< ၁ ရာဇဝင်ချုပ် 11 >

1 ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့ သည် ဒါဝိဒ် ရှိရာ ဟေဗြုန် မြို့၌ စည်းဝေး ၍၊ ကျွန်တော် တို့သည် ကိုယ်တော် အရိုး ၊ ကိုယ်တော် အသား ဖြစ်ကြပါ ၏။
Then all Israel came to David at Hebron and said, “Look, we are your flesh and bone.
2 အထက် က ရှောလု သည် ရှင်ဘုရင် ဖြစ် သောအခါ ၊ ကိုယ်တော် သည် ဣသရေလ အမျိုးကို ဆောင်သွား လျက် ၊ သွင်း ပြန်လျက် နေတော်မူပြီ။ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား ကလည်း၊ သင် သည်ငါ ၏လူ ဣသရေလ အမျိုးကိုလုပ်ကျွေး အုပ်စိုး ရမည်ဟု ကိုယ်တော် အား မိန့် တော်မူပြီဟု လျှောက်ဆိုကြ၏။
In the recent past, when Saul was king over us, it was you who led the Israelite army. Yahweh your God said to you, 'You will shepherd my people Israel, and you will become a ruler over my people Israel.'”
3 ထိုသို့ ဣသရေလ အမျိုးအသက်ကြီး သူအပေါင်း တို့သည် ရှင်ဘုရင် ရှိရာ ဟေဗြုန် မြို့သို့ ရောက် လာလျှင် ၊ ဒါဝိဒ် သည် ဟေဗြုန် မြို့၊ ထာဝရဘုရား ရှေ့ တော်မှာ သူ တို့ နှင့် မိဿဟာယ ဖွဲ့ ၍ ၊ ရှမွေလ အားဖြင့် ထာဝရဘုရား ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊ သူတို့သည် ဒါဝိဒ် ကို ဘိသိတ် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။
So all the elders of Israel came to the king at Hebron, and David made a covenant with them before Yahweh. They anointed David king over Israel. In this way, the word of Yahweh that had been declared by Samuel came true.
4 တဖန် ဒါဝိဒ် သည် ဣသရေလ လူအပေါင်း တို့ကို ခေါ်၍၊ ပြည်သားရင်း ယေဗုသိ လူတို့နေ ရာ ယေဗုတ် မြို့ တည်းဟူသော ယေရုရှလင် မြို့သို့သွား လျှင်၊
David and all Israel went to Jerusalem (that is, Jebus). Now the Jebusites, the inhabitants of the land, were there.
5 ယေဗုတ် မြို့သား တို့က၊ သင်သည် ဤ မြို့သို့ မ ဝင် ရဟု ဆို ကြသော်လည်း ၊ ဒါဝိဒ် သည် ဒါဝိဒ် မြို့ တည်းဟူသော ဇိအုန် ရဲတိုက် ကို တိုက်ယူ လေ၏။
The inhabitants of Jebus said to David, “You will not come in here.” But David took the stronghold of Zion, that is, the city of David.
6 ဒါဝိဒ် ကလည်း၊ ယေဗုသိ လူတို့ကို အဦး လုပ်ကြံ သောသူသည် ဗိုလ်ချုပ် ဖြစ် စေဟု အမိန့် တော်ရှိသည် အတိုင်း ၊ ဇေရုယာ သား ယွာဘ သည် အဦး တက် ၍ ဗိုလ်ချုပ် အရာကိုခံရ ၏။
David had said, “Whoever attacks the Jebusites first will become chief and commander.” So Joab son of Zeruiah attacked first, so he was made the chief.
7 ထိုနောက် ဒါဝိဒ် သည်ရဲတိုက် ၌ နေ သောကြောင့် ၊ ဒါဝိဒ် မြို့ ဟူသောအမည်ဖြင့် သမုတ် ကြ၏။
Then David began to live in the stronghold. So they called it the city of David.
8 မိလ္လော အရပ်နှင့်တကွမြို့ ပတ်လည် ၌ တည်ဆောက် ပြီးမှ ကျန်ကြွင်း သောမြို့ ကိုယွာဘ ပြုပြင် လေ၏။
He built the city all around from the Millo and back to the surrounding wall. Joab restored the rest of the city.
9 ဒါဝိဒ် သည် တိုးပွား ၍ အားကြီး သဖြင့် ၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။
David became greater and greater because Yahweh of hosts was with him.
10 ၁၀ ဣသရေလ အမျိုး၌ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဒါဝိဒ်ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ဣသရေလ အမျိုးအပေါင်း တို့နှင့် ဝိုင်း၍ ဒါဝိဒ် မင်း ဘက် မှာ ကြိုးစား အားထုတ်သော အမှုတော်ထမ်းသူရဲ ကြီး တို့၏ စာရင်းဟူမူကား၊
These were the leaders David had, who showed themselves strong with him in his kingdom, together with all Israel, to make him king, obeying the word of Yahweh concerning Israel.
11 ၁၁ ဟခမောနိ အမျိုး ယာရှောဗံ သည် ဗိုလ်ချုပ် ဖြစ် ၏။ ထိုသူ သည် လှံ ကိုကိုင် လျက်၊ လူသုံး ရာ ကို တခါတည်း တိုက်၍ လုပ်ကြံ လေ၏။
This is a list of David's mighty men: Jashobeam, the son of a Hachmonite, was commander of the officers. He killed three hundred men with his spear on one occasion.
12 ၁၂ သူ့ နောက် မှာ အဟောဟိ အမျိုးဒေါဒေါ သား ဧလာဇာ သည် ဒါဝိဒ် နှင့်အတူ ပါ ၊ သဒမ္မိမ် မြို့သို့ လိုက်သော သူရဲ သုံး ယောက် အဝင်ဖြစ်၏။
After him was Eleazar son of Dodo, the Ahohite, who was one of the three mighty men.
13 ၁၃ ဖိလိတ္တိ လူတို့သည် စစ်တိုက် ခြင်းငှါ မုယော စပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ဣသရေလလူ တို့ သည် ရန်သူရှေ့ မှာ ပြေး ကြသော်လည်း၊
He was with David at Pas Dammim, and there the Philistines assembled together for battle, where there was a barley field and the army fled from the Philistines.
14 ၁၄ ထိုသူတို့သည် လယ်ကွက် အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိ လူတို့ကိုလုပ်ကြံ သောအခါ ၊ ထာဝရဘုရား သည် ကြီးစွာ သော အောင် ခြင်းအားဖြင့်သူတို့ကို ကယ်တင် တော်မူ၏။
They stood in the middle of the field. They defended it and cut down the Philistines and Yahweh rescued them with a great victory.
15 ၁၅ ဗိုလ် စုအဝင်သုံး ယောက်တို့သည် ဒါဝိဒ် ရှိရာ ကျောက် ကြား၊ အဒုလံ ဥမင် သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့ သည် ရေဖိမ် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
Then three of the thirty leaders went down to the rock to David, to the cave of Adullam. The army of the Philistines was camped in the Valley of Rephaim.
16 ၁၆ ထိုအခါ ဒါဝိဒ် သည် ရဲတိုက် တွင် နေ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင် မြို့၌ လည်း တပ်ချကြ၏။
At that time David was in his stronghold, a cave, while the Philistines had established their camp at Bethlehem.
17 ၁၇ ဒါဝိဒ် ကလည်း တစုံတယောက် သောသူသည် ဗက်လင် မြို့တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ် ၍ ငါ့ အားပေး ပါစေသောဟု တောင့်တ သောစိတ်နှင့် ဆို သော်၊
David was longing for water and said, “If only someone would give me water to drink from the well at Bethlehem, the well that is by the gate!”
18 ၁၈ ထိုသူသုံး ယောက်တို့သည် ဖိလိတ္တိ တပ် ကိုဖျက် ၍ ၊ ဗက်လင် မြို့ တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်ယူ ပြီးလျှင် ဒါဝိဒ် ထံ တော်သို့ဆောင် ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ် သည် မ သောက် ဘဲ ထာဝရဘုရား ရှေ့ တော်၌ သွန်း လျက်၊
So these three mighty men broke through the army of the Philistines and drew water out of the well of Bethlehem, the well at the gate. They took the water and brought it to David, but he refused to drink it. Instead, he poured it out to Yahweh.
19 ၁၉ ဤ ရေကို သောက်သောအမှုသည် ငါ နှင့် ဝေး ပါစေသော။ ကိုယ် အသက် ကို မနှမြောဘဲသွားသောသူ တို့၏ အသွေး ကို ငါသောက် ရမည်လော။ သူတို့သည် ကိုယ် အသက် ကို စွန့်စား၍ ဤရေကိုဆောင် ခဲ့ကြ ပြီဟုဆိုလျက် မ သောက် ဘဲနေ၏။ ထိုသူရဲ သုံး ယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြု ကြ၏။
Then he said, “May it be that I should never do this! Should I drink the blood of these men who have risked their lives?” Because they had put their lives at risk, David refused to drink it. These were the deeds of the three mighty men.
20 ၂၀ ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲသုံး ယောက် တွင် အကြီး ဖြစ် ၏။ သူ သည် လှံ ကိုကိုင် ၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲသုံး ယောက် အဝင် နေရာရသတည်း။
Abishai brother of Joab was captain over the Three. He once used his spear against three hundred and killed them. He is mentioned along with the Three.
21 ၂၁ သူရဲသုံး ယောက်တွင် နှစ် ယောက်ထက်သာ၍မြတ် သောကြောင့်ဗိုလ်ချုပ် အရာကိုရ ၏။ သို့သော်လည်း ပဌမသူရဲသုံး ယောက်တို့ကို မ မှီ။
Of the Three, he was given double honor and became their captain, even though he was not one of them.
22 ၂၂ အထူးသဖြင့် ပြုဘူးသောကပ်ဇေလ မြို့သား၊ သူရဲ ယောယဒ ၏သား ဗေနာယ သည်လည်း ခြင်္သေ့ နှင့် တူသော မောဘ လူနှစ် ယောက်ကိုသတ် ၏။ ဆောင်း ကာလ ၌ လည်း၊ အခြားသို့သွား ၍ မြေတွင်း ၌ ရှိသောခြင်္သေ့ ကိုသတ် ၏။
Benaiah son of Jehoiada was a brave warrior from Kabzeel, who did great deeds. He killed the two sons of Ariel of Moab. He also went down into a pit and killed a lion on a day when the snow was falling.
23 ၂၃ အရပ်ငါး တောင် မြင့်သော အဲဂုတ္တု လူ ကိုလည်း သတ် ၏။ အဲဂုတ္တု လူသည် ရက်ကန်း လက်လိပ်နှင့်အမျှ ကြီးသော လှံ ကိုကိုင်သော်လည်း ၊ ဗေနာယသည် တောင်ဝေး ကိုသာ ကိုင်လျက်သွား ၍ ၊ အဲဂုတ္တု လူလက် မှ လှံ ကို လုယူ ပြီးလျှင် ထိုလှံ နှင့် သူ့ ကိုသတ် ၏။
He even killed an Egyptian, a man five cubits tall. The Egyptian had a spear like a weaver's beam, but he went down to him with only a staff. He seized the spear out of the Egyptian's hand and killed him with his own spear.
24 ၂၄ ထိုသို့ သော အမှုတို့ကို ယောယဒ သား ဗေနာယ သည် ပြု ၍ သူရဲ သုံး ယောက်အဝင် နေရာကိုရ၏။
Benaiah son of Jehoiada did these feats, and he was named alongside the three mighty men.
25 ၂၅ ဗိုလ်များထက် သာ၍မြတ် သော်လည်း ပဌမ သူရဲသုံး ယောက်တို့ကိုမ မှီ။ ဒါဝိဒ် သည် အတွင်းဝန် ချုပ် အရာကို လည်း ပေး ၏။
He was more highly regarded than the thirty soldiers in general, but he was not regarded quite as highly as the three mighty men. Yet David put him in charge of his bodyguard.
26 ၂၆ ယွာဘ ညီ အာသဟေလ သည်လည်း ဗိုလ် စုအဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင် မြို့နေ၊ ဒေါဒေါ ၏သား ဧလဟာနန်၊
The mighty men were Asahel brother of Joab, Elhanan son of Dodo of Bethlehem,
27 ၂၇ ဟေရောဒိ အမျိုး ရှမ္မ ၊ ဖာလတိ အမျိုး ဟေလက်၊
Shammoth the Harorite, Helez the Pelonite,
28 ၂၈ တေကော အမျိုး ဣကေရှ ၏သား ဣရ ၊ အနေသောသိ အမျိုး အဗျေဇာ၊
Ira son of Ikkesh the Tekoite, Abiezer the Anathothite,
29 ၂၉ ဟုရှသိ အမျိုးသိဗေကဲ ၊ အဟောဟိ အမျိုး ဣလဲ ၊
Sibbekai the Hushathite, Ilai the Ahohite,
30 ၃၀ နေတောဖာသိ အမျိုး မဟာရဲ ၊ နေတောဖာသိ အမျိုး ဗာန ၏သား ဟေလက်၊
Maharai the Netophathite, Heled son of Baanah the Netophathite,
31 ၃၁ ဗင်္ယာမိန် အမျိုး ၊ ဂိဗာ မြို့နေ၊ ရိဘဲ ၏သား ဣတ္တဲ ၊ ပိရသောနိ အမျိုး ဗေနာယ ၊
Ithai son of Ribai of Gibeah of Benjamin's descendants, Benaiah the Pirathonite,
32 ၃၂ ဂါရှ ချိုင့် သားဟုရဲ ၊ အာဗသိ အမျိုးအဗျေလ၊
Hurai of the valleys of Gaash, Abiel the Arbathite,
33 ၃၃ ဗာဟုမိ အမျိုးအာဇမာဝက် ၊ ရှာလဗောနိ အမျိုး ဧလျာဘ၊
Azmaveth the Baharumite, Eliahba the Shaalbonite,
34 ၃၄ ဂိဇောနိ အမျိုးယာရှင် ၏သား တို့တွင် ယောနသန် ၊ ဟာရရိ အမျိုး ရှမ္မ၊
the sons of Hashem the Gizonite, Jonathan son of Shagee the Hararite,
35 ၃၅ ဟာရရိ အမျိုးရှာရ ၏ သား အဟိအံ ၊ ဥရ ၏သား ဧလိဖလ၊
Ahiam son of Sakar the Hararite, Eliphal son of Ur,
36 ၃၆ မေခေရသိ အမျိုးဟေဖာ ၊ ပေလောနိ အမျိုး အဟိယ ၊
Hepher the Mekerathite, Ahijah the Pelonite,
37 ၃၇ ကရမေလ အမျိုးဟေဇရဲ ၊ ဧဇဗဲ ၏သား နာရဲ၊
Hezro the Carmelite, Naarai son of Ezbai,
38 ၃၈ နာသန် ၏ညီ ယောလ ၊ ဟဂ္ဂေရိ ၏သား မိဗဟာ၊
Joel brother of Nathan, Mibhar son of Hagri,
39 ၃၉ အမ္မုန် အမျိုးဇေလက် ၊ ဇေရုယာ သား ယွာဘ ၏ လက်နက် ဆောင် လုလင်၊ ဗေရောသိ အမျိုး နဟာရဲ ၊
Zelek the Ammonite, Naharai the Berothite (the armor bearer of Joab son of Zeruiah),
40 ၄၀ ဣသရိ အမျိုး ဣရ ၊ ဣသရိ အမျိုးဂါရက်၊
Ira the Ithrite, Gareb the Ithrite,
41 ၄၁ ဟိတ္တိ အမျိုးဥရိယ ၊ အာလဲ ၏သား ဇာဗဒ်၊
Uriah the Hittite, Zabad son of Ahlai,
42 ၄၂ ရုဗင် အမျိုးသားသုံး ကျိပ်ကို အုပ်သောဗိုလ် ၊ ရှိဇ ၏သား အဒိန၊
Adina son of Shiza the Reubenite (a chief of the Reubenites) and thirty with him,
43 ၄၃ မာခါ ၏သား ဟာနန် ၊ မိသနိ အမျိုး ယောရှဖတ်၊
Hanan son of Maacah, and Joshaphat the Mithnite,
44 ၄၄ အာရှတယောသိ အမျိုးဩဇိ ၊ အာရော် အမျိုး ဟောသန် ၏သား ရှာမ နှင့် ယေဟေလ၊
Uzzia the Ashterathite, Shama and Jeiel sons of Hotham the Aroerite,
45 ၄၅ တိဇိ အမျိုးရှိမရိ ၏သား ယေဒျေလ နှင့် သူ ၏ညီ ယောဟ၊
Jediael son of Shimri, Joha (his brother the Tizite),
46 ၄၆ မဟာဝိ အမျိုးဧလျေလ ၊ ဧလနန် ၏သား ယေရိဗဲ နှင့် ယောရှဝိ ၊ မောဘ အမျိုးဣသမ နှင့်တကွ၊
Eliel the Mahavite, Jeribai and Joshaviah sons of Elnaam, Ithmah the Moabite,
47 ၄၇ ဧလျေလ ၊ ဩဗက် ၊ မေဇောဗိတ် အမျိုး ယာသေလ တည်း။
Eliel, Obed, and Jaasiel the Mezobaite.

< ၁ ရာဇဝင်ချုပ် 11 >