< ၁ ကောရိန္သု 16 >
1 ၁ သန့်ရှင်း သူတို့အဘို့ လှူဒါန်း၍ စုထား ခြင်းအမှု မှာ ဂလာတိ ပြည်၌ အသင်းတော် များကို ငါမှာထား သည်အတိုင်း သင် တို့ပြု ကြလော့။
Now, concerning the collection, which is for the saints; as I ordered the congregations of Galatia, so also so you.
2 ၂ ငါရောက်လာ သောအခါ လှူဒါန်း၍ စုထား စရာ မ ရှိ စေခြင်းငှာ၊ ခုနစ် ရက်တွင် ပဌမ နေ့ရက်၌ အသီးအသီး ကောင်းစား သည်အတိုင်း၊ မိမိ တို့ဥစ္စာ တ ဘို့ကို ထုတ် ၍ စုထား ကြလော့။
On the first say of the week, let each of you lay somewhat by itself, according as he may have prospered, putting it into the treasury; that when I come, there may be then no collection.
3 ၃ ငါရောက်လာ သောအခါ ၊ သင်တို့အလိုရှိ သော သူ တို့ကို ငါသည် လက်မှတ် စာပေး၍၊ သင် တို့လှူသော အလှူ ကို ယေရုရှလင် မြို့သို့ ပို့ စိမ့်သောငှာစေလွှတ် မည်။
And when I come, whomsoever you shall approve by letters, them I will send to carry your gift to Jerusalem.
4 ၄ သို့မဟုတ်ငါ့ ကိုယ်တိုင်သွား သင့် လျှင် ၊ သူတို့သည် ငါ နှင့်အတူ လိုက် ရကြမည်။
Or, if it be proper that even I should go, they shall go with me.
5 ၅ မာကေဒေါနိ ပြည်လမ်းကိုငါသွား မည်ဖြစ်၍ ၊ ထိုပြည် မှ ထွက် ပြီးလျှင် သင် တို့ရှိရာ သို့လာ မည်။
Now, I will come to you, when I have passed through Macedonia, (for I do pass through Macedonia; )
6 ၆ နောက်မှအခြားသို့ ငါသွား သောအခါ ၊ သင် တို့ ပို့ သောကျေးဇူးကို ခံခြင်းငှာ၊ သင် တို့ဆီမှာ ငါတည်းခို ၍ ဆောင်း ကာလပတ်လုံးနေကောင်း နေလိမ့်မည်။
and, perhaps, I shall abide, and even winter with you, that you may send me forward, whithersoever I may go.
7 ၇ ယခု သွား စဉ်တွင်သင် တို့ကို တွေ့မြင် ခြင်းငှာသာ အလို မ ရှိ၊ နောက်မှသခင် ဘုရားသည် အခွင့် ပေးတော်မူလျှင် ၊ သင် တို့နှင့်အတူကြာမြင့် စွာနေ မည်ဟု မြော်လင့် ခြင်း ရှိ၏။
For I will not now see you in passing; but I hope to remain with you sometime, if the Lord permit.
8 ၈ ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက် မြို့၌ ငါနေ ရမည်။
However, I shall remain at Ephesus till Pentecost.
9 ၉ အကြောင်းမူကား ၊ အလွန်ကြီးစွာ သော တံခါး သည် အဆင်သင့် ၍ ငါ့ အားဖွင့် လျက်ရှိ၏။ တားဆီး သော သူအများ လည်း ရှိကြ၏။
For a great and effectual door is opened to me, yet there are many opposers.
10 ၁၀ တိမောသေ သည် သင်တို့ဆီသို့ ရောက် လျှင် ၊ သူ သည်စိုးရိမ် ခြင်း အကြောင်း မရှိဘဲ၊ သင် တို့နှင့်အတူ နေစေခြင်းငှာသတိပြု ကြလော့။ သူသည်ငါ ကဲ့သို့ ပင် သခင် ဘုရား၏အမှု တော်ကိုဆောင်ရွက်သော သူ ဖြစ်၏။
Now, if Timothy be come, take care that he be among you without fear; for he works, even as I do, the work of the Lord.
11 ၁၁ ထိုကြောင့် အဘယ်သူ မျှသူ့ ကို မထီမဲ့မြင် မ ပြုစေနှင့်။ သူသည် ငါ့ ထံသို့ ငြိမ်ဝပ် စွာ ပြန်ရ မည် အကြောင်း ပို့ဆောင် ခြင်း ကျေးဇူးကို ပြုကြလော့။ သူ သည် အခြားသော ညီအစ်ကို တို့နှင့်အတူ လာလိမ့်မည်ဟု ငါမြော်လင့် လျက်နေ၏။
Wherefore, let no one despise him; but send him forward in peace, that he may come to me; for I expect him with the brethren.
12 ၁၂ ငါ့ညီ အာပေါလု ၏ အကြောင်း မှာ၊ ညီအစ်ကို တို့ နှင့်အတူ သင် တို့ ဆီသို့ သွား မည်အကြောင်း ငါ သည် များစွာ ချော့မော့၍ တောင်းပန်သော်လည်း၊ သူသည် ယခု တွင်သွားခြင်းငှာ အလျှင်း အလို မ ရှိ ၊ နောက်မှ အဆင်သင့် လျှင် သွား လိမ့်မည်။
And with relation to our brother Apollos, I entreated him much to go to you with the brethren; but his inclination was not at all to go now, but he will go when he shall find a convenient season.
13 ၁၃ သင်တို့သည် သတိနှင့်စောင့် နေကြလော့။ ယုံကြည် ခြင်း၌ တည် ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွခွန်အား စုံလင်လျက်နေကြလော့။
Watch; stand fast in the faith; acquit yourselves like men; be strong.
14 ၁၄ သင် တို့သည် ခပ်သိမ်း သော အမှုတို့ကို ချစ် ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက် ကြလော့။
Let all things be done with love.
15 ၁၅ ညီအစ်ကို တို့၊ သတေဖန် ၏အိမ်သူ အိမ်သားတို့သည် အခါယ ပြည်တွင်အဦး သီးသော အသီးဖြစ် ၍၊ သန့်ရှင်း သူတို့၏ အမှု ကို ဆောင်ရွက်ခြင်းငှာ ကိုယ်ကိုကိုယ် အပ် ကြောင်း ကို သင်တို့ သိ ကြသည်နှင့်အညီ၊
You know the family of Stephanus, that it is the first fruit of Achaia, and that they have devoted themselves to the ministry of the saints.
16 ၁၆ ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကို၎င်း ၊ ငါတို့နှင့်အတူလုပ်ကိုင် ၍ အမှုဆောင် သောသူ ရှိသမျှ တို့၏ အုပ်စိုးခြင်းကို၎င်း၊ သင် တို့ဝန်ခံ ကြမည်အကြောင်း ငါ တောင်းပန် ၏။
I entreat you, therefore, brethren, that you submit yourselves to such, and to every joint worker and laborer.
17 ၁၇ သတေဖန် ၊ ဖော်တုနတ် ၊ အခါယကု တို့သည် ရောက်လာ သောကြောင့် ငါဝမ်းမြောက် ခြင်းရှိ၏။
I am glad of the coming of Stephanus, and Fortunatus, and Achaicus; for they have supplied your deficiency,
18 ၁၈ အကြောင်းမူကား ၊ သင် တို့သည် ပြုစု၍မ ပြည့်စုံသမျှကို သူ တို့သည် ထပ်၍ပြည့်စုံ သဖြင့်၊ ငါ့ စိတ် နှင့် သင် တို့စိတ်ကို သက်သာ စေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံ ကြလော့။
and have refreshed my spirit and yours; wherefore, acknowledge such persons.
19 ၁၉ အာရှ ပြည်၌ အသင်းတော် များတို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ အာကုလ နှင့် ပြစ်ကိလ တို့သည် သူ တို့ အိမ် ၌ ရှိသော အသင်းတော် နှင့်တကွ ၊ သခင် ဘုရားကို ထောက်၍ သင် တို့ကို များစွာ နှုတ်ဆက် ကြ၏။
The congregations of Asia salute you. Aquila and Priscilla salute you much in the Lord, with the congregation which is in their house.
20 ၂၀ ညီအစ်ကို အပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်း သော နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။
All the brethren salute you. Salute one another with a holy kiss.
21 ၂၁ ငါပေါလု သည်နှုတ်ဆက် ခြင်းအချက်ကို ကိုယ် လက် နှင့် ရေးထား၏။
The salutation of Paul with my own hand.
22 ၂၂ အကြင်သူ သည် သခင် ယေရှုခရစ်ကို မ ချစ် ၊ ထိုသူသည် အနသေမာ ဖြစ်စေ သတည်း။ သခင် ဘုရား သည် ကြွလာတော်မူ၏။
If any one love not the Lord Jesus Christ, he shall be accursed when the Lord comes.
23 ၂၃ ငါတို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည် သင် တို့၌ ရှိစေသတည်း။
The favor of our Lord Jesus Christ be with you.
24 ၂၄ ယေရှု ခရစ် ၏ တပည့်တော်ဖြစ် သမျှ သော သင် တို့၌ ငါ ၏ချစ် ခြင်းမေတ္တာရှိ၏။ အာမင်။
My love be with you all in Christ Jesus. Amen.