< ၁ ကောရိန္သု 13 >
1 ၁ ငါသည် လူ ဘာသာစကားကို၎င်း ၊ ကောင်းကင်တမန် ဘာသာ စကားကို၎င်း ပြော နိုင်သော်လည်း မေတ္တာ မ ရှိ လျှင် အသံ မြည်သော တံပိုး ခရာကဲ့သို့၎င်း၊ တီး သံကိုသာ ပေးတတ်သော လင်းကွင်း ကဲ့သို့၎င်း ဖြစ် ၏။
If I speak with the tongues of men and of agents, but have not love, I have become sounding brass, or a clashing cymbal.
2 ၂ ပရောဖက် ဉာဏ်ကို ငါရ ၍ ၊ နက်နဲ သောအရာရှိသမျှ တို့နှင့် သိပ္ပံ အတတ်အမျိုးမျိုး ကို တတ် သော်၎င်း၊ တောင် များကိုရွှေ့ နိုင်သော ယုံကြည် ခြင်းအမျိုးမျိုး နှင့် ပြည့်စုံ သော်၎င်း၊ မေတ္တာ မ ရှိ လျှင် အချည်းနှီး သက်သက်ဖြစ် ၏။
And if I have prophecy, and know all mysteries and all knowledge, and if I have all faith so as to remove mountains, and have not love, I am nothing.
3 ၃ သူတစ်ပါးကို ငါ ကျွေးမွေး၍ ဥစ္စာ ရှိသမျှ ကို စွန့်ကြဲ သည်သာမက ၊ ကိုယ်ခန္ဓာ ကို မီးရှို့စေခြင်းငှာ အပ် သော်လည်း ၊ မေတ္တာ မ ရှိ လျှင် ၊ ငါ ၌အကျိုးမ ရှိ။
And if I dole out all things possessed by me, and if I deliver my body so that I may be burned, and have not love, I benefit nothing.
4 ၄ မေတ္တာ သည် စိတ်ရှည် တတ်၏။ ကျေးဇူး ပြုတတ်၏။ မေတ္တာ သည် ဂုဏ်ပြိုင် ခြင်းမ ရှိ၊ ဝါကြွား ခြင်းမ ရှိ၊ မာန် မာနမ ရှိ။
Love is patient and is kind. Love does not envy. Love does not brag, and is not puffed up.
5 ၅ မ လျောက်ပတ် စွာမကျင့်တတ်၊ ကိုယ် အကျိုး ကို မ ရှာ တတ်၊ ဒေါသ အမျက်မ ထွက်တတ်၊ အပြစ် ရှိသည်ဟု မ ထင် တတ်၊
It does not behave improperly, does not seek the things of itself, is not made sharp, does not contemplate evil,
6 ၆ မတရား သော အမှု၌ ဝမ်းမြောက် ခြင်းမ ရှိတတ်၊ သမ္မာတရား ၌ ဝမ်းမြောက် တတ်၏။
does not rejoice in wrong but rejoices in the truth,
7 ၇ ခပ်သိမ်း သောအရာကို ဖုံးအုပ် တတ်၏။ ခပ်သိမ်း သောအရာကို ယုံ တတ်၏။ ခပ်သိမ်း သောအရာကို မြော်လင့် တတ်၏။ ခပ်သိမ်း သောအရာကို သည်းခံ တတ်၏။
covers all things, believes all things, hopes all things, endures all things.
8 ၈ မေတ္တာ သည် ဖောက်ပြန် ခြင်းသဘောနှင့် အစဉ် ကင်းလွတ်၏။ ပရောဖက် ဉာဏ်သော်၎င်း၊ အမျိုးမျိုး သော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံ အတတ်သော်၎င်း၊ ကွယ်ပျောက် လိမ့်မည်။
Love never fails. But whether prophecies, they will be abolished, whether tongues, they will cease, whether knowledge, it will be abolished.
9 ၉ ယခုမူကား ၊ ငါတို့သည် မစုံမလင်သိ တတ်ကြ၏။ ပရောဖက် ဉာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။
But we know in part, and we prophesy in part,
10 ၁၀ စုံလင် ခြင်းသို့ ရောက် သောအခါ မူကား ၊ မ စုံလင်သမျှတို့သည် ကွယ်ပျောက် ကြလိမ့်မည်။
but when the perfect comes, then what is in part will be abolished.
11 ၁၁ ငါသည် သူငယ် ဖြစ် စဉ်အခါ ၊ သူငယ် လို စကား ပြော၏။ သူငယ် လို စိတ်ထင် ၏။ သူငယ် လို ကြံစည် ၏။ အသက်ကြီးသောအခါ မူကား၊ သူငယ် ၏ အရာများကို ငါပယ်ရှား ၏။
When I was a child, I spoke as a child, I understood as a child, I reasoned as a child, but when I became a man, I abolished the childish things.
12 ၁၂ ယခု တွင် ငါတို့သည် မှန် အားဖြင့် ရိပ်မိလျက် သာ နေကြ၏။ ထိုအခါ မူကား ၊ မျက်မှောက် ထင်ထင်မြင်ရကြလိမ့်မည်။ ယခု တွင် ငါအသိ အမြင်မ စုံလင်ဖြစ်၏။ ထိုအခါ မူကား ၊ သူတစ်ပါးသည် ငါ့ကို သိ သကဲ့သို့ ငါသိ ရလိမ့်မည်။
For now we see by polished metal, in dimness, but then face to face. Now I know in part, but then I will know just as also I was known.
13 ၁၃ ယခု တွင်ယုံကြည် ခြင်း၊ မြော်လင့် ခြင်း၊ ချစ် ခြင်း၊ ဤ သုံး ပါးတည်လျက် ရှိ၏။ ဤ သုံးပါးတို့တွင် ချစ် ခြင်း၊ မေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း။
And now remain faith, hope, love, these three, but the greater of these is love.