< ၁ ကောရိန္သု 16 >

1 သန့်ရှင်း သူတို့အဘို့ လှူဒါန်း၍ စုထား ခြင်းအမှု မှာ ဂလာတိ ပြည်၌ အသင်းတော် များကို ငါမှာထား သည်အတိုင်း သင် တို့ပြု ကြလော့။
Now about the collection for the saints, you are to do as I directed the churches of Galatia:
2 ငါရောက်လာ သောအခါ လှူဒါန်း၍ စုထား စရာ မ ရှိ စေခြင်းငှာ၊ ခုနစ် ရက်တွင် ပဌမ နေ့ရက်၌ အသီးအသီး ကောင်းစား သည်အတိုင်း၊ မိမိ တို့ဥစ္စာ တ ဘို့ကို ထုတ် ၍ စုထား ကြလော့။
On the first day of every week, each of you should set aside a portion of his income, saving it up, so that when I come no collections will be needed.
3 ငါရောက်လာ သောအခါ ၊ သင်တို့အလိုရှိ သော သူ တို့ကို ငါသည် လက်မှတ် စာပေး၍၊ သင် တို့လှူသော အလှူ ကို ယေရုရှလင် မြို့သို့ ပို့ စိမ့်သောငှာစေလွှတ် မည်။
Then, on my arrival, I will send letters with those you recommend to carry your gift to Jerusalem.
4 သို့မဟုတ်ငါ့ ကိုယ်တိုင်သွား သင့် လျှင် ၊ သူတို့သည် ငါ နှင့်အတူ လိုက် ရကြမည်။
And if it is advisable for me to go also, they can travel with me.
5 မာကေဒေါနိ ပြည်လမ်းကိုငါသွား မည်ဖြစ်၍ ၊ ထိုပြည် မှ ထွက် ပြီးလျှင် သင် တို့ရှိရာ သို့လာ မည်။
After I go through Macedonia, however, I will come to you; for I will be going through Macedonia.
6 နောက်မှအခြားသို့ ငါသွား သောအခါ ၊ သင် တို့ ပို့ သောကျေးဇူးကို ခံခြင်းငှာ၊ သင် တို့ဆီမှာ ငါတည်းခို ၍ ဆောင်း ကာလပတ်လုံးနေကောင်း နေလိမ့်မည်။
Perhaps I will stay with you awhile, or even spend the winter, so that you can help me on my journey, wherever I go.
7 ယခု သွား စဉ်တွင်သင် တို့ကို တွေ့မြင် ခြင်းငှာသာ အလို မ ရှိ၊ နောက်မှသခင် ဘုရားသည် အခွင့် ပေးတော်မူလျှင် ၊ သင် တို့နှင့်အတူကြာမြင့် စွာနေ မည်ဟု မြော်လင့် ခြင်း ရှိ၏။
For I do not want to see you now only in passing; I hope to spend some time with you, if the Lord permits.
8 ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက် မြို့၌ ငါနေ ရမည်။
But I will stay in Ephesus until Pentecost,
9 အကြောင်းမူကား ၊ အလွန်ကြီးစွာ သော တံခါး သည် အဆင်သင့် ၍ ငါ့ အားဖွင့် လျက်ရှိ၏။ တားဆီး သော သူအများ လည်း ရှိကြ၏။
because a great door for effective work has opened to me, even though many oppose me.
10 ၁၀ တိမောသေ သည် သင်တို့ဆီသို့ ရောက် လျှင် ၊ သူ သည်စိုးရိမ် ခြင်း အကြောင်း မရှိဘဲ၊ သင် တို့နှင့်အတူ နေစေခြင်းငှာသတိပြု ကြလော့။ သူသည်ငါ ကဲ့သို့ ပင် သခင် ဘုရား၏အမှု တော်ကိုဆောင်ရွက်သော သူ ဖြစ်၏။
If Timothy comes, see to it that he has nothing to fear while he is with you, for he is doing the work of the Lord, just as I am.
11 ၁၁ ထိုကြောင့် အဘယ်သူ မျှသူ့ ကို မထီမဲ့မြင် မ ပြုစေနှင့်။ သူသည် ငါ့ ထံသို့ ငြိမ်ဝပ် စွာ ပြန်ရ မည် အကြောင်း ပို့ဆောင် ခြင်း ကျေးဇူးကို ပြုကြလော့။ သူ သည် အခြားသော ညီအစ်ကို တို့နှင့်အတူ လာလိမ့်မည်ဟု ငါမြော်လင့် လျက်နေ၏။
No one, then, should treat him with contempt. Send him on his way in peace so that he can return to me, for I am expecting him along with the brothers.
12 ၁၂ ငါ့ညီ အာပေါလု ၏ အကြောင်း မှာ၊ ညီအစ်ကို တို့ နှင့်အတူ သင် တို့ ဆီသို့ သွား မည်အကြောင်း ငါ သည် များစွာ ချော့မော့၍ တောင်းပန်သော်လည်း၊ သူသည် ယခု တွင်သွားခြင်းငှာ အလျှင်း အလို မ ရှိ ၊ နောက်မှ အဆင်သင့် လျှင် သွား လိမ့်မည်။
Now about our brother Apollos: I strongly urged him to go to you with the brothers. He was not at all inclined to go now, but he will go when he has the opportunity.
13 ၁၃ သင်တို့သည် သတိနှင့်စောင့် နေကြလော့။ ယုံကြည် ခြင်း၌ တည် ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွခွန်အား စုံလင်လျက်နေကြလော့။
Be on the alert. Stand firm in the faith. Be men of courage. Be strong.
14 ၁၄ သင် တို့သည် ခပ်သိမ်း သော အမှုတို့ကို ချစ် ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက် ကြလော့။
Do everything in love.
15 ၁၅ ညီအစ်ကို တို့၊ သတေဖန် ၏အိမ်သူ အိမ်သားတို့သည် အခါယ ပြည်တွင်အဦး သီးသော အသီးဖြစ် ၍၊ သန့်ရှင်း သူတို့၏ အမှု ကို ဆောင်ရွက်ခြင်းငှာ ကိုယ်ကိုကိုယ် အပ် ကြောင်း ကို သင်တို့ သိ ကြသည်နှင့်အညီ၊
You know that Stephanas and his household were the first converts in Achaia, and they have devoted themselves to the service of the saints. Now I urge you, brothers,
16 ၁၆ ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကို၎င်း ၊ ငါတို့နှင့်အတူလုပ်ကိုင် ၍ အမှုဆောင် သောသူ ရှိသမျှ တို့၏ အုပ်စိုးခြင်းကို၎င်း၊ သင် တို့ဝန်ခံ ကြမည်အကြောင်း ငါ တောင်းပန် ၏။
to submit to such as these, and to every fellow worker and laborer.
17 ၁၇ သတေဖန် ၊ ဖော်တုနတ် ၊ အခါယကု တို့သည် ရောက်လာ သောကြောင့် ငါဝမ်းမြောက် ခြင်းရှိ၏။
I am glad that Stephanas, Fortunatus, and Achaicus have arrived, because they have supplied what was lacking from you.
18 ၁၈ အကြောင်းမူကား ၊ သင် တို့သည် ပြုစု၍မ ပြည့်စုံသမျှကို သူ တို့သည် ထပ်၍ပြည့်စုံ သဖြင့်၊ ငါ့ စိတ် နှင့် သင် တို့စိတ်ကို သက်သာ စေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံ ကြလော့။
For they refreshed my spirit and yours as well. Show your appreciation, therefore, to such men.
19 ၁၉ အာရှ ပြည်၌ အသင်းတော် များတို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ အာကုလ နှင့် ပြစ်ကိလ တို့သည် သူ တို့ အိမ် ၌ ရှိသော အသင်းတော် နှင့်တကွ ၊ သခင် ဘုရားကို ထောက်၍ သင် တို့ကို များစွာ နှုတ်ဆက် ကြ၏။
The churches in the province of Asia send you greetings. Aquila and Prisca greet you warmly in the Lord, and so does the church that meets at their house.
20 ၂၀ ညီအစ်ကို အပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်း သော နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။
All the brothers here send you greetings. Greet one another with a holy kiss.
21 ၂၁ ငါပေါလု သည်နှုတ်ဆက် ခြင်းအချက်ကို ကိုယ် လက် နှင့် ရေးထား၏။
This greeting is in my own hand—Paul.
22 ၂၂ အကြင်သူ သည် သခင် ယေရှုခရစ်ကို မ ချစ် ၊ ထိုသူသည် အနသေမာ ဖြစ်စေ သတည်း။ သခင် ဘုရား သည် ကြွလာတော်မူ၏။
If anyone does not love the Lord, let him be under a curse. Come, O Lord!
23 ၂၃ ငါတို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည် သင် တို့၌ ရှိစေသတည်း။
The grace of the Lord Jesus be with you.
24 ၂၄ ယေရှု ခရစ် ၏ တပည့်တော်ဖြစ် သမျှ သော သင် တို့၌ ငါ ၏ချစ် ခြင်းမေတ္တာရှိ၏။ အာမင်။
My love be with all of you in Christ Jesus. Amen.

< ၁ ကောရိန္သု 16 >