< ၁ ရာဇဝင်ချုပ် 22 >
1 ၁ သို့ဖြစ်၍ ၊ ဒါဝိဒ် က ဤ အရပ်သည် ထာဝရ အရှင်ဘုရားသခင် ၏အိမ် တော်ဖြစ်၏။ ဤ ယဇ် ပလ္လင်သည် ဣသရေလ အမျိုး၏ ယဇ် ပလ္လင်ဖြစ်၏ဟုဆို လျက်၊
၁ထို့ကြောင့်ဒါဝိဒ်က``ဤအရပ်ကားထာဝရ အရှင်ဘုရားသခင်၏ဗိမာန်တော်တည် ဆောက်ရမည့်အရပ်ဖြစ်၏။ ဤနေရာသည် ဣသရေလပြည်သားတို့မီးရှို့ရာယဇ် ပူဇော်ရန်နေရာဖြစ်၏'' ဟုဆို၏။
2 ၂ ဣသရေလ ပြည် ၌ ရှိသော တပါး အမျိုးသားတို့ကို စုဝေး စေခြင်းငှါ မိန့် တော်မူ၏။ ဘုရားသခင် ၏အိမ် တော် တည် စရာဘို့ ကျောက်ဆစ် ရသောပန်းရန်သမား တို့ကိုလည်း စေခိုင်း တော်မူ၏။
၂ဒါဝိဒ်မင်းသည်ဣသရေလနိုင်ငံတွင်နေ ထိုင်ကြသောလူမျိုးခြားအပေါင်းတို့ကို စုရုံးစေ၍လုပ်အားပေးစေတော်မူ၏။ အချို့သောသူတို့သည်ဗိမာန်တော် အဆောက်အအုံအတွက်ကျောက်တုံး များကိုဆစ်ရကြ၏။-
3 ၃ တံခါး လုပ်စရာ သံချွန် အဘို့ နှင့် သစ်သား ဆက်စရာအဘို့ များစွာ သောသံ ကို၎င်း ၊ အချိန် မ မှတ်နိုင်အောင် များစွာ သော ကြေးဝါ ကို၎င်း၊
၃မင်းကြီးသည်အိမ်ရိုက်သံများပြုလုပ်ရန် နှင့်ဝင်းတံခါးကြီးများအတွက် ပျဉ်ဆက် ကိရိယာများပြုလုပ်ရန်သံအမြောက် အမြားကိုထုတ်ပေးတော်မူ၏။ ချိန်တွယ်၍ ပင်မရနိုင်အောင်များပြားသောကြေးဝါ များကိုထုတ်ပေးတော်မူ၏။-
4 ၄ များစွာ သော အာရဇ် သစ်သား ကို၎င်း၊ ပြင်ဆင် တော်မူ၏။ ဇိဒုန် မြို့သားနှင့် တုရု မြို့သားတို့သည်၊ အာရဇ် သစ်သား အများကို အထံ တော်သို့ ဆောင် ခဲ့ကြ၏။
၄တုရုနှင့်ဇိဒုန်မြို့များမှလူတို့အား အာရဇ် သစ်အမြောက်အများကိုလည်းအထံတော် သို့ယူဆောင်လာစေတော်မူ၏။-
5 ၅ ဒါဝိဒ် ကလည်း ၊ ငါ့ သား ရှောလမုန် သည် အသက် ငယ်၍ နု သေး၏။ ထာဝရဘုရား အဘို့ တည် ရသောအိမ် မူကား အလွန် ထူးဆန်း သောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်း အသရေကျော်စောသော အိမ်ဖြစ်ရမည်။ ယခု ပင်အိမ် တော်အဘို့ ငါပြင်ဆင် မည်ဟု အကြံရှိ လျက် အနိစ္စ မ ရောက်မှီများစွာ ပြင်ဆင် တော်မူ၏။
၅ဒါဝိဒ်သည်``ငါ၏သားရှောလမုန်တည်ဆောက် မည့်ဗိမာန်တော်သည်ခမ်းနားထည်ဝါ၍ ကမ္ဘာ ပေါ်တွင်ထင်ပေါ်ကျော်ကြားရပေမည်။ သို့ ရာတွင်ရှောလမုန်သည်အသက်အရွယ် ငယ်၍အတွေ့အကြုံနည်းပါးသေးသူ ဖြစ်သဖြင့် ငါသည်ဗိမာန်တော်အတွက် ပြင်ဆင်မှုများကိုပြုလုပ်ပေးမည်'' ဟု တွေးတောဆင်ခြင်ကာ မကွယ်လွန်မီဗိမာန် တော်တည်ဆောက်ရန်ပစ္စည်းအမြောက် အမြားကိုအသင့်စုဆောင်းလေသည်။
6 ၆ သား တော်ရှောလမုန် ကိုလည်း ခေါ် ၍ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အဘို့ အိမ် တော်ကို တည်ဆောက် ရမည်အကြောင်း မှာထား လေ သည်မှာ၊
၆မင်းကြီးသည်သားတော်ရှောလမုန်ကို ခေါ်ယူပြီးလျှင် ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ဗိမာန်တော်တစ်ဆောင်ကိုတည်ဆောက်ရန် အမိန့်ပေးတော်မူ၏။-
7 ၇ ငါ့ သား ၊ ငါ ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် မည်ဟု ငါ အကြံ ရှိ ပြီ။
၇ဒါဝိဒ်က``ငါ့သား၊ ငါသည်ဘုရားသခင် ထာဝရဘုရား၏နာမတော်ကိုချီးမြှောက် ရန်အတွက် ဗိမာန်တော်တစ်ဆောင်ကိုတည် ဆောက်လိုသည်။-
8 ၈ သို့ရာတွင် ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ငါ သို့ ရောက် သည်ကား၊ သင်သည် များစွာ စစ် တိုက် ၍ လူအများ တို့ကိုသတ် လေပြီ။ မြေကြီး ပေါ် မှာ ငါ့ မျက်မှောက် ၌ များစွာ သောအသွေး ကို သွန်း သောကြောင့် ၊ ငါ့ နာမ အဘို့ အိမ် ကို မ တည် မဆောက်ရ။
၈သို့ရာတွင်ထာဝရဘုရားကငါသည် လူအမြောက်အမြားကိုသတ်ခဲ့သူ၊ စစ်ပွဲ အမြောက်အများကိုဝင်ခဲ့သူဖြစ်သဖြင့် ငါဖြစ်ပွားစေခဲ့သည့်သွေးထွက်သံယိုမှု အပေါင်းကိုအကြောင်းပြု၍ ငါ့အားဗိမာန် တော်တည်ဆောက်ခွင့်ကိုပေးတော်မမူ။-
9 ၉ သင် မြင် သော သား တယောက်သည် ငြိမ်ဝပ် သောသူဖြစ် လိမ့်မည်။ သူ ၏အမည် ကား ရှောလမုန် ဖြစ် ၍၊ သူ့ ပတ်လည် ၌ ရန်သူ မရှိ၊ ငြိမ်ဝပ် သောအခွင့်ကို၎င်း၊ သူ ၏ လက်ထက် ၌ ဣသရေလ အမျိုးသည် စစ်တိုက် ခြင်းမရှိ၊ ငြိမ်ဝပ် စွာနေရသော အခွင့်ကို၎င်း၊ ငါပေး မည်။
၉သို့သော်ကိုယ်တော်သည်ငါ့အားကတိတော် ကိုပေးတော်မူ၏။ ကိုယ်တော်က`သင်သည်တိုင်း နိုင်ငံကိုငြိမ်းချမ်းစွာအုပ်စိုးမည့်သားတစ် ဦးကိုရလိမ့်မည်။ သူသည်မိမိရန်သူများ နှင့်ငြိမ်းချမ်းစွာနေနိုင်ရေးကိုငါပေးမည်။ သူသည်မိမိနန်းသက်အတွင်း ဣသရေလ အမျိုးသားတို့အားငြိမ်းချမ်းလုံခြုံစွာ ထားမည်ဖြစ်၍၊ ရှောလမုန် ဟုနာမည်တွင်လိမ့်မည်။-
10 ၁၀ ထိုသားသည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ရလိမ့်မည်။ သူ သည် ငါ့ သား ဖြစ် လိမ့်မည်။ ငါ သည်လည်း သူ၏အဘ ဖြစ်မည်။ သူထိုင်သော ဣသရေလ နိုင်ငံ ရာဇပလ္လင် ကို အစဉ်အမြဲ ငါတည် စေမည်ဟု မိန့် တော်မူပြီ။
၁၀သူသည်ငါ၏အဖို့ဗိမာန်တော်တစ်ဆောင် ကိုတည်ဆောက်ရလိမ့်မည်။ သူသည်ငါ၏ သားဖြစ်ရလိမ့်မည်။ ငါသည်လည်းသူ၏ အဖဖြစ်လိမ့်မည်။ သူ၏နန်းဆက်သည် ဣသရေလနိုင်ငံတွင်အစဉ်အမြဲတည် လိမ့်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ပြော ကြားတော်မူ၏။
11 ၁၁ သို့ဖြစ်၍ငါ့ သား ၊ ထာဝရဘုရား သည် သင့် ဘက် ၌ နေ ၍ အကြံ ထမြောက်စေတော်မူသဖြင့်၊ အမိန့် တော် ရှိသည်အတိုင်း သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို တည်ဆောက် ရလိမ့်မည်။
၁၁ထိုနောက်ဒါဝိဒ်သည်ဆက်၍``ငါ့သား၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည်သင်နှင့် အတူရှိပါစေသော။ ကတိတော်ရှိသည့် အတိုင်းသင်သည်ကိုယ်တော်အဖို့ဗိမာန် တော်ကိုအောင်မြင်စွာတည်ဆောက်နိုင်ပါ စေသော။-
12 ၁၂ သို့ရာတွင်သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ တရား တော်ကို စောင့်ရှောက် မည် အကြောင်း ၊ ထာဝရဘုရားသည် ဉာဏ် ပညာကို ပေး၍၊ ဣသရေလ အမျိုးကို စီရင်ခြင်းအမှု၌ မှာထား တော်မူပါစေသော။
၁၂သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အားကိုယ်တော်၏တရားတော်အရ ဣသရေလနိုင်ငံကိုအုပ်စိုးနိုင်ရန်ထိုး ထွင်းဉာဏ်နှင့်အသိပညာကိုပေးသနား တော်မူပါစေသော။-
13 ၁၃ ဣသရေလ အမျိုး၏ အမှု၌ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသော စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ သတိ ပြုလျှင် အကြံ ထမြောက်ရ လိမ့်မည်။ အားယူ ၍ ရဲရင့် ခြင်းရှိလော့။ စိုးရိမ် ခြင်း၊ စိတ်ပျက် ခြင်းမ ရှိစေနှင့်။
၁၃သင်သည်ဣသရေလအမျိုးသားတို့ အတွက် မောရှေအားထာဝရဘုရားပေး တော်မူသောပညတ်တော်တို့ကိုစောင့်ထိန်း ပါမူ သင်၏အကြံအစည်ထမြာက်လိမ့် မည်။ အားမာန်တင်း၍စိတ်ချယုံကြည် လော့။ အဘယ်အရာကိုမျှမကြောက်နှင့်။-
14 ၁၄ ငါ သည်ဆင်းရဲ ခံစဉ်တွင် ၊ ထာဝရဘုရား ၏ အိမ် တော်အဘို့ ရွှေ အခွက် တထောင် နှင့် ငွေ အခွက် တသောင်း ကို၎င်း၊ အချိန် မ မှတ်နိုင်အောင်များစွာ သော ကြေးဝါ နှင့် သံ ကို၎င်း၊ သစ်သား များနှင့် ကျောက် များကို၎င်း ပြင်ဆင် ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။
၁၄ငါသည်ဗိမာန်တော်တည်ဆောက်ရန်အတွက် ရွှေတန်ချိန်လေးထောင်ခန့်ကိုလည်းကောင်း၊ ငွေတန်ချိန်လေးသောင်းနီးပါးမျှကိုလည်း ကောင်းကြိုးစား၍စုဆောင်းထားခဲ့၏။ ထိုမှ တစ်ပါးလည်းအချိန်မရေမတွက်နိုင်အောင် များပြားသောကြေးဝါနှင့်သံများလည်း ငါ့မှာရှိ၏။ သစ်များ၊ ကျောက်များလည်း အဆင်သင့်ရှိ၏။ သို့ရာတွင်သင်သည် ထပ်မံ၍စုဆောင်းရလိမ့်ဦးမည်။-
15 ၁၅ ထိုမှတပါး သင် ၌ များစွာ သော လက်သမား ၊ ပန်းရန်သမား ၊ ကျောက်ဆစ်သမား ၊ အမျိုးမျိုး သော အတတ် ၌ လေ့ကျက် သော ဆရာသမားရှိကြ၏။
၁၅သင့်မှာများစွာသောအလုပ်သမား များရှိ၏။ ကျောက်ဆစ်သမားများ၊ ပန်းရံ များ၊ လက်သမားများနှင့်၊-
16 ၁၆ ရွှေ ငွေ ကြေးဝါ သံ အတိုင်းမသိ များသည် ဖြစ်၍ထ လော့။ ကြိုးစား လော့။ ထာဝရဘုရား သည် သင် နှင့်အတူ ရှိ တော်မူပါစေသောဟု မှာထားတော်မူ၏။
၁၆ရွှေ၊ ငွေ၊ ကြေးဝါ၊ သံတို့နှင့်သက်ဆိုင်သော လက်မှုပညာသည်အမျိုးမျိုးတို့လည်း များစွာရှိ၏။ သင်သည်ယခုပင်အလုပ် ကိုစတင်လော့။ ထာဝရဘုရားသည်သင် နှင့်အတူရှိတော်မူပါစေသော'' ဟုမိန့် တော်မူ၏။
17 ၁၇ ဣသရေလ မင်း အပေါင်း တို့သည် သား တော်နှင့် ဝိုင်း ရမည်အကြောင်း မှာထား လေသည်မှာ၊
၁၇ဒါဝိဒ်သည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့အား ရှောလမုန်ကိုကူညီ ကြရန်မိန့်မှာတော်မူ၏။-
18 ၁၈ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူသည်မ ဟုတ်လော။ အရပ်ရပ် ၌ ငြိမ်ဝပ် ရသောအခွင့်ကိုပေး တော်မူသည်မဟုတ်လော။ ပြည်သူ ပြည်သားတို့ကို ငါ့ လက် ၌ အပ် တော်မူသဖြင့် ၊ ထာဝရဘုရား ၏ရှေ့ ၊ ထိုဘုရားသခင် ၏ လူ တို့ရှေ့ မှာ တပြည်လုံး သည် နှိမ့်ချ လျက်ရှိ၏။
၁၈မင်းကြီးက``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိနေတော်မူ လျက် သင်တို့အားအရပ်တကာတွင်ငြိမ်း ချမ်းသာယာမှုကိုပေးတော်မူပြီ။ ကိုယ်တော် သည်ယခင်ကဤပြည်တွင်နေထိုင်ကြသူ တို့အားငါ၏လက်သို့အပ်တော်မူ၍ ငါ သည်သူတို့အားထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အတွက်နှိမ် နင်းခဲ့၏။-
19 ၁၉ သို့ဖြစ်၍သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ရှာ ခြင်းငှါ ကိုယ် စိတ် နှလုံး ကို နှိုးဆော်တိုက်တွန်းကြလော့။ ထာဝရဘုရား ၏နာမ တော်အဘို့ ၊ တည် ရသောအိမ် တော် ထဲသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်နှင့် ဘုရားသခင် ၏ သန့်ရှင်း သောတန်ဆာ တို့ကို သွင်း ခြင်းငှါ ထ ကြလော့။ ထာဝရ အရှင်ဘုရားသခင် ၏ သန့်ရှင်း ရာဌာန တော်ကို တည်ဆောက် ကြလော့ဟု မှာထားတော်မူ၏။
၁၉သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမှုတော်ကိုစိတ်ရောကိုယ်ပါ ဆောင်ရွက်ကြလော့။ ထာဝရဘုရား၏နာမ တော်ကိုချီးမြှောက်ရန်ဗိမာန်တော်ကိုစတင် တည်ဆောက်ကြလော့။ သို့မှသာလျှင်သင်တို့ သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်နှင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်မှု ဆိုင်ရာအမွန်အမြတ်ထားသည့်အခြား ဝတ္ထုပစ္စည်းအသုံးအဆောင်များကိုဗိမာန် တော်တွင်ထားရှိနိုင်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။