< ၁ ရာဇဝင်ချုပ် 18 >

1 ထိုနောက် ဒါဝိဒ် သည် ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ အောင်မြင်သဖြင့်၊ ဂါသ မြို့နှင့် ကျေးလက် များကို သိမ်းယူ လေ၏။
After this it happened, that David struck the Philistines, and subdued them, and took Gath and its towns out of the hand of the Philistines.
2 မောဘ ပြည်ကိုလည်း လုပ်ကြံ ၍ မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန် ခံလျက်အခွန် ဆက် ရကြ၏။
He struck Moab; and the Moabites became servants to David, and brought tribute.
3 ဇောဘ မင်းကြီး ဟာဒဒေဇာ သည်၊ ဥဖရတ် မြစ် နား မှာ မိမိ နိုင်ငံ ကို တည် စေခြင်းငှါ သွား သောအခါ ၊ ဒါဝိဒ် သည် ဟာမတ် မြို့တိုင်အောင် တိုက်ဖျက် ၍၊
David struck Hadadezer king of Zobah to Hamath, as he went to establish his dominion by the river Perath.
4 ရထား တထောင် ၊ မြင်းစီး သူရဲခုနစ် ထောင် ၊ ခြေသည် သူရဲနှစ် သောင်းကို ဘမ်းဆီး ၍ ရထား တရာ ကို သိမ်းထား ပြီးမှအခြားသော မြင်း ရထားရှိသမျှ တို့ကို ဖျက်ဆီး လေ၏။
David took from him one thousand chariots, and seven thousand horsemen, and twenty thousand footmen; and David hamstrung all the chariot horses, but reserved of them for one hundred chariots.
5 ဒမာသက် မြို့နေ ရှုရိလူတို့သည် ဇောဘ မင်းကြီး ဟာဒဒေဇာ ကို စစ်ကူ သောအခါ ၊ ဒါဝိဒ် သည် ရှုရိ လူ နှစ်သောင်း နှစ်ထောင်တို့ကိုသတ် ပြီးမှ၊
When the Arameans of Damascus came to help Hadadezer king of Zobah, David struck of the Arameans twenty-two thousand men.
6 ရှုရိ ပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထား သဖြင့် ၊ ရှုရိ လူတို့သည်ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။
Then David put garrisons in Aram of Damascus; and the Arameans became servants to David, and brought tribute. YHWH gave victory to David wherever he went.
7 ဟာဒဒေဇာ ၏ကျွန် တို့ စွဲကိုင်သော ရွှေ ဒိုင်း လွှားများကို ဒါဝိဒ် သည်သိမ်း ၍ ယေရုရှလင် မြို့သို့ ဆောင် သွား၏။
And David took the shields of gold that were on the servants of Hadadezer, and brought them to Jerusalem.
8 ဟာဒဒေဇာ အစိုးရသောတိဗဟတ် မြို့နှင့် ခုန် မြို့မှ ၊ ဒါဝိဒ် သည် များစွာ သော ကြေးဝါ ကို သိမ်းသွား ၏။ ရှောလမုန် သည် ကြေးဝါ ရေကန် ၊ ကြေးဝါတိုင် ၊ ကြေးဝါ တန်ဆာ များကို ထိုကြေးဝါဖြင့် လုပ် သတည်း။
From Tibhath and from Cun, cities of Hadadezer, David took very much bronze, with which Solomon made the bronze sea, and the pillars, and the vessels of bronze.
9 ဇောဘ မင်းကြီး ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကိုဟာမတ် မင်းကြီး တောဣ သည်ကြား လျှင်၊
When Tou king of Hamath heard that David had struck all the army of Hadadezer king of Zobah,
10 ၁၀ မိမိရန်သူဟာဒဒေဇာ ကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံ သောကြောင့် ၊ မိဿဟာယ ဖွဲ့၍ ကောင်းကြီး ပေး စေခြင်းငှါ မိမိ သား ဟဒေါရံ ကို ဒါဝိဒ် မင်းကြီး ထံသို့ စေလွှတ် ၍ ၊ ဟဒေါရံသည် ရွှေ ဖလား၊ ငွေ ဖလား၊ ကြေးဝါ ဖလားအမျိုးမျိုး တို့ကို ဆောင်ခဲ့လေ၏။
he sent Hadoram his son to king David, to Greet him, and to bless him, because he had fought against Hadadezer and struck him; (for Hadadezer had wars with Tou; ) and he had with him all kinds of vessels of gold and silver and bronze.
11 ၁၁ ထိုဖလားတို့ကို ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား အား ပူဇော် ၏။ ထိုအတူရှုရိပြည်၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဖိလိတ္တိ ပြည်၊ အာမလက် ပြည်၊ အပြည်ပြည် တို့မှ ဆောင် ခဲ့သော ရွှေ ငွေ ကိုလည်း ပူဇော်၏။
The King also dedicated these to YHWH, with the silver and the gold that he took from all the nations; from Edom, and from Moab, and from the people of Ammon, and from the Philistines, and from Amalek.
12 ၁၂ ထိုမှတပါး ၊ ဇေရုယာ သား အဘိရှဲ သည် ဆားချိုင့် တွင် ဧဒုံ လူတသောင်း ရှစ်ထောင်တို့ကို လုပ်ကြံ လေ၏။
Moreover Abishai the son of Zeruiah struck of the Edomites in the Valley of Salt eighteen thousand.
13 ၁၃ ဧဒုံ ပြည်၌ မြို့စောင့်တပ် တို့ကို ထား ၍ ၊ ဧဒုံ ပြည်သား အပေါင်း တို့သည် ဒါဝိဒ် ၌ ကျွန် ခံကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။
He put garrisons in Edom; and all the Edomites became servants to David. YHWH gave victory to David wherever he went.
14 ၁၄ ထိုသို့ ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကိုစိုးစံ ၍ ၊ နိုင်ငံတော်သားတို့တွင် တရားမှု ကို စီရင် ဆုံးဖြတ်တော်မူ ၏။
David reigned over all Israel; and he executed justice and righteousness to all his people.
15 ၁၅ ဇေရုယာ ၏သား ယွာဘ သည် ဗိုလ်ချုပ် မင်း ဖြစ်၏။ အဟိလုဒ် ၏သား ယောရှဖတ် သည် အတွင်းဝန် ဖြစ်၏။
Joab the son of Zeruiah was over the army; and Jehoshaphat the son of Ahilud was recorder;
16 ၁၆ အဟိတုပ် ၏သား ဇာဒုတ် နှင့် အဗျာသာ ၏သား အဟိမလက် သည် ယဇ်ပုရောဟိတ် ဖြစ်၏။ စရာယ သည် စာရေးတော်ကြီး ဖြစ်၏။
and Zadok the son of Ahitub, and Ahimelech the son of Abiathar, were priests; and Shisha was scribe;
17 ၁၇ ယောယဒ ၏သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကို အုပ်ရ၏။ ဒါဝိဒ် ၏သား တော်တို့သည် လည်း အထံ တော်၌ မင်းသားအရာနှင့်နေကြ၏။
and Benaiah the son of Jehoiada was over the Cherethites and the Pelethites; and the sons of David were chief about the king.

< ၁ ရာဇဝင်ချုပ် 18 >