< ၁ ရာဇဝင်ချုပ် 11 >
1 ၁ ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့ သည် ဒါဝိဒ် ရှိရာ ဟေဗြုန် မြို့၌ စည်းဝေး ၍၊ ကျွန်တော် တို့သည် ကိုယ်တော် အရိုး ၊ ကိုယ်တော် အသား ဖြစ်ကြပါ ၏။
And all Israel is gathered to David at Hebron, saying, “Behold, we [are] your bone and your flesh;
2 ၂ အထက် က ရှောလု သည် ရှင်ဘုရင် ဖြစ် သောအခါ ၊ ကိုယ်တော် သည် ဣသရေလ အမျိုးကို ဆောင်သွား လျက် ၊ သွင်း ပြန်လျက် နေတော်မူပြီ။ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား ကလည်း၊ သင် သည်ငါ ၏လူ ဣသရေလ အမျိုးကိုလုပ်ကျွေး အုပ်စိုး ရမည်ဟု ကိုယ်တော် အား မိန့် တော်မူပြီဟု လျှောက်ဆိုကြ၏။
even in time past, even in Saul’s being king, it is you who are taking out and bringing in Israel, and your God YHWH says to you: You feed My people Israel, and you are leader over My people Israel.”
3 ၃ ထိုသို့ ဣသရေလ အမျိုးအသက်ကြီး သူအပေါင်း တို့သည် ရှင်ဘုရင် ရှိရာ ဟေဗြုန် မြို့သို့ ရောက် လာလျှင် ၊ ဒါဝိဒ် သည် ဟေဗြုန် မြို့၊ ထာဝရဘုရား ရှေ့ တော်မှာ သူ တို့ နှင့် မိဿဟာယ ဖွဲ့ ၍ ၊ ရှမွေလ အားဖြင့် ထာဝရဘုရား ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊ သူတို့သည် ဒါဝိဒ် ကို ဘိသိတ် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။
And all [the] elderly of Israel come to the king at Hebron, and David makes a covenant with them in Hebron before YHWH, and they anoint David for king over Israel, according to the word of YHWH by the hand of Samuel.
4 ၄ တဖန် ဒါဝိဒ် သည် ဣသရေလ လူအပေါင်း တို့ကို ခေါ်၍၊ ပြည်သားရင်း ယေဗုသိ လူတို့နေ ရာ ယေဗုတ် မြို့ တည်းဟူသော ယေရုရှလင် မြို့သို့သွား လျှင်၊
And David goes, and all Israel, to Jerusalem—it [is] Jebus—and the Jebusite [is] there, the inhabitants of the land.
5 ၅ ယေဗုတ် မြို့သား တို့က၊ သင်သည် ဤ မြို့သို့ မ ဝင် ရဟု ဆို ကြသော်လည်း ၊ ဒါဝိဒ် သည် ဒါဝိဒ် မြို့ တည်းဟူသော ဇိအုန် ရဲတိုက် ကို တိုက်ယူ လေ၏။
And the inhabitants of Jebus say to David, “You do not come in here”; and David captures the fortress of Zion—it [is] the City of David.
6 ၆ ဒါဝိဒ် ကလည်း၊ ယေဗုသိ လူတို့ကို အဦး လုပ်ကြံ သောသူသည် ဗိုလ်ချုပ် ဖြစ် စေဟု အမိန့် တော်ရှိသည် အတိုင်း ၊ ဇေရုယာ သား ယွာဘ သည် အဦး တက် ၍ ဗိုလ်ချုပ် အရာကိုခံရ ၏။
And David says, “Whoever strikes the Jebusite first becomes head and prince”; and Joab son of Zeruiah goes up first and becomes head.
7 ၇ ထိုနောက် ဒါဝိဒ် သည်ရဲတိုက် ၌ နေ သောကြောင့် ၊ ဒါဝိဒ် မြို့ ဟူသောအမည်ဖြင့် သမုတ် ကြ၏။
And David dwells in the fortress, therefore they have called it the City of David;
8 ၈ မိလ္လော အရပ်နှင့်တကွမြို့ ပတ်လည် ၌ တည်ဆောက် ပြီးမှ ကျန်ကြွင်း သောမြို့ ကိုယွာဘ ပြုပြင် လေ၏။
and he builds the city all around, from Millo, and to the circumference, and Joab restores the rest of the city.
9 ၉ ဒါဝိဒ် သည် တိုးပွား ၍ အားကြီး သဖြင့် ၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။
And David goes, going on and becoming great, and YHWH of Hosts [is] with him.
10 ၁၀ ဣသရေလ အမျိုး၌ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဒါဝိဒ်ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ဣသရေလ အမျိုးအပေါင်း တို့နှင့် ဝိုင်း၍ ဒါဝိဒ် မင်း ဘက် မှာ ကြိုးစား အားထုတ်သော အမှုတော်ထမ်းသူရဲ ကြီး တို့၏ စာရင်းဟူမူကား၊
And these [are] heads of the mighty ones whom David has, who are strengthening themselves with him in his kingdom, with all Israel, to cause him to reign, according to the word of YHWH, over Israel.
11 ၁၁ ဟခမောနိ အမျိုး ယာရှောဗံ သည် ဗိုလ်ချုပ် ဖြစ် ၏။ ထိုသူ သည် လှံ ကိုကိုင် လျက်၊ လူသုံး ရာ ကို တခါတည်း တိုက်၍ လုပ်ကြံ လေ၏။
And this [is] an account of the mighty ones whom David has: Jashobeam son of a Hachmonite [is] head of the thirty; he is lifting up his spear against three hundred—wounded, at one time.
12 ၁၂ သူ့ နောက် မှာ အဟောဟိ အမျိုးဒေါဒေါ သား ဧလာဇာ သည် ဒါဝိဒ် နှင့်အတူ ပါ ၊ သဒမ္မိမ် မြို့သို့ လိုက်သော သူရဲ သုံး ယောက် အဝင်ဖြစ်၏။
And after him [is] Eleazar son of Dodo the Ahohite, he [is] among the three mighty;
13 ၁၃ ဖိလိတ္တိ လူတို့သည် စစ်တိုက် ခြင်းငှါ မုယော စပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ဣသရေလလူ တို့ သည် ရန်သူရှေ့ မှာ ပြေး ကြသော်လည်း၊
he has been with David in Pas-Dammim, and the Philistines have been gathered there to battle, and a portion of the field is full of barley, and the people have fled from the face of the Philistines,
14 ၁၄ ထိုသူတို့သည် လယ်ကွက် အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိ လူတို့ကိုလုပ်ကြံ သောအခါ ၊ ထာဝရဘုရား သည် ကြီးစွာ သော အောင် ခြင်းအားဖြင့်သူတို့ကို ကယ်တင် တော်မူ၏။
and they station themselves in the midst of the portion, and deliver it, and strike the Philistines, and YHWH saves [with] a great salvation.
15 ၁၅ ဗိုလ် စုအဝင်သုံး ယောက်တို့သည် ဒါဝိဒ် ရှိရာ ကျောက် ကြား၊ အဒုလံ ဥမင် သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့ သည် ရေဖိမ် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
And three of the thirty heads go down on the rock to David, to the cave of Adullam, and the host of the Philistines is encamping in the Valley of Rephaim,
16 ၁၆ ထိုအခါ ဒါဝိဒ် သည် ရဲတိုက် တွင် နေ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင် မြို့၌ လည်း တပ်ချကြ၏။
and David [is] then in the fortress, and the station of the Philistines [is] then in Beth-Lehem,
17 ၁၇ ဒါဝိဒ် ကလည်း တစုံတယောက် သောသူသည် ဗက်လင် မြို့တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ် ၍ ငါ့ အားပေး ပါစေသောဟု တောင့်တ သောစိတ်နှင့် ဆို သော်၊
and David longs and says, “Who gives me water to drink from the well of Beth-Lehem that [is] at the gate!”
18 ၁၈ ထိုသူသုံး ယောက်တို့သည် ဖိလိတ္တိ တပ် ကိုဖျက် ၍ ၊ ဗက်လင် မြို့ တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်ယူ ပြီးလျှင် ဒါဝိဒ် ထံ တော်သို့ဆောင် ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ် သည် မ သောက် ဘဲ ထာဝရဘုရား ရှေ့ တော်၌ သွန်း လျက်၊
And the three break through the camp of the Philistines, and draw water from the well of Beth-Lehem that [is] at the gate, and carry and bring [it] to David, and David has not been willing to drink it, and pours it out to YHWH,
19 ၁၉ ဤ ရေကို သောက်သောအမှုသည် ငါ နှင့် ဝေး ပါစေသော။ ကိုယ် အသက် ကို မနှမြောဘဲသွားသောသူ တို့၏ အသွေး ကို ငါသောက် ရမည်လော။ သူတို့သည် ကိုယ် အသက် ကို စွန့်စား၍ ဤရေကိုဆောင် ခဲ့ကြ ပြီဟုဆိုလျက် မ သောက် ဘဲနေ၏။ ထိုသူရဲ သုံး ယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြု ကြ၏။
and says, “Far be it from me, by my God, to do this; do I drink the blood of these men with their lives? For with their lives they have brought it”; and he was not willing to drink it; these [things] the three mighty ones did.
20 ၂၀ ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲသုံး ယောက် တွင် အကြီး ဖြစ် ၏။ သူ သည် လှံ ကိုကိုင် ၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲသုံး ယောက် အဝင် နေရာရသတည်း။
And Abishai brother of Joab, he has been head of the three: and he is lifting up his spear against three hundred—wounded, and has a name among three.
21 ၂၁ သူရဲသုံး ယောက်တွင် နှစ် ယောက်ထက်သာ၍မြတ် သောကြောင့်ဗိုလ်ချုပ် အရာကိုရ ၏။ သို့သော်လည်း ပဌမသူရဲသုံး ယောက်တို့ကို မ မှီ။
Of the three he is more honored than the [other] two, and becomes their head; but he has not come to the [first] three.
22 ၂၂ အထူးသဖြင့် ပြုဘူးသောကပ်ဇေလ မြို့သား၊ သူရဲ ယောယဒ ၏သား ဗေနာယ သည်လည်း ခြင်္သေ့ နှင့် တူသော မောဘ လူနှစ် ယောက်ကိုသတ် ၏။ ဆောင်း ကာလ ၌ လည်း၊ အခြားသို့သွား ၍ မြေတွင်း ၌ ရှိသောခြင်္သေ့ ကိုသတ် ၏။
Benaiah son of Jehoiada, son of a man of valor, of great deeds, from Kabzeel: he has struck the two lion-like Moabites, and he has gone down and struck the lion in the midst of the pit, in the day of snow.
23 ၂၃ အရပ်ငါး တောင် မြင့်သော အဲဂုတ္တု လူ ကိုလည်း သတ် ၏။ အဲဂုတ္တု လူသည် ရက်ကန်း လက်လိပ်နှင့်အမျှ ကြီးသော လှံ ကိုကိုင်သော်လည်း ၊ ဗေနာယသည် တောင်ဝေး ကိုသာ ကိုင်လျက်သွား ၍ ၊ အဲဂုတ္တု လူလက် မှ လှံ ကို လုယူ ပြီးလျှင် ထိုလှံ နှင့် သူ့ ကိုသတ် ၏။
And he has struck the man, the Egyptian, a man of [great] measure—five by the cubit—and in the hand of the Egyptian [is] a spear like a weavers’ beam, and he goes down to him with a rod, and violently takes away the spear out of the hand of the Egyptian, and slays him with his own spear.
24 ၂၄ ထိုသို့ သော အမှုတို့ကို ယောယဒ သား ဗေနာယ သည် ပြု ၍ သူရဲ သုံး ယောက်အဝင် နေရာကိုရ၏။
These [things] Benaiah son of Jehoiada has done, and has a name among the three mighty ones.
25 ၂၅ ဗိုလ်များထက် သာ၍မြတ် သော်လည်း ပဌမ သူရဲသုံး ယောက်တို့ကိုမ မှီ။ ဒါဝိဒ် သည် အတွင်းဝန် ချုပ် အရာကို လည်း ပေး ၏။
Of the thirty, behold, he [is] honored, but he has not come to the [first] three, and David sets him over his guard.
26 ၂၆ ယွာဘ ညီ အာသဟေလ သည်လည်း ဗိုလ် စုအဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင် မြို့နေ၊ ဒေါဒေါ ၏သား ဧလဟာနန်၊
And the mighty ones of the forces [are] Asahel brother of Joab, Elhanan son of Dodo of Beth-Lehem,
27 ၂၇ ဟေရောဒိ အမျိုး ရှမ္မ ၊ ဖာလတိ အမျိုး ဟေလက်၊
Shammoth the Harorite, Helez the Pelonite,
28 ၂၈ တေကော အမျိုး ဣကေရှ ၏သား ဣရ ၊ အနေသောသိ အမျိုး အဗျေဇာ၊
Ira son of Ikkesh the Tekoite, Abi-Ezer the Annethothite,
29 ၂၉ ဟုရှသိ အမျိုးသိဗေကဲ ၊ အဟောဟိ အမျိုး ဣလဲ ၊
Sibbecai the Hushathite, Ilai the Ahohite,
30 ၃၀ နေတောဖာသိ အမျိုး မဟာရဲ ၊ နေတောဖာသိ အမျိုး ဗာန ၏သား ဟေလက်၊
Maharai the Netophathite, Heled son of Baanah the Netophathite,
31 ၃၁ ဗင်္ယာမိန် အမျိုး ၊ ဂိဗာ မြို့နေ၊ ရိဘဲ ၏သား ဣတ္တဲ ၊ ပိရသောနိ အမျိုး ဗေနာယ ၊
Ithai son of Ribai of Gibeah, of the sons of Benjamin, Benaiah the Pirathonite,
32 ၃၂ ဂါရှ ချိုင့် သားဟုရဲ ၊ အာဗသိ အမျိုးအဗျေလ၊
Hurai of the brooks of Gaash, Abiel the Arbathite,
33 ၃၃ ဗာဟုမိ အမျိုးအာဇမာဝက် ၊ ရှာလဗောနိ အမျိုး ဧလျာဘ၊
Azmaveth the Baharumite, Eliahba the Shaalbonite,
34 ၃၄ ဂိဇောနိ အမျိုးယာရှင် ၏သား တို့တွင် ယောနသန် ၊ ဟာရရိ အမျိုး ရှမ္မ၊
the sons of Hashem the Gizonite, Jonathan son of Shage the Hararite,
35 ၃၅ ဟာရရိ အမျိုးရှာရ ၏ သား အဟိအံ ၊ ဥရ ၏သား ဧလိဖလ၊
Ahiam son of Sacar the Hararite, Eliphal son of Ur,
36 ၃၆ မေခေရသိ အမျိုးဟေဖာ ၊ ပေလောနိ အမျိုး အဟိယ ၊
Hepher the Mecherathite, Ahijah the Pelonite,
37 ၃၇ ကရမေလ အမျိုးဟေဇရဲ ၊ ဧဇဗဲ ၏သား နာရဲ၊
Hezor the Carmelite, Naarai son of Ezbai,
38 ၃၈ နာသန် ၏ညီ ယောလ ၊ ဟဂ္ဂေရိ ၏သား မိဗဟာ၊
Joel brother of Nathan, Mibhar son of Haggeri,
39 ၃၉ အမ္မုန် အမျိုးဇေလက် ၊ ဇေရုယာ သား ယွာဘ ၏ လက်နက် ဆောင် လုလင်၊ ဗေရောသိ အမျိုး နဟာရဲ ၊
Zelek the Ammonite, Naharai the Berothite, bearer of the weapons of Joab son of Zeruiah,
40 ၄၀ ဣသရိ အမျိုး ဣရ ၊ ဣသရိ အမျိုးဂါရက်၊
Ira the Ithrite, Gareb the Ithrite,
41 ၄၁ ဟိတ္တိ အမျိုးဥရိယ ၊ အာလဲ ၏သား ဇာဗဒ်၊
Uriah the Hittite, Zabad son of Ahlai,
42 ၄၂ ရုဗင် အမျိုးသားသုံး ကျိပ်ကို အုပ်သောဗိုလ် ၊ ရှိဇ ၏သား အဒိန၊
Adina son of Shiza the Reubenite, head of the Reubenites, and thirty by him,
43 ၄၃ မာခါ ၏သား ဟာနန် ၊ မိသနိ အမျိုး ယောရှဖတ်၊
Hanan son of Maachah, and Joshaphat the Mithnite,
44 ၄၄ အာရှတယောသိ အမျိုးဩဇိ ၊ အာရော် အမျိုး ဟောသန် ၏သား ရှာမ နှင့် ယေဟေလ၊
Uzzia the Ashterathite, Shama and Jehiel sons of Hothan the Aroerite,
45 ၄၅ တိဇိ အမျိုးရှိမရိ ၏သား ယေဒျေလ နှင့် သူ ၏ညီ ယောဟ၊
Jediael son of Shimri, and his brother Joha the Tizite,
46 ၄၆ မဟာဝိ အမျိုးဧလျေလ ၊ ဧလနန် ၏သား ယေရိဗဲ နှင့် ယောရှဝိ ၊ မောဘ အမျိုးဣသမ နှင့်တကွ၊
Eliel the Mahavite, and Jeribai, and Joshaviah, sons of Elnaam, and Ithmah the Moabite,
47 ၄၇ ဧလျေလ ၊ ဩဗက် ၊ မေဇောဗိတ် အမျိုး ယာသေလ တည်း။
Eliel, and Obed, and Jaasiel the Mesobaite.