< ၁ ကောရိန္သု 15 >

1 ညီအစ်ကို တို့၊ ငါသည်သင် တို့အား ဟောပြော ဘူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ ၍ မှီဝဲ ဆည်းကပ်သော ဧဝံဂေလိ တရားကို သင် တို့အား တစ်ဖန် ငါကြား လိုက်၏။
Now I declare to you, brothers, the Good News which I preached to you, which also you received, in which you also stand,
2 အထက်ကငါဟောပြော သည် အကြောင်း များကို သင် တို့သည် အကျိုးမဲ့ မ ယုံဘဲစိတ်စွဲလမ်း လျှင် ၊ ထို ဧဝံဂေလိတရားအားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်ကြ၏။
by which also you are saved, if you hold firmly the word which I preached to you—unless you believed in vain.
3 ငါသည် ကိုယ်တိုင်ခံယူ သည်အတိုင်း ၊ သင် တို့အား ရှေးဦးစွာ အပ်ပေး သောအကြောင်း အရာဟူမူကား ၊ ခရစ်တော် သည် ကျမ်းစာ လာသည်အတိုင်း ငါ တို့အပြစ် ကြောင့် အသေခံ တော်မူ၏။
For I delivered to you first of all that which I also received: that Christ died for our sins according to the Scriptures,
4 သင်္ဂြိုဟ် ပြီးမှ ၊ ကျမ်းစာ လာသည်အတိုင်း သုံး ရက်မြောက်သောနေ့ ၌ ထမြောက် တော်မူ၏။
that he was buried, that he was raised on the third day according to the Scriptures,
5 ကေဖ သည်ကိုယ်တော်ကို မြင် ပြီးမှ ၊ တစ်ကျိပ် နှစ်ပါးသော သူ တို့သည် မြင်ရကြ၏။
and that he appeared to Cephas, then to the twelve.
6 ထိုနောက် ညီအစ်ကို ငါးရာ မက ၊ တပြိုင်နက် မြင် ရကြ၏။ ထိုသူ တို့တွင် အများ သောသူတို့သည် ယခု တိုင်အောင် အသက် ရှင်ကြသေး၏။ အချို့ တို့သည် အိပ်ပျော် ကြပြီ။
Then he appeared to over five hundred brothers at once, most of whom remain until now, but some have also fallen asleep.
7 ထိုနောက် ယာကုပ် မြင် ရ၏။ ထိုနောက် တမန်တော် အပေါင်း တို့သည် မြင်ရကြ၏။
Then he appeared to James, then to all the apostles,
8 နောက်ဆုံး ၌ အချိန် မတော်မတန်ဘွားသော သူ ကဲ့သို့ ဖြစ်သော ငါ ပင်မြင် ရ၏။
and last of all, as to the child born at the wrong time, he appeared to me also.
9 ငါသည် အထက်ကဘုရားသခင် ၏ အသင်းတော် ကို ညှဉ်းဆဲ သောကြောင့် ၊ အညံ့ဆုံး သော တမန်တော် ဖြစ် ၏။ တမန်တော် ဟု ခေါ်ဝေါ် ခြင်းကို မ ခံထိုက် ။
For I am the least of the apostles, who is not worthy to be called an apostle, because I persecuted the assembly of God.
10 ၁၀ သို့သော်လည်း ဘုရားသခင် ၏ ကျေးဇူး တော်အားဖြင့်သာ ငါ ဖြစ်သည်အတိုင်း ငါဖြစ် ၏။ ငါ ခံရသော ကျေးဇူး တော်ကိုလည်း အကျိုးမဲ့ ခံရသည်မ ဟုတ်။ အခြား သော တမန်တော် အပေါင်း တို့ထက်၊ ငါသည် သာ၍ ကြိုးစား ခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း ၊ ငါ ကြိုးစားသည်မ ဟုတ်။ ငါ နှင့်အတူ ရှိသောဘုရားသခင် ၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။
But by the grace of God I am what I am. His grace which was given to me was not futile, but I worked more than all of them; yet not I, but the grace of God which was with me.
11 ၁၁ ထိုကြောင့် ၊ ငါ ဖြစ်စေ၊ သူ တို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြော ကြ၏။ ဤသို့ လည်း သင်တို့သည် ယုံကြည် ကြ၏။
Whether then it is I or they, so we preach, and so you believed.
12 ၁၂ ယခုမှာ၊ ခရစ်တော် သည် သေ ခြင်းမှ ထမြောက် တော်မူကြောင်း ကို ဟောပြော ရသည်ဖြစ်၍ ၊ သေ သော သူတို့သည် ထမြောက် ခြင်းမ ရှိ ဟု သင် တို့တွင် အချို့ သောသူတို့သည် အဘယ်ကြောင့် ဆို ရကြသနည်း။
Now if Christ is preached, that he has been raised from the dead, how do some among you say that there is no resurrection of the dead?
13 ၁၃ သေ သောသူတို့သည် ထမြောက် ခြင်းမ ရှိ လျှင် ၊ ခရစ်တော် သည် ထမြောက် တော်မ မူ။
But if there is no resurrection of the dead, neither has Christ been raised.
14 ၁၄ ခရစ်တော် သည် ထမြောက် တော်မ မူလျှင် ၊ ငါ တို့ ဟောပြော ခြင်း၌ အကျိုး မရှိ သင် တို့ယုံကြည် ခြင်း၌ လည်း အကျိုး မရှိ။
If Christ has not been raised, then our preaching is in vain and your faith also is in vain.
15 ၁၅ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန် သော သက်သေခံဖြစ် ကြ၏။
Yes, we are also found false witnesses of God, because we testified about God that he raised up Christ, whom he didn’t raise up if it is true that the dead are not raised.
16 ၁၆ အကြောင်းမူကား ၊ သေ လွန်သောသူတို့သည် ထမြောက် ခြင်းမ ရှိလျှင် ၊ ဘုရားသခင် သည် ခရစ်တော် ကို ထမြောက် စေတော်မ မူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟုငါတို့သည် ဘုရားသခင် ၏အကြောင်း ကို သက်သေခံ ကြ၏။ သေ လွန်သောသူတို့သည် ထမြောက် ခြင်းမ ရှိလျှင် ၊ ခရစ်တော် သည် ထမြောက် တော်မ မူ။
For if the dead aren’t raised, neither has Christ been raised.
17 ၁၇ ခရစ်တော် သည် ထမြောက် တော်မ မူလျှင် ၊ သင် တို့သည် ယုံကြည် သော်လည်းအကျိုး မရှိ၊ ဒုစရိုက် အပြစ်အောက်၌ ရှိ ကြသေး ၏။
If Christ has not been raised, your faith is vain; you are still in your sins.
18 ၁၈ ထိုမှတစ်ပါး ၊ ခရစ်တော် ကို ယုံကြည်၍ အိပ်ပျော် သောသူ တို့သည် ဆုံးရှုံး ခြင်းသို့ရောက်ကြပြီ။
Then they also who are fallen asleep in Christ have perished.
19 ၁၉ ငါတို့သည် ခရစ်တော် ကို အမှီပြု ၍ ယခု ဘဝ ၌ သာ မြော်လင့် စရာရှိ လျှင် ၊ အခြားသော သူ အပေါင်း တို့ထက်သာ၍ဆင်းရဲ သောသူ ဖြစ် ကြ၏။
If we have only hoped in Christ in this life, we are of all men most pitiable.
20 ၂၀ ယခု မူကား ၊ ခရစ်တော် သည် သေ ခြင်းမှ ထမြောက် တော်မူ၍၊ အိပ်ပျော် သောသူ တို့တွင် အဦး သီး သော အသီးဖြစ်တော်မူပြီ။
But now Christ has been raised from the dead. He became the first fruit of those who are asleep.
21 ၂၁ သို့ဖြစ်၍ လူ အားဖြင့် သေ ခြင်းတရားသည် တည်သကဲ့သို့ ၊ သေ သောသူတို့၏ ထမြောက် ခြင်းတရား သည် လူ အားဖြင့် တည်လျက်ရှိ၏။
For since death came by man, the resurrection of the dead also came by man.
22 ၂၂ လူအပေါင်း တို့သည် အာဒံ အားဖြင့် သေ ခြင်းသို့ ရောက်သည်နည်းတူ ၊ လူအပေါင်း တို့သည် ခရစ်တော် အားဖြင့် အသက် ရှင်ခြင်းသို့ ရောက်ရကြလတံ့။
For as in Adam all die, so also in Christ all will be made alive.
23 ၂၃ သို့ရာတွင် လူအသီးအသီး တို့သည် မိမိ တို့အလှည့် အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော် သည် အဦး သီးသော အသီးဖြစ်တော်မူ၏၊ ခရစ်တော် သည် ကြွလာ တော်မူသောအခါ ၊ တပည့် တော်ဖြစ်သော သူ တို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
But each in his own order: Christ the first fruits, then those who are Christ’s at his coming.
24 ၂၄ ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာ တန်ခိုး အမျိုးမျိုး ကို ပယ်ရှင်း ၍ ၊ မိမိနိုင်ငံ ကို ဘုရားသခင် တည်းဟူသောခမည်းတော် ၌ အပ် ပြန်တော်မူပြီးမှ ကမ္ဘာကုန် ရလတံ့။
Then the end comes, when he will deliver up the Kingdom to God the Father, when he will have abolished all rule and all authority and power.
25 ၂၅ ခရစ်တော် သည် ရန်သူ အပေါင်း တို့ကို ခြေဖဝါး တော်အောက် ၌ ချထား တော်မ မူမှီတိုင်အောင်အုပ်စိုး တော်မူရ မည်။
For he must reign until he has put all his enemies under his feet.
26 ၂၆ နောက်ဆုံး သော ရန်သူ တည်းဟူသောသေမင်း သည် ဆုံးရှုံး ခြင်းသို့ ရောက်ရလတံ့။
The last enemy that will be abolished is death.
27 ၂၇ ခပ်သိမ်း သောအရာတို့ကို လူ သား၏ ခြေ အောက် ၌ ချထား တော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်း သောအရာတို့သည် ချထား လျက်ရှိကြောင်း ကို ဆို သော် ၊ ခပ်သိမ်း သောအရာတို့ကို လူ သားအောက်၌ ချထား တော်မူသောသူ သည်ကြွင်း တော်မူကြောင်း ထင်ရှား သတည်း။
For, “He put all things in subjection under his feet.” But when he says, “All things are put in subjection”, it is evident that he is excepted who subjected all things to him.
28 ၂၈ ခပ်သိမ်း သော အရာတို့သည် လူသားအောက်၌ ချထား လျက် ရှိသောအခါ ၊ ခပ်သိမ်း သောအရာတို့ကို သူ့ အောက်၌ ချထား တော်မူသော သူ ၏ အုပ်စိုးတော်မူခြင်းကို သား တော်သည် ကိုယ်တိုင် ဝန်ခံ လိမ့်မည်။ အကြောင်းမူကား ၊ ဘုရားသခင် သည် အလုံးစုံ ဖြစ် တော်မူမည်အကြောင်းတည်း။
When all things have been subjected to him, then the Son will also himself be subjected to him who subjected all things to him, that God may be all in all.
29 ၂၉ သေ လွန်သောသူတို့သည် ထမြောက် ခြင်း အလျှင်း မ ရှိလျှင် ၊ သေ လွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံ ကိုခံသော သူ တို့သည် အဘယ်သို့ ပြု ရမည်နည်း။ သေလွန်သော သူ တို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံ ကို ခံရကြသနည်း။
Or else what will they do who are baptized for the dead? If the dead aren’t raised at all, why then are they baptized for the dead?
30 ၃၀ ငါ တို့သည်လည်း ဘေးရောက် အံ့သော အခြင်းအရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။
Why do we also stand in jeopardy every hour?
31 ၃၁ ငါသည် နေ့တိုင်း အသေခံ ရ၏ဟု ငါ တို့သခင် ယေရှု ခရစ် ၌ သင် တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။
I affirm, by the boasting in you which I have in Christ Jesus our Lord, I die daily.
32 ၃၂ သေ လွန်သောသူတို့သည် ထမြောက် ခြင်း မ ရှိလျှင် ၊ ဧဖက် မြို့၌ လောကီ ဝေါဟာရအားဖြင့် ၊ အထက် က ငါသည်သားရဲ တို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုး ရှိသနည်း။ စား ကြကုန်အံ့၊ သောက် ကြကုန်အံ့၊ နက်ဖြန် သေ ရကြမည်။
If I fought with animals at Ephesus for human purposes, what does it profit me? If the dead are not raised, then “let’s eat and drink, for tomorrow we die.”
33 ၃၃ အလွဲ မ ယူကြနှင့်။ မကောင်း သော သူတို့နှင့် ပေါင်းဖော် ခြင်းအားဖြင့်ကောင်း သော အကျင့် ဓလေ့ ယိုယွင်း တတ်၏။
Don’t be deceived! “Evil companionships corrupt good morals.”
34 ၃၄ တရား သဖြင့် နိုး ကြလော့။ ဒုစရိုက် ကိုမ ပြုကြနှင့်။ အချို့ သော သူတို့သည် ဘုရားသခင် ကို မ သိကြ။ ထိုသို့ဆိုသော်၊ သင် တို့ကို ရှက်ကြောက် စေခြင်းငှာ ငါဆို ၏။
Wake up righteously and don’t sin, for some have no knowledge of God. I say this to your shame.
35 ၃၅ သေ လွန်သောသူတို့သည် အဘယ်သို့ ထမြောက် ကြမည်နည်း။ အဘယ်သို့ သော ကိုယ် နှင့် ပေါ်လာ ကြမည်နည်းဟု တစ်စုံတစ်ယောက် သောသူ မေး လိမ့်မည်။
But someone will say, “How are the dead raised?” and, “With what kind of body do they come?”
36 ၃၆ အချင်းလူမိုက် ၊ သင် စိုက် သောမျိုးစေ့မ ပျက် လျှင် မ ရှင် တတ်။
You foolish one, that which you yourself sow is not made alive unless it dies.
37 ၃၇ ထိုမှတပါး မျိုးစေ့ကို စိုက် သောအခါ၊ နောက် ဖြစ် လတံ့သော ကိုယ် ကိုမ စိုက်၊ ဂျုံ စပါးဖြစ်စေ၊ အခြား သောစပါး ဖြစ်စေ၊ အစေ့ သက်သက်ကို စိုက် တတ်၏။
That which you sow, you don’t sow the body that will be, but a bare grain, maybe of wheat, or of some other kind.
38 ၃၈ ဘုရားသခင် သည် အလို တော်ရှိသည်အတိုင်း ကိုယ် ကို ပေး တော်မူ၏။ မျိုးစေ့ အသီးအသီး တို့အား လည်း ၊ မိမိ တို့မျိုးအတိုင်း ကိုယ် ကိုပေးတော်မူ၏။
But God gives it a body even as it pleased him, and to each seed a body of its own.
39 ၃၉ အသား ရှိသမျှ တို့သည် တမျိုး တည်းမ ဟုတ်။ လူ သား တမျိုး ၊ အမဲသား တမျိုး ၊ ငါး သားတမျိုး ၊ ငှက် သား တမျိုး ၊ အသီးအသီးရှိကြ၏။
All flesh is not the same flesh, but there is one flesh of men, another flesh of animals, another of fish, and another of birds.
40 ၄၀ ကောင်းကင် အကောင် အထည်လည်း ရှိ၏။ မြေကြီး အကောင် အထည်လည်း ရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ် အသရေလည်း တမျိုး ၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်း တမျိုး ဖြစ်၏။
There are also celestial bodies and terrestrial bodies; but the glory of the celestial differs from that of the terrestrial.
41 ၄၁ နေ ၏ဂုဏ် အသရေတမျိုး ၊ လ ၏ဂုဏ် အသရေတမျိုး ၊ ကြယ် တို့၏ ဂုဏ် အသရေတမျိုး အသီးအသီးရှိကြ၏။ ကြယ် တို့၏ ဂုဏ် အသရေသည်လည်း အသီးသီး အခြားခြားဖြစ်ကြ၏။
There is one glory of the sun, another glory of the moon, and another glory of the stars; for one star differs from another star in glory.
42 ၄၂ ထိုနည်းတူ ၊ သေ သောသူတို့၏ ထမြောက် ခြင်းအကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက် သောအခါ၊ ပုပ် တတ်သောသဘောရှိ၏။ ထမြောက် သောအခါ မ ပုပ်နိုင်သောအဖြစ်၌ တည်၏။
So also is the resurrection of the dead. The body is sown perishable; it is raised imperishable.
43 ၄၃ စိုက် သောအခါဂုဏ် အသရေပျက်၏။ ထမြောက် သောအခါ ဂုဏ် အသရေနှင့် ပြည့်စုံ၏။ စိုက် သောအခါ အစွမ်း မရှိ။ ထမြောက် သောအခါ အစွမ်း နှင့်ပြည့်စုံ၏။
It is sown in dishonor; it is raised in glory. It is sown in weakness; it is raised in power.
44 ၄၄ စိုက် သောအခါ ဇာတိ ပကတိကိုယ် ဖြစ်၏။ ထမြောက် သောအခါ ဝိညာဏ ကိုယ် ဖြစ်၏။ ဇာတိ ပကတိကိုယ် တမျိုး၊ ဝိညာဏ ကိုယ်တမျိုးရှိ ၏။
It is sown a natural body; it is raised a spiritual body. There is a natural body and there is also a spiritual body.
45 ၄၅ ကျမ်းစာ လာသည်ကား ၊ ရှေးဦးစွာ သော လူ အာဒံ သည် အသက် ရှင်သော သတ္တဝါ ဖြစ် ၏ဟု လာသတည်း။ ယခုတွင်နောက်ဆုံး ဖြစ်သော အာဒံ မူကား၊ အသက် ရှင်စေတတ်သော ဝိညာဉ် ဖြစ်၏။
So also it is written, “The first man Adam became a living soul.” The last Adam became a life-giving spirit.
46 ၄၆ ဝိညာဏ ကိုယ်သည် ရှေးဦးစွာ ဖြစ်သည်မ ဟုတ်၊ ဇာတိ ပကတိကိုယ်သည် ရှေးဦးစွာဖြစ်၏။ နောက်မှ ဝိညာဏ ကိုယ်ဖြစ်၏။
However, that which is spiritual isn’t first, but that which is natural, then that which is spiritual.
47 ၄၇ ရှေးဦးစွာ သော လူ သည်မြေကြီး က ဖြစ်သောကြောင့်မြေ သားဖြစ်၏။ ဒုတိယ လူ မူကား ၊ ကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။
The first man is of the earth, made of dust. The second man is the Lord from heaven.
48 ၄၈ မြေ သား တို့သည် ထို မြေ သား ကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင် သားတို့သည် ထို ကောင်းကင် သားကဲ့သို့ ဖြစ်ကြလိမ့်မည်။
As is the one made of dust, such are those who are also made of dust; and as is the heavenly, such are they also that are heavenly.
49 ၄၉ ငါ တို့သည် မြေ သား၏ ပုံ သဏ္ဌာန်ကို ဆောင်သကဲ့သို့ ၊ ကောင်းကင် သား၏ ပုံ သဏ္ဌာန်ကို ဆောင် ကြ လိမ့်မည်။
As we have borne the image of those made of dust, let’s also bear the image of the heavenly.
50 ၅၀ ညီအစ်ကို တို့၊ ငါဆို သည်ကား ၊ လူအသွေး အသား သည် ဘုရားသခင် ၏နိုင်ငံ တော်ကို အမွေ မ ခံနိုင် ၊ ပုပ် တတ်သောအရာသည် မ ပုပ်နိုင်သောအဖြစ်ကို အမွေ မ ခံနိုင်။
Now I say this, brothers, that flesh and blood can’t inherit God’s Kingdom; neither does the perishable inherit imperishable.
51 ၅၁ နက်နဲ သော အရာတစ်ခုကိုငါ ပြဦးမည်။ ငါတို့ ရှိသမျှ သည် အိပ်ပျော် ရကြမည်မ ဟုတ်။
Behold, I tell you a mystery. We will not all sleep, but we will all be changed,
52 ၅၂ သို့သော်လည်း ၊ နောက်ဆုံး သော တံပိုး မှုတ်သောအခါ ၊ တခဏခြင်း တွင် မျက်စိ တစ်မှိတ် ၌ ငါတို့ရှိသမျှ သည် ပြောင်းလဲ ခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုး မှုတ်ချိန်ရောက်သောအခါ ၊ သေ လွန်သောသူတို့သည်၊ မ ပုပ်နိုင် သောအဖြစ်၌ တည်လျက် ထမြောက် ၍၊ ငါ တို့ရှိသမျှသည် ပြောင်းလဲ ခြင်းသို့ ရောက်ရကြမည်။
in a moment, in the twinkling of an eye, at the last trumpet. For the trumpet will sound and the dead will be raised incorruptible, and we will be changed.
53 ၅၃ ယခု မျက်မှောက်ပုပ် တတ်သော အရာသည် မ ပုပ်နိုင်သောအဖြစ်သို့ ဝင်စား ရမည်။ ယခု မျက်မှောက်သေ တတ်သော အရာသည် မ သေနိုင်သောအဖြစ်သို့ ဝင်စား ရမည်။
For this perishable body must become imperishable, and this mortal must put on immortality.
54 ၅၄ ဤ ပုပ် တတ်သောအရာသည် မ ပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤ သေ တတ်သောအရာသည် မ သေနိုင် သောအဖြစ်သို့၎င်း၊ ဝင်စား သောအခါ၊ သေ ခြင်းသည် အောင် ခြင်း၌ နစ်မြုပ် ပြီဟု ကျမ်းစာ ၌လာချက် ပြည့်စုံ လိမ့်မည်။
But when this perishable body will have become imperishable, and this mortal will have put on immortality, then what is written will happen: “Death is swallowed up in victory.”
55 ၅၅ အိုသေမင်း ၊ သင် ၏လက်နက် သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏနိုင်ငံ၊ သင် ၏အောင် ခြင်းသည် အဘယ်မှာ ရှိသနည်း။ (Hadēs g86)
“Death, where is your sting? Hades, where is your victory?” (Hadēs g86)
56 ၅၆ သေမင်း ၏လက်နက် ကား ၊ ဒုစရိုက် အပြစ်ပေတည်း။ ဒုစရိုက် အပြစ်၏ တန်ခိုး ကား ၊ ပညတ် တရား ပေတည်း။
The sting of death is sin, and the power of sin is the law.
57 ၅၇ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ငါ တို့အား အောင် ခြင်းအခွင့်ကို ပေး တော်မူသော ဘုရားသခင် ၏ ကျေးဇူး တော်သည် ကြီးလှစွတကား ။
But thanks be to God, who gives us the victory through our Lord Jesus Christ.
58 ၅၈ ထိုကြောင့် ငါ ချစ် သောညီအစ်ကို တို့၊ သင် တို့သည် သခင် ဘုရား၏အမှု တော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ် သဖြင့် တည်ကြည် သော စိတ်နှင့် ပြည့်စုံ ၍၊ မ ရွေ့လျော့မတိမ်းယိမ်းဘဲလျက်၊ သခင် ဘုရားအမှု တော်ကို ကြိုးစားအားထုတ်ကြလော့။
Therefore, my beloved brothers, be steadfast, immovable, always abounding in the Lord’s work, because you know that your labor is not in vain in the Lord.

< ၁ ကောရိန္သု 15 >