< ၁ ရာဇဝင်ချုပ် 29 >
1 ၁ တဖန် ဒါဝိဒ် မင်းကြီး က၊ ဘုရားသခင် ရွေးကောက် တော်မူသောငါ့ သား ရှောလမုန် သည် အသက် ငယ်၍ နု သေး၏။ အမှု မူကား ကြီး လှ၏။ တည်ဆောက်ရသောဗိမာန် သည် လူ အဘို့ မ ဟုတ်၊ ထာဝရ အရှင် ဘုရားသခင် အဘို့ ဖြစ်၏။
၁ဒါဝိဒ်မင်းသည်လူထုတစ်ရပ်လုံးအား``ငါ့ သားရှောလမုန်သည်ဘုရားသခင်ရွေးချယ် တော်မူသောသူဖြစ်၏။ သို့သော်လည်းအသက် အရွယ်ငယ်၍အတွေ့အကြုံမရှိသေးသူ ဖြစ်၏။ သူပြုရမည့်အမှုကားအလွန်ကြီး မားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတည်ဆောက်ရမည်မှာလူတို့အတွက် နန်းတော်မဟုတ်ဘဲ ဘုရားသခင်ထာဝရ ဘုရားအတွက်ဗိမာန်တော်ဖြစ်သော ကြောင့်တည်း။-
2 ၂ ငါ ၏ဘုရားသခင် အိမ် တော်အဘို့ ရွှေ တန်ဆာလုပ်စရာဘို့ ရွှေ ကို၎င်း၊ ငွေ တန်ဆာလုပ်စရာဘို့ ငွေ ကို ၎င်း၊ ကြေးဝါ တန်ဆာလုပ်စရာဘို့ ကြေးဝါ ကို၎င်း၊ သံ တန်ဆာလုပ်စရာဘို့ သံ ကို၎င်း၊ သစ်သား တန်ဆာလုပ်စရာဘို့ သစ်သား ကို၎င်း၊ ရှဟံ ကျောက် နှင့် အရောင် မျိုးထွက်၍ စီ စရာဘို့ ကောင်း သောကျောက် ၊ အဘိုး ထိုက် သော ကျောက် မျိုး ၊ များစွာ သော ကျောက်ဖြူ တို့ကို၎င်း၊ တတ်နိုင်သမျှ အတိုင်းငါပြင်ဆင် ပြီ။
၂ငါသည်ဗိမာန်တော်တည်ဆောက်ရန်ပစ္စည်း များဖြစ်သည့်ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်၊ ကျောက်မျက်ရတနာ၊ ကျောက်စီပန်းဖော် ကျောက်များနှင့် မြောက်မြားစွာသောကျောက် ဖြူတို့ကိုစုဆောင်းပြင်ဆင်ထားရန်အစွမ်း ကုန်ကြိုးစားအားထုတ်ခဲ့၏။-
3 ၃ ငါ ၏ဘုရားသခင် အိမ် တော်၌ငါ့စိတ်နှလုံးစွဲလမ်းသောကြောင့်၊
၃ငါသည်ဤသို့ပေးလှူခဲ့သည့်ပစ္စည်းအလုံးစုံ တို့အပြင် မိမိကိုယ်ပိုင်ရွှေနှင့်ငွေတို့ကိုလည်း ပေးလှူခဲ့၏။ အဘယ်ကြောင့်ဆိုသော်ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုလွန်စွာမြတ် နိုးသောကြောင့်ဖြစ်ပေသည်။-
4 ၄ ထိုသန့်ရှင်း သောအိမ် အဘို့ ပြင်ဆင် သော ဥစ္စာမှတပါး ကိုယ်ဥစ္စာထဲက ဩဖိရ ရွှေ အခွက် သုံးသောင်းနှင့်ကျောက်ထရံ တို့ကို မွမ်းမံ စရာဘို့ ငွေ စင် ခုနစ် သောင်းကို ငါ ၏ဘုရားသခင် အိမ် တော်အဘို့ ငါပေး ၏။
၄ငါသည်ရွှေစင်တန်ချိန်တစ်ရာတစ်ဆယ့် ငါးနှင့်ဗိမာန်တော်နံရံများမွမ်းမံချယ် လှယ်ရန်၊-
5 ၅ ရွှေ သည် ရွှေ တန်ဆာအဘို့ ၊ ငွေ သည် ငွေ တန်ဆာအဘို့ နှင့် ဆရာသမား လုပ် သမျှ အဘို့ ဖြစ်၏။ သို့ဖြစ်၍ ယနေ့ ထာဝရဘုရား အား ကိုယ်ဥစ္စာကို အဘယ်သူ ပူဇော် ချင်သနည်းဟု ပရိသတ် အပေါင်း တို့အား မေး တော်မူလျှင်၊
၅နှင့်လက်မှုပညာသည်တို့ပြုလုပ်ရန်ရှိသမျှ သောဝတ္ထုပစ္စည်းများ ငွေစင်အချိန်နှစ်ရာခြောက် ဆယ့်ငါးတန်ကိုလည်းပေးလှူခဲ့လေပြီ။ ယနေ့ အဘယ်သူသည်ထာဝရဘုရားအားရက်ရော စွာပေးလှူလိုပါသနည်း'' ဟုမိန့်တော်မူ၏။
6 ၆ အဆွေအမျိုး တို့၏ အကြီးအကဲ များ၊ ဣသရေလ အမျိုး အသီးအသီးတို့ကို အုပ်စိုးသောမင်း များ၊ လူ တထောင် အုပ် ၊ တရာ အုပ်များ၊ ရှင်ဘုရင် ၏ အမှု တော်ကို စီရင် သောသူများတို့သည် ကြည်ညို သောစိတ် ရှိ၍၊
၆ထိုအခါသားချင်းစုဦးစီးများ၊ အမျိုး အနွယ်ဝင်တို့ကိုအုပ်ချုပ်သူအရာရှိများ၊ တပ်မှူးများနှင့်ဘုရင့်ပစ္စည်းများကိုထိန်း သိမ်းအုပ်ချုပ်ရသူတို့သည်ဗိမာန်တော် အတွက်ပေးလှူရန်အလိုအလျောက်ဆန္ဒ ပြုကြကုန်၏။-
7 ၇ ဘုရားသခင် ၏အိမ် တော်မှုကို ဆောင်ရွက် ရာဘို့ ရွှေ အခွက် ငါး သောင်းနှင့် ရွှေဒင်္ဂါး တသောင်း ၊ ငွေ အခွက် တသိန်း ၊ ကြေးဝါ အခွက် တသိန်း ရှစ် သောင်း၊ သံ အခွက် တသန်း ကို လှူ ကြ၏။
၇သူတို့သည်ရွှေတန်ချိန်တစ်ရာ့ကိုးဆယ်၊ ငွေ တန်ချိန်သုံးရာ့ရှစ်ဆယ်၊ ကြေးဝါတန်ချိန် ခြောက်ရာခုနစ်ဆယ့်ငါးနှင့်သံတန်ချိန်သုံး ထောင်ခုနစ်ရာ့ငါးဆယ်ကိုပေးလှူကြလေ သည်။-
8 ၈ ကျောက်မြတ် ရှိ သောသူတို့ သည်လည်း ဂေရရှုံ အမျိုးသားယေဟေလ လက် ဖြင့် ထာဝရဘုရား ၏ အိမ် တော်ဘဏ္ဍာ ထဲသို့ သွင်း ကြ၏။
၈ကျောက်မျက်ရတနာများရှိကြသူတို့သည် ယင်းတို့ကိုလေဝိအနွယ်ဝင်ဂေရရှုံသား ချင်းစုမှယေဟေလအုပ်ချုပ်သည့်ဗိမာန် တော်ဘဏ္ဍာတိုက်သို့ပေးလှူကြ၏။-
9 ၉ လူ များတို့သည် စုံလင် သောနှလုံး ၊ ကြည်ညို သောစိတ် သဘောရှိ၍ ထာဝရဘုရား အား ပူဇော်သောကြောင့် ဝမ်းမြောက် ကြ၏။ ဒါဝိဒ် မင်းကြီး သည်လည်း အလွန်တရာ ဝမ်းမြောက် တော်မူ၏။
၉သူတို့သည်စေတနာစိတ်နှင့်ထာဝရ ဘုရားအားပေးလှူကြသည်ဖြစ်ရာ မိမိ တို့ဤမျှမြောက်မြားစွာပေးလှူခဲ့ရကြ သည့်အတွက်အားရဝမ်းမြောက်ကြကုန်၏။ ဒါဝိဒ်မင်းသည်လည်းလွန်စွာအားရဝမ်း မြောက်တော်မူ၏။
10 ၁၀ ထိုအခါ ဒါဝိဒ် က၊ အကျွန်ုပ် တို့အဘ ဣသရေလ ၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။
၁၀ဒါဝိဒ်သည်ထိုအရပ်ရှိလူစုတစ်ရပ်လုံး၏ရှေ့ တွင်ထာဝရဘုရားအားထောမနာပြုတော် မူ၏။ မင်းကြီးက``ကျွန်တော်မျိုးတို့၏ဘိုးဘေး ယာကုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်ရှင်သည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော် မူပါစေသတည်း။-
11 ၁၁ အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုန်း တန်ခိုး အာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင် မြေကြီး ၌ ရှိရှိသမျှ ကို ပိုင်တော်မူ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အစိုးရတော်မူ၏။ ခပ်သိမ်း သောသူတို့၏ အထွဋ် ၊ မြင့်မြတ်တော်မူ ၏။
၁၁ကိုယ်တော်ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုး တော်ဘုန်းအသရေတော်၊ အရောင်အဝါတော်၊ အာနုဘော်တော်တို့နှင့်ပြည့်စုံတော်မူပါ၏။ ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှသော အရာတို့ကိုပိုင်တော်မူ၍ ကိုယ်တော်ရှင်သည် လူခပ်သိမ်းတို့အားအချုပ်အခြာအာဏာ တော်ဖြင့်အစိုးရသည့်ဘုရင်ဖြစ်တော်မူပါ ၏။-
12 ၁၂ ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာသည် ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။ ကိုယ်တော် သည် ခပ်သိမ်း သောသူတို့ ကို အုပ်စိုး တော်မူ၏။ ခွန်အား အစွမ်း သတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်း သောသူတို့အား ကြီးမြတ် သော အခွင့်နှင့် ခိုင်ခံ့ သော အခွင့်ကိုပေး ပိုင်တော်မူ၏။
၁၂စည်းစိမ်ချမ်းသာနှင့်ပစ္စည်းဥစ္စာပေါများ ကြွယ်ဝမှုမှန်သမျှကိုကိုယ်တော်ရှင်ပေး တော်မူပါ၏။ ကိုယ်တော်ရှင်သည်အရာခပ် သိမ်းတို့ကိုခွန်အားစွမ်းရည်တန်ခိုးနှင့် အစိုးရတော်မူ၍ မည်သူ့ကိုမဆိုကြီး မြတ်၍သန်စွမ်းမှုကိုပေးတော်မူပါ၏။-
13 ၁၃ သို့ဖြစ်၍ အကျွန်ုပ် တို့၏ ဘုရားသခင် ၊ ကျေးဇူး တော်ကြီးလှပါသည်ဟု အကျွန်ုပ် တို့သည် ဝန်ခံ၍ ဘုန်း ကြီးသော နာမ တော်ကို ချီးမွမ်း ကြပါ၏။
၁၃ကျွန်တော်မျိုးတို့၏ဘုရား၊ ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ဘုန်းအသရေနှင့်ပြည့်ဝသည့်နာမတော် ကိုထောမနာပြုကြပါ၏။''
14 ၁၄ သို့ရာတွင် ကြည်ညို သောစိတ်နှင့် ဤမျှလောက်ပူဇော်နိုင် အောင် အကျွန်ုပ် နှင့် အကျွန်ုပ် ၏လူ တို့သည် အဘယ်သို့ သောသူဖြစ်ပါသနည်း။ ခပ်သိမ်း သောအရာတို့ သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော် ၏ဥစ္စာထဲက သာ ကိုယ်တော် အား ပူဇော် ပါ၏။
၁၄``အကယ်စင်စစ်ကျွန်တော်မျိုးနှင့်ကျွန်တော် မျိုး၏လူတို့သည် ကိုယ်တော်ရှင်အားအဘယ် အရာကိုမျှပေးလှူနိုင်စွမ်းမရှိပါ။ ခပ်သိမ်း သောအရာတို့သည်ကိုယ်တော်ရှင်ပေးသနား ထားသည့်ဆုကျေးဇူးများဖြစ်သဖြင့် ကျွန် တော်မျိုးတို့သည်ကိုယ်တော်ရှင်ပိုင်သည့် အရာများကိုသာလျှင်ကိုယ်တော်ရှင် အားပြန်လည်ဆက်သခြင်းဖြစ်ပါ၏။-
15 ၁၅ အကျွန်ုပ် တို့သည် ဘိုးဘေး များကဲ့သို့ ရှေ့ တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီး ပေါ် မှာ နေရသော ကာလ သည် အရိပ် ကဲ့သို့ ဖြစ်ပါ၏။ မှီခို ရာမ ရှိပါ။
၁၅အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည် ဘိုးဘေးများနည်းတူပြည်နှင်ဒဏ်ခံရ ကြသူများနှင့်သူစိမ်းတစ်ရံဆံများကဲ့ သို့ဤဘဝတွင်ကျင်လည်ရကြကြောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။ ကျွန်တော် မျိုးတို့၏နေ့ရက်များသည်ရှည်လျား လျက်နေသောအရိပ်ကဲ့သို့ဖြစ်၍ ကျွန် တော်မျိုးတို့သည်သေဘေးနှင့်မလွတ် နိုင်ကြပါ။-
16 ၁၆ အကျွန်ုပ် တို့၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏နာမ အဘို့ ကိုယ်တော် ၏အိမ် ကို တည်ဆောက် ခြင်းအလိုငှါ ၊ အကျွန်ုပ်တို့ ပြင်ဆင် သော ဤ ဘဏ္ဍာ ရှိသမျှ သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အလုံးစုံ တို့ကို ကိုယ်တော် ပိုင်တော်မူ၏။
၁၆အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့၏ ဘုရား၊ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ် သည့်နာမတော်ကိုချီးမြှောက်နိုင်ရန် ဗိမာန် တော်တစ်ဆောင်တည်ဆောက်ရေးအတွက် ဤဥစ္စာအပေါင်းကိုကျွန်တော်မျိုးတို့ စုဆောင်းယူဆောင်ခဲ့ကြပါ၏။ သို့ရာ တွင်ထိုဥစ္စာပစ္စည်းအားလုံးသည်ကိုယ် တော်ရှင်ပေးသနားတော်မူသောအရာ များဖြစ်၍ယင်းတို့ကိုကိုယ်တော်ရှင် ပိုင်တော်မူပါ၏။-
17 ၁၇ အကျွန်ုပ် တို့၏ ဘုရားသခင် ၊ ကိုယ်တော် သည် စိတ် နှလုံးကို စစ် ၍ ဖြောင့်မတ် ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိ ပါ၏။ အကျွန်ုပ် မူကား ဖြောင့်မတ် ခြင်းသဘော၊ ကြည်ညို သောစိတ်ရှိသည်နှင့် ဤ ဘဏ္ဍာရှိသမျှ ကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသောကိုယ်တော် ၏ လူ တို့သည် ကြည်ညို သောစိတ် နှင့် ပူဇော်ကြသည်ကို မြင် ၍ဝမ်းမြောက် ပါ၏။
၁၇ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
18 ၁၈ အကျွန်ုပ် တို့ ဘိုးဘေး အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူ တို့သည် ဤ အမှုအရာများကို၊ အစဉ် အောက်မေ့စွဲလမ်း သောစိတ် သဘောရှိမည်အကြောင်း၊ သူ တို့စိတ် နှလုံးသည် ကိုယ်တော် ဘက်၌ တည်ကြည် မည်အကြောင်းကယ်မ သနားတော်မူပါ။
၁၈ကျွန်တော်မျိုးတို့၏ဘိုးဘေးများဖြစ် ကြသောအာဗြဟံ၊ ယာကုပ်နှင့်ဣဇာက် တို့၏ဘုရားသခင်ထာဝရဘုရား၊ ဤ သို့ဘုရားတရားစွဲလန်းတတ်သောစိတ် သဘောကို ကိုယ်တော်ရှင့်လူစုတော်၏ စိတ်နှလုံးတွင်အစဉ်သဖြင့်ခိုင်မြဲ စွာတည်ရှိစေတော်မူပါ။ သူတို့သည် ကိုယ်တော်ရှင်အပေါ်အစဉ်အမြဲ သစ္စာရှိစေတော်မူပါ။-
19 ၁၉ အကျွန်ုပ် ၏သား ရှောလမုန် သည်လည်း ကိုယ်တော် ၏သက်သေခံ ချက်၊ ထုံးဖွဲ့ ချက်ပညတ် တရားတို့ကို စောင့်ရှောက် ၍ ၊ အကျွန်ုပ် ပြင်ဆင် သော အမှုကို အကုန်အစင် ပြီးစီးစေလျက်၊ ဗိမာန် တော်ကို တည်ဆောက် နိုင် မည်အကြောင်း ၊ စုံလင် သော စိတ် နှလုံးကိုပေး သနား တော်မူပါဟု၊ ပရိသတ် အပေါင်း တို့ရှေ့ မှာ ထာဝရဘုရား ကို ကောင်းကြီး ပေးလျက် မြွက်ဆို ၏။
၁၉ကိုယ်တော်ရှင်မိန့်တော်မူသမျှတို့ကို စိတ်ရောကိုယ်ပါလိုက်နာလိုသောဆန္ဒကို လည်းကောင်း၊ ဗိမာန်တော်ကိုအပြီးတိုင် စိတ်ပါလက်ပါတည်ဆောက်လိုသောဆန္ဒ ကိုလည်းကောင်း ကျွန်တော်မျိုး၏သား ရှောလမုန်အားပေးတော်မူပါ။ ထိုဗိမာန် တော်အတွက်ကျွန်တော်မျိုးသည်ဤပြင် ဆင်မှုများကိုပြုလုပ်၍ထားပါပြီ'' ဟု လျှောက်ထား၏။
20 ၂၀ ပရိသတ် အပေါင်း တို့အား လည်း၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့ဟု မိန့် တော်မူသည်အတိုင်း ၊ ပရိသတ် အပေါင်း တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီး ပေးလျက် ဦးချ ၍ ထာဝရဘုရား ကို၎င်း ၊ ရှင် ဘုရင်ကို၎င်းရှိခိုး ကြ၏။
၂၀ထိုနောက်ဒါဝိဒ်သည်လူတို့အား``သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထို အခါလူထုတစ်ရပ်လုံးသည် မိမိတို့၏ ဘိုးဘေးများ၏ဘုရားသခင်ဖြစ်တော် မူသောထာဝရဘုရားကိုထောမနာ ပြုကြကုန်၏။ သူတို့သည်ထာဝရဘုရား ၏ရှေ့တော်နှင့်မိမိတို့၏ဘုရင့်ရှေ့တော် တွင်ဦးညွှတ်ပျပ်ဝပ်ကြကုန်၏။
21 ၂၁ နက်ဖြန် နေ့၌ လည်း ယဇ် ပူဇော်ခြင်း အမှုကိုပြု၍ နွား တထောင် ၊ သိုး တထောင် ၊ သိုးသငယ် တထောင် တို့ကို မီး ရှို့သဖြင့်၊ သွန်းလောင်း ရာ ပူဇော်သက္ကာတို့နှင့်တကွဣသရေလ အမျိုးတမျိုးလုံး အတွက် ထာဝရဘုရား အား များစွာ သော ယဇ် ကို ပူဇော် ကြ၏။
၂၁နောက်တစ်နေ့၌သူတို့သည်ယဇ်ကောင်များ အဖြစ်ဖြင့်တိရစ္ဆာန်များကိုသတ်၍ ထာဝရ ဘုရားအားဆက်သပြီးလျှင် လူတို့အား စားသုံးရန်ပေးကြ၏။ သူတို့သည်စပျစ်ရည် ပူဇော်သကာများကိုလည်းယူဆောင်လာ ကြ၏။ ထိုအပြင်နွားသိုးတစ်ထောင်၊ သိုး ထီးတစ်ထောင်နှင့်သိုးငယ်တစ်ထောင်တို့ ကိုယဇ်ပလ္လင်ပေါ်တွင်တစ်ကောင်လုံး မီးရှို့ပူဇော်ကြလေသည်။-
22 ၂၂ ထို နေ့ခြင်းတွင် ထာဝရဘုရား ရှေ့ တော်၌ စား သောက် ၍ ပျော်မွေ့ ခြင်းကို ပြုလျက်ဒါဝိဒ် ၏ သား တော် ရှောလမုန် ကို ရှင် ဘုရင်အရာ၌ ဒုတိယ အကြိမ် ချီးမြှောက် ၍ ထာဝရဘုရား အောက်မှာ မင်း ဖြစ်စေခြင်းငှါ၎င်း၊ ဇာဒုတ် ကိုယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ၎င်း ဘိသိက် ပေးကြ၏။
၂၂သို့ဖြစ်၍ထိုနေ့၌သူတို့သည်ထာဝရ ဘုရား၏ရှေ့တော်တွင်စားသောက်ကာ အလွန်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့သည်ရှောလမုန်အားဘုရင်အဖြစ် ဖြင့်ဒုတိယအကြိမ်ကြေညာလေသည်။ သူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ဇာဒုတ်အားယဇ်ပုရောဟိတ် အဖြစ်ဖြင့်လည်းကောင်း၊ ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ဘိသိက် ပေးကြ၏။-
23 ၂၃ ထိုအခါရှောလမုန် သည် ခမည်းတော် ဒါဝိဒ် ကိုယ်စား ရှင်ဘုရင် အရာကိုခံ၍ ထာဝရဘုရား ၏ ရာဇ ပလ္လင် တော်ပေါ် မှာ ထိုင် လျက် ဘုန်း ကြီးတော်မူ၏။ ဣသရေလ အမျိုးသားအပေါင်း တို့သည် စကားတော်ကို နားထောင် ကြ၏။
၂၃သို့ဖြစ်၍ရှောလမုန်သည်မိမိခမည်း တော်၏အရိုက်အရာကိုဆက်ခံလျက် ထာဝရဘုရားတည်စေသောရာဇပလ္လင် ပေါ်တွင်ထိုင်တော်မူ၏။ သူသည်အောင်မြင် သောဘုရင်ဖြစ်ပေသည်။ ဣသရေလ အမျိုးသားတစ်ရပ်လုံးသည်လည်း သူ၏အမိန့်ကိုနာခံကြလေသည်။-
24 ၂၄ မှူးတော် မတ်တော်၊ အရာ ကြီးသော သူအပေါင်း တို့နှင့် ဒါဝိဒ် မင်းကြီး ၏သား တော်အပေါင်း တို့သည် ရှောလမုန် မင်းကြီး ၏ အုပ်စိုး ခြင်းကို ဝန်ခံကြ၏။
၂၄အရာရှိများနှင့်စစ်သူရဲအပေါင်းတို့ နှင့်ဒါဝိဒ်၏အခြားသားတို့သည်ရှော လမုန်မင်း၏ကျေးဇူးသစ္စာကိုစောင့် ပါမည်ဟုကတိပေးကြ၏။-
25 ၂၅ ထာဝရဘုရား သည် ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ရှောလမုန် ကိုအလွန် ချီးမြှောက် ၍ ဣသရေလ ရှင်ဘုရင် တယောက် မျှ မ ခံစဖူးသော ဘုန်း အာနုဘော်တော်ကိုပေး သနားတော်မူ၏။
၂၅ထာဝရဘုရားသည်ဣသရေလအမျိုး သားအပေါင်း၏ရှေ့တွင်ရှောလမုန်အား လွန်စွာချီးမြှောက်တော်မူ၍ အခြားအဘယ် ဣသရေလဘုရင်မျှမရရှိဘူးသည့် ဘုန်းအသရေဖြင့်ပြည့်ဝစေတော်မူ၏။
26 ၂၆ ယေရှဲ ၏သား ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကို အစိုးရသောမင်း ဖြစ်တော်မူ၏။
၂၆ယေရှဲ၏သားဒါဝိဒ်သည်ဣသရေလနိုင်ငံ တစ်ခုလုံးကိုအနှစ်လေးဆယ်အုပ်စိုးတော် မူ၏။ သူသည်ဟေဗြုန်မြို့တွင်ခုနစ်နှစ်၊ ယေရု ရှလင်မြို့တွင်သုံးဆယ့်သုံးနှစ်နန်းစံတော် မူ၏။-
27 ၂၇ ဟေဗြုန် မြို့၌ ခုနစ် နှစ် ၊ ယေရုရှလင် မြို့၌ သုံး ဆယ်သုံး နှစ်မင်းပြု ၍ဣသရေလ နိုင်ငံကို စိုးစံ သော နှစ် ပေါင်းကား အနှစ် လေး ဆယ်တည်း။
၂၇
28 ၂၈ ဒါဝိဒ်သည် အသက် ကြီးရင့်၍ နေ့ရက် ကာလ ပြည့်စုံ ခြင်း၊ ဘုန်း စည်းစိမ် ကြွယ်ဝခြင်းရှိလျက် အနိစ္စ ရောက်၍ သား တော်ရှောလမုန် သည် ခမည်းတော် အရာ ၌ နန်းထိုင် လေ၏။
၂၈သူသည်စည်းစိမ်ချမ်းသာကြွယ်ဝလျက်ကြည်ညို လေးစားမှုကိုခံရကာ အလွန်အိုမင်းချိန်ကျ မှကွယ်လွန်တော်မူလေသည်။-
၂၉ဒါဝိဒ်မင်း၏ရာဇဝင်ကိုအစမှအဆုံးတိုင် အောင်ရှမွေလ၊ နာသန်နှင့်ဂဒ်ဟူသောပရော ဖက်သုံးပါးတို့၏မှတ်တမ်းများတွင်ရေးမှတ် ၍ထား၏။-
30 ၃၀ ဒါဝိဒ် မင်းကြီး ပြုမူသော အမှုအရာ အစ အဆုံး ရှိသမျှ၊ အစိုးရ ခြင်း၊ တန်ခိုး ကြီးခြင်းနှင့်တကွ၊ ကိုယ်တော်မှစ၍ ဣသရေလ ပြည်၊ အခြားတပါးသောတိုင်းပြည် များတို့၌ ဖြစ်လေသမျှ သောအမှုအရာအလုံးစုံတို့သည် ပရောဖက် ရှမွေလ ၏ကျမ်းစာ ၊ ပရောဖက် နာသန် ၏ကျမ်းစာ ၊ ပရောဖက် ဂဒ် ၏ကျမ်းစာ တို့၌ ရေး ထားလျက်ရှိ၏။
၃၀ထိုပရောဖက်တို့သည်ဒါဝိဒ်မင်းတိုင်းပြည်ကို အုပ်စိုးပုံနှင့်တန်ခိုးကြီးပုံတို့ကိုလည်းကောင်း၊ သူကြုံတွေ့ရသောအဖြစ်အပျက်များနှင့် တကွဣသရေလနိုင်ငံနှင့်အနီးတစ်ဝိုက် ရှိတိုင်းပြည်များ၏အဖြစ်အပျက်မှန်သမျှ တို့ကိုလည်းကောင်းဖော်ပြကြလေသည်။ ရာဇဝင်ချုပ်ပထမစောင်ပြီး၏။