< ၁ ကောရိန္သု 15 >

1 ညီအစ်ကို တို့၊ ငါသည်သင် တို့အား ဟောပြော ဘူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ ၍ မှီဝဲ ဆည်းကပ်သော ဧဝံဂေလိ တရားကို သင် တို့အား တစ်ဖန် ငါကြား လိုက်၏။
Woli enibhechukisha, emwe bhamula bhasu nemwe bhayala bhasu, ingulu yo musango gwo bhwana gunu nabhasimuliye, inu emwe mwailamiye no kuimeleguluko.
2 အထက်ကငါဟောပြော သည် အကြောင်း များကို သင် တို့သည် အကျိုးမဲ့ မ ယုံဘဲစိတ်စွဲလမ်း လျှင် ၊ ထို ဧဝံဂေလိတရားအားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်ကြ၏။
Ni ku musango gwo bhwana gunu mwakisibhwe, alabha mukagugwata omusango nimugumililako lwa kutyo nabhasimuliye emwe, atali ati mwekilisishe kutyo-ela.
3 ငါသည် ကိုယ်တိုင်ခံယူ သည်အတိုင်း ၊ သင် တို့အား ရှေးဦးစွာ အပ်ပေး သောအကြောင်း အရာဟူမူကား ၊ ခရစ်တော် သည် ကျမ်းစာ လာသည်အတိုင်း ငါ တို့အပြစ် ကြောင့် အသေခံ တော်မူ၏။
Alabha okwamba lwa kutyo nailamiye kunsonga lwa kutyo nailetele kwemwe ili: ati okulubhana na maandiko, Kristo afuye kulwa ingulu ye bhibhibhi bhyeswe,
4 သင်္ဂြိုဟ် ပြီးမှ ၊ ကျမ်းစာ လာသည်အတိုင်း သုံး ရက်မြောက်သောနေ့ ၌ ထမြောက် တော်မူ၏။
okulubhana na maandiko nasikwa, na ati nasuluka ku lusiku lwa kasatu.
5 ကေဖ သည်ကိုယ်တော်ကို မြင် ပြီးမှ ၊ တစ်ကျိပ် နှစ်ပါးသော သူ တို့သည် မြင်ရကြ၏။
Na ati namusolomokela Kefa, okumala bhaliya ekumi na bhabhili.
6 ထိုနောက် ညီအစ်ကို ငါးရာ မက ၊ တပြိုင်နက် မြင် ရကြ၏။ ထိုသူ တို့တွင် အများ သောသူတို့သည် ယခု တိုင်အောင် အသက် ရှင်ကြသေး၏။ အချို့ တို့သည် အိပ်ပျော် ကြပြီ။
Okumala nabhasolomokela kwo mwanya gumwi emwe bhamula bhasu nemwe bhayala bhasu kukila ngendo magana gatanu. Abhafu bhebhwe bhachali bhamaanga, mbe nawe abhandi bhebhwe bhaongee ntilo.
7 ထိုနောက် ယာကုပ် မြင် ရ၏။ ထိုနောက် တမန်တော် အပေါင်း တို့သည် မြင်ရကြ၏။
Okumala namusolomokela Yakobho, okumala jintumwa jone.
8 နောက်ဆုံး ၌ အချိန် မတော်မတန်ဘွားသော သူ ကဲ့သို့ ဖြစ်သော ငါ ပင်မြင် ရ၏။
Kubhutelo bhwa gone, nansolomokela anye, lwa kutyo omwana kebhulwa omwanya guchali kukinga (ndebhile).
9 ငါသည် အထက်ကဘုရားသခင် ၏ အသင်းတော် ကို ညှဉ်းဆဲ သောကြောင့် ၊ အညံ့ဆုံး သော တမန်တော် ဖြစ် ၏။ တမန်တော် ဟု ခေါ်ဝေါ် ခြင်းကို မ ခံထိုက် ။
Kulwo kubha anye nili mutoto ku Ntumwa. Niteile okubhilikilwa intumwa, kunsonga nalinyasishe likanisa lwa Nyamuanga.
10 ၁၀ သို့သော်လည်း ဘုရားသခင် ၏ ကျေးဇူး တော်အားဖြင့်သာ ငါ ဖြစ်သည်အတိုင်း ငါဖြစ် ၏။ ငါ ခံရသော ကျေးဇူး တော်ကိုလည်း အကျိုးမဲ့ ခံရသည်မ ဟုတ်။ အခြား သော တမန်တော် အပေါင်း တို့ထက်၊ ငါသည် သာ၍ ကြိုးစား ခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း ၊ ငါ ကြိုးစားသည်မ ဟုတ်။ ငါ နှင့်အတူ ရှိသောဘုရားသခင် ၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။
Mbe nawe kulwe chigongo cha Nyamuanga nilio lwa kutyo nili, ne chigongo chaye kwanye chaliga chitali cha kutyo-ela. Kukila ejo, nakolele kwa managa kukila bhone. Mbe nawe aliga atali anye, nawe ni chigongo cha Nyamuanga chinu chili munda yani.
11 ၁၁ ထိုကြောင့် ၊ ငါ ဖြစ်စေ၊ သူ တို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြော ကြ၏။ ဤသို့ လည်း သင်တို့သည် ယုံကြည် ကြ၏။
Kulwejo alabha nanye amwi bhenene, mbe echisimula kutyo na echikilisha kutyo.
12 ၁၂ ယခုမှာ၊ ခရစ်တော် သည် သေ ခြင်းမှ ထမြောက် တော်မူကြောင်း ကို ဟောပြော ရသည်ဖြစ်၍ ၊ သေ သော သူတို့သည် ထမြောက် ခြင်းမ ရှိ ဟု သင် တို့တွင် အချို့ သောသူတို့သည် အဘယ်ကြောင့် ဆို ရကြသနည်း။
Woli alabha Kristo asimuywe kuti unu asulukile mu bhafuye, ejibha atiki abhandi bhyemwe bhaike ati bhutalio bhusuluko bhwa bhafuye?
13 ၁၃ သေ သောသူတို့သည် ထမြောက် ခြင်းမ ရှိ လျှင် ၊ ခရစ်တော် သည် ထမြောက် တော်မ မူ။
Mbe nawe alabha bhutalio bhusuluko bhwa bhafuye, mbe nolwo Kristo one atasulukile.
14 ၁၄ ခရစ်တော် သည် ထမြောက် တော်မ မူလျှင် ၊ ငါ တို့ ဟောပြော ခြင်း၌ အကျိုး မရှိ သင် တို့ယုံကြည် ခြင်း၌ လည်း အကျိုး မရှိ။
Na alabha Kristo atasulukile, kwibhyo obhusimusi bhweswe ni bhwa kutyo-ela ne likilisha lyemwe one ni lwa kutyo-ela.
15 ၁၅ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန် သော သက်သေခံဖြစ် ကြ၏။
Na echibhonekana kubha ati bhabhambasi bho lulimi okulubhana na Nyamuanga, kunsonga chamubhambaliye Nyamuanga mubhutasikene, okwaika ati amusuluye Kristo, kenu atamusuluye.
16 ၁၆ အကြောင်းမူကား ၊ သေ လွန်သောသူတို့သည် ထမြောက် ခြင်းမ ရှိလျှင် ၊ ဘုရားသခင် သည် ခရစ်တော် ကို ထမြောက် စေတော်မ မူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟုငါတို့သည် ဘုရားသခင် ၏အကြောင်း ကို သက်သေခံ ကြ၏။ သေ လွန်သောသူတို့သည် ထမြောက် ခြင်းမ ရှိလျှင် ၊ ခရစ်တော် သည် ထမြောက် တော်မ မူ။
Alabha abhafuye bhatakusululwa, Yesu one atasuluywe.
17 ၁၇ ခရစ်တော် သည် ထမြောက် တော်မ မူလျှင် ၊ သင် တို့သည် ယုံကြည် သော်လည်းအကျိုး မရှိ၊ ဒုစရိုက် အပြစ်အောက်၌ ရှိ ကြသေး ၏။
Na alabha Kristo atasuluywe, elikilisha lyemwe no lwa kutyo-ela na muchali mu bhibhibhi bhyemwe.
18 ၁၈ ထိုမှတစ်ပါး ၊ ခရစ်တော် ကို ယုံကြည်၍ အိပ်ပျော် သောသူ တို့သည် ဆုံးရှုံး ခြင်းသို့ရောက်ကြပြီ။
Nolwo kutyo bhaliya bhanu bhafuye mu Kristo one bhasimbagilisha.
19 ၁၉ ငါတို့သည် ခရစ်တော် ကို အမှီပြု ၍ ယခု ဘဝ ၌ သာ မြော်လင့် စရာရှိ လျှင် ၊ အခြားသော သူ အပေါင်း တို့ထက်သာ၍ဆင်းရဲ သောသူ ဖြစ် ကြ၏။
Akabha kwo bhulame bhunu bhwenyele chili no bhuyali kwo mwanya gunu oguja mu Kristo, abhanu bhone, eswe chili bho kusasilwa kukila bhanu bhone.
20 ၂၀ ယခု မူကား ၊ ခရစ်တော် သည် သေ ခြင်းမှ ထမြောက် တော်မူ၍၊ အိပ်ပျော် သောသူ တို့တွင် အဦး သီး သော အသီးဖြစ်တော်မူပြီ။
Mbe nawe woli Kristo asulukile okusoka mu bhafuye, amatwasho go kwamba agabhanu bhafuye.
21 ၂၁ သို့ဖြစ်၍ လူ အားဖြင့် သေ ခြင်းတရားသည် တည်သကဲ့သို့ ၊ သေ သောသူတို့၏ ထမြောက် ခြင်းတရား သည် လူ အားဖြင့် တည်လျက်ရှိ၏။
Kulwo kubha olufu lwejile nilulabha ku munu, one okulabha ku munu obhusuliko bhwa abhafuye.
22 ၂၂ လူအပေါင်း တို့သည် အာဒံ အားဖြင့် သေ ခြင်းသို့ ရောက်သည်နည်းတူ ၊ လူအပေါင်း တို့သည် ခရစ်တော် အားဖြင့် အသက် ရှင်ခြင်းသို့ ရောက်ရကြလတံ့။
Kulwo kubha ku Adamu bhone abhafwa, nikwo kutyo one mu Kristo bhone abhakola kubha bhamaanga.
23 ၂၃ သို့ရာတွင် လူအသီးအသီး တို့သည် မိမိ တို့အလှည့် အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော် သည် အဦး သီးသော အသီးဖြစ်တော်မူ၏၊ ခရစ်တော် သည် ကြွလာ တော်မူသောအခါ ၊ တပည့် တော်ဖြစ်သော သူ တို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
Mbe nawe bhuli umwi mu bhikolwa bhyaye: Kristo, amatwasho go kwamba, no okumala bhalya bhanu bhali bha Kristo abhakolwa kubha bhaanga mu mwanya gwo kuja kwaye.
24 ၂၄ ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာ တန်ခိုး အမျိုးမျိုး ကို ပယ်ရှင်း ၍ ၊ မိမိနိုင်ငံ ကို ဘုရားသခင် တည်းဟူသောခမည်းတော် ၌ အပ် ပြန်တော်မူပြီးမှ ကမ္ဘာကုန် ရလတံ့။
Niwo bhulibha obhutelo, anu Kristo alibhayana obhukama bhwa Nyamuanga Lata. Jinu anu niwo alisimagisha obhukama bhwone no bhutunge bhwone na amanaga.
25 ၂၅ ခရစ်တော် သည် ရန်သူ အပေါင်း တို့ကို ခြေဖဝါး တော်အောက် ၌ ချထား တော်မ မူမှီတိုင်အောင်အုပ်စိုး တော်မူရ မည်။
Kulwo kubha ni bhusi-bhusi atunge Kukinga anu akateleo abhasoko bhaye bhona emwalo ye bhigele bhyaye.
26 ၂၆ နောက်ဆုံး သော ရန်သူ တည်းဟူသောသေမင်း သည် ဆုံးရှုံး ခြင်းသို့ ရောက်ရလတံ့။
Omusoko wa kubhutelo okunyamulwa niwe lufu.
27 ၂၇ ခပ်သိမ်း သောအရာတို့ကို လူ သား၏ ခြေ အောက် ၌ ချထား တော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်း သောအရာတို့သည် ချထား လျက်ရှိကြောင်း ကို ဆို သော် ၊ ခပ်သိမ်း သောအရာတို့ကို လူ သားအောက်၌ ချထား တော်မူသောသူ သည်ကြွင်း တော်မူကြောင်း ထင်ရှား သတည်း။
Kulwo kubha “Ateyewo bhuli chinu emwalo ye bhigele bhyaye.” Mbe nawe ungwa niyaikwa “Ateyewo bhuli chinu,” Na abhwelu ati inu itakusangisha bhaliya bhanu bhateyewo ati bhuli chinu emwalo yaye omwene.
28 ၂၈ ခပ်သိမ်း သော အရာတို့သည် လူသားအောက်၌ ချထား လျက် ရှိသောအခါ ၊ ခပ်သိမ်း သောအရာတို့ကို သူ့ အောက်၌ ချထား တော်မူသော သူ ၏ အုပ်စိုးတော်မူခြင်းကို သား တော်သည် ကိုယ်တိုင် ဝန်ခံ လိမ့်မည်။ အကြောင်းမူကား ၊ ဘုရားသခင် သည် အလုံးစုံ ဖြစ် တော်မူမည်အကြောင်းတည်း။
Mu mwanya ebhinu bhyona bhiteywewo emwalo yaye, okumala omwana omwene katelwao emwalo yaye unu abhiteyeo ebhinu bhyona emwalo yaye. Gunu gulibhonekana koleleki ati Nyamuanga Lata abhe bhyona mu bhyona.
29 ၂၉ သေ လွန်သောသူတို့သည် ထမြောက် ခြင်း အလျှင်း မ ရှိလျှင် ၊ သေ လွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံ ကိုခံသော သူ တို့သည် အဘယ်သို့ ပြု ရမည်နည်း။ သေလွန်သော သူ တို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံ ကို ခံရကြသနည်း။
Amwi one abhakola-ki bhaliya bhanu bhabhatijibhwe ingulu ya bhafuye? Alabha abhafuye bhatakusululwa chimi, kulwa -ki lindi abhabhatijibhwa ingulu yebhwe?
30 ၃၀ ငါ တို့သည်လည်း ဘေးရောက် အံ့သော အခြင်းအရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။
Na ni kulwa -ki chili mu ntambala bhuli mwanya?
31 ၃၁ ငါသည် နေ့တိုင်း အသေခံ ရ၏ဟု ငါ တို့သခင် ယေရှု ခရစ် ၌ သင် တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။
Bhamula bhasu na bhayala bhasu, mu kwikuya kwani kwimwe, jinu nili najo mu Kristo Yesu Latabhugenyi weswe, enilasha kutya: enifwaga kusiku.
32 ၃၂ သေ လွန်သောသူတို့သည် ထမြောက် ခြင်း မ ရှိလျှင် ၊ ဧဖက် မြို့၌ လောကီ ဝေါဟာရအားဖြင့် ၊ အထက် က ငါသည်သားရဲ တို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုး ရှိသနည်း။ စား ကြကုန်အံ့၊ သောက် ကြကုန်အံ့၊ နက်ဖြန် သေ ရကြမည်။
Ejinsakilaki, mukulola kwa bhana-munu, akalabha nalwanile na jintyanyi jinsiku eyo Efeso, alabha abhafuye bhatasululwa? “Siga woli chilye na chinywe, kulwo kubha mutondo echifwa.”
33 ၃၃ အလွဲ မ ယူကြနှင့်။ မကောင်း သော သူတို့နှင့် ပေါင်းဖော် ခြင်းအားဖြင့်ကောင်း သော အကျင့် ဓလေ့ ယိုယွင်း တတ်၏။
Mwasiga kujigwa-jigwa: “Amaijo mabhibhi aganyamula Jintumwa je kisi.
34 ၃၄ တရား သဖြင့် နိုး ကြလော့။ ဒုစရိုက် ကိုမ ပြုကြနှင့်။ အချို့ သော သူတို့သည် ဘုရားသခင် ကို မ သိကြ။ ထိုသို့ဆိုသော်၊ သင် တို့ကို ရှက်ကြောက် စေခြင်းငှာ ငါဆို ၏။
Mubhe no kwibhalilila! Nimulame mu bhulengelesi! Nimusige okugendelela okukola ebhibhibhi. Kulwo kubha abhandi bhemwe mutana bhumenyi bhwa Nyamuanga. Enaika kutya nibhaswashe emwe.
35 ၃၅ သေ လွန်သောသူတို့သည် အဘယ်သို့ ထမြောက် ကြမည်နည်း။ အဘယ်သို့ သော ကိုယ် နှင့် ပေါ်လာ ကြမည်နည်းဟု တစ်စုံတစ်ယောက် သောသူ မေး လိမ့်မည်။
Mbe nawe munu undi alyaika ati, “Abhafuye abhasululwa kutiki? Na bhene bhalija na mibhili gwa mbikaki?”
36 ၃၆ အချင်းလူမိုက် ၊ သင် စိုက် သောမျိုးစေ့မ ပျက် လျှင် မ ရှင် တတ်။
Awe uli mumumu muno! Chiliya chinu ouyamba chitakutula kukula atali chifwe okwamba.
37 ၃၇ ထိုမှတပါး မျိုးစေ့ကို စိုက် သောအခါ၊ နောက် ဖြစ် လတံ့သော ကိုယ် ကိုမ စိုက်၊ ဂျုံ စပါးဖြစ်စေ၊ အခြား သောစပါး ဖြစ်စေ၊ အစေ့ သက်သက်ကို စိုက် တတ်၏။
Na chiliya ouyamba gutali mubhili gunu ogukula, nawe ni njuma inu iletele omutenga. Eitula okubha ili ingano amwi chinu chindi.
38 ၃၈ ဘုရားသခင် သည် အလို တော်ရှိသည်အတိုင်း ကိုယ် ကို ပေး တော်မူ၏။ မျိုးစေ့ အသီးအသီး တို့အား လည်း ၊ မိမိ တို့မျိုးအတိုင်း ကိုယ် ကိုပေးတော်မူ၏။
Mbe nawe Nyamuanga kaiyana omubhili kutyo Kenda, na bhuli njuma mubhili gwayo gwenene.
39 ၃၉ အသား ရှိသမျှ တို့သည် တမျိုး တည်းမ ဟုတ်။ လူ သား တမျိုး ၊ အမဲသား တမျိုး ၊ ငါး သားတမျိုး ၊ ငှက် သား တမျိုး ၊ အသီးအသီးရှိကြ၏။
Mbe emibhili jona jitakususana. Atali, guliwo omubhili gumwi ogwa abhanu, no omubhili ogundi ogwa jityanyi, no mubhili ogundi ogwa jinyonyi, no ogundi ingulu ya jinswi.
40 ၄၀ ကောင်းကင် အကောင် အထည်လည်း ရှိ၏။ မြေကြီး အကောင် အထည်လည်း ရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ် အသရေလည်း တမျိုး ၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်း တမျိုး ဖြစ်၏။
One jiliwo emibhili ja Mulwile ne mibhili ja muchalo. Mbe nawe likusho lye mibhili ja Mulwile ni ja mbika umwi na likusho lya muchalo one ni lindi.
41 ၄၁ နေ ၏ဂုဏ် အသရေတမျိုး ၊ လ ၏ဂုဏ် အသရေတမျိုး ၊ ကြယ် တို့၏ ဂုဏ် အသရေတမျိုး အသီးအသီးရှိကြ၏။ ကြယ် တို့၏ ဂုဏ် အသရေသည်လည်း အသီးသီး အခြားခြားဖြစ်ကြ၏။
Liliwo likusho limwi elya lisubha, na liliwo likusho elindi elyo kwesi, na liliwo likusho elindi elya jinjota. kulwo kubha injota eimwi itasikene na jinjota ejindi mwikusho.
42 ၄၂ ထိုနည်းတူ ၊ သေ သောသူတို့၏ ထမြောက် ခြင်းအကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက် သောအခါ၊ ပုပ် တတ်သောသဘောရှိ၏။ ထမြောက် သောအခါ မ ပုပ်နိုင်သောအဖြစ်၌ တည်၏။
Nikwo kutyo one bhuli no bhusuluko bhwa bhafuye. Chinu echiyambwa echinyamuka, na chinu echimela chitakunyamuka.
43 ၄၃ စိုက် သောအခါဂုဏ် အသရေပျက်၏။ ထမြောက် သောအခါ ဂုဏ် အသရေနှင့် ပြည့်စုံ၏။ စိုက် သောအခါ အစွမ်း မရှိ။ ထမြောက် သောအခါ အစွမ်း နှင့်ပြည့်စုံ၏။
Chiyambilwe mu bhikolwa bhyo bhusimuka, nichimelela mwikusho. Nichiyambwa mu bhulenga, nichimelela mu managa.
44 ၄၄ စိုက် သောအခါ ဇာတိ ပကတိကိုယ် ဖြစ်၏။ ထမြောက် သောအခါ ဝိညာဏ ကိုယ် ဖြစ်၏။ ဇာတိ ပကတိကိုယ် တမျိုး၊ ဝိညာဏ ကိုယ်တမျိုးရှိ ၏။
Chiyambilwe mu mubhili gwo bhusimuka, nichimelela mu mubhili gas chinyamwoyo. Alabha guliwo omubhili gwo bhusimuka, guliwo omubhili gwo Mwoyo one.
45 ၄၅ ကျမ်းစာ လာသည်ကား ၊ ရှေးဦးစွာ သော လူ အာဒံ သည် အသက် ရှင်သော သတ္တဝါ ဖြစ် ၏ဟု လာသတည်း။ ယခုတွင်နောက်ဆုံး ဖြစ်သော အာဒံ မူကား၊ အသက် ရှင်စေတတ်သော ဝိညာဉ် ဖြစ်၏။
Kwibhyo one jandikilwe ati, “Omunu wo kwamba Adamu akolelwe omubhili gunu obhulaka.” Adamu wo bhutelo akolelwe omwoyo gunu ogusosha obhuanga.
46 ၄၆ ဝိညာဏ ကိုယ်သည် ရှေးဦးစွာ ဖြစ်သည်မ ဟုတ်၊ ဇာတိ ပကတိကိုယ်သည် ရှေးဦးစွာဖြစ်၏။ နောက်မှ ဝိညာဏ ကိုယ်ဖြစ်၏။
Mbe nawe owe chinyamwoyo atejile okwamba atali owo bhusimuka, no kumala owe chinyamwoyo.
47 ၄၇ ရှေးဦးစွာ သော လူ သည်မြေကြီး က ဖြစ်သောကြောင့်မြေ သားဖြစ်၏။ ဒုတိယ လူ မူကား ၊ ကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။
Omunu wo kwamba ni wa kuchalo, akolelwe kwo liteli lwa amwi. Omunu wa kabhili oyo asokele mu Mulwile.
48 ၄၈ မြေ သား တို့သည် ထို မြေ သား ကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင် သားတို့သည် ထို ကောင်းကင် သားကဲ့သို့ ဖြစ်ကြလိမ့်မည်။
Lwa kutyo uliya akolelwe kwo liteli lwa ansi, nikwo kutyo one bhaliya bhanu bhakolelwe kwo liteli lwa ansi. Lwa kutyo omunu wa Mulwile ali, nikwo kutyo one bhaliya abha Mulwile.
49 ၄၉ ငါ တို့သည် မြေ သား၏ ပုံ သဏ္ဌာန်ကို ဆောင်သကဲ့သို့ ၊ ကောင်းကင် သား၏ ပုံ သဏ္ဌာန်ကို ဆောင် ကြ လိမ့်မည်။
Lwa kutyo chigegele echijejekanyo cho munu wo liteli lwa ansi, echigega one echijejekanyo cho munu wa Mulwile.
50 ၅၀ ညီအစ်ကို တို့၊ ငါဆို သည်ကား ၊ လူအသွေး အသား သည် ဘုရားသခင် ၏နိုင်ငံ တော်ကို အမွေ မ ခံနိုင် ၊ ပုပ် တတ်သောအရာသည် မ ပုပ်နိုင်သောအဖြစ်ကို အမွေ မ ခံနိုင်။
Woli enibhabhwila, bhamula bhasu na bhayala bhasu, ati omubhili na insagama bhitakutula okulya omwandu obhukama bhwa Nyamuanga. Nolwo obhwo kunyamuka okulya omwandu bhunyantanyamuka.
51 ၅၁ နက်နဲ သော အရာတစ်ခုကိုငါ ပြဦးမည်။ ငါတို့ ရှိသမျှ သည် အိပ်ပျော် ရကြမည်မ ဟုတ်။
Lola! Enibhabhwila emwe imbisike ye chimali: chitalifwa bhona, nawe bhona chiliindulwa.
52 ၅၂ သို့သော်လည်း ၊ နောက်ဆုံး သော တံပိုး မှုတ်သောအခါ ၊ တခဏခြင်း တွင် မျက်စိ တစ်မှိတ် ၌ ငါတို့ရှိသမျှ သည် ပြောင်းလဲ ခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုး မှုတ်ချိန်ရောက်သောအခါ ၊ သေ လွန်သောသူတို့သည်၊ မ ပုပ်နိုင် သောအဖြစ်၌ တည်လျက် ထမြောက် ၍၊ ငါ တို့ရှိသမျှသည် ပြောင်းလဲ ခြင်းသို့ ရောက်ရကြမည်။
Chiliindulwa mu mwanya, kuliwo kutema-tema kwe liso, ku linyawegona elya kubhutelo. Kulwo kubha linyawegona lililila, na abhafuye bhalisuka bhatana mibhili jo kunyamula, na chiliindulwa.
53 ၅၃ ယခု မျက်မှောက်ပုပ် တတ်သော အရာသည် မ ပုပ်နိုင်သောအဖြစ်သို့ ဝင်စား ရမည်။ ယခု မျက်မှောက်သေ တတ်သော အရာသည် မ သေနိုင်သောအဖြစ်သို့ ဝင်စား ရမည်။
Kawoli gunu ogwo kunyamuka ni bhusi-bhusi gufwale gunyatanyamuka, na gunu ogwo kufwa ni bhusi-bhusi gufwale gunyantafwa.
54 ၅၄ ဤ ပုပ် တတ်သောအရာသည် မ ပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤ သေ တတ်သောအရာသည် မ သေနိုင် သောအဖြစ်သို့၎င်း၊ ဝင်စား သောအခါ၊ သေ ခြင်းသည် အောင် ခြင်း၌ နစ်မြုပ် ပြီဟု ကျမ်းစာ ၌လာချက် ပြည့်စုံ လိမ့်မည်။
Mbe nawe mu mwanya gunu ogwo kunyamuka gukafwala bhunyantanyamuka, na gunu ogwo kufwa gukafwala bhunyantafwa, Niwo ilija inyaika inu yandikilwe ati, “olufu lwamilwa no bhuigi.”
55 ၅၅ အိုသေမင်း ၊ သင် ၏လက်နက် သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏနိုင်ငံ၊ သင် ၏အောင် ခြင်းသည် အဘယ်မှာ ရှိသနည်း။ (Hadēs g86)
“Olufu, obhuigi bhwawo bhulya- ki? Olufu, obhululu bhwawo bhulya- ki”” (Hadēs g86)
56 ၅၆ သေမင်း ၏လက်နက် ကား ၊ ဒုစရိုက် အပြစ်ပေတည်း။ ဒုစရိုက် အပြစ်၏ တန်ခိုး ကား ၊ ပညတ် တရား ပေတည်း။
Obhululu bhwo lufu ni chibhibhi, na managa ge chibhibhi ni chilagilo.
57 ၅၇ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ငါ တို့အား အောင် ခြင်းအခွင့်ကို ပေး တော်မူသော ဘုရားသခင် ၏ ကျေးဇူး တော်သည် ကြီးလှစွတကား ။
Mbe nawe isime ku Nyamuanga, unu kachiyana eswe obhuigi okulabha ku Latabhugenyi weswe Yesu Kristo!
58 ၅၈ ထိုကြောင့် ငါ ချစ် သောညီအစ်ကို တို့၊ သင် တို့သည် သခင် ဘုရား၏အမှု တော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ် သဖြင့် တည်ကြည် သော စိတ်နှင့် ပြည့်စုံ ၍၊ မ ရွေ့လျော့မတိမ်းယိမ်းဘဲလျက်၊ သခင် ဘုရားအမှု တော်ကို ကြိုးစားအားထုတ်ကြလော့။
Kulwejo, abhendwa bhamula bhasu na bhayala bhasu, nimulume musimbagiliye na mwasiga kutingisika. Nsiku jona nulole emilimu ja Latabhugenyi, kunsonga mumenyele ati emilimu jemwe mu Latabhugenyi jitali ja kutyo- ela.

< ၁ ကောရိန္သု 15 >