၊ ဇာတိပကတိလူ ဖြစ် ကြသည်မ ဟုတ်လော။
For while one saith, I am of Paul; and another, I am of Apollos; are ye not carnal?
5 ၅ ပေါလု ကား အဘယ်သူ နည်း။ အာပေါလု ကား အဘယ်သူ နည်း။ အခြားသောသူမဟုတ်၊ ထာဝရ ဘုရား သည် အသီးသီး တို့အား အခွင့်ပေး သနားတော်မူသည်နှင့်အညီ ၊ သင်တို့ကို ယုံကြည် ခြင်းသို့ ရောက်စေသော ဓမ္မဆရာ ပေတည်း။
Who then is Paul, and who is Apollos, but ministers by whom ye believed, even as the Lord gave to every man?
6 ၆ ငါ သည်စိုက်ပျိုး သောသူဖြစ်၏။ အာပေါလု သည် ရေလောင်း သော သူဖြစ်၏။ အပင်ကိုကြီးပွား စေသော သူ ကား ၊ ဘုရားသခင် ပေတည်း။
I have planted, Apollos watered; but God hath given the increase.
7 ၇ စိုက်ပျိုး သောသူ မ တတ်နိုင်။ ရေလောင်း သော သူ လည်း မ တတ်နိုင်။ ကြီးပွား စေတော်မူသော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။
So then neither is he that planteth any thing, neither he that watereth; but God that giveth the increase.
8 ၈ သို့သော်လည်း ၊ စိုက်ပျိုး သောသူ နှင့် ရေလောင်း သောသူ သည် တစ်လုံးတစ်ဝတည်း ဖြစ် ၍ ၊ အသီးအသီး မိမိ လုပ် သည်အတိုင်း မိမိ အကျိုး ကို ခံရ လိမ့်မည်။
Now he that planteth and he that watereth are one: and every man shall receive his own reward according to his own labour.
9 ၉ ငါတို့သည် ဘုရားသခင့် ထံ၌အလုပ် လုပ်သော သူချင်းဖြစ် ကြ၏။ သင်တို့သည် ဘုရားသခင် ၏ ဥယျာဉ် တော်ဖြစ်ကြ၏။ ဘုရားသခင် ၏ ကျောင်း တော်တိုက်လည်း ဖြစ် ကြ၏။
For we are labourers together with God: ye are God’s field, ye are God’s building.
10 ၁၀ ဘုရားသခင် ၏ကျေးဇူး တော်ကို ငါ ခံရ သည်နှင့်အညီ ၊ လိမ္မာ သော ဗိသုကာ ကဲ့သို့ တိုက်မြစ် ကိုချ ပြီ။ အခြား သောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ ၏။ သို့ရာတွင် ၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက် သည်ကို လူတိုင်းသတိပြု ပါစေ။
According to the grace of God which is given to me, as a wise masterbuilder, I have laid the foundation, and another buildeth upon it. But let every man take heed how he buildeth upon it.
11 ၁၁ အကြောင်းမူကား ၊ ယေရှု ခရစ် တည်းဟူသော ၊ ချ လျက်ရှိသော တိုက်မြစ် မှတပါး အခြား သော တိုက်မြစ်ကို အဘယ်သူ မျှမချ နိုင် ။
For other foundation can no man lay than that which is laid, which is Jesus Christ.
12 ၁၂ ထို တိုက်မြစ် အပေါ် ၌ရွှေ ၊ ငွေ ၊ ကျောက် ကောင်း ၊ သစ်သား ၊ မြက်ပင် ၊ ကောက်ရိုး များကို ထပ်ဆင့်၍ တည်ဆောက် သောသူရှိသမျှ ၊
Now if any man buildeth upon this foundation gold, silver, precious stones, wood, hay, stubble;
13 ၁၃ အသီးသီး လုပ်သော အလုပ် သည် ထင်ရှား လိမ့်မည် ။ အဘယ်သို့ နည်းဟူမူကား ၊ ဖော်ပြ ချိန် နေ့ရက် သည် မီး အားဖြင့် ထင်ရှား စေလိမ့်မည်။ လူ တိုင်းလုပ်သောအလုပ် သည် အဘယ်သို့ သော အလုပ်ဖြစ် သည်ကို မီး သည်စစ်ကြော စုံစမ်းလိမ့်မည်။
Every man’s work shall be made manifest: for the day shall declare it, because it shall be revealed by fire; and the fire shall try every man’s work of what sort it is.
14 ၁၄ ထို တိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက် သော အကြင်သူ ၏ အလုပ် သည်မြဲ ၏။ ထိုသူသည် အကျိုး ကို ခံရ လိမ့်မည်။
If any man’s work abideth which he hath built upon it, he shall receive a reward.
15 ၁၅ အကြင်သူ ၏အလုပ် သည် ကျွမ်းလောင် ၏၊ ထိုသူ သည် အရှုံး ခံရလိမ့်မည်။ သို့သော်လည်း ၊ မီး နှင့် လွတ် သကဲ့သို့ သူသည် ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်။
If any man’s work shall be burned, he shall suffer loss: but he himself shall be saved; yet so as by fire.
16 ၁၆ သင်တို့သည် ဘုရားသခင် ၏ ဗိမာန် တော် ဖြစ် ကြသည်ကို၎င်း ၊ ဘုရားသခင် ၏ဝိညာဉ် တော်သည် သင် တို့အထဲ ၌ ကျိန်းဝပ် တော်မူသည်ကို၎င်း မ သိ ကြသလော။
Know ye not that ye are the temple of God, and that the Spirit of God dwelleth in you?
17 ၁၇ အကြင်သူ သည် ဘုရားသခင် ၏ ဗိမာန် တော်ကို ဖျက်ဆီး ၏။ ထို သူကို ဘုရားသခင် ဖျက်ဆီး တော်မူလိမ့်မည်။ ဘုရားသခင် ၏ ဗိမာန် တော်သည် သန့်ရှင်း ရ၏။ သင် တို့သည်လည်း၊ ထိုဗိမာန် တော် ဖြစ် ကြ၏။
If any man defileth the temple of God, him shall God destroy; for the temple of God is holy, which temple ye are.
18 ၁၈ အဘယ်သူ မျှ ကိုယ် ကို မလှည့်ဖြား စေနှင့်။ သင် တို့တွင် အကြင်သူ သည် ဤ လောက ၌ ပညာရှိ ဖြစ် သည်ဟု ကိုယ်ကိုထင် ၏။ ထိုသူသည်ပညာရှိ အဖြစ် သို့ ရောက်လိုသောငှာ လူမိုက် ဖြစ် ပါစေ။ (aiōn )
Let no man deceive himself. If any man among you seemeth to be wise in this world, let him become a fool, that he may be wise. (aiōn )
19 ၁၉ အကြောင်းမူကား ၊ လောကီ ပညာ သည် ဘုရားသခင့် ရှေ့၌ မိုက်မဲ ခြင်းဖြစ် ၏။ ကျမ်းစာ လာသည်ကား ၊ ဘုရားသခင် သည် ပညာရှိ တို့ကို သူ တို့၏ ပရိယာယ် အားဖြင့် ဘမ်းဆီး တော်မူ၏ဟု လာသတည်း။
For the wisdom of this world is foolishness with God. For it is written, He taketh the wise in their own craftiness.
20 ၂၀ တစ်ဖန်တုံ ၊ပညာရှိ တို့၏ အကြံအစည် တို့သည် အချည်းနှီး ဖြစ် ကြောင်း ကို ထာဝရ ဘုရားသိ တော်မူ၏ဟု လာသတည်း။
And again, The Lord knoweth the thoughts of the wise, that they are vain.
21 ၂၁ ထိုသို့ဖြစ်လျှင်၊ အဘယ်သူ မျှလူတို့ ၌ ဝါကြွား ခြင်းမရှိစေနှင့်။ ခပ်သိမ်း သောအရာတို့သည် သင် တို့ အဘို့ ဖြစ် ကြ၏။
Therefore let no man glory in men. For all things are yours;
22 ၂၂ ပေါလု ဖြစ်စေ ၊ အာပေါလု ဖြစ်စေ ၊ ကေဖ ဖြစ်စေ ၊ ဤလောက ဖြစ်စေ ၊ အသက် ရှင်ခြင်းဖြစ်စေ ၊ သေ ခြင်း ဖြစ်စေ ၊ မျက်မှောက် အရာဖြစ်စေ ၊ နောက် လာလတံ့သော အရာဖြစ်စေ ၊ ခပ်သိမ်း သော အရာတို့သည် သင် တို့အဘို့ ဖြစ်ကြ၏။
Whether Paul, or Apollos, or Cephas, or the world, or life, or death, or things present, or things to come; all are yours;
23 ၂၃ သင် တို့သည်လည်း ၊ ခရစ်တော် အဘို့ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ဘုရားသခင် အဘို့ ဖြစ်တော်မူ၏။
And ye are Christ’s; and Christ is God’s.