< ၁ ရာဇဝင်ချုပ် 5 >
1 ၁ ရုဗင် သည် ဣသရေလ ၏ သားဦး ဖြစ်သော်လည်း ၊ အဘ အိပ်ရာ ကို ညစ်ညူး စေသောကြောင့် ၊ သားဦးအရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ ၏သား ဖြစ်သော ယောသပ် ၏ သား တို့အား ပေး သည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦး အရာကို လိုက် ၍ မ မှတ်ရ။
The sons of Reuben the firstborn of Israel. (Though he was the firstborn, his birthright was given to the sons of Joseph son of Israel because he had defiled his father's bed. That is why Reuben is not listed in the genealogy according to birthright,
2 ၂ ယုဒ သည်လည်း ညီအစ်ကို တို့တွင် လွန်ကဲ ၍ သူ ၏အမျိုးထဲက မင်း ဖြစ်တတ်သော်လည်း၊ သားဦး အရာ ကိုမရ၊ ယောသပ် ရ၏။
and even though Judah became the strongest of his brothers and a ruler came from him, the birthright belonged to Joseph.)
3 ၃ ဣသရေလ ၏ သားဦး ရုဗင် သား ကား ဟာနုတ် ၊ ဖာလု ၊ ဟေဇရုံ ၊ ကာမိ တည်း။
The sons of Reuben the firstborn of Israel: Hanoch, Pallu, Hezron, and Carmi.
4 ၄ ယောလ သား ကား ရှေမာယ ၊ ရှေမာယသား ဂေါဂ ၊ ဂေါဂသား ရှေမိ၊
The sons of Joel: Shemaiah his son, Gog his son, Shimei his son,
5 ၅ ရှေမိသား မိက္ခ ၊ မိက္ခသား ရာယ ၊ ရာယသား ဗာလ တည်း။
Micah his son, Reaiah his son, Baal his son,
6 ၆ ဗာလသား ကား၊ အာရှုရိ ရှင်ဘုရင် တိဂလတ်ပိလေသာ သိမ်း သွားသော ရုဗင် အမျိုး မင်း ဗေရာ တည်း။
and Beerah his son, the one whom Tiglath-Pileser the king of Assyria took into exile. He (Beerah) was a leader of the Reubenites.
7 ၇ သူ ၏ညီ ယေယေလ နှင့် ဇာခရိ တို့သည်လည်း၊ သားစဉ် မြေးဆက်စာရင်း ယူသောအခါ အဆွေအမျိုး သူကြီး ဖြစ်သတည်း။
Beerah's relatives are, listed in their genealogical records by family: Jeiel (chief), Zechariah,
8 ၈ ထိုအတူ ယောလ ၊ ရှေမ ၊ အာဇတ် တို့မှ ဆင်းသက် သော ဗေလ သည်လည်း မင်းဖြစ်လျက်၊ အာရော် မြို့ မှစ၍နေဗော မြို့၊ ဗာလမောင် မြို့တိုင်အောင် နေရာ ကျယ်၏။
and Bela of Azaz, son of Shema, son of Joel. They lived from Aroer to Nebo and Baal Meon.
9 ၉ ဂိလဒ် ပြည် ၌ သိုး နွားများပြား သောကြောင့် ၊ အရှေ့ မျက်နှာ၌ ဥဖရတ် မြစ် နှင့်ဆိုင်သော တော ဝင်ဝ တိုင်အောင် နေရာ ကျယ်၏။
On the eastern side they expanded into the land right up to the edge of the desert that continues to the Euphrates River, because their flocks had grown so big in Gilead.
10 ၁၀ ရှောလု မင်းလက်ထက် ဟာဂရ အမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ် ပြည်အရှေ့ ပိုင်း တရှောက် လုံးတွင် ဟာဂရ၏နေရာကို ယူ၍ နေရာ ကျကြ ၏။
In the time of Saul they went to war against the Hagrites, defeating them. They took over the places where the Hagrites had lived in all the regions east of Gilead.
11 ၁၁ သူ တို့တဘက် တချက်၊ ဗာရှန် ပြည် တွင် သလကာ မြို့တိုင်အောင် ဂဒ် အမျိုးသား တို့သည် နေရာ ကျကြ၏။
Next to them the descendants of Gad lived in Basha, all the way to Salecah.
12 ၁၂ ဗာရှန် ပြည်၌ အကြီးအကဲ ကား ယောလ ၊ ထိုနောက် ရှာဖံ ၊ ယာနဲ ၊ ရှာဖတ် တည်း။
Joel (chief), Shapham (second), and Janai and Shaphat, in Bashan.
13 ၁၃ သူ တို့အဆွေအမျိုး ချင်း ပေါက်ဘော် တော်သော သူကားမိက္ခေလ ၊ မေရှုလံ ၊ ရှေဘ ၊ ယောရဲ ၊ ယာခန် ၊ ဇယာ ၊ ယေဗာ ၊ ပေါင်းခုနစ် ယောက်တည်း။
Their relatives, according to family, were: Michael, Meshullam, Sheba, Jorai, Jacan, Zia, and Eber—a total of seven.
These were the sons of Abihail, son of Huri, son of Jaroah, son of Gilead, son of Michael, son of Jeshishai, son of Jahdo, son of Buz.
15 ၁၅ ထိုသူတို့သည် ဂုနိ ၊ အာဗဒျေလ ၊ ဗုဇာ ဟိ ၊ ယာဒေါ ၊ ယေရှိရှဲ ၊ မိက္ခေလ ၊ ဂိလဒ် ၊ ယာရော် ၊ ဟုရိ ၊ အဘိဟဲလ အမျိုးအနွယ် ဖြစ်သတည်း။ ဂုနိကား ထိုအဆွေ အမျိုး၏ သူကြီး ဖြစ်၏။
Ahi son of Abdiel, son of Guni, was their family chief.
16 ၁၆ သူတို့သည် ဂိလဒ် ပြည်၊ ဗာရှန် ပြည်မြို့ ရွာ၊ ရှာရုန် မြို့ပတ်လည်ပြည်စွန်း တိုင်အောင် နေရာ ကျကြ၏။
They lived in Gilead, in Bashan and its towns, and throughout the pasturelands of Sharon all the way to their borders.
17 ၁၇ ဤသူ အပေါင်း တို့သည် ယုဒ ရှင်ဘုရင် ယောသံ နှင့် ဣသရေလ ရှင်ဘုရင် ယေရောဗောင် လက်ထက် သားစဉ် မြေးဆက်စာရင်းဝင်ကြ၏။
They were all were recorded in the genealogy during the time of Jotham king of Judah and Jeroboam king of Israel.
18 ၁၈ ရုဗင် အမျိုး ၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တွင် ဒိုင်း နှင့် ထား ကို ကိုင် ၍ လေး နှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကိုလေ့ကျက် ၍ စစ်ချီတတ်သော စစ်သူရဲ ပေါင်း ကား၊ လေးသောင်း လေးထောင်ခုနစ် ရာ ခြောက် ဆယ်တည်း။
The tribe of Reuben, the tribe of Gadites, and the half-tribe of Manasseh had 44,760 battle-ready strong warriors capable of using shields and swords and bows.
19 ၁၉ ထိုသူတို့သည် ဟာဂရ အမျိုးသားတည်းဟူသော ယေတုရ ၊ နာဖိရှ ၊ နောဒပ် အမျိုးသားတို့နှင့် စစ် တိုက် ကြ၏။
They went to war against the Hagrites, Jetur, Naphish, and Nodab.
20 ၂၀ စစ်တိုက် သောအခါ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း သောကြောင့် ၊ ဘုရားသခင် မစ တော်မူ ခြင်းကျေးဇူးအားဖြင့်၊ ဟာဂရ လူတို့နှင့် သူ တို့ဥစ္စာ ရှိသမျှ ကိုရ ကြ၏။
They received help in fighting these enemies because they called out to God during the battles. In this way they were able to defeat the Hagrites and all who were with them. God answered their prayers because they trusted in him.
21 ၂၁ ကုလားအုပ် ငါးထောင်၊ သိုး နှစ်သိန်း ငါးသောင်း၊ မြည်း နှစ် ထောင်၊ လူ တသိန်း တို့ကိုသိမ်းယူ ကြ၏။
They captured their enemies' livestock—fifty thousand camels, two hundred fifty thousand sheep, and two thousand donkeys. They also captured one hundred thousand people,
22 ၂၂ ဘုရားသခင့် အခွင့်နှင့် စစ်တိုက် သောကြောင့် ၊ ရန်သူအများ တို့သည် လဲ သေ ကြ၏။ ဣသရေလလူတို့ သည် သိမ်းသွား ခြင်းအမှုမ ရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ ၌ နေရာ ကျကြ၏။
and many others were killed because the battle belonged to God. They took over the land and lived there until the exile.
23 ၂၃ မနာရှေ အမျိုး တဝက် သည်၊ ထိုပြည် တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန် မြို့၊ စနိရ မြို့၊ ဟေရမုန် တောင် တိုင်အောင်ပွားများ လျက်နေ၏။
The half-tribe of Manasseh had grown very large. They lived in the land from Bashan to Baal Hermon, (otherwise known as Senir and Mount Hermon).
24 ၂၄ အဆွေအမျိုး သူကြီး များဟူမူကား ၊ ခွန်အား ကြီး ၍ ကျော်စောသော စစ် သူရဲဧဖာ ၊ ဣရှိ ၊ ဧလျေလ ၊ အာဇရေလ ၊ ယေရမိ ၊ ဟောဒဝိ ၊ ယာဒျေလ တည်း။
These were the family heads: Epher, Ishi, Eliel, Azriel, Jeremiah, Hodaviah, and Jahdiel. They were strong warriors, famous men, heads of their families.
25 ၂၅ သို့ရာတွင် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ပြစ်မှား ၍ ၊ မိမိ တို့ရှေ့ မှာ ဘုရားသခင် ဖျက်ဆီး တော်မူသော ပြည်သား တို့ ဘုရား များနှင့် မှားယွင်း ကြ၏။
But they were unfaithful to the God of their forefathers. They prostituted themselves by following the gods of the peoples of the land, those that God had destroyed before them.
26 ၂၆ သို့ဖြစ်၍ ဣသရေလ အမျိုး၏ ဘုရားသခင် သည် အာရှုရိ ရှင်ဘုရင် ပုလ နှင့် ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ် ကို နှိုးဆော် တော်မူသဖြင့် ၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန် မြစ် နား၊ ဟေလ မြို့၊ ဟာဗော် မြို့၊ ဟာရ မြို့သို့ သိမ်း သွား၍ ယနေ့ တိုင်အောင် နေရာချထား၏။
So the God of Israel encouraged of Pul, king of Assyria, (otherwise known as Tiglath-Pileser king of Assyria), to invade the land. He took into exile the Reubenites, the Gadites and the half-tribe of Manasseh. He brought them to Halah, Habor, Hara, and the river of Gozan, where they remain to this very day.