< ၁ ရာဇဝင်ချုပ် 10 >

1 ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို စစ်တိုက် ၍ ၊ ဣသရေလ လူ တို့သည် ရန်သူရှေ့ မှာ ပြေး သဖြင့်၊ ဂိလဗော တောင် ပေါ် မှာ အထိအခိုက် နှင့် လဲ ၍သေကြ၏။
Les Philistins ayant livré bataille à Israël, les hommes d'Israël prirent la fuite devant les Philistins, et tombèrent blessés à mort sur la montagne de Gelboé.
2 ဖိလိတ္တိ လူတို့သည် ရှောလု မင်းနှင့် သူ ၏သား တို့ကို ပြင်းထန် စွာ လိုက်၍ ၊ ရှောလု ၏သား ယောနသန် ၊ အဘိနဒပ် ၊ မေလခိရွှ တို့ကိုသတ် ကြ၏။
Les Philistins s'attachèrent à poursuivre Saül et ses fils, et les Philistins tuèrent Jonathas, Abinadab et Melchisua, fils de Saül.
3 စစ်တိုက် ရာတွင် ရှောလု သည် အလွန် ခံရ၏။ လေး သမားတို့ ပစ် သောမြှား မှန် ၍ အလွန်နာ သောကြောင့်၊
L'effort du combat se porta sur Saül; les archers l'ayant découvert, il eut grandement peur des archers.
4 လက်နက် ဆောင် လုလင်ကို ခေါ်ပြီးလျှင် ၊ သင့် ထား ကို ထုတ် ၍ ငါ့ ကိုထိုး လော့။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသောလူတို့သည်လာ ၍ ၊ ငါ့ ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟုဆို သော်လည်း ၊ လက်နက် ဆောင် လုလင်သည် အလွန် ကြောက် ၍ မ ပြုဘဲနေသောကြောင့် ၊ ရှောလု သည် ထိုထား ကို ယူ ၍ ထောင်ပြီးလျှင်၊ ထား ဖျား ပေါ် မှာ လှဲ ၍သေ၏။
Alors Saül dit à son écuyer: " Tire ton épée et m'en transperce, de peur que ces incirconcis ne viennent m'outrager. " L'écuyer ne le voulut pas faire, car il était saisi de crainte; alors Saül prit son épée et se jeta dessus.
5 ရှောလု သေ သည်ကို လက်နက် ဆောင် လုလင် မြင် လျှင် ၊ သူ သည်လည်း ထိုထားကို ထောင်၍ထား ဖျား ပေါ် မှာ လှဲ ၍ သေ ၏။
L'écuyer, voyant que Saül était mort, se jeta aussi sur son épée, et mourut.
6 ထိုသို့ ရှောလု နှင့် သူ ၏သား သုံး ယောက်မှစ၍နန်းတော် သားအပေါင်း တို့သည် အတူ သေ ကြ၏။
Ainsi périrent Saül et ses trois fils, et toute sa maison périt en même temps.
7 ဣသရေလလူပြေး ကြောင်း ၊ ရှောလု နှင့် သူ ၏ သား များသေ ကြောင်း ကို၊ ချိုင့် ၌ နေသော ဣသရေလ လူ အပေါင်း တို့သည် သိမြင် လျှင် ၊ မြို့ ရွာတို့ကို စွန့်ပစ် သဖြင့် ၊ ဖိလိတ္တိ လူတို့သည်လာ ၍ နေ ကြ၏။
Tous les hommes d'Israël qui étaient dans la plaine, voyant que les enfants d'Israël s'étaient enfuis, et que Saül et ses fils étaient morts, abandonnèrent leurs villes et prirent aussi la fuite; et les Philistins vinrent et s'y établirent.
8 နက်ဖြန် နေ့၌ ဖိလိတ္တိ လူတို့သည် အသေကောင် တို့၌၊ အဝတ်တန်ဆာကို ချွတ် ခြင်းငှါ လာ သောအခါ ၊ ဂိလဗော တောင် ပေါ် မှာ ရှောလု နှင့် သူ ၏သား သုံး ယောက်တို့သည် သေ လျက်ရှိသည်ကို တွေ့မြင် ကြ၏။
Le lendemain, les Philistins vinrent pour dépouiller les morts, et ils trouvèrent Saül et ses fils gisant sur la montagne de Gelboé.
9 အဝတ်တန်ဆာတော်ကို ချွတ် ပြီးမှ ခေါင်း တော်၊ လက်နက် တော်ကို ယူ ၍ သူတို့ရုပ်တု အိမ်များ၌ ၎င်း ၊ လူ များတို့၌ ၎င်း၊ သိတင်း ကျော်စောစေခြင်းငှါ ၊ ဖိလိတ္တိ ပြည် အရပ်ရပ်သို့ ပေး လိုက်ကြ၏။
L'ayant dépouillé, ils emportèrent sa tête et ses armes; puis ils envoyèrent publier cette bonne nouvelle par tout le pays des Philistins, devant leurs idoles et le peuple.
10 ၁၀ လက်နက် တော်ကိုလည်း သူ တို့ဘုရား ကျောင်း ၌ ထား ၍ ၊ ခေါင်း တော်ကို ဒါဂုန် ဗိမာန် ၌ ဆွဲ ထားကြ၏။
Ils mirent les armes de Saül dans la maison de leur dieu, et ils attachèrent son crâne dans le temple de Dagon.
11 ၁၁ ဖိလိတ္တိ လူတို့သည် ရှောလု ၌ ပြု သမျှ ကို ဂိလဒ် ပြည် ယာဗက်မြို့သားများကြား လျှင်၊
Tout Jabès en Galaad ayant appris tout ce que les Philistins avaient fait à Saül,
12 ၁၂ သူရဲ အပေါင်း တို့သည် ရှောလု ၏ အလောင်း နှင့် သူ ၏သား အလောင်း တို့ကို ယူ သွား၍ ၊ ယာဗက် မြို့သို့ ဆောင် ခဲ့သဖြင့် ၊ အရိုး တို့ကို ယာဗက် မြို့မှာ သပိတ် ပင် အောက် ၌ သင်္ဂြိုဟ် ပြီးမှ ခုနစ် ရက် ပတ်လုံးအစာရှောင် ကြ ၏။
tous les vaillants hommes se levèrent, prirent le corps de Saül et les corps de ses fils, et les transportèrent à Jabès. Ils enterrèrent leurs os sous le térébinthe, à Jabès, et ils jeûnèrent sept jours.
13 ၁၃ ထိုသို့ ရှောလု သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်၊ လွန်ကျူး ၍ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၎င်း၊
Saül mourut à cause de la transgression dont il s'était rendu coupable envers Yahweh, parce qu'il n'avait pas observé la parole de Yahweh, et pour avoir interrogé et consulté ceux qui évoquent les morts.
14 ၁၄ ထာဝရဘုရား ကို မ မေးမြန်း ဘဲနတ်ဝင် မိန်းမကို ရှာဖွေ မေးမြန်း သောကြောင့် ၎င်း၊ ထာဝရဘုရားသည် သူ့ ကိုကွပ်မျက် ၍ ၊ နိုင်ငံ တော်ကို ယေရှဲ သား ဒါဝိဒ် ၌ လွှဲအပ် တော်မူ၏။
Il ne consulta point Yahweh, et Yahweh le fit mourir, et il transféra la royauté à David, fils d'Isaï.

< ၁ ရာဇဝင်ချုပ် 10 >