< ၁ ရာဇဝင်ချုပ် 19 >

1 ထိုနောက် အမ္မုန် ရှင်ဘုရင် နာဟတ် သည် သေ ၍ ၊ သား တော်ဟာနုန်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏။
Et dans la suite vint à mourir Nahas, roi des Ammonites, et son fils régna à sa place.
2 ဒါဝိဒ် ကလည်း၊ ဟာနုန် အဘ နာဟတ် သည် ငါ့ အား ကျေးဇူး ပြု သောကြောင့် ၊ သူ၏သား ၌ ကျေးဇူး ပြု မည်ဟုဆို လျက် ၊ သူ ၏အဘ သေရာတွင် နှစ်သိမ့် စေခြင်းငှါ သံတမန် တို့ကိုစေလွှတ် ၍ ၊ ဒါဝိဒ် ၏ကျွန် တို့သည် ဟာနုန် မင်းကို နှစ်သိမ့် စေခြင်းငှါ သူရှိရာ အမ္မုန် ပြည် သို့ ရောက် ကြ၏။
Alors David dit: Je témoignerai de la bonté à Hanoun, fils de Nahas, car son père m'a témoigné de la bonté. Et David délégua des envoyés pour le consoler au sujet de son père. Ainsi vinrent des serviteurs de David au pays des Ammonites, chez Hanoun pour le consoler.
3 အမ္မုန် အမျိုး မှူးမတ် တို့သည် ဟာနုန် မင်းထံသို့ ဝင်၍၊ ဒါဝိဒ် သည် စိတ်တော်ကို နှစ်သိမ့် စေသောသူတို့ကို စေလွှတ် ရာတွင်၊ ခမည်းတော် ကို ရိုသေ စွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည် တော်ကို စစ်ဆေး စူးစမ်း ၍ ဖျက်ဆီး ခြင်းငှါ သာ၊ သူ ၏ကျွန် တို့သည် အထံ တော် သို့ ရောက် သည် မ ဟုတ်လော ဟု လျှောက် ကြလျှင်၊
Alors les chefs des Ammonites dirent à Hanoun: Est-ce, à tes yeux, pour honorer ton père que David t'envoie des consolateurs? N'est-ce pas dans le but d'explorer, de bouleverser, et d'espionner le pays que ses serviteurs sont venus te trouver?
4 ဟာနုန် သည် ဒါဝိဒ် ၏ ကျွန် တို့ကို ယူ ပြီးလျှင် ၊ မုဆိတ်ကိုရိတ် ၍ အဝတ် ကိုတင်ပါး တိုင်အောင်ဖြတ် ပြီးမှ လွှတ်လိုက် လေ၏။
Là-dessus Hanoun fit prendre et raser les serviteurs de David et leur fit couper les habits jusqu'à mi-hanches, puis les congédia.
5 ထိုသူ တို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ် သည် သိတင်း ကြားသောအခါ ၊ သူတို့သည် အလွန် ရှက် သောကြောင့် ဆီးကြို စေခြင်းငှါ စေလွှတ် ၍ ၊ သင် တို့သည် မုဆိတ် မ ရှည် မှီတိုင်အောင်ယေရိခေါ မြို့မှာ နေ ကြလော့။ ထိုနောက်မှ ပြန်လာ ကြလော့ဟု မှာထား တော်မူ၏။
Et l'on vint renseigner David touchant ces hommes, et il envoya à leur rencontre (car ces hommes étaient fort outragés), et le roi dit: Restez à Jéricho jusqu'à ce que votre barbe ait poussé, puis revenez.
6 ဟာနုန် မင်းနှင့် အမ္မုန် အမျိုးသား တို့က၊ ငါတို့ သည် ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင် ၊ မေသောပေါတာမိ ပြည်၊ ရှုရိမာခါ ပြည်၊ ဇောဘ ပြည်တို့၌ မြင်း ရထားတို့ကိုငှါး ခြင်းငှါ ငွေ အခွက် တသောင်းကို ထုတ်၍၊
Et les Ammonites virent qu'ils étaient en mauvaise odeur auprès de David, et Hanoun et les Ammonites envoyèrent mille talents d'argent pour prendre à leurs gages des chars et de la cavalerie chez les Syriens de Mésopotamie et les Syriens de Maacha et de Tsoba.
7 မြင်း ရထားသူရဲသုံးသောင်း နှစ်ထောင်ကို၎င်း ၊ မာခါ မင်းကြီး နှင့် သူ ၏လူ တို့ကို၎င်းငှါး သဖြင့်၊ ထိုသူတို့ သည် မေဒဘ မြို့ရှေ့ မှာ တပ်ချ ကြ၏။ အမ္မုန် အမျိုးသား တို့သည်လည်း စုဝေး ၍ အမြို့မြို့ တို့မှ စစ် ချီ ကြ၏။
Et ils prirent à leur solde trente-deux mille chars et le roi de Maacha et son monde: ceux-ci vinrent et campèrent devant Médeba. Et les Ammonites se rassemblèrent de leurs villes et arrivèrent pour se battre.
8 ထိုသိတင်းကို ဒါဝိဒ် သည် ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသော သူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။
A cette nouvelle, David fit partir Joab et toute l'armée des guerriers.
9 အမ္မုန် အမျိုးသား တို့သည် ထွက် ၍ မြို့ တံခါးဝ မှာ စစ် ခင်းကျင်း ကြ၏။ စစ်ကူသော မင်းကြီး တို့သည် လွင်ပြင် ၌ တခြားစီ နေကြ၏။
Et les Ammonites sortirent et se rangèrent en bataille en dehors des portes de la ville tandis que les rois venus étaient seuls dans la campagne.
10 ၁၀ ယွာဘ သည်လည်း ရှေ့ ၌၎င်း ၊ နောက် ၌၎င်း၊ စစ် မျက်နှာ နှစ်ဘက်ရှိ သည်ကို မြင် လျှင်၊ ဣသရေလ လူတို့ တွင် သန်မြန်သောသူရှိသမျှ တို့ကို ရွေးကောက် ၍ ရှုရိ လူ တို့တဘက်၌ စစ်ခင်းကျင်း ၏။
Et Joab se voyant attaqué par devant et par derrière, fit un choix dans toute l'élite d'Israël et forma sa ligne contre les Syriens,
11 ၁၁ ကြွင်း သောသူ တို့ကို အမ္မုန် အမျိုးသား တို့ တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါညီ အဘိရှဲ လက် သို့ အပ် လျက်၊
laissant sous la conduite de son frère Abisaï le reste de la troupe, qui forma sa ligne contre les Ammonites.
12 ၁၂ ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ့ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။
Et il dit: Si les Syriens prennent l'avantage sur moi, viens à mon secours; et si les Ammonites prennent l'avantage sur toi, j'irai à ton secours.
13 ၁၃ ရဲရင့် သောစိတ် ရှိ၍ ငါ တို့လူမျိုး နှင့် ငါ တို့ ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလို တော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆို ပြီးမှ၊
Tiens bien, et tenons bien pour notre peuple et pour les cités de notre Dieu, et que l'Éternel agisse comme il Lui semblera bon.
14 ၁၄ သူ ၌ ပါသော လူ များနှင့်တကွ၊ ရှုရိ လူတို့ကို စစ်တိုက် ခြင်းငှါ ချဉ်းသွား သောအခါ ၊ ရှုရိလူတို့သည် ပြေး ကြ၏။
Joab donc et la troupe qui était avec lui, s'avança à l'attaque des Syriens qui s'enfuirent devant lui.
15 ၁၅ ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင် ၊ သူ တို့သည်လည်း ညီ အဘိရှဲ ရှေ့ မှာပြေး ၍ မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။
Et les Ammonites voyant les Syriens en fuite, prirent aussi la fuite devant Abisaï, son frère, et rentrèrent dans la ville. Et Joab gagna Jérusalem.
16 ၁၆ ရှုရိ လူတို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် ၊ သံတမန် တို့ကို စေလွှတ် ၍ မြစ် တဘက် ၌နေသော ရှုရိ လူတို့ကို ခေါ်သဖြင့် ၊ ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ် မင်းရှောဗက် သည်လည်း အုပ်ရ၏။
Et les Syriens se voyant battus par les Israélites dépêchèrent des messagers et firent mettre en campagne les Syriens d'au delà le Fleuve, et Sophach, général d'armée d'Hadarézer, à leur tête.
17 ၁၇ ထိုသိတင်းကိုကြား လျှင် ဒါဝိဒ် သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ ယော်ဒန် မြစ်ကို ကူး သဖြင့် ၊ ရန်သူတပ်သို့ ရောက် ၍ စစ်ခင်းကျင်း လေ၏။ ထိုသို့ဒါဝိဒ် သည် စစ်ခင်းကျင်း ၍ ရှုရိ လူတို့သည် တိုက် သောအခါ၊
Et David en reçut l'avis; et il rassembla tous les Israélites et passa le Jourdain et les joignit et forma sa ligne contre eux, et David se rangea en bataille contre les Syriens, qui en vinrent aux mains avec lui. Mais les Syriens s'enfuirent devant les Israélites,
18 ၁၈ ဣသရေလ အမျိုးသားရှေ့ မှာ ပြေး ကြ၏။ ဒါဝိဒ် သည်လည်း ရှုရိ မြင်း ရထားစီးသူရဲခုနစ် ထောင် ၊ ခြေသည် သူရဲလေးသောင်း တို့ကိုသတ် ၍ ဗိုလ်ချုပ် မင်းရှောဗက် ကိုလည်း လုပ်ကြံ လေ၏။
et David fit aux Syriens un massacre de sept mille chars et quarante mille fantassins et tua Sophach, général de l'armée.
19 ၁၉ ဟာဒဒေဇာ မင်း၏ ကျွန် တို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် ၊ ဒါဝိဒ် နှင့် မိဿဟာယ ဖွဲ့၍ ကျွန်ခံ ကြ၏။ နောက် တဖန် ရှုရိ လူတို့ သည် အမ္မုန် အမျိုးသား တို့ကို စစ်မ ကူ ကြ။
Et les serviteurs d'Hadarézer se voyant battus par les Israélites firent la paix avec David, auquel ils furent asservis. Et les Syriens ne voulurent plus porter secours aux Ammonites.

< ၁ ရာဇဝင်ချုပ် 19 >