< ၁ ရာဇဝင်ချုပ် 13 >

1 တဖန် ဒါဝိဒ် သည် လူတထောင် အုပ် ၊ တရာ အုပ် အစရှိသော အကြီးအကဲ အပေါင်း တို့နှင့် တိုင်ပင် ပြီးလျှင်၊
တဖန်ဒါဝိဒ်သည် လူတထောင်အုပ်၊ တရာအုပ် အစရှိသော အကြီးအကဲအပေါင်းတို့နှင့် တိုင်ပင်ပြီးလျှင်၊
2 ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့အား ၊ သင်တို့သည် အလိုရှိ၍ ငါ တို့၏ဘုရားသခင် ထာဝရဘုရား အခွင့်ပေးတော်မူလျှင် ၊ ဣသရေလ နိုင်ငံအရပ်ရပ် ၌ ကျန်ကြွင်း သေးသော ငါ တို့ညီအစ်ကို များ၊ မြို့ နှင့်မြို့နယ် ၌ နေသောယဇ်ပုရောဟိတ် ၊ လေဝိ သားများတို့သည် ငါ တို့ နှင့်အတူ စည်းဝေး စေခြင်းငှါအနှံ့အပြား စေလွှတ် ကြကုန်အံ့။
ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အား၊ သင်တို့သည် အလိုရှိ၍ ငါတို့၏ဘုရားသခင်ထာဝရဘုရား အခွင့်ပေးတော်မူလျှင်၊ ဣသရေလနိုင်ငံအရပ်ရပ်၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ၊ မြို့နှင့်မြို့နယ်၌ နေသော ယဇ်ပုရောဟိတ်၊ လေဝိသားများတို့သည် ငါတို့ နှင့်အတူ စည်းဝေးစေခြင်းငှါ အနှံ့အပြားစေလွှတ်ကြ ကုန်အံ့။
3 ငါ တို့၏ဘုရားသခင် သေတ္တာ တော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလု လက်ထက် ၌ ထိုသေတ္တာ တော်ရှေ့မှာ မေးမြန်း လေ့မ ရှိပါတကားဟု မိန့်တော်မူသောစကားကို၊
ငါတို့၏ဘုရားသခင် သေတ္တာတော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလုလက်ထက်၌ ထိုသေတ္တာ တော်ရှေ့မှာ မေးမြန်းလေ့မရှိပါတကားဟု မိန့်တော်မူ သောစကားကို၊
4 စည်းဝေးသော ပရိသတ် အပေါင်း တို့သည် နှစ်သက် သောကြောင့် ၊ အမိန့်တော်အတိုင်းပြု ပါမည်ဟု ဝန်ခံ ကြ၏။
စည်းဝေးသော ပရိသတ်အပေါင်းတို့သည် နှစ်သက်သောကြောင့်၊ အမိန့်တော်အတိုင်းပြုပါမည်ဟု ဝန်ခံကြ၏။
5 ထိုသို့ဒါဝိဒ် သည် ဘုရားသခင် ၏ သေတ္တာ တော် ကို၊ ကိရယတ်ယာရိမ် မြို့မှ ဆောင် ခဲ့ခြင်းငှါ အဲဂုတ္တု ပြည် အနား၊ ရှိဟောရ မြစ်မှစ၍ ဟာမတ် မြို့လမ်းဝတိုင်အောင် နေသောဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေပြီးလျှင်၊
ထိုသို့ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော် ကို၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှါ အဲဂုတ္တုပြည် အနား၊ ရှိဟောရမြစ်မှစ၍ ဟာမတ်မြို့လမ်းဝတိုင်အောင် နေသောဣသရေလ အမျိုးသားအပေါင်းတို့ကို စုဝေး စေပြီးလျှင်၊
6 ခေရုဗိမ် ကြားမှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား ၏နာမ တော်နှင့်ဆိုင်သော ဘုရားသခင် ၏ သေတ္တာ တော်ကို ဆောင် ခဲ့ခြင်းငှါ ၊ ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ၊ ယုဒ ပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာ မြို့သို့ သွား လေ၏။
ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ၊ ဣသရေလ အမျိုးသား အပေါင်းတို့နှင့်တကွ၊ ယုဒပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ၏။
7 ဘုရားသခင် ၏ သေတ္တာ တော်ကို လှည်း သစ် ပေါ် မှာတင်၍ အဘိနဒပ် အိမ် ထဲက ထုတ် ကြ၏။ ဩဇ နှင့် အဟိဩ သည်လှည်း ကို နှင် ကြ၏။
ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင်၍ အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ ဩဇနှင့်အဟိဩသည်လှည်းကို နှင်ကြ၏။
8 ဒါဝိဒ် နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည် သီချင်း ဆိုလျက် စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ၊ ခွက်ကွင်း ၊ တံပိုး တို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အား ထုတ်၍ တီးမှုတ် ကြ၏။
ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည် သီချင်းဆို လျက်စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။
9 ခိဒုန် ကောက်နယ်တလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာ တော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည်လက် ကိုဆန့် ၍ သေတ္တာတော် ကို ကိုင် ၏။
ခိဒုန်ကောက်နယ်တလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော် ကို ကိုင်၏။
10 ၁၀ ထိုသို့ သေတ္တာ တော်ကို ကိုင် သောကြောင့် ၊ ထာဝရဘုရား သည် ဩဇ ကို အမျက် ထွက် ၍ ၊ ဒဏ်ခတ် တော်မူသဖြင့် ၊ ဩဇသည် ဘုရားသခင် ရှေ့ တော်၌ သေ လေ၏။
၁၀ထိုသို့သေတ္တာတော်ကို ကိုင်သောကြောင့်၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက်၍၊ ဒဏ်ခတ် တော်မူသဖြင့်၊ ဩဇသည် ဘုရားသခင်ရှေ့တော်၌ သေလေ၏။
11 ၁၁ ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇောဇ အမည် ဖြင့် တွင် သတည်း။
၁၁ဩဇကိုထာဝရဘုရား ဒဏ်ခတ်တော်မူသော ကြောင့် ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇောဇအမည်ဖြင့် တွင် သတည်း။
12 ၁၂ ထို နေ့ ၌ ဒါဝိဒ် သည် ဘုရားသခင် ကို ကြောက် ၍ ၊ ဘုရားသခင် ၏ သေတ္တာ တော်ကို အဘယ်ကြောင့်ငါ့ ထံသို့ ဆောင် ခဲ့ရမည်နည်းဟုဆို လျက်၊
၁၂ထိုနေ့၌ဒါဝိဒ်သည် ဘုရားသခင်ကို ကြောက်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်းဟုဆိုလျက်၊
13 ၁၃ မိမိနေရာဒါဝိဒ် မြို့ ထဲသို့ သေတ္တာ တော်ကို မ ဆောင် ဘဲ ဂိတ္တိ လူဩဗဒေဒုံ အိမ် သို့ လွှဲ ၍ ဆောင်သွားလေ၏။
၁၃မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လွှဲ၍ ဆောင်သွား လေ၏။
14 ၁၄ ဘုရားသခင် ၏သေတ္တာ တော်သည် သုံး လ ပတ်လုံး၊ ဩဗဒေဒုံ အိမ် တွင် အိမ်သူ အိမ်သားများဆီမှာ ရှိ ၏။ ထာဝရဘုရား သည် ဩဗဒေဒုံ နှင့် အိမ်သူ အိမ်သား အပေါင်း တို့ကို ကောင်းကြီး ပေးတော်မူ၏။
၁၄ဘုရားသခင်၏သေတ္တာတော်သည် သုံးလ ပတ်လုံး၊ ဩဗေဒုံအိမ်တွင် အိမ်သူအိမ်သားများဆီမှာ ရှိ၏။ ထာဝရဘုရားသည် ဩဗဒေဒုံနှင့် အိမ်သူအိမ်သား အပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။

< ၁ ရာဇဝင်ချုပ် 13 >