< ၁ ရာဇဝင်ချုပ် 8 >

1 ဗင်္ယာမိန် သားဦး ကား ဗေလ ၊ ဒုတိယ သား အာရှဗေလ ၊ တတိယ သားအဟိရံ၊
ဗင်္ယာမိန်​တွင်​ဗေ​လ၊ အာ​ရှ​ဗေ​လ၊ အ​ဟိ​ရံ၊-
2 စတုတ္ထ သား နောဟ ၊ ပဉ္စမ သား ရာဖ တည်း။
နော​ဟ၊ ရာဖ​ဟူ​၍​ကြီးစဉ်​ငယ်​လိုက်​သား ငါး​ယောက်​ရှိ​၏။
3 ဗေလ သား ကား အဒ္ဒါ ၊ ဂေရ ၊ အဘိဟုဒ်၊
ဗေ​လ​၏​သား​များ​မှာ အဒ္ဒါ၊ ဂေ​ရ၊ အ​ဘိ​ဟုဒ်၊- အ​ဘိ​ရွှ၊ နေ​မန်၊ အာ​ဟော၊ ဂေ​ရာ၊ ရှေ​ဖု​ဖံ၊ ဟု​ရံတို့ဖြစ်​၏။
4 အဘိရွှ ၊ နေမန် ၊ အာဟော၊
5 ဂေရာ ၊ ရှေဖုဖံ ၊ ဟုရံ တည်း၊
6 မာနဟက် မြို့သို့ နေရာ ပြောင်းသော ဂေဗ မြို့သား အဆွေအမျိုးသူကြီး ဖြစ်သော ဧဟုဒ် သား ကား၊ နေမန် ၊ အဟိယ ၊ ဂေရ တည်း။
ဧဟုဒ်​၏သား​များ​မှာ​နေ​မန်၊ အ​ဟိ​ယ​နှင့် ဂေ​ရ​ဖြစ်​၏။-သူ​တို့သည်​ဂေ​ဗ​မြို့တွင်​နေ​ထိုင် သူ​တို့၏​အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​၏။ သို့ရာတွင်​ထို​မြို့​မှ​နှင်​ထုတ်​ခြင်း​ခံ​ရကြ သော​အ​ခါ​သူ​တို့​သည်​မာ​န​ဟက်​မြို့သို့ သွား​ရောက်​နေ​ထိုင်​ကြ​လေ​သည်။ ယင်း​သို့ ပြောင်း​ရွှေ့ရာ​တွင်​သြ​ဇ​နှင့်အ​ဟိ​ဟုဒ်​တို့၏ အ​ဖ​ဖြစ်​သူ​ဂေ​ရသည်​သူ​တို့အား ဦး​စီး​ခေါင်း​ဆောင်​ပြု၏။
7 နေရာ ပြောင်းသောနောက်၊ ဩဇ နှင့် အဟိဟုဒ် ကိုလည်း မြင် ၏။
8 ရှဟာရိမ် သည် မယား ဟုရှိမ် နှင့် ဗာရာ ကိုစွန့် ပြီးမှ၊ မောဘ ပြည် ၌ နေ၍၊
ရှ​ဟာ​ရိမ်​သည်​မိ​မိ​၏ဇ​နီး​ဟု​ရှိမ်​နှင့် ဗာ​ရာတို့​ကို​ကွာ​ရှင်း​ပြီးနောက်​မော​ဘ ပြည်​တွင်​နေ​ထိုင်​သော​အ​ခါ-
9 မယား ဟောဒေရှ တွင် ယောဗပ် ၊ ဇိဘိ ၊ မေရှ ၊ မာလခံ၊
ဟော​ဒေ​ရှ​နှင့်​အိမ်​ထောင်​ပြု၍​ယော​ဗပ်၊ ဇိ​ဘိ၊ မေ​ရှ၊ မာ​လ​ခံ၊-
10 ၁၀ ယုဇ ၊ ရှာခိ ၊ မိရမ တို့ကို မြင် ၍ ၊ ဤ သူတို့သည် အဆွေအမျိုး သူကြီး ဖြစ်ကြ၏။
၁၀ယု​ဇ၊ ရှာ​ခိ၊ မိ​ရမ​ဟူ​သော​သား​ခု​နစ်​ယောက် ကို​ရလေ​သည်။ သူ​၏သား​များ​အား​လုံး​ပင် အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​လာ​ကြ​၏။
11 ၁၁ အရင်မယား ဟုရှိမ် တွင် ၊ အဘိတုပ် နှင့် ဧလပါလ ကို မြင် ၏။
၁၁သူ​သည်​ယ​ခင်​ဇ​နီး​ဟု​ရှိမ်​နှင့်​လည်း​အ​ဘိ တုပ်​နှင့်​ဧလ​ပါ​လ​ဟူ​သော​သား​နှစ်​ယောက် ကို​ရ၏။
12 ၁၂ ဧလပါလ သား ကား ဧဗာ ၊ မိရှဟံ ၊ ရှာမက် တည်း။ ရှာမက်သည် ဩနော မြို့၊ လောဒ မြို့နှင့် ကျေးလက် များကို ပြုစု သောသူဖြစ်၏။
၁၂ဧလ​ပါ​လ​တွင်​ဧဗာ၊ မိ​ရှ​ဟံ၊ ရှာ​မက်၊ ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ သြ​နော​မြို့၊ လော​ဒ​မြို့ နှင့်​အ​နီး​တစ်​ဝိုက်​ရှိ​ကျေး​ရွာ​များ​ကို​တည် ထောင်​သူ​မှာ​ရှာ​မက်​ဖြစ်​၏။
13 ၁၃ ဗေရိယ နှင့် ရှေမ တို့သည် ဂါသ မြို့သား တို့ကို နှင်ထုတ် သော အာဇလုန် မြို့သား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။
၁၃ဗေ​ရိယ​နှင့်​ရှေ​မ​တို့သည်​အာ​ဇ​လုန်​မြို့တွင် အ​ခြေ​စိုက်​နေ​ထိုင်​ကြ​သူ​တို့၏​အိမ်​ထောင် ဦး​စီး​များ​ဖြစ်​၍ ဂါ​သ​မြို့​သား​တို့ကို​နှင် ထုတ်​ကြ​သူ​များ​ဖြစ်​၏။-
14 ၁၄ ထိုမှတပါး ၊ အဟိဩ ၊ ရှာရှက် ၊ ယေရိမုတ်၊
၁၄ဗေ​ရိ​ယ​၏သား​မြေး​တို့တွင်​အ​ဟိ​သြ၊ ရှာ​ရှက်၊ ယေ​ရိ​မုတ်၊-
15 ၁၅ ဇေဗဒိ ၊ အာရဒ် ၊ အာဒါ၊
၁၅ဇေ​ဗ​ဒိ၊ အာ​ရဒ်၊ အာ​ဒါ၊ မိက္ခေ​လ၊ ဣ​ရှ​ပ၊ ယော​ဟ​တို့ပါ​ဝင်​ကြ​၏။
16 ၁၆ မိက္ခေလ ၊ ဣရှပ ၊ ယောဟ တို့သည် ဗေရိယ သား ဖြစ်ကြ၏။
၁၆
17 ၁၇ ဇေဗဒိ ၊ မေရှုလံ ၊ ဟေဇကိ ၊ ဟေဗာ၊
၁၇ဧလ​ပါ​လ​၏သား​မြေး​တို့​တွင်​ဇေ​ဗ​ဒိ၊ မေ​ရှု​လံ၊ ဟေ​ဇ​ကိ၊-
18 ၁၈ ဣရှမေရဲ ၊ ယေဇလိ ၊ ယောဗပ် တို့သည် ဧလပါလ သား တည်း။
၁၈ဟေ​ဗာ၊ ဣ​ရှ​မေ​ရဲ၊ ယေ​ဇ​လိ၊ ယော​ဗပ်​တို့ ပါ​ဝင်​ကြ​၏။
19 ၁၉ ယာကိမ် ၊ ဇိခရိ ၊ ဇာဗဒိ၊
၁၉ရှိ​မ​ဟိ​၏သား​မြေး​တို့​တွင်​ယာ​ကိမ်၊ ဇိ​ခ​ရိ၊ ဇာ​ဗ​ဒိ၊- ဧ​လျေ​နဲ၊ ဇိ​လ​သဲ၊ ဧလေ​လ၊- အ​ဒါ ယ၊ ဗေ​ရာ​ယ၊ ရှိ​မ​ရတ်​တို့ပါ​ဝင်​ကြ​၏။
20 ၂၀ ဧလျေနဲ ၊ ဇိလသဲ ၊ ဧလေလ၊
၂၀
21 ၂၁ အဒါယ ၊ ဗေရာယ ၊ ရှိမရတ် တို့သည် ရှိမဟိ သား တည်း။
၂၁
22 ၂၂ ဣရှပန် ၊ ဟေဗာ ၊ ဧလေလ၊
၂၂ရှာ​ရှက်​၏သား​မြေး​တို့​တွင်​ဣ​ရှ​ပန်၊ ဟေ​ဗာ၊ ဧလေ​လ၊-
23 ၂၃ အာဗဒုန် ၊ ဇိခရိ ၊ ဟာနန်၊
၂၃အာ​ဗ​ဒုန်၊ ဇိ​ခ​ရိ၊ ဟာ​နန်၊
24 ၂၄ ဟာနနိ ၊ ဧလံ ၊ အန္တောသိယ၊
၂၄ဟာ​န​နိ၊ ဧ​လံ၊ အေန္တောသိ​ယ၊
25 ၂၅ ဣဖဒိယ ၊ ပေနွေလ တို့သည် ရှာရှက် သား တည်း။
၂၅ဣ​ဖ​ဒိ​ယ၊ ပေ​နွေလ​တို့ပါ​ဝင်​ကြ​၏။
26 ၂၆ ရှံရှရဲ ၊ ရှေဟာရိ ၊ အာသလိ၊
၂၆ယေ​ရော​ဟံ​၏သား​မြေး​တို့​တွင်​ရှံ​ရှ​ရဲ၊ ရှေ​ဟာ​ရိ၊ အာ​သ​လိ၊-
27 ၂၇ ယာရရှိ ၊ ဧလိယ ၊ ဇိခရိ တို့သည် ယေရောဟံ သား တည်း။
၂၇ယာ​ရရှိ၊ ဧလိ​ယ၊ ဇိ​ခ​ရိ၊ တို့ပါ​ဝင်​ကြ​၏။
28 ၂၈ ဤ သူတို့သည် ယေရုရှလင် မြို့မှာ နေ ၍၊ အစဉ်အဆက် အဆွေအမျိုးသူကြီး မင်းဖြစ်ကြ၏။
၂၈ဤ​သူ​တို့သည်​ဘိုး​ဘေး​အ​စဉ်​အ​ဆက်​မှ အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​၍ သူ​တို့၏ သား​မြေး​များ​သည်​ယေ​ရုရှ​လင်​မြို့တွင် နေ​ထိုင်​ကြ​လေ​သည်။
29 ၂၉ ဂိဗောင် မြို့မှာ ဂိဗေါင် အဘ ယေဟေလနေ ၏။ သူ ၏မယား ကား မာခါ အမည် ရှိ၏။
၂၉ယေ​ဟေ​လ​သည်​ဂိ​ဗောင်​မြို့ကို​တည်​ထောင်​၍ ထို​မြို့တွင်​အ​ခြေ​စိုက်​နေ​ထိုင်​လေ​သည်။ သူ ၏​ဇ​နီး​၏နာ​မည်​မှာ​မာ​ခါ​ဖြစ်​၏။-
30 ၃၀ သူ ၏သားဦး ကား အာဗဒုန် ၊ သူ၏ညီကား ဇုရ ၊ ကိရှ ၊ ဗာလ ၊ နေရ၊ နာဒပ်၊
၃၀သူ​၏​သား​ဦး​ကား​အာဗဒုန်​တည်း။ အ​ခြား သား​များ​မှာ​ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊-
31 ၃၁ ဂေဒေါ် ၊ အဟိဩ ၊ ဇာခရိ ၊ မိကလုတ် တည်း။
၃၁ဂေ​ဒေါ်၊ အ​ဟိ​သြ၊ ဇာ​ခ​ရိနှင့်​မိ​က​လုတ် တို့​ဖြစ်​၏။-
32 ၃၂ မိကလုပ်သားကား ရှိမံ တည်း။ ဤသူ တို့သည် ယေရုရှလင် မြို့ မှာ ညီအစ်ကို စုအနား ၊ တဘက်တချက်၌ နေရာ ကျကြ၏။
၃၂မိ​က​လုတ်​၏သား​သည်​ရှိ​မံ​ဖြစ်​၏။ သူ​တို့ ၏​သား​မြေး​များ​သည်​မိ​မိ​တို့​၏သား​ချင်း အ​ခြား​အိမ်​ထောင်​စု​များ​အ​နီး​ယေ​ရု ရှ​လင်​မြို့တွင်​နေ​ထိုင်​ကြ​လေ​သည်။
33 ၃၃ နေရ သား ကားကိရှ ၊ ကိရှသား ရှောလု ၊ ရှောလု သား ယောနသန် ၊ မေလခိရွှ ၊ အဘိနာဒပ် ၊ ဣရှဗာလ တည်း။
၃၃နေ​ရ၏သား​သည်​ကိ​ရှ၊ ကိ​ရှ​၏သား​မှာ ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ​ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍ သား​လေး​ယောက်​ရှိ​၏။-
34 ၃၄ ယောနသန် သား ကား မေရိဗ္ဗာလ ၊ မေရိဗ္ဗာလ သား မိက္ခါ၊
၃၄ယော​န​သန်​၏သား​သည်​မေ​ရိဗ္ဗာ​လ​ဖြစ်​၍ မေ​ရိဗ္ဗာ​လ​၏သား​မှာ​မိက္ခာ​ဖြစ်​၏။
35 ၃၅ မိက္ခါ သား ပိသုန် ၊ မေလက် ၊ တာရာ ၊ အာခတ် တည်း။
၃၅မိက္ခာ​တွင်​ပိ​သုန်၊ မေ​လက်၊ တာ​ရာ၊ အာ​ခတ် ဟူ​၍​သား​လေး​ယောက်​ရှိ​၏။-
36 ၃၆ အာခတ် သား ကား ယာရ ၊ ယာရ သား အာလမက် ၊ အာဇမာဝက် ၊ ဇိမရိ တည်း၊ ဇိမရိ သား ကား မောဇ ၊
၃၆အာ​ခတ်​၏​သား​သည်​ယုဒ္ဒါ​ဖြစ်​၏။ ယုဒ္ဒါ​တွင် အာ​လ​မက်၊ အာ​ဇ​မာ​ဝက်၊ ဇိ​မ​ရိဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ ဇိ​မ​ရိ၏​သား​သည် မော​ဇ၊-
37 ၃၇ မောဇ သား ဗိနာ ၊ ဗိနာသား ရေဖာယ ၊ ရေဖာယ သား ဧလာသ ၊ ဧလာသသား အာဇေလ၊
၃၇မော​ဇ​၏သား​မှာ​ဗိ​နာ၊ ဗိ​နာ​၏သား​ကား ရေဖာ​ယ​ဖြစ်၏။ ရေဖာ​ယ၏​သား​သည် ဧလာ​သ၊ ဧလာ​သ​၏​သား​မှာ​အာ​ဇေ​လ ဖြစ်​သ​တည်း။
38 ၃၈ အာဇေလ သား ခြောက် ယောက်အမည် ကား အာဇရိကံ ၊ ဗောခေရု ၊ ဣရှမေလ ၊ ရှရိယ ၊ ဩဗဒိ ၊ ဟာနန် တည်း။
၃၈အာ​ဇေ​လ​တွင်​အာ​ဇ​ရိ​ကံ၊ ဗော​ခေ​ရု၊ ဣ​ရှ မေ​လ၊ ရှ​ရိယ၊ သြ​ဗ​ဒိ၊ ဟာ​နန်၊ ဟူ​၍​သား ခြောက်​ယောက်​ရှိ​၏။-
39 ၃၉ အာဇေလ ညီ ဧရှက် သားဦး ကား ဥလံ ၊ ဒုတိယ သား ယေဟုတ် ၊ တတိယ သား ဧလိဖလက် တည်း။
၃၉အာ​ဇေ​လ​၏​ညီ​ဧ​ရှက်​တွင်​ဥ​လံ၊ ယေ​ဟုတ်၊ ဧလိ​ဖ​လက်​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။
40 ၄၀ ဥလံ သား တို့သည် ခွန်အား ကြီးသော လေး သူရဲ ဖြစ် ကြ၏။ သား မြေး များ ၍ ပေါင်း တရာ ငါး ဆယ်ရှိကြ၏။ ဤရွေ့ကား ၊ ဗင်္ယာမိန် သားစဉ် မြေးဆက်ဖြစ်သတည်း။
၄၀ဥလံ​၏သား​များ​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ များ​နှင့်​လေး​သည်​တော်​များ​ဖြစ်​ကြ​၏။ သူ ၏သား​မြေး​ပေါင်း​တစ်​ရာ့​ငါး​ဆယ်​ရှိ​၏။ အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သူ​အ​ပေါင်း​တို့ သည်​ဗင်္ယာမိန်​အ​နွယ်​ဝင်​များ​ဖြစ်​သ​တည်း။

< ၁ ရာဇဝင်ချုပ် 8 >