< ၁ ရာဇဝင်ချုပ် 23 >
1 ၁ ဒါဝိဒ် မင်းသည် အသက် ကြီး၍ ကာလ ပြည့်စုံ ရာ အချိန်ရောက်သောအခါ၊ သား တော်ရှောလမုန် ကို ဣသရေလ ရှင် ဘုရင်အရာ၌ ခန့်ထား၍၊
And David was old and full of days; and he made Solomon his son king over Israel in his stead.
2 ၂ ဣသရေလ မင်း ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား အပေါင်း တို့ကို စုဝေး စေတော်မူ၏။
And he assembled all the chief men of Israel, and the priests, and the Levites.
3 ၃ လေဝိ သားတို့တွင် အသက် သုံး ဆယ် လွန် ၍ စာရင်းဝင် သော ယောက်ျား ပေါင်းကား၊ သုံးသောင်း ရှစ်ထောင်တည်း။
And the Levites numbered [themselves] from thirty years old and upward; and their number by their polls amounted to thirty and eight thousand men.
4 ၄ ထို သူတို့တွင် နှစ်သောင်း လေးထောင်တို့သည် ထာဝရဘုရား ၏ အိမ် တော်အမှု ကို ဆောင်ရွက် ရကြ၏။ ခြောက် ထောင် တို့သည် အရာရှိ ၊ တရားသူကြီး လုပ်ရကြ ၏။
Of the overseers over the works of the house of the Lord [there were] twenty-four thousand, and [there were] six thousand scribes and judges;
5 ၅ လေး ထောင် တို့သည် တံခါး ကိုစောင့်ရကြ၏။ လေး ထောင် တို့သည် ဂုဏ် တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းရကြ၏။
and four thousand door-keepers, and four thousand to praise the Lord with instruments which he made to praise the Lord.
6 ၆ လေဝိ သား ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ အမျိုး အသီးအသီးတို့ကို ဒါဝိဒ် ခွဲထား ၍ တမျိုး တခြားစီသင်းဖွဲ့စေ၏။
And David divided them [into] daily courses, for the sons of Levi, for Gedson, Caath, and Merari.
7 ၇ ဂေရရှုံ အမျိုးသားကား၊ လာဒန် နှင့် ရှိမိ တည်း။
And for [the family of] Gedson, Edan, and Semei.
8 ၈ လာဒန် သား အကြီး ကား၊ ယေဟေလ ၊ သူ၏ညီ ဇေသံ နှင့် ယောလ ၊ ပေါင်းသုံး ယောက်တည်း။
The sons of Edan [were] Jeiel, the chief, and Zethan, and Joel, three.
9 ၉ ရှိမိ သား ကား ရှေလောမိတ် ၊ ဟာဇေလ ၊ ဟာရန် ၊ ပေါင်းသုံး ယောက်တည်း။ ဤ သူတို့သည်လာဒန် အဆွေအမျိုး သူကြီးဖြစ်ကြ၏။
The sons of Semei; Salomith, Jeiel, and Dan, three: these [were] the chiefs of the families of Edan.
10 ၁၀ ရှိမိ သား ကား ယာဟတ် ၊ ဇိဇ ၊ ယုရှ ၊ ဗေရိ ၊ ပေါင်း လေး ယောက်တည်း။
And to the sons of Semei, Jeth, and Ziza, and Joas, and Beria: these [were] the four sons of Semei.
11 ၁၁ ယာဟတ် ကားအကြီး ဖြစ် ၏။ ဇိဇ ကား ဒုတိယ အရာကို ရ၏။ ယုရှ နှင့် ဗေရိ ၌ကား သား များစွာ မ ရှိ။ သို့ဖြစ်၍ အဆွေအမျိုး အလိုက် စာရင်း တခုတည်း ၌ ပေါင်းကြ၏။
And Jeth was the chief, and Ziza the second: and Joas and Beria did not multiply sons, and they became [only] one reckoning according to the house of their father.
12 ၁၂ ကောဟတ် သား ကားအာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ ၊ ပေါင်းလေး ယောက်တည်း။
The sons of Caath; Ambram, Isaar, Chebron, Oziel, four.
13 ၁၃ အာမရံ သား ကား အာရုန် နှင့် မောရှေ တည်း။ အာရုန် နှင့်သားစဉ် မြေးဆက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကိုမီးရှို့ခြင်း၊ အမှု တော်ကို ဆောင်ရွက်ခြင်း၊ နာမ တော်ကိုမြွက်၍ အစဉ် ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန် သန့်ရှင်းသောအရာတို့ကို သန့်ရှင်း စေခြင်းငှါ အခြားသူတို့နှင့် ခွဲထား သောသူဖြစ်ကြ၏။
The sons of Ambram; Aaron and Moses: and Aaron was appointed for the consecration of the most holy things, he and his sons for ever, to burn incense before the Lord, to minister and bless in his name for ever.
14 ၁၄ ဘုရားသခင့် လူ မောရှေ ၏သား ကိုကား၊ လေဝိ အမျိုးသား တို့၏ စာရင်း ၌သွင်းရ၏။
And [as for] Moses the man of God, his sons were reckoned to the tribe of Levi.
15 ၁၅ မောရှေ သား ကားဂေရရှုံ နှင့် ဧလျေဇာတည်း။
The sons of Moses; Gersam, and Eliezer.
16 ၁၆ ဂေရရှုံ သား တို့တွင်၊ ရှေဗွေလ သည် အကြီး ဖြစ်၏။
The sons of Gersam; Subael the chief.
17 ၁၇ ဧလျေဇာ သား အကြီး ရေဟဘိ တယောက်တည်းရှိ ၏။ ရေဟဘိ ၌ကား သား အလွန် များ၏။
And the sons of Eliezer were, Rabia the chief: and Eliezer had no other sons; but the sons of Rabia were very greatly multiplied.
18 ၁၈ ဣဇဟာ သား အကြီး ကားရှေလောမိတ်၊
The sons of Isaar; Salomoth the chief.
19 ၁၉ ဟေဗြုန် သား အကြီး ကားယေရိ ၊ ဒုတိယ သား အာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထ သားယေကမံ၊
The sons of Chebron; Jeria the chief, Amaria the second, Jeziel the third, Jekemias the fourth.
20 ၂၀ ဩဇေလ သား အကြီး ကားမိက္ခါ ၊ ဒုတိယ သား ယေရှိ တည်း။
The sons of Oziel; Micha the chief, and Isia the second.
21 ၂၁ မေရာရိ သား ကားမဟာလိ နှင့် မုရှိ တည်း။ မဟာလိ သား ကား ဧလာဇာ နှင့် ကိရှ တည်း။
The sons of Merari; Mooli, and Musi: the sons of Mooli; Eleazar, and Kis.
22 ၂၂ ဧလာဇာ သည်သား မ ရှိ။ သမီး သက်သက် ရှိ၍ သေ ၏။ သူ့သမီးတို့နှင့်သူ့ညီ ကိရှ သား တို့သည် စုံဘက် ကြ၏။
And Eleazar died, and he had no sons, but daughters: and the sons of Kis, their brethren, took them.
23 ၂၃ မုရှိ သား ကား မဟာလိ ၊ ဧဒါ ၊ ယေရိမုတ် ၊ ပေါင်း သုံး ယောက်တည်း။
The sons of Musi; Mooli, and Eder, and Jarimoth, three.
24 ၂၄ ဤရွေ့ကား အသက် နှစ် ဆယ်လွန် ၍ ထာဝရဘုရား ၏ အိမ် တော်အမှု ကို ဆောင်ရွက် ရသောလေဝိ အမျိုးသား အဆွေအမျိုး အလိုက် စာရင်း ဝင်သော အဆွေအမျိုး သူကြီးဖြစ်သတည်း။
These [are] the sons of Levi according to the houses of their fathers; chiefs of their families according to their numbering, according to the number of their names, according to their polls, doing the works of service of the house of the Lord, from twenty years old and upward.
25 ၂၅ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် မိမိ လူမျိုး အား ငြိမ်ဝပ် သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင် မြို့၌ အစဉ် နေ တော်မူသောကြောင့်၊
For David said, The Lord God of Israel has given rest to his people, and has taken up his abode in Jerusalem for ever.
26 ၂၆ လေဝိ သားတို့သည် တဲ တော်နှင့် တဲ တော်အမှု ဆောင်ရွက်ရာ တန်ဆာ များကို နောက်တဖန်မ ထမ်း ရဟု ဒါဝိဒ် မိန့် တော်မူ၏။
And the Levites bore not the tabernacle, and all the vessels of it for its service.
27 ၂၇ နောက်ဆုံး အမိန့် တော်အတိုင်း ၊ အသက် နှစ် ဆယ်လွန် သော လေဝိ သား တို့ကို စာရင်း ယူရ၏။
For by the last words of David was the number of the Levites [taken] from twenty years old and upward.
28 ၂၈ အကြောင်း မူကား၊ လေဝိသားတို့သည် အာရုန် သား တို့၏လက်ထောက် ဖြစ်သည်နှင့်အညီ ၊ သန့်ရှင်း သောအရာရှိသမျှ တို့ ကို စင်ကြယ် စေ၍၊ ထာဝရဘုရား ၏ အိမ် တော်နှင့်တန်တိုင်း များ၊ အခန်း များ၌ အမှု ကို ဆောင်ရွက် ရကြမည်။
For he appointed them to wait on Aaron, to minister in the house of the Lord, over the courts, and over the chambers, and over the purification of all the holy things, and over the works of the service of the house of God;
29 ၂၉ ရှေ့ တော်မုန့်ကို၎င်း၊ ဘောဇဉ် ပူဇော်သက္ကာ မုန့်ညက် ကို၎င်း၊ တဆေးမဲ့ မုန့်ပြား ၊ သံပြား နှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော် ကို၎င်းလုပ်၍ ဘုရားသခင် ၏ အိမ် တော် အမှု ကိုလည်း ဆောင်ရွက် ရကြမည်။ တိုင်းထွာ ၊ ချိန်တွယ်၊ ခြင်တွက် ခြင်းအမှုအမျိုးမျိုး ကိုလည်း စီရင်ရကြမည်။
and for the shew-bread, and for the fine flour of the meat-offering, and for the unleavened cakes, and for the fried cake, and for the dough, and for every measure;
30 ၃၀ နံနက် တိုင်း၊ ညဦး တိုင်းရပ် လျက်၊ ကျေးဇူး တော် ကြီးလှပါ၏ဟု ဝန်ခံ၍ ထာဝရဘုရား ၏ ဂုဏ် တော်ကိုလည်း ချီးမွမ်းရကြမည်။
and to stand in the morning to praise and give thanks to the Lord, and so in the evening;
31 ၃၁ ပညတ်တရားတော်အတိုင်းဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မ ပွဲနေ့၊ အစဉ်မပြတ် ထာဝရဘုရား ရှေ့ တော်၌ မီးရှို့ ရာ ယဇ်မျိုး တို့ကို ပူဇော် ရကြမည်။
and [to be] over all the whole-burnt-offerings that were offered up to the Lord on the sabbaths, and at the new moons, and at the feasts, by number, according to the order [given] to them, continually before the Lord.
32 ၃၂ ပရိသတ်စည်းဝေး ရာတဲ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနတော်ကို၎င်း၊ ထာဝရဘုရား အိမ် တော်၌ အမှု တော်ကို ဆောင်ရွက်သော ညီအစ်ကို အာရုန် သား တို့ကို၎င်း စောင့် ရကြမည်။
And they are to keep the charge of the tabernacle of witness, and the charge of the holy place, and the charges of the sons of Aaron their brethren, to minister in the house of the Lord.