< ဇာခရိ 9 >
1 ၁ ထာဝရဘုရား၏ဗျာဒိတ်တော်ကားဤသို့ တည်း။ ကိုယ်တော်သည်ဟာဒရက်ပြည်နှင့်ဒမာသက် မြို့ကိုအပြစ်ဒဏ်ခတ်ရန်စီရင်ချက်ချမှတ် တော်မူလေပြီ။ ထာဝရဘုရားသည်ဣသရေ လလူမျိုးနွယ်များကိုသာလျှင်မဟုတ်၊ ရှုရိ ပြည်၏မြို့တော်ကိုလည်းပိုင်တော်မူ၏။-
၁ထာဝရဘုရား ၏ဗျာဒိတ် နှုတ်ကပတ် တော်သည် ဟာဒရက် ပြည် နှင့် ဒမာသက် မြို့၌ သင့် ရောက်ပေ၏။ ထာဝရဘုရား သည် လူမျိုးကို၎င်း၊ ဣသရေလ အမျိုး အနွယ်အပေါင်း တို့ကို၎င်းကြည့်ရှု လျက် ရှိတော်မူ၏။
2 ၂ ဟာဒရက်ပြည်နှင့်ကပ်လျက်နေသောဟာမက် ပြည်ကိုလည်းကောင်း ကျွမ်းကျင်လိမ္မာမှုရှိသည့် တုရုမြို့နှင့်ဇိဒုန်မြို့တို့ကိုလည်းကောင်း ကိုယ်တော်ပိုင်တော်မူ၏။-
၂ထိုပြည်နှင့် နီးစပ် သော ဟာမတ် ပြည်၌ ၎င်း ၊ တုရု မြို့သည် လိမ္မာ သောကြောင့် ထိုမြို့ နှင့် ဇိဒုန် မြို့၌၎င်း သင့်ရောက်ပေ၏။
3 ၃ တုရုမြို့သည်မိမိအတွက်ခံတပ်များကို ဆောက်လုပ်ကာ ရွှေနှင့်ငွေများကိုမြေမှုန့် တမျှပေါများလောက်အောင်စုပုံ၍ထား၏။-
၃တုရု မြို့သည် မိမိ အဘို့ ရဲတိုက် ကို တည်ဆောက် ၍ ၊ ငွေ ကို မြေမှုန့် ကဲ့သို့ ၎င်း ၊ ရွှေစင် ကိုလမ်း ၌ရှိသောရွံ့ ကဲ့သို့ ၎င်း စုပုံ သော်လည်း ၊
4 ၄ သို့ရာတွင်ထာဝရဘုရားသည်ထိုမြို့၏ စည်းစိမ်ဥစ္စာမှန်သမျှကိုသိမ်းယူတော် မူ၍ ပင်လယ်ထဲသို့ပစ်ချတော်မူလိမ့်မည်။ ထိုမြို့သည်လည်းမီးလောင်ကျွမ်း၍သွား လိမ့်မည်။
၄ထာဝရ ဘုရားသည် သူတပါး လက်သို့ သူ့ ကိုအပ် ၍ ၊ သူ့ ခွန်အား ကို ပင်လယ် ထဲသို့ ချ တော်မူသဖြင့် ၊ မြို့ သည် မီး ဖြင့် ကျွမ်းလောင် လိမ့်မည်။
5 ၅ ဤအမှုကိုအာရှကေလုန်မြို့သည်မြင်၍ ကြောက်လန့်သွားလိမ့်မည်။ ဂါဇမြို့သည် လည်းမြင်သဖြင့်စိတ်နှလုံးတုန်လှုပ်ခြောက် ချား၍သွားလိမ့်မည်။ ဧကြုန်မြို့သည်လည်း ထိုနည်းလည်းကောင်းဖြစ်၍သူ၏မျှော်လင့် ချက်များပျက်ပြား၍သွားလိမ့်မည်။ ဂါဇ မြို့သည်မင်းဆက်ပြတ်လျက်၊ အာရှကေလုန် မြို့သည်လူသူဆိတ်ငြိမ်ရာဖြစ်၍ကျန်ရစ် လိမ့်မည်။-
၅ထိုအမှုကို အာရှကေလုန် မြို့သည် မြင် ၍ ကြောက် လိမ့်မည်။ ဂါဇ မြို့သည် မြင်၍ အလွန် တုန်လှုပ် လိမ့်မည်။ ဧကြုန် မြို့လည်း မြော်လင့် ၍ အရှက်ကွဲ သောကြောင့် ထိုအတူဖြစ်လိမ့်မည်။ ဂါဇ မင်းကြီး သည် ဆုံး လိမ့်မည် ။ အာရှကေလုန် မြို့သည်လည်း အစိုး မ ရ။
6 ၆ အာဇုတ်မြို့တွင်အမျိုးမစစ်သည့်လူတို့နေ ထိုင်ကြလိမ့်မည်။ ထာဝရဘုရားက``ငါသည် ဖိလိတ္တိအမျိုးသားတို့မာန်မာနကိုချိုးနှိမ် မည်။-
၆အာဇုတ် မြို့၌ တကျွန်း တနိုင်ငံသားတို့သည် နေ ကြလိမ့်မည်။ ဖိလိတ္တိ အမျိုး၏ မာန ကိုလည်း ငါချိုးဖဲ့ မည်။
7 ၇ သူသည်သွေးပါသည့်အသားကိုသော်လည်း ကောင်း၊ အခြားတားမြစ်ရာပါအစားအစာ ကိုသော်လည်းကောင်းစားကြတော့မည်မဟုတ်။ အသက်မသေဘဲကြွင်းကျန်နေသူမှန်သမျှ သည် ငါ၏လူမျိုးတော်တွင်ပါ၍လာကြလိမ့် မည်။ သူတို့သည်ယုဒအနွယ်ဝင်သားချင်း စုတစ်စုကဲ့သို့ဖြစ်ကြလိမ့်မည်။ ဧကြုန်မြို့ သားတို့သည်ယေဗုသိမြို့သားများနည်း တူငါ၏လူမျိုးတွင်အပါအဝင်ဖြစ် လာကြလိမ့်မည်။-
၇သူ စားသော အသွေး ကို သူ ၏ပါးစပ် ထဲမှ ၎င်း ၊ သူ ကိုက်သော ရွံ့ရှာဘွယ် တို့ကို သူ ၏သွား ကြား မှ ၎င်း ငါနှုတ်ပယ် မည်။ ကျန်ကြွင်းသောသူသည်လည်း ငါ တို့ ဘုရား သခင်အဘို့ ကျန်ကြွင်း ၍ ၊ ယုဒ ပြည်၌ မင်း ကဲ့သို့ နေလိမ့်မည်။ ဧကြုန် မြို့သားလည်း ယေဗုသိ လူကဲ့သို့ ဖြစ် လိမ့်မည်။
8 ၈ ငါသည်မိမိ၏ပြည်တော်ကိုအဘယ်တပ် မျှဖြတ်သန်း၍ မသွားနိုင်စေရန်ကာကွယ် စောင့်ထိန်းမည်။ မင်းဆိုးမင်းညစ်တို့အားလည်း ငါ၏လူမျိုးတော်ကိုညှင်းပန်းနှိပ်စက်ခွင့် ပြုတော့မည်မဟုတ်။ ငါ၏လူတို့ဒုက္ခခံစား ခဲ့ရသည်ကိုငါမြင်တော်မူပြီ'' ဟုမိန့် တော်မူပါ၏။
၈အဘယ်ရန်သူ မျှ မထွက် မဝင်စေခြင်းငှါ၊ ငါ့ အိမ် တော်ပတ်လည်၌ တပ်ချ မည်။ ညှဉ်းဆဲ သောသူသည် ငါ့ လူတို့ကို နောက် တဖန် မ နှိပ်နင်း ရ။ အကြောင်း မူကား၊ ငါ သည် ယခု ကိုယ်တိုင်ကြည့် ၍ မြင် ပြီ။
9 ၉ ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
၉အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။
10 ၁၀ ထာဝရဘုရားက၊ ``ငါသည်ဣသရေလပြည်မှစစ်မြင်းရထား များကို ဖယ်ရှား၍၊မြင်းများကိုယေရုရှလင်မြို့သို့ ယူဆောင်သွားမည်။ စစ်ပွဲတွင်အသုံးပြုသည့်လေးတို့ကိုလည်း ချိုးပစ်မည်။ သင်တို့ဘုရင်သည်နိုင်ငံတကာနှင့်စစ်ပြေ ငြိမ်းရေး ဆောင်ရွက်ပြီးလျှင်၊ ပင်လယ်တစ်ပြင်မှတစ်ပြင်သို့တိုင်အောင် လည်းကောင်း၊ ဥဖရတ်မြစ်မှကမ္ဘာမြေကြီးစွန်းသို့တိုင် အောင် လည်းကောင်းအစိုးရလိမ့်မည်'' ဟုမိန့်တော် မူ၏။
၁၀ငါသည် ဧဖရိမ် ပြည်၌ ရထား ကို၎င်း၊ ယေရုရှလင် မြို့၌ မြင်း ကို၎င်း ပယ်ဖြတ် မည်။ စစ် လေး ကိုလည်း ပယ်ဖြတ် မည်။ တပါးအမျိုးသား တို့သည် စစ်ငြိမ်း မည် အကြောင်း ကို ထို အရှင်သည် မိန့် တော်မူမည်။ အာဏာ တော်လည်း ပင်လယ် တပါးမှ သည် ပင်လယ် တပါးတိုင်အောင် ၎င်း ၊ မြစ် မှ သည် မြေကြီး စွန်း တိုင်အောင် ၎င်း တည်လိမ့်မည်။
11 ၁၁ ထာဝရဘုရားက၊ ``ယဇ်ကောင်များ၏သွေးနှင့်တံဆိပ်ခတ် နှိပ်ကာ၊ သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို ထောက်၍ ငါသည်သင်တို့၏အမျိုးသားများအား ကယ်လွှတ်မည်။ ရေမရှိသောတွင်းနက်တည်းဟူသောပြည်နှင်ဒဏ် ဘဝမှကယ်လွှတ်မည်။
၁၁သင် ၏အမှုမူကား ၊ ချုပ်ထား လျက်ရှိသောသင် ၏လူတို့ကို၊ ရေ မ ရှိသော မြေတွင်း ထဲက ၊ သင် နှင့် ဖွဲ့သော ပဋိညာဉ် အသွေး ကြောင့် ငါကယ်လွှတ် မည်။
12 ၁၂ အချင်းပြည်နှင်ဒဏ်သင့်သူတို့ပြန်လာကြလော့။ မျှော်လင့်ချက်ရှိကြပေပြီ။ ဘေးမဲ့လုံခြုံရာသင်တို့၏ရဲတိုက်သို့ပြန်လာ ကြလော့။ သင်တို့ခံခဲ့ရသည့်ဆင်းရဲဒုက္ခများ၏ နှစ်ဆမျှသော ကောင်းချီးမင်္ဂလာကိုသင်တို့အားငါပေးမည် ဖြစ်ကြောင်းယခုပင်ပြောကြားပါ၏။
၁၂အချုပ် ခံ၍ မြော်လင့် သောသူတို့ ၊ ရဲတိုက် သို့ ပြန်လာ ကြလော့။ ငါသည် နှစ်ဆ သော ကျေးဇူး ကို ပြုဦးမည်ဟု ယနေ့ ပင် ပြော ထား၏။
13 ၁၃ ငါသည်ယုဒပြည်ကိုစစ်သူရဲ၏လေးအဖြစ် နှင့်လည်းကောင်း၊ ဣသရေလပြည်ကိုမြားများအဖြစ် နှင့်လည်းကောင်း အသုံးပြုမည်။ ဂရိတ်ပြည်ကိုတိုက်ခိုက်ရန်ငါသည်ဇိအုန် မြို့သားတို့အား ဋ္ဌားအဖြစ်အသုံးပြုမည်'' ဟုမိန့်တော်မူ၏။
၁၃ယုဒ လေးကို ငါ တင် ၍ ၊ ဧဖရိမ် လေး ကို ဆွဲငင် လျက်၊ ဇိအုန် သား တို့ကို ဟေလသ သား တို့တဘက် ၌ နှိုးဆော် ၍ ၊ သင့် ကို သူရဲ ၏ထား ကဲ့သို့ ဖြစ် စေမည်။
14 ၁၄ ထာဝရဘုရားသည်မိမိလူမျိုးတော်ရှိရာ အရပ်သို့ ကြွလာတော်မူ၍မြားတော်တို့ကိုလျှပ်စစ်ပြက် သကဲ့သို့ပစ်လွှတ်တော်မူလိမ့်မည်။ ထာဝရဘုရားသည်တံပိုးခရာမှုတ်တော်မူ၍ တောင်အရပ်မှလာသည့်လေမုန်တိုင်းနှင့်အတူ ချီတက်တော်မူလိမ့်မည်။
၁၄ထာဝရဘုရား သည် သူ တို့အပေါ် မှာ ထင်ရှား တော်မူ၍ ၊ မြှား တော်သည် လျှပ်စစ်ပြက် သကဲ့သို့ ပြေး လိမ့်မည်။ အရှင် ထာဝရဘုရား သခင်သည် တံပိုး မှုတ် ၍ ၊ တောင် လေဘွေ တို့နှင့် ကြွ သွားတော်မူလိမ့်မည်။
15 ၁၅ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကိုကာကွယ်စောင့်ထိန်း တော်မူလိမ့်မည်။ သူတို့သည်လည်းရန်သူများကို နှိမ်နင်းအောင်မြင်ကြလိမ့်မည်။ သူတို့သည်သေသောက်ကြူးများကဲ့သို့စစ် ပွဲတွင် ဟစ်အော်ကြလျက်ရန်သူများကိုသတ်ဖြတ် ကြလိမ့်မည်။ ထိုသူတို့၏သွေးသည်အင်တုံမှယဇ်ပလ္လင် ပေါ်သို့ သွန်းလောင်းလိုက်သည့်သွေးကဲ့သို့စီးဆင်း လာလိမ့်မည်။
၁၅ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သူ တို့ကို ကွယ်ကာ တော်မူသဖြင့် ၊ သူတို့သည် ကိုက်စား ၍ လက် လွှဲကျောက် တို့ကို ကျော်နင်း ကြလိမ့်မည်။ သောက် ပြီးလျှင် ၊ စပျစ်ရည် နှင့် ဝသကဲ့သို့ ကြွေးကြော် ကြလိမ့်မည်။ အင်တုံ ကဲ့သို့ ၎င်း ၊ ယဇ် ပလ္လင်ထောင့် ကဲ့သို့ ၎င်း ပြည့်ဝ ကြ လိမ့်မည်။
16 ၁၆ ထိုနေ့ရက်ကာလကျရောက်လာသောအခါ သိုးထိန်းသည်သိုးစုအားဘေးအန္တရာယ်မှ ကယ်တင်သကဲ့သို့ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်အားကယ်တင်တော်မူ လိမ့်မည်။ သူတို့သည်သရဖူမှကျောက်မျက်ရတနာ များကဲ့သို့၊ ကိုယ်တော်၏ပြည်တွင်အရောင်အဝါ ထွန်းတောက်ကြလိမ့်မည်။
၁၆ထို နေ့၌ သူ တို့၏ဘုရား သခင်ထာဝရဘုရား သည် မိမိ လူ တို့ကို သိုးစု ကဲ့သို့ ကယ်တင် တော်မူလိမ့်မည်။ သူ တို့သည် မြေ တော်၌ ထင်ရှား သော သရဖူ မျက်မွန် ကဲ့သို့ဖြစ်ကြလိမ့်မည်။
17 ၁၇ ပြည်တော်သည်အဘယ်မျှသာယာတင့် တယ်လျက် နေပါလိမ့်မည်နည်း။ လူငယ်လူရွယ်တို့သည်ပြည်တော်ထွက်ဂျုံဆန်နှင့် စပျစ်ရည်ကိုမှီဝဲလျက်၊အားအင်ပြည့်ဖြိုး၍ လာကြလိမ့်မည်။
၁၇ကျေးဇူး တော်သည် အလွန်ကြီးစွတကား။ ဂုဏ် အသရေတော်လည်း အလွန် ကြီးစွတကား။ ဆန် စပါးသည် လုလင် တို့ကို၎င်း၊ စပျစ်ရည် သစ်သည် အပျိုမ တို့ကို၎င်း တိုးပွား များပြားစေလိမ့်မည်။