< ၁ ရာဇဝင်ချုပ် 24 >
1 ၁ အာရုန် အမျိုးသား အသီးအခြား သင်းဖွဲ့ရာမှာ၊ အာရုန် သား ကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
And the divisions of the sons of Aaron: the sons of Aaron, Nadab and Abihu, Eleazar and Ithamar.
2 ၂ နာဒပ် နှင့် အဘိဟု သည်သား မ ရှိ။ အဘ လက်ထက်တွင် သေ သောကြောင့် ၊ ဧလာဇာ နှင့် ဣသမာ သည် ယဇ် ပုရောဟိတ်အမှုကို ဆောင်ရ၏။
And Nadab and Abihu died before their father, and had no children; and Eleazar and Ithamar exercised the priesthood.
3 ၃ ဒါဝိဒ် သည် ဧလာဇာ အမျိုး ဇာဒုတ် နှင့် ဣသမာ အမျိုး အဟိမလက် ကို အသီးအသီး ဆောင် သင့်သည် အတိုင်းခန့်ထားလေ၏။
And David distributed them, both Zadok of the sons of Eleazar, and Ahimelech of the sons of Ithamar, according to their office in their service.
4 ၄ ဣသမာ အမျိုး အကြီးအကဲ ထက် ဧလာဇာ အမျိုး အကြီးအကဲသာ၍များ သောကြောင့်၊ ဧလာဇာ အဆွေအမျိုး အလိုက် အကြီးအကဲ တကျိပ် ခြောက် ယောက်၊ ဣသမာ အဆွေအမျိုး အလိုက် အကြီးအကဲရှစ် ယောက် တို့ကို အသီးအသီး ခွဲခန့်လေ၏။
And there were more head-men found of the sons of Eleazar than of the sons of Ithamar, and [thus] were they divided: of the sons of Eleazar there were sixteen heads of fathers' houses, and eight of the sons of Ithamar according to their fathers' houses.
5 ၅ စာရေးတံ ပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်း ရာဌာနအုပ် ၊ ဘုရားသခင် ၏အမှု တော်အုပ်တို့ကို ဧလာဇာ အမျိုး နှင့် ဣသမာ အမျိုး ထဲက ရွေးယူရ၏။
And they were divided by lot, one with another; for the princes of the sanctuary and the princes of God were of the sons of Eleazar and of the sons of Ithamar.
6 ၆ လေဝိ အမျိုးနာသနေလ သား စာရေးတော် ရှေမာယ သည် ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ အဗျာသာ သား အဟိမလက် ၊ ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီး များ ရှေ့ မှာနာမများကို မှတ် ရ၏။ စာရေးတံ ပြု၍ ဧလာဇာ အမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက် ခန့်ထားသော သူဟူမူကား၊
And Shemaiah the son of Nethaneel the scribe, [one] of the Levites, inscribed them before the king, and the princes, and Zadok the priest, and Ahimelech the son of Abiathar, and the chief fathers of the priests and Levites: one father's house was drawn for Eleazar, and one drawn for Ithamar.
7 ၇ ပဌမ သူယောယာရိပ် ၊ ဒုတိယ သူယေဒါယ၊
And the first lot came forth for Jehoiarib, the second for Jedaiah,
8 ၈ တတိယ သူဟာရိမ် ၊ စတုတ္ထ သူစောရိမ်၊
the third for Harim, the fourth for Seorim,
9 ၉ ပဉ္စမ သူမာလခိယ ၊ ဆဌမ သူမိယမိန်၊
the fifth for Malchijah, the sixth for Mijamin,
10 ၁၀ သတ္တမ သူဟက္ကုတ် ၊ အဋ္ဌမ သူအဘိယ၊
the seventh for Hakkoz, the eighth for Abijah,
11 ၁၁ နဝမ သူယေရွှာ ၊ ဒသမ သူ ရှေကနိ၊
the ninth for Jeshuah, the tenth for Shecaniah,
12 ၁၂ ဧကဒသမ သူဧလျာရှိပ် ၊ ဒွါဒသမ သူယာကိမ်၊
the eleventh for Eliashib, the twelfth for Jakim,
13 ၁၃ တကျိပ် သုံး ယောက်မြောက်သော သူဟုပ္ပ ၊ တကျိပ် လေး ယောက်မြောက်သောသူ ယေရှေဗပ်၊
the thirteenth for Huppah, the fourteenth for Jeshebeab,
14 ၁၄ တကျိပ် ငါး ယောက်မြောက်သော သူဗိလဂ ၊ တကျိပ် ခြောက် ယောက် မြောက်သောသူဣမ္မေရ၊
the fifteenth for Bilgah, the sixteenth for Immer,
15 ၁၅ တကျိပ် ခုနစ် ယောက်မြောက်သောသူ ဟေဇိရ ၊ တကျိပ် ရှစ် ယောက်မြောက်သူအပ်ဇဇ်၊
the seventeenth for Hezir, the eighteenth for Happizez,
16 ၁၆ တကျိပ် ကိုး ယောက်မြောက်သောသူပေသဟိ ၊ နှစ်ကျိပ် မြောက်သောသူ ယေဇကျေလ၊
the nineteenth for Pethahiah, the twentieth for Ezekiel,
17 ၁၇ နှစ်ကျိပ် တယောက် မြောက်သောသူ ယာခိန် ၊ နှစ်ကျိပ် နှစ် ယောက်မြောက်သောသူ ဂါမုလ၊
the twenty-first for Jachin, the twenty-second for Gamul,
18 ၁၈ နှစ်ကျိပ် သုံး ယောက်မြောက်သောသူ ဒေလာယ ၊ နှစ်ကျိပ် လေး ယောက်မြောက်သောသူ မာဇိ တည်း။
the twenty-third for Delaiah, the twenty-fourth for Maaziah.
19 ၁၉ ထိုသို့သူတို့အဘ အာရုန် အား ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား မှာထား တော်မူ၍၊ အဘ အာရုန်စီရင် သည် အတိုင်း သူတို့သည် ထာဝရဘုရား ၏ အိမ် တော်ကို ဝင် မြဲဝင်၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါ ခွဲခန့် ခြင်းရှိသတည်း။
This is their ordering in their service to come into the house of Jehovah, according to their ordinance, through Aaron their father, as Jehovah the God of Israel had commanded him.
20 ၂၀ ကြွင်း သော လေဝိ အမျိုးသား ဟူမူကား၊ အာမရံ သား ဖြစ်သော ရှုဗွေလ ၏သား စုတွင် ယေဒေယ၊
And as for the rest of the sons of Levi: of the sons of Amram, Shubael; of the sons of Shubael, Jehdeiah.
21 ၂၁ ရေဟဘိ သား စုတွင် ဣရှယာ၊
Of Rehabiah, of the sons of Rehabiah, the head was Jishijah.
22 ၂၂ ဣဇဟာ သားဖြစ်သော ရှေလောမိတ် ၏သားစု တွင် ယာဟတ်၊
Of the Jizharites, Shelomoth; of the sons of Shelomoth, Jahath.
23 ၂၃ ဟေဗြုန်သားစုတွင် သားအကြီးယေရိ ၊ ဒုတိယ သားအာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထ သား ယေကမံ ၊
— And the sons [of Hebron]: Jerijah [the head], Amariah the second, Jahaziel the third, Jekameam the fourth.
24 ၂၄ ဩဇေလ သား ဖြစ်သော မိက္ခါ ၏သား စုတွင် ရှမိရ၊
The sons of Uzziel, Micah; of the sons of Micah, Shamir;
25 ၂၅ မိက္ခါ ညီ ဣရှယာ သား စုတွင် ဇာခရိ တည်း။
the brother of Micah was Jishijah; of the sons of Jishijah, Zechariah.
26 ၂၆ မေရာရိ သား ကား မဟာလိ နှင့် မုရှိ ဖြစ်၍၊
The sons of Merari: Mahli and Mushi; the sons of Jaaziah, his son.
27 ၂၇ မေရာရိ အမျိုးသား ဖြစ်သော ယာဇိ ၏သား ကား ဗေနော၊ ရှောဟံ ၊ ဇက္ကုရ ၊ ဣဗရိ တည်း။
The sons of Merari by Jaaziah his son: Shoham, and Zaccur, and Ibri.
28 ၂၈ မဟာလိ သားဧလာဇာ ၌သား မ ရှိ။
Of Mahli: Eleazar, who had no sons.
29 ၂၉ ကိရှ သား ကား ယေရမေလ တည်း။
Of Kish, the sons of Kish: Jerahmeel.
30 ၃၀ မုရှိ သား ကားမဟာလိ ၊ ဧဒါ ၊ ယေရိမုတ် တည်း။ ဤရွေ့ကား မိမိ တို့ အဆွေအမျိုး အလိုက် လေဝိ အမျိုးသားတည်း။
And the sons of Mushi: Mahli, and Eder, and Jerimoth. These were the sons of the Levites according to their fathers' houses.
31 ၃၁ ဤသူ တို့သည် ဒါဝိဒ် မင်းကြီး ၊ ဇာဒုတ် ၊ အဟိမလက် အစရှိသော ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီးတို့ရှေ့ မှာ မိမိ တို့ညီအစ်ကို အာရုန် အမျိုးသား တို့တဘက်တချက် အလှည့်လှည့်စာရေးတံ ပြုကြ၏။
These likewise cast lots just as their brethren the sons of Aaron before David the king, and Zadok, and Ahimelech, and the chief fathers of the priests and Levites, — the chief fathers just as the youngest of their brethren.