< ၁ ရာဇဝင်ချုပ် 29 >

1 တဖန် ဒါဝိဒ် မင်းကြီး က၊ ဘုရားသခင် ရွေးကောက် တော်မူသောငါ့ သား ရှောလမုန် သည် အသက် ငယ်၍ နု သေး၏။ အမှု မူကား ကြီး လှ၏။ တည်ဆောက်ရသောဗိမာန် သည် လူ အဘို့ မ ဟုတ်၊ ထာဝရ အရှင် ဘုရားသခင် အဘို့ ဖြစ်၏။
Then King David said to everyone gathered there, “My son Solomon, chosen by God alone, is young and inexperienced, and the work to be done is great because this Temple will not be for man, but for the Lord God.
2 ငါ ၏ဘုရားသခင် အိမ် တော်အဘို့ ရွှေ တန်ဆာလုပ်စရာဘို့ ရွှေ ကို၎င်း၊ ငွေ တန်ဆာလုပ်စရာဘို့ ငွေ ကို ၎င်း၊ ကြေးဝါ တန်ဆာလုပ်စရာဘို့ ကြေးဝါ ကို၎င်း၊ သံ တန်ဆာလုပ်စရာဘို့ သံ ကို၎င်း၊ သစ်သား တန်ဆာလုပ်စရာဘို့ သစ်သား ကို၎င်း၊ ရှဟံ ကျောက် နှင့် အရောင် မျိုးထွက်၍ စီ စရာဘို့ ကောင်း သောကျောက် ၊ အဘိုး ထိုက် သော ကျောက် မျိုး ၊ များစွာ သော ကျောက်ဖြူ တို့ကို၎င်း၊ တတ်နိုင်သမျှ အတိုင်းငါပြင်ဆင် ပြီ။
Using all my means I have provided for the house of my God—gold for the articles made of gold, silver for the silver, bronze for the bronze, iron for the iron, and wood for the wood; onyx stones and stones for settings: turquoise, different colored stones, every kind of precious stone; and plenty of marble.
3 ငါ ၏ဘုရားသခင် အိမ် တော်၌ငါ့စိတ်နှလုံးစွဲလမ်းသောကြောင့်၊
More than this, because of my devotion to the house of my God, I'm now giving my personal fortune of gold and silver, in addition to everything that I have provided for this holy house.
4 ထိုသန့်ရှင်း သောအိမ် အဘို့ ပြင်ဆင် သော ဥစ္စာမှတပါး ကိုယ်ဥစ္စာထဲက ဩဖိရ ရွှေ အခွက် သုံးသောင်းနှင့်ကျောက်ထရံ တို့ကို မွမ်းမံ စရာဘို့ ငွေ စင် ခုနစ် သောင်းကို ငါ ၏ဘုရားသခင် အိမ် တော်အဘို့ ငါပေး ၏။
3,000 talents of gold—the gold of Ophir—and 7,000 talents of refined silver will go to cover the walls of the buildings,
5 ရွှေ သည် ရွှေ တန်ဆာအဘို့ ၊ ငွေ သည် ငွေ တန်ဆာအဘို့ နှင့် ဆရာသမား လုပ် သမျှ အဘို့ ဖြစ်၏။ သို့ဖြစ်၍ ယနေ့ ထာဝရဘုရား အား ကိုယ်ဥစ္စာကို အဘယ်သူ ပူဇော် ချင်သနည်းဟု ပရိသတ် အပေါင်း တို့အား မေး တော်မူလျှင်၊
gold for the gold work, and silver for the silver work, and for all the work done by the craftsmen. Now who willingly wants to commit themselves to giving to the Lord today?”
6 အဆွေအမျိုး တို့၏ အကြီးအကဲ များ၊ ဣသရေလ အမျိုး အသီးအသီးတို့ကို အုပ်စိုးသောမင်း များ၊ လူ တထောင် အုပ် ၊ တရာ အုပ်များ၊ ရှင်ဘုရင် ၏ အမှု တော်ကို စီရင် သောသူများတို့သည် ကြည်ညို သောစိတ် ရှိ၍၊
They gave willingly—the family leaders, those in charge of the tribes of Israel, the commanders of thousands and of hundreds, and the officials in charge of the king's work.
7 ဘုရားသခင် ၏အိမ် တော်မှုကို ဆောင်ရွက် ရာဘို့ ရွှေ အခွက် ငါး သောင်းနှင့် ရွှေဒင်္ဂါး တသောင်း ၊ ငွေ အခွက် တသိန်း ၊ ကြေးဝါ အခွက် တသိန်း ရှစ် သောင်း၊ သံ အခွက် တသန်း ကို လှူ ကြ၏။
They gave to the service of the house of God 5,000 talents and 10,000 darics of gold, 10,000 talents of silver, 18,000 talents of bronze, and 100,000 talents of iron.
8 ကျောက်မြတ် ရှိ သောသူတို့ သည်လည်း ဂေရရှုံ အမျိုးသားယေဟေလ လက် ဖြင့် ထာဝရဘုရား ၏ အိမ် တော်ဘဏ္ဍာ ထဲသို့ သွင်း ကြ၏။
Those who had precious stones gave them to the treasury of the house of the Lord, under the supervision of Jehiel the Gershonite.
9 လူ များတို့သည် စုံလင် သောနှလုံး ၊ ကြည်ညို သောစိတ် သဘောရှိ၍ ထာဝရဘုရား အား ပူဇော်သောကြောင့် ဝမ်းမြောက် ကြ၏။ ဒါဝိဒ် မင်းကြီး သည်လည်း အလွန်တရာ ဝမ်းမြောက် တော်မူ၏။
The people celebrated because their leaders had been so willing to give to the Lord, freely and wholeheartedly. King David was also really delighted.
10 ၁၀ ထိုအခါ ဒါဝိဒ် က၊ အကျွန်ုပ် တို့အဘ ဣသရေလ ၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။
Then David praised the Lord before the whole assembly: “Praise to you, Lord, the God of Israel our father, for ever and ever!
11 ၁၁ အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုန်း တန်ခိုး အာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင် မြေကြီး ၌ ရှိရှိသမျှ ကို ပိုင်တော်မူ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အစိုးရတော်မူ၏။ ခပ်သိမ်း သောသူတို့၏ အထွဋ် ၊ မြင့်မြတ်တော်မူ ၏။
Lord, yours is the greatness, the power, the glory, the splendor, and the majesty, for everything in heaven and on earth is yours. Lord, yours is the kingdom, and you are admired as ruler of all.
12 ၁၂ ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာသည် ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။ ကိုယ်တော် သည် ခပ်သိမ်း သောသူတို့ ကို အုပ်စိုး တော်မူ၏။ ခွန်အား အစွမ်း သတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်း သောသူတို့အား ကြီးမြတ် သော အခွင့်နှင့် ခိုင်ခံ့ သော အခွင့်ကိုပေး ပိုင်တော်မူ၏။
Riches and honor come from you and you reign supreme. You possess power and might, and have the ability to make people great and to give strength to all.
13 ၁၃ သို့ဖြစ်၍ အကျွန်ုပ် တို့၏ ဘုရားသခင် ၊ ကျေးဇူး တော်ကြီးလှပါသည်ဟု အကျွန်ုပ် တို့သည် ဝန်ခံ၍ ဘုန်း ကြီးသော နာမ တော်ကို ချီးမွမ်း ကြပါ၏။
Now our God we thank you, and we praise you and your glorious character.
14 ၁၄ သို့ရာတွင် ကြည်ညို သောစိတ်နှင့် ဤမျှလောက်ပူဇော်နိုင် အောင် အကျွန်ုပ် နှင့် အကျွန်ုပ် ၏လူ တို့သည် အဘယ်သို့ သောသူဖြစ်ပါသနည်း။ ခပ်သိမ်း သောအရာတို့ သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော် ၏ဥစ္စာထဲက သာ ကိုယ်တော် အား ပူဇော် ပါ၏။
But who am I, and who are my people, that we are able to give as willingly as this? For everything we have comes from you—we are only giving back what you have given us.
15 ၁၅ အကျွန်ုပ် တို့သည် ဘိုးဘေး များကဲ့သို့ ရှေ့ တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီး ပေါ် မှာ နေရသော ကာလ သည် အရိပ် ကဲ့သို့ ဖြစ်ပါ၏။ မှီခို ရာမ ရှိပါ။
In your eyes we are strangers and foreigners, just like our forefathers. Our time here on earth passes like a shadow, we have no hope of staying here long.
16 ၁၆ အကျွန်ုပ် တို့၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏နာမ အဘို့ ကိုယ်တော် ၏အိမ် ကို တည်ဆောက် ခြင်းအလိုငှါ ၊ အကျွန်ုပ်တို့ ပြင်ဆင် သော ဤ ဘဏ္ဍာ ရှိသမျှ သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အလုံးစုံ တို့ကို ကိုယ်တော် ပိုင်တော်မူ၏။
Lord our God, even all this wealth that we have provided to build you a house for your holy name comes from what you give, and it all belongs to you.
17 ၁၇ အကျွန်ုပ် တို့၏ ဘုရားသခင် ၊ ကိုယ်တော် သည် စိတ် နှလုံးကို စစ် ၍ ဖြောင့်မတ် ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိ ပါ၏။ အကျွန်ုပ် မူကား ဖြောင့်မတ် ခြင်းသဘော၊ ကြည်ညို သောစိတ်ရှိသည်နှင့် ဤ ဘဏ္ဍာရှိသမျှ ကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသောကိုယ်တော် ၏ လူ တို့သည် ကြည်ညို သောစိတ် နှင့် ပူဇော်ကြသည်ကို မြင် ၍ဝမ်းမြောက် ပါ၏။
I know, my God, that you look on the inside and are happy when we live right. Everything I have given willingly and with an honest heart, and now I have seen your people here giving happily and willingly to you.
18 ၁၈ အကျွန်ုပ် တို့ ဘိုးဘေး အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူ တို့သည် ဤ အမှုအရာများကို၊ အစဉ် အောက်မေ့စွဲလမ်း သောစိတ် သဘောရှိမည်အကြောင်း၊ သူ တို့စိတ် နှလုံးသည် ကိုယ်တော် ဘက်၌ တည်ကြည် မည်အကြောင်းကယ်မ သနားတော်မူပါ။
Lord, the God of Abraham, Isaac, Israel, and our forefathers, please keep these thoughts and commitments in the minds of your people forever, and make sure they stay loyal to you.
19 ၁၉ အကျွန်ုပ် ၏သား ရှောလမုန် သည်လည်း ကိုယ်တော် ၏သက်သေခံ ချက်၊ ထုံးဖွဲ့ ချက်ပညတ် တရားတို့ကို စောင့်ရှောက် ၍ ၊ အကျွန်ုပ် ပြင်ဆင် သော အမှုကို အကုန်အစင် ပြီးစီးစေလျက်၊ ဗိမာန် တော်ကို တည်ဆောက် နိုင် မည်အကြောင်း ၊ စုံလင် သော စိတ် နှလုံးကိုပေး သနား တော်မူပါဟု၊ ပရိသတ် အပေါင်း တို့ရှေ့ မှာ ထာဝရဘုရား ကို ကောင်းကြီး ပေးလျက် မြွက်ဆို ၏။
Please also give my son Solomon a desire to whole-heartedly keep your commandments, decrees, and statutes, and to do all he can to build your Temple that I have provided for.”
20 ၂၀ ပရိသတ် အပေါင်း တို့အား လည်း၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့ဟု မိန့် တော်မူသည်အတိုင်း ၊ ပရိသတ် အပေါင်း တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီး ပေးလျက် ဦးချ ၍ ထာဝရဘုရား ကို၎င်း ၊ ရှင် ဘုရင်ကို၎င်းရှိခိုး ကြ၏။
Then David said to everyone there, “Praise the Lord your God!” So everyone praised the Lord, the God of their fathers. They bowed down in reverence to the Lord and to the king.
21 ၂၁ နက်ဖြန် နေ့၌ လည်း ယဇ် ပူဇော်ခြင်း အမှုကိုပြု၍ နွား တထောင် ၊ သိုး တထောင် ၊ သိုးသငယ် တထောင် တို့ကို မီး ရှို့သဖြင့်၊ သွန်းလောင်း ရာ ပူဇော်သက္ကာတို့နှင့်တကွဣသရေလ အမျိုးတမျိုးလုံး အတွက် ထာဝရဘုရား အား များစွာ သော ယဇ် ကို ပူဇော် ကြ၏။
The following day they presented sacrifices and burnt offerings to the Lord: one thousand bulls, one thousand rams, and one thousand lambs, with their drink offerings and plenty of sacrifices for all of Israel.
22 ၂၂ ထို နေ့ခြင်းတွင် ထာဝရဘုရား ရှေ့ တော်၌ စား သောက် ၍ ပျော်မွေ့ ခြင်းကို ပြုလျက်ဒါဝိဒ် ၏ သား တော် ရှောလမုန် ကို ရှင် ဘုရင်အရာ၌ ဒုတိယ အကြိမ် ချီးမြှောက် ၍ ထာဝရဘုရား အောက်မှာ မင်း ဖြစ်စေခြင်းငှါ၎င်း၊ ဇာဒုတ် ကိုယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ၎င်း ဘိသိက် ပေးကြ၏။
Then they ate and drank in the presence of the Lord with great happiness that day. They made Solomon, the son of David, king for a second time, and they anointed him as ruler for the Lord, and anointed Zadok as priest.
23 ၂၃ ထိုအခါရှောလမုန် သည် ခမည်းတော် ဒါဝိဒ် ကိုယ်စား ရှင်ဘုရင် အရာကိုခံ၍ ထာဝရဘုရား ၏ ရာဇ ပလ္လင် တော်ပေါ် မှာ ထိုင် လျက် ဘုန်း ကြီးတော်မူ၏။ ဣသရေလ အမျိုးသားအပေါင်း တို့သည် စကားတော်ကို နားထောင် ကြ၏။
So Solomon took the throne of the Lord as king in place of David, his father. He was successful, and all the Israelites obeyed him.
24 ၂၄ မှူးတော် မတ်တော်၊ အရာ ကြီးသော သူအပေါင်း တို့နှင့် ဒါဝိဒ် မင်းကြီး ၏သား တော်အပေါင်း တို့သည် ရှောလမုန် မင်းကြီး ၏ အုပ်စိုး ခြင်းကို ဝန်ခံကြ၏။
All the officials and warriors, as well as all of King David's sons, gave a solemn promise of loyalty to King Solomon.
25 ၂၅ ထာဝရဘုရား သည် ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ရှောလမုန် ကိုအလွန် ချီးမြှောက် ၍ ဣသရေလ ရှင်ဘုရင် တယောက် မျှ မ ခံစဖူးသော ဘုန်း အာနုဘော်တော်ကိုပေး သနားတော်မူ၏။
The Lord made Solomon highly respected throughout Israel, and gave him greater royal majesty than had been given to any king of Israel before him.
26 ၂၆ ယေရှဲ ၏သား ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကို အစိုးရသောမင်း ဖြစ်တော်မူ၏။
So David, son of Jesse, ruled over all of Israel.
27 ၂၇ ဟေဗြုန် မြို့၌ ခုနစ် နှစ် ၊ ယေရုရှလင် မြို့၌ သုံး ဆယ်သုံး နှစ်မင်းပြု ၍ဣသရေလ နိုင်ငံကို စိုးစံ သော နှစ် ပေါင်းကား အနှစ် လေး ဆယ်တည်း။
He ruled over Israel forty years—seven in Hebron, and thirty-three in Jerusalem.
28 ၂၈ ဒါဝိဒ်သည် အသက် ကြီးရင့်၍ နေ့ရက် ကာလ ပြည့်စုံ ခြင်း၊ ဘုန်း စည်းစိမ် ကြွယ်ဝခြင်းရှိလျက် အနိစ္စ ရောက်၍ သား တော်ရှောလမုန် သည် ခမည်းတော် အရာ ၌ နန်းထိုင် လေ၏။
David died at a good old age, having lived a long life, blessed with wealth and honor. Then his son Solomon took over and ruled in his place.
29 ၂၉
Everything that King David did, from beginning to end, is written down in the Records of Samuel the Seer, the Records of Nathan the Prophet, and the Records of Gad the Seer.
30 ၃၀ ဒါဝိဒ် မင်းကြီး ပြုမူသော အမှုအရာ အစ အဆုံး ရှိသမျှ၊ အစိုးရ ခြင်း၊ တန်ခိုး ကြီးခြင်းနှင့်တကွ၊ ကိုယ်တော်မှစ၍ ဣသရေလ ပြည်၊ အခြားတပါးသောတိုင်းပြည် များတို့၌ ဖြစ်လေသမျှ သောအမှုအရာအလုံးစုံတို့သည် ပရောဖက် ရှမွေလ ၏ကျမ်းစာ ၊ ပရောဖက် နာသန် ၏ကျမ်းစာ ၊ ပရောဖက် ဂဒ် ၏ကျမ်းစာ တို့၌ ရေး ထားလျက်ရှိ၏။
These include all the details of his reign, his power, and what happened to him, and to Israel, and all to the kingdoms of the neighboring countries.

< ၁ ရာဇဝင်ချုပ် 29 >