< ၁ ကောရိန္သု 12 >
1 ၁ ညီအစ်ကို တို့၊ သင် တို့သည် ဝိညာဉ် ဆုကျေးဇူးအကြောင်း များကို မသိဘဲနေစေခြင်းငှာငါအလို မ ရှိ။
Now concerning spiritual gifts, brethren, I would not have you ignorant.
2 ၂ သင် တို့သည် အထက် ကသာသနာပ လူဖြစ်၍ ၊ သူတစ်ပါး သွေးဆောင် သဖြင့်၊ စကား မပြောနိုင်သော ရုပ်တု ရှိရာ သို့ ပါသွားသော သူဖြစ်ကြောင်းကို သင်တို့ သိ ကြ၏။
Ye know, that when ye were gentiles, ye were carried away to dumb idols, as ye happened to be led;
3 ၃ ထိုကြောင့် ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ဟောပြော ၍ အဘယ်သူ မျှယေရှု ကို မကျိန်ဆဲ နိုင်သည်ကို၎င်း၊ ယေရှု သည် သခင် ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်း သောဝိညာဉ် တော်ကို အမှီမ ပြု လျှင် ၊ အဘယ်သူ မျှမပြော နိုင် သည်ကို၎င်း၊ သင် တို့သည် သိ နားလည်စေခြင်းငှာ ငါသတိပေး၏။
wherefore I give you to understand that no one speaking by the Spirit of God saith, Accursed be Jesus; and that no one can say, Jesus is Lord, but by the Holy Spirit.
4 ၄ ဆု ကျေးဇူးတော်အထူးထူး အထွေထွေ ရှိငြားသော်လည်းဝိညာဉ် တော်တစ်ပါးတည်း ရှိ ၏။
Now there are diversities of gifts, but the same Spirit;
5 ၅ ဓမ္မဆရာ အမှု အထူးထူး အထွေထွေရှိ ငြားသော်လည်း သခင် တစ်ပါးတည်း ရှိ၏။
and there are diversities of services, but the same Lord;
6 ၆ ပြုပြင် ခြင်းအမှု အထူးထူး အထွေထွေရှိ ငြားသော်လည်း ၊ ခပ်သိမ်း သော သူတို့၌ ပြုပြင်သမျှ ကို ပြုပြင် တော်မူသော ဘုရားသခင် တစ်ပါးတည်း ရှိ၏။
and there are diversities of operations, but it is the same God who worketh all things in all.
7 ၇ ကောင်းသောအကျိုး အလိုငှာ သာ ဝိညာဉ် တော်ကို လူ အသီးအသီးတို့အား ထင်ရှား စွာ ပေး တော်မူလျက် ရှိ၏။
But the manifestation of the Spirit is given to each one for the good of others.
8 ၈ အဘယ်သို့ နည်းဟူမူကား၊ ဝိညာဉ် တော်အားဖြင့် တစ်ယောက်သောသူ အား ပညာ တရား ကို ပေး တော်မူ၏။ ထို ဝိညာဉ် တော်အားဖြင့် တစ်ယောက် သော သူအား ထိုးထွင်း ခြင်းတရား ကို ပေးတော်မူ၏။
For to one is given by the Spirit the word of wisdom; to another the word of knowledge, according to the same Spirit;
9 ၉ ထို ဝိညာဉ် တော်အားဖြင့် တစ်ယောက် သော သူအားယုံကြည် ခြင်းကို ပေးတော်မူ၏။ ထို ဝိညာဉ် တော် အားဖြင့် တစ်ယောက် သောသူအား အနာ ရောဂါကို ငြိမ်းစေနိုင်သောအခွင့် ကို ပေးတော်မူ၏။
to another faith, by the same Spirit; to another the gifts of healing, by the one Spirit;
10 ၁၀ တစ်ယောက် သောသူအား၊ တန်ခိုး ကိုပြနိုင်သော အခွင့် ကို၎င်း ၊ တစ်ယောက် သောသူအား ပရောဖက် ပြုနိုင်သော အခွင့်ကို၎င်း ၊ တစ်ယောက် သောသူအား စိတ် ဝိညာဉ် တို့ကို ပိုင်းခြား ၍သိနိုင်သော အခွင့်ကို၎င်း ၊ တစ်ယောက် သောသူအား အမျိုးမျိုး သော ဘာသာ စကားကို ပြောနိုင်သော အခွင့်ကို၎င်း တစ်ယောက် သောသူအား ထိုဘာသာ စကား၏အနက် ကို ဖော်ပြနိုင်သော အခွင့်ကို၎င်း ပေးတော်မူ၏။
to another the working of miracles, to another prophecy, to another discerning of spirits, to another divers kinds of tongues, to another the interpretation of tongues.
11 ၁၁ ဤ အခွင့်ရှိသမျှ တို့ကို တစ်ပါးတည်း သော ဝိညာဉ် တော်သည် ပြုပြင် ၍ လူ အသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိ သည်အတိုင်း ဝေငှ ၍ ပေးတော်မူ၏။
But all these worketh the one and self-same Spirit, allotting to each one severally as it will.
12 ၁၂ ဥပမာ ကား၊ ကိုယ် တစ်ခု တည်း၌ အင်္ဂါ အများ ရှိ သည်ဖြစ် ၍ ထို တစ်ခုတည်းသောကိုယ် အင်္ဂါ အပေါင်း တို့သည် များ လျက်နှင့် ကိုယ် တစ်ခု တည်းဖြစ် သကဲ့သို့ ၊ ထိုနည်းတူ ခရစ်တော် ဖြစ်၏။
For as the body is one, and hath many members, and all the members of the body, being many, are one body, so it is with Christ.
13 ၁၃ အကြောင်းမူကား ၊ ယုဒ လူဖြစ်စေ ၊ ဟေလသ လူဖြစ်စေ ၊ ကျွန် ဖြစ်စေ ၊ လူ လွတ်ဖြစ်စေ ၊ ငါ တို့ရှိသမျှ သည် ဝိညာဉ် တော်တစ်ပါးတည်း အားဖြင့် တစ် ကိုယ် တည်းထဲသို့ ဗတ္တိဇံ ကိုခံကြ၏။ ငါတို့ရှိသမျှ သည် တစ် စိတ် တစ်ဝိညာဉ် တည်းထဲသို့လည်း သောက် ကြ၏။
For by one Spirit we were all baptized into one body, whether Jews or Greeks, whether slaves or freemen; and were all made to drink one Spirit.
14 ၁၄ ကိုယ် သည် အင်္ဂါ တစ်ခု တည်းရှိ သည်မ ဟုတ်၊ အများ ရှိသည်ဖြစ်၍၊
For the body also is not one member, but many.
15 ၁၅ ခြေ က၊ ငါသည်လက် မ ဟုတ် သောကြောင့် ကိုယ် နှင့် မ စပ်ဆိုင် ဟုဆို လျှင် ၊ ထိုသို့ဆိုသောကြောင့် မ စပ်ဆိုင် သည် မှန်သလော။
If the foot say, Because I am not a hand, I am not of the body, is it for this reason not of the body?
16 ၁၆ နား ကလည်း ၊ ငါ သည် မျက်စိ မ ဟုတ်သောကြောင့် ကိုယ် နှင့် မ စပ်ဆိုင် ဟုဆို လျှင် ၊ ထိုသို့ ဆိုသောကြောင့်မ စပ်ဆိုင် သည် မှန်သလော။
And if the ear say, Because I am not an eye, I am not of the body, is it for this reason not of the body?
17 ၁၇ တစ်ကိုယ်လုံးသည် မျက်စိ ဖြစ်လျှင် အဘယ်သို့ ကြား နိုင်မည်နည်း။ တစ်ကိုယ်လုံးသည် နား ဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း။
If the whole body were an eye, where would be the hearing? If the whole were hearing, where would be the smelling?
18 ၁၈ ယခု မူကား ၊ ဘုရားသခင် သည် အလိုတော်ရှိ သည်အတိုင်း အင်္ဂါ များအသီးသီး တို့ကို ကိုယ် ၌ စီရင် ခန့်ထား တော်မူ၏။
But as it is, God set the members every one of them in the body, as it pleased him.
19 ၁၉ ထိုမှတစ်ပါး၊ အင်္ဂါအပေါင်း တို့သည် အင်္ဂါ တစ်ခု တည်းဖြစ် လျှင် ကိုယ် သည်အဘယ်မှာ ရှိလိမ့်မည်နည်း။
And if they were all one member, where would be the body?
20 ၂၀ ယခု တွင်အင်္ဂါ အများ ရှိ လျက် နှင့် ကိုယ် တစ်ခု တည်းရှိ၏။
But now there are, indeed, many members, but one body.
21 ၂၁ မျက်စိ က ၊ သင့် ကိုငါ အလို မ ရှိဟု လက် ကို မ ဆို ရ။ ထိုနည်းတူ၊ ဦးခေါင်း က၊ သင် တို့ကိုငါ အလို မ ရှိဟု ခြေ တို့ကို မဆိုရ။ ထိုမျှမကအားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။
And the eye cannot say to the hand, I have no need of thee; nor, again, the head to the feet, I have no need of you.
22 ၂၂ အသရေ နည်း ဟန် ရှိသော အင်္ဂါ တို့အား လည်း၊ သာ၍ကြီး သော အသရေကို ပေးတတ်၏။
Nay, still more, those members of the body which seem to be weak, are necessary;
23 ၂၃ တင့်တယ် ခြင်းမရှိသောအင်္ဂါ တို့သည် သာ၍ ကြီးသော တင့်တယ် ခြင်းကို ခံရ ကြ၏။
and what we think to be less honorable parts of the body, upon these we bestow more abundant honor; and our unseemly parts have more abundant seemliness;
24 ၂၄ တင့်တယ် လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မ လို ကြ။
while our seemly parts have no need. But God so put the body together, as to give special honor to that part which lacked,
25 ၂၅ ကိုယ်ခန္ဓာ ၌ အချင်းချင်းကွဲပြား ခြင်းမ ရှိ ဘဲ၊ အင်္ဂါ များတို့သည် အချင်းချင်း သူ့ကို ကိုယ်နှင့်အမျှသတိပြု စေခြင်းငှာ၊ ဘုရားသခင် သည် ကိုယ်ခန္ဓာ ကိုမျှ စေ၍ ၊ ယုတ် သောအင်္ဂါအား သာ၍ များသော အသရေ ကို ပေး တော်မူ၏။
that there might be no schism in the body, but that the members should have the same care one for another.
26 ၂၆ သို့ဖြစ်၍ ၊ အင်္ဂါ တစ်ခု တည်းဆင်းရဲခြင်း ကို ခံရလျှင် ၊ အင်္ဂါ အပေါင်း တို့သည် အတူခံရ ကြ၏။ အင်္ဂါ တစ်ခု သည်ချီးမြှောက် ခြင်းကို ခံရလျှင် ၊ အင်္ဂါ အပေါင်း တို့သည် အတူ ဝမ်းမြောက်ရကြ၏။
And so if one member suffereth, all the members suffer with it; or if one member is honored, all the members rejoice with it.
27 ၂၇ သင် တို့သည် ခရစ်တော် ၏ ကိုယ် ဖြစ် ကြ၏။ အသီးအသီး အင်္ဂါ တော်ဖြစ်ကြ၏။
Now ye are the body of Christ, and members individually. And
28 ၂၈ ဘုရားသခင် သည်ပဌမ အရာ၌ တမန်တော် တို့ကို၎င်း၊ ဒုတိယ အရာ၌ ပရောဖက် တို့ကို၎င်း၊ တတိယ အရာ၌ ဆရာ တို့ကို၎င်း၊ ထိုနောက် တန်ခိုး ပြသော သူတို့ကို၎င်း၊ ထိုနောက် အနာ ရောဂါကို ငြိမ်းစေနိုင်သော အခွင့် ရှိသောသူတို့ကို၎င်း၊ သင်းထောက် တို့ကို၎င်း၊ စီရင် အုပ်စိုးသော သူတို့ကို၎င်း၊ အမျိုးမျိုး သော ဘာသာ စကား ကိုပြောနိုင်သော သူတို့ကို၎င်း၊ အသင်းတော် ၌ ခန့်ထား တော်မူ၏။
God appointed some in the church to be, in the first place, apostles, in the second place, prophets, in the third place, teachers, then miracles, then gifts of healing, those of helping and of governing, divers kinds of tongues. Are all apostles?
29 ၂၉ သင်းဝင်သူရှိသမျှ တို့သည် တမန်တော် ဖြစ်ကြ သလော။ ရှိသမျှ တို့သည် ပရောဖက် ဖြစ်ကြသလော။ ရှိသမျှ တို့သည် ဆရာ ဖြစ်ကြသလော။ ရှိသမျှ တို့သည် ဘုန်းတန်ခိုး ကို ပြနိုင်ကြသလော။
Are all prophets? Are all teachers? Are all workers of miracles?
30 ၃၀ ရှိသမျှ တို့သည် အနာ ရောဂါကို ငြိမ်းစေနိုင်သော အခွင့် ရှိ ကြသလော။ ရှိသမျှ တို့သည် အမျိုးမျိုး သော ဘာသာစကားကို ပြော နိုင်ကြသလော။ ရှိသမျှ တို့သည် ထို ဘာသာစကား၏ အနက်ကို ဖော်ပြနိုင်ကြသလော။
Have all the gifts of healing? Do all speak with tongues? Do all interpret?
31 ၃၁ သင်တို့သည် အမြတ်ဆုံး သော ဆု ကျေးဇူးတော်တို့ကို အလွန် အလိုရှိ ကြသည်တွင် ၊ သာ၍မြတ်သော လမ်း ကိုငါပြ ဦးမည်။
But desire earnestly the greater gifts. And furthermore I show you by far the most excellent way.