< ၁ ရာဇဝင်ချုပ် 2 >

1 ဣသရေလ ၏သား များဟူမူကား ၊ ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန်၊
Waɗannan su ne’ya’yan Isra’ila maza. Ruben, Simeyon, Lawi, Yahuda, Issakar, Zebulun,
2 ဒန် ၊ ယောသပ် ၊ ဗင်္ယာမိန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာ တည်း။
Dan, Yusuf, Benyamin, Naftali, Gad da Asher.
3 ယုဒ သည် ခါနာန် အမျိုးဖြစ်သော ရှုအာ သမီး တွင် မြင် သော သားကား ဧရ ၊ ဩနန် ၊ ရှေလ တည်း။ ယုဒ သား ကြီးဧရ သည် ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောသူဖြစ်၍ ကွပ်မျက် တော်မူခြင်းကို ခံရ၏။
’Ya’yan Yahuda maza su ne, Er, Onan da Shela. Waɗannan mutum uku Bat-shuwa mutuniyar Kan’ana ce ta haifa masa. Er, ɗan farin Yahuda mugu ne a gaban Ubangiji, saboda haka Ubangiji ya kashe shi.
4 ချွေးမ တာမာ တွင် မြင် သောသားကား ဖာရက် နှင့် ဇာရ တည်း။ ယုဒ သား ပေါင်း ကား ငါးယောက်တည်း။
Tamar, surukar Yahuda, ta haifa masa Ferez da Zera. Yahuda ya haifi’ya’ya maza biyar ne.
5 ဖာရက် သား ကား ဟေဇရုံ နှင့် ဟာမုလ တည်း။
’Ya’yan Ferez maza su ne, Hezron da Hamul.
6 ဇာရ သား ကား ဇိမရိ ၊ ဧသန် ၊ ဟေမန် ၊ ကာလကောလ ၊ ဒါရ ၊ ပေါင်း ငါး ယောက်တည်း။
’Ya’yan Zera maza su ne, Zimri, Etan, Heman, Kalkol da Darda, su biyar ne.
7 ဇိမရိသားဖြစ်သော ကာမိ ၏သား ကား ကျိန်ဆဲ အပ်သောအရာကို ယူ၍ ပြစ်မှား သဖြင့်၊ ဣသရေလ အမျိုး ကို နှောင့်ရှက် သော အာခန် တည်း။
’Ya’yan Karmi maza su ne, Akar wanda ya kawo masifa wa Isra’ila ta wurin yin abin da aka haramta.
8 ဧသန် သား ကား အဇရိ တည်း။
Ɗan Etan shi ne, Azariya.
9 ဟေဇရုံ မြင် သော သား ကား ယေရမေလ ၊ အာရံ ၊ ကာလက် တည်း။
’Ya’ya maza da aka haifa wa Hezron su ne, Yerameyel, Ram da Kaleb.
10 ၁၀ အာရံ သား ကား အမိနဒပ် ၊ အမိနဒပ် သား ကား၊ ယုဒ အမျိုးသား တို့တွင် ဗိုလ် လုပ်သော နာရှုန် တည်း။
Ram shi ne mahaifin Amminadab, Amminadab kuwa shi ne mahaifin Nashon, shugaban mutanen Yahuda.
11 ၁၁ နာရှုန်သား စာလမုန် ၊ စာလမုန် သား ဗောဇ၊
Nashon shi ne mahaifin Salma, Salma shi ne mahaifin Bowaz,
12 ၁၂ ဗောဇ သား ဩဗက် ၊ ဩဗက် သား ယေရှဲ တည်း။
Bowaz shi ne mahaifin Obed kuma Obed shi ne mahaifin Yesse.
13 ၁၃ ယေရှဲ သားဦး ကားဧလျာဘ ၊ ဒုတိယ သားအဘိနဒပ် ၊ တတိယ သားရှိမာ၊
Yesse shi ne mahaifin. Eliyab ɗan farinsa, ɗansa na biyu shi ne Abinadab, na ukun Shimeya,
14 ၁၄ စတုတ္ထ သား နာသနေလ ၊ ပဉ္ဒမ သား ရဒ္ဒဲ ၊
na huɗun Netanel, na biyar Raddai,
15 ၁၅ ဆဋ္ဌမ သားဩဇင် ၊ သတ္ထမ သားဧလိဟု၊ အဋ္ဌမသားဒါဝိဒ် တည်း။
na shidan Ozem na bakwai kuma Dawuda.
16 ၁၆ သူ တို့နှမ ကား ဇေရုယာ နှင့် အဘိဂဲလ တည်း။ ဇေရုယာ သား ကား အဘိရှဲ ၊ ယွာဘ ၊ အာသဟေလ ၊ ပေါင်း သုံး ယောက်တည်း။
’Yan’uwansu mata su ne Zeruhiya da Abigiyel.’Ya’yan Zeruhiya maza guda uku su ne Abishai, Yowab da Asahel.
17 ၁၇ အဘိဂဲလ သား ကား အာမသ ၊ အာမသ အဘ ကား ဣရှမေလ အမျိုးယေသာ တည်း။
Abigiyel ita ce mahaifiyar Amasa, wanda mahaifinsa shi ne Yeter mutumin Ishmayel.
18 ၁၈ ဟေဇရုံ သား ကာလက် သည် မယား အဇုဘ နှင့် ယေရုတ် တွင် မြင်သောသား ကား ယေရှာ ၊ ရှောဗပ် ၊ အာဒုန် တည်း။
Kaleb ɗan Hezron ya haifi yara ta wurin matarsa Azuba (da kuma ta wurin Yeriyot). Waɗannan su ne’ya’yan Azuba maza. Yesher, Shobab da Ardon.
19 ၁၉ အဇုဘ သေ သောနောက် ဧဖရတ် ကို သိမ်း ၍ ဟုရ ကို မြင် ပြန်လေ၏။
Da Azuba ta mutu, Kaleb ya auri Efrat, wadda ta haifa masa Hur.
20 ၂၀ ဟုရ သား ကား ဥရိ ၊ ဥရိ သား ကား ဗေဇလေလ တည်း။
Hur shi ne mahaifin Uri, Uri kuma shi ne mahaifin Bezalel.
21 ၂၁ ထိုနောက် ၊ ဟေဇရုံ သည် အသက် ခြောက် ဆယ်ရှိသော်၊ ဂိလဒ် အဘ မာခိရ ၏သမီး နှင့် စုံဘက် ၍ စေဂုပ် ကို မြင် လေ၏။
Daga baya, Hezron ya kwana da’yar Makir mahaifin Gileyad (ya aure ta sa’ad da take da shekara sittin), ta haifa masa Segub.
22 ၂၂ စေဂုပ် သား ကား ယာဣရ တည်း။ ထိုသူသည် ဂိလဒ် ပြည် ၌ မြို့ နှစ် ဆယ်သုံး မြို့ကို ပိုင်၏။
Segub shi ne mahaifin Yayir, wanda ya yi mulkin garuruwa uku a Gileyad.
23 ၂၃ ဂေရှုရ မြို့၊ အာရံ မြို့နှင့်တကွယာဣရ မြို့စု ၊ ကေနတ် မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက် ဆယ်တို့ကို တိုက်ယူ ၏။ ထို မြို့ အပေါင်း တို့ကို ဂိလဒ် အဘ မာခိရ ၏သား မြေးတို့သည် ပိုင်ကြ၏။
(Amma Geshur da Aram suka ƙwace Hawwot Yayir da kuma Kenat tare da ƙauyukan kewayenta, garuruwa sittin.) Dukan waɗannan su ne zuriyar Makir mahaifin Gileyad.
24 ၂၄ ဟေဇရုံ သည်ကာလက်ဧဖရတ် မြို့၌ သေ သောနောက် ၊ သူ၏မယား အဘိ သည် သူ၏သား အာရှုရ ကို ဘွားမြင် ၏။ အာရှုရသား ကားတေကော တည်း။
Bayan Hezron ya mutu a Kaleb Efrata, sai Abiya matar Hezron ta haifa masa Asshur mahaifin Tekowa.
25 ၂၅ ဟေဇရုံ ၏ သားဦး ယေရမေလ သား ကား သားဦး အာရံ မှစ၍ဗုန ၊ ဩရင် ၊ ဩဇင် ၊ အဟိယ တည်း။
’Ya’yan Yerameyel maza, ɗan farin Hezron su ne, Ram shi ne ɗan fari, sai Buna, Oren, Ozem da Ahiya.
26 ၂၆ အာတရ အမည် ရှိသောအခြား မယား တွင် ဩနံ ကိုမြင်၏။
Yerameyel yana da wata mata, wadda sunanta Atara; ita ce mahaifiyar Onam.
27 ၂၇ ယေရမေလ ၏ သားဦး အာရံ သား ကားမာဇ ၊ ယာမိန် ၊ ဧကာ တည်း။
’Ya’yan Ram maza ɗan farin Yerameyel su ne, Ma’az, Yamin da Eker.
28 ၂၈ ဩနံ သား ကားရှမ္မဲ နှင့် ယာဒ တည်း။ ရှမ္မဲ သား ကားနာဒပ် နှင့် အဘိရှုရ တည်း။
’Ya’yan Onam maza su ne, Shammai da Yada.’Ya’yan Shammai maza su ne, Nadab da Abishur.
29 ၂၉ အဘိဟဲလ အမည် ရှိသောအဘိရှုရ မယား သည် အာဗန် နှင့် မောလိဒ် ကို ဘွားမြင် ၏။
Sunan matar Abishur ita ce Abihayil, wadda ta haifa masa Aban da Molid.
30 ၃၀ နာဒပ် သား ကား သေလက် နှင့် အပ္ပိမ် တည်း။ သေလက် ၌သား မ ရှိ။
’Ya’yan Nadab maza su ne, Seled da Affayim. Seled ya mutu babu yara.
31 ၃၁ အပ္ပိမ် သား ကား ဣရှိ ၊ ဣရှိ သား ရှေရန် ၊ ရှေရှန် သား အာလဲ တည်း။
Ɗan Affayim shi ne, Ishi, wanda shi ne mahaifin Sheshan. Sheshan shi ne mahaifin Alai.
32 ၃၂ ရှမ္မဲ ညီ ယာဒ သား ကား ယေသာ နှင့် ယောနသန် တည်း။ ယေသာ ၌ သား မ ရှိ။
’Ya’yan Yada maza, ɗan’uwan Shammai su ne, Yeter da Yonatan. Yeter ya mutu babu yara.
33 ၃၃ ယောနသန် သား ကား ပေလက် နှင့် ဇာဇ တည်း။ ဤရွေ့ကား ယေရမေလ အမျိုးအနွယ် တည်း။
’Ya’yan Yonatan maza su ne, Felet da Zaza. Waɗannan su ne zuriyar Yerameyel.
34 ၃၄ ရှေရှန် ၌ သား မ ရှိ။ သမီး သက်သက် ရှိ၏။ ရှေရှန် ၌ ယာဟ အမည် ရှိသောအဲဂုတ္တု အမျိုးသားကျွန် ယောက်ျားတယောက်ရှိ၍၊
Sheshan ba shi da’ya’ya maza, sai’ya’ya mata kawai. Yana da bawa mutumin Masar mai suna Yarha.
35 ၃၅ ထိုကျွန်နှင့်သမီး တယောက်ကို ပေးစား သဖြင့် ၊ သမီးသည် အဘဘို့သားအတ္တဲ ကို ဘွားမြင် ၏။
Sheshan ya ba da’yarsa aure ga bawansa Yarha, ta kuwa haifa masa Attai.
36 ၃၆ အတ္တဲ သား ကားနာသန် ၊ နာသန် သား ဇာဗဒ်။
Attai shi ne mahaifin Natan, Natan shi ne mahaifin Zabad,
37 ၃၇ ဇာဗဒ် သား ဧဖလလ ၊ ဧဖလလ သား ဩဗက်၊
Zabad shi ne mahaifin Eflal, Eflal shi ne mahaifin Obed,
38 ၃၈ ဩဗက် သား ယေဟု၊ ယေဟု သား အာဇရိ တည်း။
Obed shi ne mahaifin Yehu, Yehu shi ne mahaifin Azariya,
39 ၃၉ အာဇရိ သား ကား ဟေလက် ၊ ဟေလက် သား ဧလာသ၊
Azariya shi ne mahaifin Helez, Helez shi ne mahaifin Eleyasa,
40 ၄၀ ဧလာသ သား သိသမဲ ၊ သိသမဲ သား ရှလ္လုံ၊
Eleyasa shi ne mahaifin Sismai, Sismai shi ne mahaifin Shallum
41 ၄၁ ရှလ္လုံ သား ယေကမိ ၊ ယေကမိ သား ဧလိရှမာ တည်း။
Shallum shi ne mahaifin Yekamiya, Yekamiya kuma shi ne mahaifin Elishama.
42 ၄၂ ယေရမေလ ၏ညီ ကာလက် သားဦး ကား မေရှ ၊ မေရှသားဇိဖ ၊ ဇိဖသားမရေရှ ၊ မရေရှသား ဟေဗြုန်၊
’Ya’yan Kaleb maza, ɗan’uwan Yerameyel su ne, Mesha ɗan farinsa, wanda shi ne mahaifin Zif, da ɗansa Maresha, wanda shi ne mahaifin Hebron.
43 ၄၃ ဟေဗြုန် သား ကောရ ၊ တာပွါ ၊ ရေကင် ၊ ရှေမ တည်း။
’Ya’yan Hebron maza su ne, Kora, Taffuwa, Rekem da Shema.
44 ၄၄ ရှေမ သား ကားရာဟံ ၊ ရာဟံသားယော်ကောင် တည်း။ ရေကင် သား ကား ရှမ္မဲ၊
Shema shi ne mahaifin Raham, Raham kuma shi ne mahaifin Yorkeyam. Rekem shi ne mahaifin Shammai.
45 ၄၅ ရှမ္မဲ သား မောန ၊ မောန သားဗက်ဇုရ တည်း။
Ɗan Shammai shi ne Mawon, Mawon kuma shi ne mahaifin Bet-Zur.
46 ၄၆ ကာလက် မယားငယ် သည် လည်း ဟာရန် ၊ မောဇ ၊ ဂါဇက် တို့ကို ဘွားမြင် ၏။ ဟာရန် သား ကား ယာဒဲ တည်း။
Efa ƙwarƙwarar Kaleb ita ce mahaifiyar Haran, Moza da Gazez. Haran shi ne mahaifin Gazez.
47 ၄၇ ယာဒဲ သား ကားရေဂင် ၊ ယောသံ ၊ ဂေရှံ ၊ ပေလက် ၊ ဧဖာ ၊ ရှာဖ တည်း။
’Ya’yan Yadai maza su ne, Regem, Yotam, Geshan, Felet, Efa da Sha’af.
48 ၄၈ ကာလက် မယားငယ် မာခါ သည်လည်း၊ ရှေဗာ နှင့် တိရဟာန ကို၎င်း၊
Ma’aka ƙwarƙwarar Kaleb ita ce mahaifiyar Sheber da Tirhana.
49 ၄၉ မာဒမေန အဘ ရှာဖ ၊ မာခဗေန အဘ ရှေဝ ၊ ဂိအာ အဘ ကို၎င်း ဘွားမြင် ၏။ ကာလက် သမီး ကား အာခသ တည်း။
Ta kuma haifi Sha’af mahaifin Madmanna da kuma Shewa, mahaifin Makbena da Gibeya.’Yar Kaleb ita ce Aksa.
50 ၅၀ ဧဖရတ် သားဦး ဟုရ ၏သား ဖြစ် သော ကာလက် သား ကား၊ ကိရယတ်ယာရိမ် အဘ ရှောဗာလ၊
Waɗannan su ne zuriyar Kaleb.’Ya’yan Hur maza, ɗan farin Efrata su ne, Shobal mahaifin Kiriyat Yeyarim,
51 ၅၁ ဗက်လင် အဘ စလမ ၊ ဗက်ဂါဒါ အဘ ဟာရပ် တည်း။
Salma mahaifin Betlehem, da kuma Haref mahaifin Bet-Gader.
52 ၅၂ ကိရယတ်ယာရိမ် အဘ ရှောဗာလ သား ဟူမူကား ၊ ဟာရော နှင့်မနဟေသိ အမျိုးတပိုင်း၊
Zuriyar Shobal mahaifin Kiriyat Yeyarim su ne, Harowe, rabin Manahatiyawa,
53 ၅၃ ကိရယတ်ယာရိမ် အမျိုးမျိုး ၊ ဣသရိ လူ၊ ဖုဟိ လူ၊ ရှုမသိ လူ၊ မိရှရိ လူတည်း။ ထို အမျိုးထဲက ဇာရာသိ လူနှင့် ဧရှတောလိ လူဖြစ်သတည်း။
kuma gidan Kiriyat Yeyarim su ne, Itrayawa, Futiyawa, Shumatiyawa da Mishratiyawa. Daga waɗannan ne Zoratiyawa da Eshtawoliyawa suka fito.
54 ၅၄ စလမ သား ဟူမူကား၊ ဗက်လင် နှင့် နေတောဖာသိ လူ၊ အတရုတ် ၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတပိုင်း ၊ ဇောရိ လူ၊
Zuriyar Salma su ne, Betlehem, Netofawa, Atrot Bet Yowab, rabin Manahatiyawa, Zoriyawa,
55 ၅၅ ယာဗက် မြို့၌နေ သောရှောဖရိလူ၊ တိရသိ လူ၊ ရှိမသိ လူ၊ စုခသိ လူတည်း။ ထိုသူ တို့သည် ရေခပ် အမျိုး ၏ အဘ ဟေမတ် မှ ဆင်းသက် သော ကိနိ အမျိုးဖြစ်သတည်း။
kuma gidan marubuta waɗanda suke zama a Yabez su ne, Tiratiyawa, Shimeyatiyawa da Sukatiyawa. Waɗannan su ne Keniyawa waɗanda suka zo daga Hammat, mahaifin gidan Rekab.

< ၁ ရာဇဝင်ချုပ် 2 >