< ၁ ရာဇဝင်ချုပ် 7 >

1 ဣသခါ သား ကား တောလ ၊ ဖုဝါ ၊ ယာရှုပ် ၊ ရှိမရုန် ၊ ပေါင်းလေး ယောက်တည်း။
And sons of Issachar; Tola, and Puah, Jashub, and Shimron, four.
2 တောလ သား ကား တောလ အဆွေအမျိုး သူကြီး ဩဇိ ၊ ရေဖာယ ၊ ယေရေလ ၊ ယာမဲ ၊ ယိဗသံ ၊ ရှမွေလ တည်း။ ထိုအဆွေအမျိုး အစဉ်အဆက်တို့သည် ခွန်အား ကြီးသော သူရဲ ဖြစ်၍၊ ဒါဝိဒ် မင်းလက်ထက် နှစ်သောင်း နှစ်ထောင်ခြောက် ရာ ရှိသတည်း။
And sons of Tola: Uzzi, and Rephaiah, and Jeriel, and Jahmai, and Jibsam, and Shemuel, heads of the house of their fathers, [even] of Tola, mighty of valour in their generations: their number in the days of David [is] twenty and two thousand and six hundred.
3 ဩဇိ သား ကား ဣဇရဟိ ၊ ဣဇရဟိ သား မိက္ခေလ ၊ ဩဗဒိ ၊ ယောလ ၊ ဣရှယ ၊ ပေါင်း ငါး ယောက်တည်း။ ဤသူတို့သည် အကြီးအကဲ ဖြစ်ကြ၏။
And sons of Uzzi: Izrahiah; and sons of Izrahiah: Michael, and Obadiah, and Joel, Ishiah, Hamishah — all of them heads.
4 သူ တို့၌ သား မယား များ သောကြောင့် ၊ အဆွေအမျိုး အသီးအသီးအလိုက် ၊ စစ်သူရဲ တပ်သားသုံးသောင်း ခြောက်ထောင်ရှိကြ၏။
And beside them, by their generations, of the house of their fathers, [are] troops of the host of battle, thirty and six thousand, for they multiplied wives and sons;
5 သူ တို့ညီအစ်ကို ဣသခါ အဆွေအမျိုး အပေါင်း တို့သည် ခွန်အား ကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက်စာရင်း ဝင်သည်အတိုင်း ၊ ရှစ်သောင်း ခုနစ်ထောင်ရှိကြ၏။
and their brethren of all the families of Issachar [are] mighty of valour, eighty and seven thousand, all have their genealogy.
6 ဗင်္ယာမိန် သားကား ဗေလ ၊ ဗေခါ ၊ ယေဒယေလ ၊ ပေါင်းသုံး ယောက်တည်း။
Of Benjamin: Bela, and Becher, and Jediael, three.
7 ဗေလ သား ကား အဆွေအမျိုး သူကြီး ဧဇဗုန် ၊ ဩဇိ ၊ ဩဇေလ ၊ ယေရိမုတ် ၊ ဣရိ ၊ ပေါင်းငါး ယောက်တည်း။ ဤသူတို့သည် ခွန်အား ကြီးသော သူရဲဖြစ်၍၊ သားစဉ်မြေးဆက်စာရင်း ဝင်သည်အတိုင်း၊ နှစ်သောင်း နှစ်ထောင်သုံး ဆယ် လေး ယောက်ရှိကြ၏။
And sons of Bela: Ezbon, and Uzzi, and Uzziel, and Jerimoth, and Iri, five; heads of a house of fathers, mighty of valour, with their genealogy, twenty and two thousand, and thirty and four.
8 ဗေခါ သား ကား ဇေမိရ ၊ ယောရှ ၊ ဧလျေဇာ ၊ ဧလိဩနဲ ၊ ဩမရိ ၊ ယေရိမုတ် ၊ အဘိယ ၊ အာနသုတ် ၊ အာလမက် တည်း။
And sons of Becher: Zemirah, and Joash, and Eliezar, and Elioenai, and Omri, and Jerimoth, and Abijah, and Anathoth, and Alameth. All these [are] sons of Becher,
9 သားစဉ် မြေးဆက်စာရင်း ဝင်၍၊ အဆွေအမျိုး သူကြီး အသီးအသီး အလိုက်၊ ခွန်အား ကြီးသော သူရဲ နှစ်သောင်း နှစ်ထောင်နှစ်ရာရှိကြ၏။
with their genealogy, after their generations, heads of a house of their fathers, mighty of valour, twenty thousand and two hundred.
10 ၁၀ ယေဒယေလ သား ကား ဗိလဟန် ၊ ဗိလဟန် သား ယုရှ ၊ ဗင်္ယာမိန် ၊ ဧဟုဒ် ၊ ခေနာန ၊ ဇေသန် ၊ သာရှိရှ ၊ အဟိရှဟာ တည်း။
And sons of Jediael: Bilhan; and sons of Bilhan: Jeush, and Benjamin, and Ehud, and Chenaanah, and Zethan, and Tarshish, and Ahishahar.
11 ၁၁ အဆွေအမျိုးသူကြီး အသီးအသီးအလိုက်၊ ခွန်အားကြီး၍ စစ်တိုက် ခြင်းငှါ ၊ တတ်စွမ်းနိုင်သော သူရဲ တသောင်း ခုနစ်ထောင်နှစ် ရာရှိကြ၏။
All these [are] sons of Jediael, even heads of the fathers, mighty in valour, seventeen thousand and two hundred going out to the host for battle.
12 ၁၂ ထိုမှတပါး ၊ ရှုပိမ် ၊ ဟုပိမ် နှင့်တကွဣရ ဟုရှိမ် သား၊ အာဟေရ သား ရှိသတည်း။
And Shuppim and Huppim [are] sons of Ir; Hushim son of Aher.
13 ၁၃ နဿလိ သည် ဗိလဟာတွင် မြင်သောသား ကား၊ ဟာဇေလ ၊ ဂုနိ ၊ ယေဇ ၊ ရှလ္လုံ တည်း။
Sons of Naphtali: Jahziel, and Guni, and Jezer, and Shallum, sons of Bilhah.
14 ၁၄ မနာရှေ သားဦးကား အာသရေလ ၊ ထိုနောက်၊ ရှုရိ အမျိုးဖြစ်သော မယားငယ် တွင် မြင် သော သား၊ ဂိလဒ် ၏အဘ မာခိရ တည်း။
Sons of Manasseh: Ashriel, whom Jaladah his Aramaean concubine bare, with Machir father of Gilead.
15 ၁၅ မာခိရ သည်မာခါ အမည်ရှိသောဟုပိမ် နှင့် ရှုပိ ၏နှမ နှင့်စုံဘက် ၍၊ နှစ် ဆက်မြောက်သောသားကား ဇလောဖတ် အမည်ရှိ၏။ ဇလောဖတ် ၌ သမီး သက်သက်ရှိ ၏။
And Machir took wives for Huppim and for Shuppim, and the name of the one [is] Maachah, and the name of the second Zelophehad, and Zelophehad hath daughters.
16 ၁၆ မာခိရ မယား မာခါ သည် သား ကို ဘွားမြင် ၍ ၊ ပေရက် အမည် ဖြင့် မှည့် ၏။ သူ ၏ညီ ကား ရှေရက် အမည် ရှိ ၏။ သူ ၏သား ကား ဥလံ နှင့် ရေကင် တည်း။
And Maachah wife of Machir beareth a son and calleth his name Peresh, and the name of his brother [is] Sheresh, and his sons [are] Ulam and Rakem.
17 ၁၇ ဥလံ သား ကားဗေဒန် တည်း။ ဤရွေ့ကား မနာရှေ သား မာခိရ ၏ သား ဂိလဒ် အမျိုးအနွယ် တည်း။
And son of Ulam: Bedan. These [are] sons of Gilead son of Machir, son of Manasseh.
18 ၁၈ သူ ၏နှမ ဟမ္မောလေကက် သည် ဣရှောဒ ၊ အဗျေဇာ ၊ မဟာလ ကို ဘွားမြင် ၏။
And his sister Hammolecheth bare Ishhod, and Abiezer, and Mahalah.
19 ၁၉ ရှမိဒ သား ကား အဟိအန် ၊ ရှေခင် ၊ လိကဟိ ၊ အနိအံ တည်း။
And the sons of Shemida are Ahian, and Shechem, and Likhi, and Aniam.
20 ၂၀ ဧဖရိမ် သား ကား ရှုသေလ ၊ ရှုသေလသား ဗေရက် ၊ ဗေရက်သား တာဟတ် ၊ တာဟတ်သား ဧလာဒ ၊ ဧလာဒသား တာဟတ်၊
And sons of Ephraim: Shuthelah, and Bered his son, and Tahath his son, and Eladah his son, and Tahath his son,
21 ၂၁ တာဟတ်သား ဇာဗဒ် ၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတပါး ၊ ဧဖရိမ်သားဧဇာ နှင့် ဧလဒ် တို့သည် ထိုပြည် ၌ မွေးဘွား သော၊ ဂါသ မြို့သား တို့ တိရစ္ဆာန် များကို လုယူ သောကြောင့် အသက် ဆုံးကြ၏။
and Zabad his son, and Shuthelah his son, and Ezer, and Elead; and slain them have men of Gath who are born in the land, because they came down to take their cattle.
22 ၂၂ အဘ ဧဖရိမ် သည် အင်တန်ကာလ ပတ်လုံး စိတ် မသာညည်းတွားလျက် နေ၏။ ညီအစ်ကို တို့သည် နှစ်သိမ့် စေခြင်းငှါ လာ ကြ၏။
And Ephraim their father mourneth many days, and his brethren come in to comfort him,
23 ၂၃ နောက် တဖန်မယား ဆီသို့ ဝင် သဖြင့် သူသည် ပဋိသန္ဓေ ယူ၍ သား ကိုဘွားမြင် ၏။ ထိုသားကို ဗေရိယ အမည် ဖြင့်မှည့် ၏။ အကြောင်း မူကား၊ ကိုယ် အိမ်ထောင် ၌ အမင်္ဂလာ ရောက် သတည်း။
and he goeth in unto his wife, and she conceiveth and beareth a son, and he calleth his name Beriah, because in evil had been his house, —
24 ၂၄ သမီး ရှေရ ကား အထက် ဗေသောရုန် မြို့၊ အောက် ဗေသောရုန်မြို့၊ ဩဇင်ရှေရ မြို့တို့ကို ပြုစု သောသူဖြစ် ၏။
and his daughter [is] Sherah, and she buildeth Beth-Horon, the lower and the upper, and Uzzen-Sherah —
25 ၂၅ သူ ၏သား ကားရေဖ ၊ သူ၏သားရေရှပ် ၊ သူ ၏သား တေလ ၊ သူ ၏သား တာဟန်၊
and Rephah [is] his son, and Resheph, and Telah his son, and Tahan his son,
26 ၂၆ သူ ၏သား လာဒန် ၊ သူ ၏သား အမိဟုဒ် ၊ သူ ၏ သား ဧလိရှမာ၊
Laadan his son, Ammihud his son, Elishama his son,
27 ၂၇ သူ ၏သား နုန် ၊ သူ ၏သား ယောရှု တည်း။
Non his son, Jehoshua his son.
28 ၂၈ သူ တို့ပိုင် ထိုက်သော နေရာ ဟူမူကား ၊ ဗေသလ မြို့နှင့် ကျေးလက် ၊ အရှေ့ ဘက်၌ နာရန် မြို့၊ အနောက် ဘက်၌ ဂေဇာ မြို့နှင့် ကျေးလက် ၊ ရှေခင် မြို့နှင့် ကျေးလက် ၊ ဂါဇ မြို့နှင့် ကျေးလက်၊
And their possession and their dwellings [are] Beth-El and its small towns, and to the east Naaran, and to the west Gezer and its small towns, and Shechem and its small towns, unto Gaza and its small towns;
29 ၂၉ မနာရှေ အမျိုးသား နေရာအနားမှာ ဗက်ရှန် မြို့ နှင့် ကျေးလက် ၊ တာနက် မြို့နှင့် ကျေးလက် ၊ မေဂိဒ္ဒေါ မြို့ နှင့် ကျေးလက် ၊ ဒေါရ မြို့နှင့် ကျေးလက် တည်း။ ဤ မြို့ရွာတို့၌ ဣသရေလ ၏သား ဖြစ်သော ယောသပ် ၏ သား တို့ သည် နေရာ ကျကြ၏။
and by the parts of the sons of Manasseh, Beth-Shean and its small towns, Taanach and its small towns, Megiddo and its small towns, Dor and its small towns; in these dwelt the sons of Joseph son of Israel.
30 ၃၀ အာရှာ သား ကား ယိမန ၊ ဣရွာ ၊ ဣရွှိ ၊ ဗေရိယ ၊ နှမ စေရ တည်း။
Son of Asher: Imnah, and Ishve, and Ishvi, and Beriah, and Serah their sister.
31 ၃၁ ဗေရိယ သား ကား ဟေဗာ နှင့် မာလကျေလ တည်း။ မာလကျေလသားကား ဗိရဇာဝိတ်၊
And sons of Beriah: Heber, and Malchiel — he [is] father of Birzavith.
32 ၃၂ ဟေဗာ သား ကား ယာဖလက် ၊ ရှောမာ ၊ ဟောသံ ၊ နှမ ရှုအာတည်း။
And Heber begat Japhlet, and Shomer, and Hotham, and Shua their sister.
33 ၃၃ ယာဖလက် သား ကား ပါသက် ၊ ဗိမဟာလ ၊ အာရှဝတ် တည်း။
And sons of Japhlet: Pasach, and Bimhal, and Ashvath; these [are] sons of Japhlet.
34 ၃၄ ရှောမေရ သား ကား အာဟိ ၊ ရောဂ ၊ ယေဟုဗ္ဗ ၊ အာရံ တည်း။
and sons of Shamer: Ahi, and Rohgah, Jehubbah, and Aram.
35 ၃၅ သူ ၏ညီ ဟေလင် သား ကား ဇောဖ ၊ ဣမန ၊ ရှေလက် ၊ အာမလ တည်း။
And son of Helem his brother: Zophah, and Imna, and Shelesh, and Amal.
36 ၃၆ ဇောဖ သား ကား သုအာ ၊ ဟာနေဖာ ၊ ရွှလ ၊ ဗေရိ ၊ ဣမရ၊
Sons of Zophah: Suah, and Harnepher, and Shual, and Beri, and Imrah,
37 ၃၇ ဗေဇာ ၊ ဟောဒ ၊ ရှမ္မ ၊ ရှိလရှ ၊ ဣသရန် ၊ ဗေရ တည်း။
Bezer, and Hod, and Shamma, and Shilshah, and Ithran, and Beera.
38 ၃၈ ယေသာ သား ကား ယေဖုန္န ၊ ပိသပ ၊ အာရ တည်း။
And sons of Jether: Jephunneh, and Pispah, and Ara.
39 ၃၉ ဥလ္လ သား ကား အာရ ၊ ဟံယေလ ၊ ရေဇိယ တည်း။
And sons of Ulla: Arah, and Hanniel, and Rezia.
40 ၄၀ ဤ သူအပေါင်း တို့သည် အာရှာ အမျိုး ၌ အဆွေအမျိုး သူကြီး ၊ ရွေး သောသူ၊ ခွန်အား ကြီးသော သူရဲ မင်း ဖြစ်ကြ၏။ သားစဉ် မြေးဆက်စာရင်းဝင်၍ စစ်တိုက် ခြင်းငှါ တတ်စွမ်းနိုင်သောသူ နှစ်သောင်း ခြောက်ထောင်ရှိကြ ၏။
All these [are] sons of Asher, heads of the house of the fathers, chosen ones, mighty in valour, heads of the princes, with their genealogy, for the host, for battle, their number [is] twenty and six thousand men.

< ၁ ရာဇဝင်ချုပ် 7 >