< ၁ ရာဇဝင်ချုပ် 28 >
1 ၁ တဖန် ဒါဝိဒ် မင်းသည် ဣသရေလ မင်း များတည်းဟူသောအမျိုး အသီးအသီး ကို အုပ်သောမင်း ၊ အလှည့် လှည့်အမှု တော်ကို စောင့်သော တပ်မှူး ဗိုလ်မင်း၊ လူ တထောင် အုပ် ၊ တရာ အုပ် ၊ ရှင်ဘုရင် ၏ဘဏ္ဍာစိုး ၊ သား တော်၏ဘဏ္ဍာစိုး၊ ခွန်အား ရှိသောသူရဲ အကြီးအကဲ အရာရှိ အပေါင်း တို့ကို ယေရုရှလင် မြို့မှာ စုဝေး စေတော်မူ ၏။
And David assembled all the princes of Israel, the princes of the tribes, and the captains of the companies that ministered to the king by course, and the captains over the thousands, and captains over the hundreds, and the stewards over all the substance and possession of the king, and of his sons, with the officers, and with the mighty men, and with all the valiant men, to Jerusalem.
2 ၂ ထိုအခါ ဒါဝိဒ် မင်းကြီး သည်ရပ် ၍ ၊ ငါ့ ညီအစ်ကို ၊ ငါ့ လူ တို့ နားထောင် ကြလော့။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ငြိမ်ဝပ် ရာ အိမ် တည်းဟူသောဘုရားသခင် ၏ ခြေ တော်တင်ရာခုံ ကို တည် လုပ်မည်ဟု ငါ အကြံ ရှိ၍ တည် လုပ်ခြင်းငှါ ပြင်ဆင် နှင့်ပြီ။
Then David the king stood upon his feet, and said, Hear me, my brethren, and my people: As for me, I had in my heart to build an house of rest for the ark of the covenant of the LORD, and for the footstool of our God, and had made ready for the building:
3 ၃ သို့ရာတွင် ဘုရားသခင် က သင် သည် စစ်တိုက် သောသူ ၊ လူအသက် ကိုသတ် သောသူဖြစ်၍ ၊ ငါ့ နာမ အဘို့ အိမ် တော်ကို မ တည် မဆောက်ရဟု မိန့် တော်မူ၏။
But God said to me, Thou shalt not build an house for my name, because thou hast been a man of war, and hast shed blood.
4 ၄ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ငါ့ အဆွေအမျိုး များထဲက ငါ့ ကိုရွေးကောက် ၍ ဣသရေလ ရှင်ဘုရင် အရာ ၌ အမြဲ ချီးမြှောက်တော်မူ၏။ ယုဒ အမျိုးကို ရွေးကောက် ၍ အခြားသော အမျိုး တို့ကို အုပ်စိုးရသောအခွင့်ကိုပေး တော်မူ၏။ ယုဒ အမျိုး တွင် ငါ့ အဘ ၏ အိမ်ထောင် ကို၎င်း ၊ ငါ့ အဘ ၏သား တို့တွင် ငါ့ ကို၎င်း၊ နှစ်သက် ၍ဣသရေလ နိုင်ငံလုံး ကို စိုးစံ ရသောအခွင့်ကိုပေး တော်မူ၏။
However the LORD God of Israel chose me before all the house of my father to be king over Israel for ever: for he hath chosen Judah to be the ruler; and of the house of Judah, the house of my father; and among the sons of my father he took pleasure in me to make me king over all Israel:
5 ၅ ထာဝရဘုရား သည် ငါ့ အား များစွာ သော သား တို့ကိုပေး တော်မူသည်ဖြစ်၍ ၊ ငါ့ သား အပေါင်း တို့တွင် သား ရှောလမုန် ကို ရွေးကောက် ၍ ဣသရေလ အမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား ၏ နိုင်ငံ တော်ရာဇ ပလ္လင် ပေါ် မှာထိုင် စေခြင်းငှါ ခန့်ထားတော်မူပြီ။
And of all my sons, (for the LORD hath given me many sons, ) he hath chosen Solomon my son to sit upon the throne of the kingdom of the LORD over Israel.
6 ၆ ငါ့ အား လည်း သင့် သား ရှောလမုန် သည် ငါ့ အိမ် နှင့် ငါ့ တန်တိုင်း တို့ကို တည် ရမည်။ ငါသည်ထိုသူ ကို သား အရာ ၌ခန့်ထားခြင်းငှါရွေးကောက် ပြီ။ ငါ သည် သူ ၏ အဘ ဖြစ် မည်။
And he said to me, Solomon thy son, he shall build my house and my courts: for I have chosen him to be my son, and I will be his father.
7 ၇ သူသည် ငါ စီရင် ချက်ပညတ် တရားတို့ကို ယနေ့ ကဲ့သို့ အမြဲ ကျင့် လျှင် သူ ၏နိုင်ငံ ကို ငါတည် စေမည်ဟု မိန့် တော်မူ၏။
Moreover I will establish his kingdom for ever, if he shall be constant to do my commandments and my judgments, as at this day.
8 ၈ သို့ဖြစ်၍ သင်တို့သည် ဤကောင်း သော ပြည် ကို ပိုင် ၍ သင် တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဘို့ ချန်ထားလိုသောငှါ၊ ထာဝရဘုရား ၏ပရိသတ် တည်းဟူသောဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ ၌၎င်း ၊ ငါ တို့ဘုရားသခင့် အထံတော်၌ ၎င်း၊ သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှ တို့ကိုရှာ ၍ စောင့်ရှောက် ကြလော့။
Now therefore in the sight of all Israel the congregation of the LORD, and in the audience of our God, keep and seek for all the commandments of the LORD your God: that ye may possess this good land, and leave it for an inheritance for your children after you for ever.
9 ၉ ငါ့ သား ရှောလမုန် ၊ သင့် အဘ ၏ဘုရားသခင် ကို သိ လော့။ စုံလင် သောနှလုံး ၊ ကြည်ညို သောစိတ် သဘောနှင့် ဝတ်ပြု လော့။ ထာဝရဘုရား သည် ခပ်သိမ်း သော စိတ် နှလုံးတို့ကို စစ်၍အကြံအစည် ရှိလေသမျှ တို့ကို သိတော်မူ၏။ ကိုယ်တော် ကို ရှာ လျှင် အတွေ့ ခံတော်မူမည်။ ကိုယ်တော် ကိုစွန့် လျှင် သင့် ကို အစဉ်အမြဲ စွန့် တော်မူမည်။
And thou, Solomon my son, know thou the God of thy father, and serve him with a perfect heart and with a willing mind: for the LORD searcheth all hearts, and understandeth all the imaginations of the thoughts: if thou shalt seek him, he will be found of thee; but if thou shalt forsake him, he will cast thee off for ever.
10 ၁၀ သတိ ပြုလော့။ သန့်ရှင်း ရာဌာနအဘို့ အိမ် တော်ကို တည်ဆောက် စေခြင်းငှါ သင့် ကို ထာဝရဘုရား ရွေးကောက် တော်မူသောကြောင့် ၊ အားယူ ၍ တည်ဆောက် လော့ဟုမှာထားတော်မူ၏။
Take heed now; for the LORD hath chosen thee to build an house for the sanctuary: be strong, and do it.
11 ၁၁ ထိုအခါ အိမ်တော်ဦး ၊ အဆောင် ကြီး၊ ဘဏ္ဍာတိုက် ၊ အထက် ခန်း၊ အတွင်း ခန်း၊ သေတ္တာ တော်အဖုံး ထားရာ အခန်း ၏ ပုံကို၎င်း၊
Then David gave to Solomon his son the pattern of the porch, and of the houses of it, and of its treasuries, and of its upper chambers, and of its inner parlours and of the place of the mercy seat,
12 ၁၂ ထာဝရဘုရား ၏အိမ် တော်တန်တိုင်း များ၊ ပတ်လည် ၌ ကာသောအခန်း များ၊ ဘုရားသခင် ၏ အိမ် တော် ဘဏ္ဍာတိုက် များ၊ ပူဇော် သောအရာသိုထား ရာ တိုက်များ တို့၏ ပုံကို၎င်း၊ မိမိ ကြံစည် သမျှ အတိုင်း ၊ ဒါဝိဒ် သည် သား တော်ရှောလမုန် အား အပ် တော်မူ၏။
And the pattern of all that he had by the spirit, of the courts of the house of the LORD, and of all the surrounding chambers, of the treasuries of the house of God, and of the treasuries of the dedicated things:
13 ၁၃ ယဇ်ပုရောဟိတ် ၊ လေဝိ သားသင်းဖွဲ့ ခြင်း၊ ထာဝရဘုရား ၏အိမ် တော်၌ အမှု တော်ကို ဆောင်ရွက် ခြင်း၊ ဆောင်ရွက် စရာ တန်ဆာ ရှိသမျှ တို့ကိုလည်း စီရင် တော်မူ၏။
Also for the courses of the priests and the Levites, and for all the work of the service of the house of the LORD, and for all the vessels of service in the house of the LORD.
14 ၁၄ အမှု တော်အမျိုးမျိုး ကို ဆောင်ရွက်စရာ ရွှေ တန်ဆာ ရှိသမျှတို့အဘို့ ရွှေ ကို၎င်း၊ ငွေ တန်ဆာ ရှိသမျှ တို့ အဘို့ ငွေကို၎င်း ချိန် ၍ အပ်တော်မူ၏။
He gave of gold by weight for things of gold, for all instruments of all manner of service; silver also for all instruments of silver by weight, for all instruments of every kind of service:
15 ၁၅ ရွှေ မီးခုံ နှင့် ရွှေ မီးခွက် အသီးအသီးအဘို့ ၊ ငွေ မီးခုံ နှင့် ငွေမီးခွက် အသီးအသီးသုံးစရာရှိသည်အတိုင်း ရွှေငွေကိုချိန်၍ အပ်တော်မူ၏။
Even the weight for the lampstands of gold, and for their lamps of gold, by weight for every lampstand, and for its lamps: and for the lampstands of silver by weight, both for the lampstand, and also for its lamps, according to the use of every lampstand.
16 ၁၆ ရှေ့ တော်မုန့်တင်စရာရွှေ စားပွဲ နှင့် ငွေ စားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။
And by weight he gave gold for the tables of showbread, for every table; and likewise silver for the tables of silver:
17 ၁၇ အမဲသား ချိတ်၊ အင်တုံ ၊ ဖလား များအဘို့ ရွှေ စင် ကို၎င်း၊ ရွှေ လင်ပန်း နှင့် ငွေ လင်ပန်း အသီးအသီးအဘို့ ရွှေငွေကို၎င်း၊ ချိန်၍အပ်တော်မူ၏။
Also pure gold for the fleshhooks, and the bowls, and the cups: and for the golden basins he gave gold by weight for every basin; and likewise silver by weight for every basin of silver:
18 ၁၈ နံ့သာပေါင်း မီးရှို့ရာ ယဇ် ပလ္လင်အဘို့ ရွှေ စင် ကို၎င်း၊ အတောင်တို့ကို ဖြန့် ၍ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို လွှမ်းမိုး သော ခေရုဗိမ် ရထား တော်ပုံ အဘို့ ရွှေကို၎င်း၊ ချိန် ၍အပ်တော်မူ၏။
And for the altar of incense refined gold by weight; and gold for the pattern of the chariot of the cherubim, that spread out their wings, and covered the ark of the covenant of the LORD.
19 ၁၉ ထိုပုံ များရှိသမျှ တို့ကို ရေး ထားသည်အတိုင်း ၊ နားလည် နိုင်သော ဉာဏ်ပညာကို ထာဝရဘုရား သည် ပေးတော်မူ၏။
All this, said David, the LORD made me understand in writing by his hand upon me, even all the works of this pattern.
20 ၂၀ သား တော်ရှောလမုန် အား လည်း၊ သင်သည် အားယူ ၍ ရဲရင့် သောစိတ် နှင့်လုပ်ဆောင် လော့။ မ စိုးရိမ် နှင့်။ စိတ် မ ပျက်နှင့်။ ငါ ၏ဘုရားသခင် ထာဝရ အရှင် ဘုရားသခင် သည် သင် နှင့်အတူ ရှိတော်မူလိမ့်မည်။ ထာဝရဘုရား ၏အိမ် တော်မှုကို ဆောင်ရွက်ရာဘို့ လုပ်ဆောင် ၍ လက်စ မ သတ်မှီတိုင်အောင်သင့် ကို စွန့် တော် မ မူ။ ပစ်ထားတော်မမူ။
And David said to Solomon his son, Be strong and of good courage, and do it: fear not, nor be dismayed: for the LORD God, even my God, will be with thee; he will not fail thee, nor forsake thee, until thou hast finished all the work for the service of the house of the LORD.
21 ၂၁ သင်းဖွဲ့ သောယဇ်ပုရောဟိတ် ၊ လေဝိ သားတို့ သည်လည်း ဘုရားသခင် ၏အိမ် တော်မှုကို ဆောင်ရွက် ရာဘို့ရှိကြ၏။ လိမ္မာ သော ဆရာသမား အမျိုးမျိုး တို့ သည်လည်း အရာရာ တို့ကို လုပ်ဆောင်စေဘို့ရှိကြ၏။ မင်း များနှင့် ပြည်သူ ပြည်သားများအပေါင်း တို့သည်လည်း သင့် လက်၌ရှိကြသည်ဟု မိန့် တော်မူ၏။
And, behold, the courses of the priests and the Levites, even they shall be with thee for all the service of the house of God: and there shall be with thee for all manner of workmanship every willing skilful man, for any manner of service: also the princes and all the people will be wholly at thy command.