< ၁ ရာဇဝင်ချုပ် 19 >
1 ၁ ထိုနောက် အမ္မုန် ရှင်ဘုရင် နာဟတ် သည် သေ ၍ ၊ သား တော်ဟာနုန်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏။
Some time later, Nahash king of the Ammonites died and was succeeded by his son.
2 ၂ ဒါဝိဒ် ကလည်း၊ ဟာနုန် အဘ နာဟတ် သည် ငါ့ အား ကျေးဇူး ပြု သောကြောင့် ၊ သူ၏သား ၌ ကျေးဇူး ပြု မည်ဟုဆို လျက် ၊ သူ ၏အဘ သေရာတွင် နှစ်သိမ့် စေခြင်းငှါ သံတမန် တို့ကိုစေလွှတ် ၍ ၊ ဒါဝိဒ် ၏ကျွန် တို့သည် ဟာနုန် မင်းကို နှစ်သိမ့် စေခြင်းငှါ သူရှိရာ အမ္မုန် ပြည် သို့ ရောက် ကြ၏။
And David said, “I will show kindness to Hanun son of Nahash, because his father showed kindness to me.” So David sent messengers to console Hanun concerning his father. But when David’s servants arrived in the land of the Ammonites to console him,
3 ၃ အမ္မုန် အမျိုး မှူးမတ် တို့သည် ဟာနုန် မင်းထံသို့ ဝင်၍၊ ဒါဝိဒ် သည် စိတ်တော်ကို နှစ်သိမ့် စေသောသူတို့ကို စေလွှတ် ရာတွင်၊ ခမည်းတော် ကို ရိုသေ စွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည် တော်ကို စစ်ဆေး စူးစမ်း ၍ ဖျက်ဆီး ခြင်းငှါ သာ၊ သူ ၏ကျွန် တို့သည် အထံ တော် သို့ ရောက် သည် မ ဟုတ်လော ဟု လျှောက် ကြလျှင်၊
the princes of the Ammonites said to Hanun, “Just because David has sent you comforters, do you really believe he is showing respect for your father? Have not his servants come to you to explore the land, spy it out, and overthrow it?”
4 ၄ ဟာနုန် သည် ဒါဝိဒ် ၏ ကျွန် တို့ကို ယူ ပြီးလျှင် ၊ မုဆိတ်ကိုရိတ် ၍ အဝတ် ကိုတင်ပါး တိုင်အောင်ဖြတ် ပြီးမှ လွှတ်လိုက် လေ၏။
So Hanun took David’s servants, shaved their beards, cut off their garments at the hips, and sent them away.
5 ၅ ထိုသူ တို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ် သည် သိတင်း ကြားသောအခါ ၊ သူတို့သည် အလွန် ရှက် သောကြောင့် ဆီးကြို စေခြင်းငှါ စေလွှတ် ၍ ၊ သင် တို့သည် မုဆိတ် မ ရှည် မှီတိုင်အောင်ယေရိခေါ မြို့မှာ နေ ကြလော့။ ထိုနောက်မှ ပြန်လာ ကြလော့ဟု မှာထား တော်မူ၏။
When someone came and told David about his men, he sent messengers to meet them, since the men had been thoroughly humiliated. The king told them, “Stay in Jericho until your beards have grown back, and then return.”
6 ၆ ဟာနုန် မင်းနှင့် အမ္မုန် အမျိုးသား တို့က၊ ငါတို့ သည် ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင် ၊ မေသောပေါတာမိ ပြည်၊ ရှုရိမာခါ ပြည်၊ ဇောဘ ပြည်တို့၌ မြင်း ရထားတို့ကိုငှါး ခြင်းငှါ ငွေ အခွက် တသောင်းကို ထုတ်၍၊
When the Ammonites realized that they had become a stench to David, Hanun and the Ammonites sent a thousand talents of silver to hire for themselves chariots and horsemen from Aram-naharaim, Aram-maacah, and Zobah.
7 ၇ မြင်း ရထားသူရဲသုံးသောင်း နှစ်ထောင်ကို၎င်း ၊ မာခါ မင်းကြီး နှင့် သူ ၏လူ တို့ကို၎င်းငှါး သဖြင့်၊ ထိုသူတို့ သည် မေဒဘ မြို့ရှေ့ မှာ တပ်ချ ကြ၏။ အမ္မုန် အမျိုးသား တို့သည်လည်း စုဝေး ၍ အမြို့မြို့ တို့မှ စစ် ချီ ကြ၏။
So they hired for themselves thirty-two thousand chariots, as well as the king of Maacah with his troops, who came and camped near Medeba while the Ammonites came from their cities and marched out for battle.
8 ၈ ထိုသိတင်းကို ဒါဝိဒ် သည် ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသော သူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။
On hearing this, David sent Joab and the entire army of mighty men.
9 ၉ အမ္မုန် အမျိုးသား တို့သည် ထွက် ၍ မြို့ တံခါးဝ မှာ စစ် ခင်းကျင်း ကြ၏။ စစ်ကူသော မင်းကြီး တို့သည် လွင်ပြင် ၌ တခြားစီ နေကြ၏။
The Ammonites marched out and arrayed themselves for battle at the entrance to the city, while the kings who had come stayed by themselves in the open country.
10 ၁၀ ယွာဘ သည်လည်း ရှေ့ ၌၎င်း ၊ နောက် ၌၎င်း၊ စစ် မျက်နှာ နှစ်ဘက်ရှိ သည်ကို မြင် လျှင်၊ ဣသရေလ လူတို့ တွင် သန်မြန်သောသူရှိသမျှ တို့ကို ရွေးကောက် ၍ ရှုရိ လူ တို့တဘက်၌ စစ်ခင်းကျင်း ၏။
When Joab saw the battle lines before him and behind him, he selected some of the best men of Israel and arrayed them against the Arameans.
11 ၁၁ ကြွင်း သောသူ တို့ကို အမ္မုန် အမျိုးသား တို့ တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါညီ အဘိရှဲ လက် သို့ အပ် လျက်၊
And he placed the rest of the forces under the command of his brother Abishai, who arrayed them against the Ammonites.
12 ၁၂ ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ့ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။
“If the Arameans are too strong for me,” said Joab, “then you will come to my rescue. And if the Ammonites are too strong for you, then I will come to your rescue.
13 ၁၃ ရဲရင့် သောစိတ် ရှိ၍ ငါ တို့လူမျိုး နှင့် ငါ တို့ ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလို တော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆို ပြီးမှ၊
Be strong and let us fight bravely for our people and for the cities of our God. May the LORD do what is good in His sight.”
14 ၁၄ သူ ၌ ပါသော လူ များနှင့်တကွ၊ ရှုရိ လူတို့ကို စစ်တိုက် ခြင်းငှါ ချဉ်းသွား သောအခါ ၊ ရှုရိလူတို့သည် ပြေး ကြ၏။
So Joab and his troops advanced to fight the Arameans, who fled before him.
15 ၁၅ ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင် ၊ သူ တို့သည်လည်း ညီ အဘိရှဲ ရှေ့ မှာပြေး ၍ မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။
When the Ammonites saw that the Arameans had fled, they too fled before Joab’s brother Abishai, and they entered the city. So Joab went back to Jerusalem.
16 ၁၆ ရှုရိ လူတို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် ၊ သံတမန် တို့ကို စေလွှတ် ၍ မြစ် တဘက် ၌နေသော ရှုရိ လူတို့ကို ခေါ်သဖြင့် ၊ ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ် မင်းရှောဗက် သည်လည်း အုပ်ရ၏။
When the Arameans saw that they had been defeated by Israel, they sent messengers to bring more Arameans from beyond the Euphrates, with Shophach the commander of Hadadezer’s army leading them.
17 ၁၇ ထိုသိတင်းကိုကြား လျှင် ဒါဝိဒ် သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ ယော်ဒန် မြစ်ကို ကူး သဖြင့် ၊ ရန်သူတပ်သို့ ရောက် ၍ စစ်ခင်းကျင်း လေ၏။ ထိုသို့ဒါဝိဒ် သည် စစ်ခင်းကျင်း ၍ ရှုရိ လူတို့သည် တိုက် သောအခါ၊
When this was reported to David, he gathered all Israel, crossed the Jordan, advanced toward the Arameans, and arrayed for battle against them. When David lined up to engage them in battle, they fought against him.
18 ၁၈ ဣသရေလ အမျိုးသားရှေ့ မှာ ပြေး ကြ၏။ ဒါဝိဒ် သည်လည်း ရှုရိ မြင်း ရထားစီးသူရဲခုနစ် ထောင် ၊ ခြေသည် သူရဲလေးသောင်း တို့ကိုသတ် ၍ ဗိုလ်ချုပ် မင်းရှောဗက် ကိုလည်း လုပ်ကြံ လေ၏။
But the Arameans fled before Israel, and David killed seven thousand of their charioteers and forty thousand foot soldiers. He also killed Shophach the commander of their army.
19 ၁၉ ဟာဒဒေဇာ မင်း၏ ကျွန် တို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် ၊ ဒါဝိဒ် နှင့် မိဿဟာယ ဖွဲ့၍ ကျွန်ခံ ကြ၏။ နောက် တဖန် ရှုရိ လူတို့ သည် အမ္မုန် အမျိုးသား တို့ကို စစ်မ ကူ ကြ။
When Hadadezer’s subjects saw that they had been defeated by Israel, they made peace with David and became subject to him. So the Arameans were unwilling to help the Ammonites anymore.