< ဇေဖနိ 3 >

1 မိ​မိ​၏​မြို့​သား​များ​ကို​ပင်​လျှင်​ညှင်း​ပန်း နှိပ်​စက်​ကာ​အ​ကျင့်​ပျက်​ပုန်​ကန်​တတ်​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​၏။-
Ουαί η παραδεδειγματισμένη και μεμολυσμένη· η πόλις η καταθλίβουσα
2 ထို​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော် ကို​နား​မ​ထောင်။ ကိုယ်​တော်​၏​စည်း​ကမ်း​ကို မ​လိုက်​နာ။ ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား မှု​မ​ပြု။ ကိုယ်​တော်​၏​ကူ​မ​မှု​ကို​လည်း​မ တောင်း​ခံ​ခဲ့။-
Δεν υπήκουσεν εις την φωνήν· δεν εδέχθη διόρθωσιν· δεν ήλπισεν επί τον Κύριον· δεν επλησίασεν εις τον Θεόν αυτής.
3 ထို​ပြည်​ကို​အုပ်​ချုပ်​သော​အ​ရာ​ရှိ​တို့​သည် ခြင်္သေ့​ငယ်​များ​နှင့်​တူ​ကြ​၏။ တ​ရား​စီ​ရင် သူ​တို့​သည်​လည်း​လော​ဘ​ရ​မက်​ကြီး​လွန်း သ​ဖြင့် နံ​နက်​ချိန်​တိုင်​အောင်​အ​ရိုး​တစ်​ချောင်း ကို​မျှ​မ​စွန့်​ပစ်​နိုင်​သည့်​ဝံ​ပု​လွေ​ငယ်​များ နှင့်​တူ​ကြ​၏။-
Οι άρχοντες αυτής είναι εν αυτή λέοντες ωρυόμενοι· οι κριταί αυτής λύκοι της εσπέρας· δεν αφίνουσιν ουδέν διά το πρωΐ.
4 ပ​ရော​ဖက်​တို့​သည်​တာ​ဝန်​မဲ့​ပြု​လုပ်​တတ် သည့်​သစ္စာ​ဖောက်​များ​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​တို့​က​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​ညစ် ညမ်း​စေ​၍ ဘု​ရား​သ​ခင်​၏​ပညတ်​တ​ရား တော်​ကို​မိ​မိ​တို့​အ​ကျိုး​ရှိ​ရာ​ရှိ​ကြောင်း လှည့်​ကွက်​ဆင်​၍​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို ကြ​၏။-
Οι προφήται αυτής είναι προπετείς, άνθρωποι δόλιοι· οι ιερείς αυτής εβεβήλωσαν το αγιαστήριον, ηθέτησαν τον νόμον.
5 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့ တွင်​ရှိ​နေ​တော်​မူ​ပါ​သေး​၏။ ကိုယ်​တော် သည်​တ​ရား​သော​အ​မှု​ကို​သာ​လျှင်​ပြု တော်​မူ​၍​မ​တ​ရား​သည့်​အ​မှု​ကို​အ​ဘယ် အ​ခါ​၌​မျှ​ပြု​တော်​မ​မူ။ နံ​နက်​တိုင်း​မိ​မိ ၏​လူ​မျိုး​တော်​အား​မ​လွဲ​မ​သွေ​ဖြောင့်​မှန် စွာ​တ​ရား​စီ​ရင်​တော်​မူ​၏။ သို့​သော်​လည်း ထို​အ​ရပ်​ရှိ​လူ​မ​သ​မာ​တို့​သည်​မ​ကောင်း မှု​ကို​ဆက်​လက်​ပြု​ကျင့်​လျက်​နေ​ကြ​ပေ သည်။ သူ​တို့​တွင်​ရှက်​ကြောက်​မှု​လည်း​မ​ရှိ ကြ။
Ο Κύριος είναι δίκαιος εν μέσω αυτής· δεν θέλει κάμει αδικίαν· κατά πάσαν πρωΐαν φέρει την κρίσιν αυτού εις φως, δεν απολείπει· αλλ' ο διεφθαρμένος δεν γνωρίζει αισχύνην.
6 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လူ​မျိုး​တ​ကာ ကို​လုံး​ဝ​ဖျက်​ဆီး​ခဲ့​လေ​ပြီ။ သူ​တို့​၏​မြို့ များ​ကို​သုတ်​သင်​ဖျက်​ဆီး​၍​မြို့​တံ​တိုင်း များ၊ ရဲ​တိုက်​များ​ကို​လည်း​ယို​ယွင်း​ပျက် စီး​စေ​လေ​ပြီ။ မြို့​တို့​သည်​လူ​သူ​ဆိတ်​ငြိမ် လျက်​လမ်း​တို့​သည်​လည်း​ဟာ​လာ​ဟင်း လင်း​ဖြစ်​လျက်​နေ​ကြ​၏။ လူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ကြ​တော့​ပေ။-
Εξωλόθρευσα έθνη· οι πύργοι αυτών είναι ηρημωμένοι· ηρήμωσα τας οδούς αυτών, ώστε να μη υπάρχη διαβαίνων· αι πόλεις αυτών ηφανίσθησαν, ώστε δεν υπάρχει ουδείς κατοικών.
7 ထို​စဉ်​အ​ခါ​က​ငါ​၏​လူ​မျိုး​တော်​သည် ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​ကာ​ငါ​ပေး​သည့် စည်း​ကမ်း​ကို​လိုက်​နာ​ကြ​လိမ့်​မည်​ဟူ​၍ လည်း​ကောင်း၊ ငါ​၏​သွန်​သင်​ဆုံး​မ​ချက် ကို​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့​ကြ လိမ့်​မည်​မ​ဟုတ်​ဟူ​၍​လည်း​ကောင်း​ငါ ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​မ​ကြာ​ခ​ဏ သူ​တို့​သည်​အ​ကျင့်​ဆိုး​ကို​ပြု​မြဲ​ပြု လျက်​နေ​ကြ​၏။
Είπα, Βεβαίως ήθελες με φοβηθή, ήθελες δεχθή παιδείαν, και η κατοικία αυτής δεν ήθελεν εξολοθρευθή, όσον και αν ετιμώρουν αυτήν· πλην αυτοί έσπευσαν να διαφθείρωσι πάσας τας πράξεις αυτών.
8 ထာ​ဝ​ရ​ဘု​ရား​က``စောင့်​မျှော်​၍​နေ​လော့။ လူ မျိုး​တ​ကာ​တို့​အား​ငါ​ထ​၍​ပြစ်​တင်​စွပ်​စွဲ မည့်​နေ့​ရက်​ကာ​လ​ကို​စောင့်​မျှော်​၍​နေ​လော့။ ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​ခံ​စား​စိမ့် သော​ငှာ၊ လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ ကို​စု​သိမ်း​ရန်​ငါ​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ ပြီ။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည်​ငါ​၏ အ​မျက်​တော်​မီး​ဖြင့်​ကျွမ်း​လောင်​ပျက်​စီး ၍​သွား​လိမ့်​မည်။
Διά τούτο προσμένετέ με, λέγει Κύριος, μέχρι της ημέρας καθ' ην εγείρομαι προς λεηλασίαν· διότι η απόφασίς μου είναι να συνάξω τα έθνη, να συναθροίσω τα βασίλεια, να εκχέω επ' αυτά την αγανάκτησίν μου, όλην την έξαψιν της οργής μου· επειδή πάσα η γη θέλει καταναλωθή υπό του πυρός του ζήλου μου.
9 ``ထို​အ​ခါ​ငါ​သည်​လူ​မျိုး​အ​ပေါင်း​ကို ပြု​ပြင်​ပြောင်း​လဲ​စေ​မည်​ဖြစ်​၍ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ဘဲ ငါ့ ကို​သာ​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ​တို့​အား လုံး​ပင်​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ လိမ့်​မည်။-
Διότι τότε θέλω αποκαταστήσει εις τους λαούς γλώσσαν καθαράν, διά να επικαλώνται πάντες το όνομα του Κυρίου, να δουλεύωσιν αυτόν υπό ένα ζυγόν.
10 ၁၀ ပျံ့​လွင့်​နေ​သော​ငါ​၏​လူ​မျိုး​တော်​သည် ဝေး​လံ​သော​ဆူ​ဒန်​ပြည်​မှ​ပင်​လျှင်​ငါ့​ထံ သို့​ပူ​ဇော်​သ​ကာ​များ​ကို​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။-
Από του πέραν των ποταμών της Αιθιοπίας οι ικέται μου, η θυγάτηρ των διεσπαρμένων μου, θέλουσι φέρει την προσφοράν μου.
11 ၁၁ အို ငါ​၏​လူ​မျိုး​တော်၊ ထို​အ​ခါ​သင်​တို့ သည်​ငါ့​ကို​ပုန်​ကန်​ခဲ့​သည့်​အ​တွက်​ရှက် ကြောက်​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။ ငါ သည်​မာ​န​ကြီး​သူ​မောက်​မာ​ထောင်​လွှား သူ​မှန်​သ​မျှ​ကို​ပယ်​ရှင်း​မည်​ဖြစ်​၍ သင် တို့​သည်​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌ မျှ​ယေ​ရု​ရှ​လင်​မြို့​ရှိ ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သည့်​တောင်​တော်​ပေါ်​တွင်​ငါ့​ကို​ပုန် ကန်​ကြ​တော့​မည်​မ​ဟုတ်။-
Εν τη ημέρα εκείνη δεν θέλεις αισχύνεσθαι διά πάσας τας πράξεις σου, δι' ων ηνόμησας εναντίον μου· διότι τότε θέλω αφαιρέσει εκ μέσου σου τους καυχωμένους εις την μεγαλοπρέπειάν σου, και δεν θέλεις πλέον μεγαλαυχεί κατά του όρους του αγίου μου.
12 ၁၂ စိတ်​နှ​လုံး​နှိမ့်​ချ​နူး​ညံ့​သိမ်​မွေ့​သည့်​လူ​စု ကို​ထို​အ​ရပ်​တွင်​ငါ​ချန်​ထား​မည်။ သူ​တို့ သည်​လည်း​ငါ့​ထံ​သို့​လာ​ရောက်​ခို​လှုံ​ကြ လိမ့်​မည်။-
Και θέλω αφήσει εν μέσω σου λαόν τεθλιμμένον και πτωχόν, και ούτοι θέλουσιν ελπίζει επί το όνομα του Κυρίου.
13 ၁၃ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သည့်​ဣ​သ ရေ​လ​ပြည်​သား​တို့​သည်​အ​ဘယ်​သူ​ကို မျှ​ပြစ်​မှား​ကြ​လိမ့်​မည်​မ​ဟုတ်။ မု​သား စ​ကား​ပြော​ဆို​မှု​ကို​သော်​လည်း​ကောင်း၊ လိမ်​လည်​လှည့်​စား​ရန်​ကြိုး​စား​မှု​ကို​သော် လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ တို့​သည်​ကောင်း​စား​ကြ​လိမ့်​မည်။ အ​ဘယ် သူ​ကို​မျှ​မ​ကြောက်​မ​လန့်​ရ​ဘဲ ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
Το υπόλοιπον του Ισραήλ δεν θέλει πράξει ανομίαν ουδέ λαλήσει ψεύδη, ουδέ θέλει ευρεθή εν τω στόματι αυτών γλώσσα δολία· διότι αυτοί θέλουσι βόσκει και πλαγιάζει, και δεν θέλει υπάρχει ο εκφοβών.
14 ၁၄ အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ဝမ်း​မြောက်​စွာ ကြွေး​ကြော်​သီ​ဆို​ကြ​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သူ၊စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရွှင်​လန်း​ဝမ်း​မြောက်​လော့။
Ψάλλε, θύγατερ Σιών· αλαλάξατε, Ισραήλ· τέρπου και ευφραίνου εξ όλης καρδίας, θύγατερ Ιερουσαλήμ.
15 ၁၅ ကိုယ်​တော်​သည်​သင်​တို့​အား​အ​တိုက်​အ​ခံ ပြု​သူ​များ​ကို​ဖယ်​ရှား​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ​များ​ကို ရုပ်​သိမ်း​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယ​ခု​သင်​တို့​သည်​ကြောက်​လန့်​စ​ရာ အ​ကြောင်း​မ​ရှိ​တော့​ပြီ။
Αφήρεσεν ο Κύριος τας κρίσεις σου, απέστρεψε τον εχθρόν σου· βασιλεύς του Ισραήλ είναι ο Κύριος εν μέσω σου· δεν θέλεις πλέον ιδεί κακόν.
16 ၁၆ ထို​နေ့​တွင်​ယေ​ရု​ရှ​လင်​မြို့​အား​ဤ​သို့​ဆို လိမ့်​မည်။ ``အို ဇိ​အုန်​မြို့၊မ​ကြောက်​နှင့်။ သင်​သည်​လက်​မှိုင်​ချ​၍​မ​နေ​နှင့်။
Εν τη ημέρα εκείνη θέλει λεχθή προς την Ιερουσαλήμ, Μη φοβού· Σιών, ας μη εκλύωνται αι χείρές σου.
17 ၁၇ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​သည်​အောင်​ပွဲ​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အ​ပေါ်​ဝမ်း မြောက်​အား​ရ​မှု ရှိ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​လည်း​သင့်​အား ဘ​ဝ​သစ်​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​၏​အ​တွက်​ကြည်​နူး​ပျော် ရွှင်​ကာ သီ​ချင်း​ကူး​ဧ​တော်​မူ​လိမ့်​မည်။''
Κύριος ο Θεός σου, ο εν μέσω σου, ο δυνατός, θέλει σε σώσει, θέλει ευφρανθή επί σε εν χαρά, θέλει αναπαύεσθαι εις την αγάπην αυτού, θέλει ευφραίνεσθαι εις σε εν άσμασι.
18 ၁၈ ``ပွဲ​လမ်း​သ​ဘင်​၌​ပျော်​ရွှင်​သော​သူ​များ ကဲ့​သို့ ရွှင်​မြူး​တော်​မူ​လိမ့်​မည်'' ထာ​ဝ​ရ​ဘု​ရား​က ``ဝမ်း​နည်း​ရ​မှု​ကို​ရပ်​စဲ​၍၊- သင်​၏​အ​သ​ရေ​ပျက်​မှု​ကို​သင်​၏​ဝန်​ထုပ် အ​ဖြစ်​မှ ဖယ်​ရှား​လိုက်​လေ​ပြီ။
Θέλω συνάξει τους λελυπημένους διά τας επισήμους εορτάς, τους όντας από σου, εις τους οποίους ήτο βάρος ο ονειδισμός.
19 ၁၉ သင့်​ကို​ညှင်း​ပန်း​နှိပ်​စက်​သူ​များ​အား​ငါ အ​ပြစ်​ဒဏ် ခတ်​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ငါ​သည်​ခြေ​မ​စွမ်း​မ​သန်​သူ​အ​ပေါင်း​ကို ကယ်​ဆယ်​၍၊ ပြည်​နှင်​ဒဏ်​သင့်​သူ​များ​ကို​မိ​မိ​တို့​ပြည်​သို့ ခေါ်​ဆောင်​လာ​မည်။ သူ​တို့​၏​အ​ရှက်​ရ​မှု​ကို​ဂုဏ်​အ​သ​ရေ​ရှိ​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​မည်။ က​မ္ဘာ​သူ​က​မ္ဘာ​သား​တို့​သူ​တို့​ကို ချီး​ကူး​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
Ιδού, εν τω καιρώ εκείνω θέλω αφανίσει πάντας τους καταθλίβοντάς σε· και θέλω σώσει την χωλαίνουσαν και συνάξει την εξωσμένην· και θέλω καταστήσει αυτούς έπαινον και δόξαν εν παντί τόπω της αισχύνης αυτών.
20 ၂၀ ကွဲ​လွင့်​နေ​သူ​သင်​တို့​၏​အ​မျိုး​သား​များ အား မိ​မိ​တို့​ပြည်​သို့​ငါ​ခေါ်​ဆောင်​လာ​မည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ငါ​သည်​သင်​တို့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင် ထင်​ပေါ်​ကျော်​ကြား​စေ​မည်။ သင်​တို့​ကို​တစ်​ဖန်​ပြန်​လည်​ကောင်း​စား စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​ဇေ​ဖ​နိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
Εν τω καιρώ εκείνω θέλω σας φέρει και εν τω καιρώ εκείνω θέλω σας συνάξει· διότι θέλω σας κάμει ονομαστούς και επαινετούς μεταξύ πάντων των λαών της γης, όταν εγώ αποστρέψω την αιχμαλωσίαν σας έμπροσθεν των οφθαλμών σας, λέγει Κύριος.

< ဇေဖနိ 3 >