< ဇာခရိ 8 >

1 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ် က​ပတ်​တော်​သည် ဇာ​ခ​ရိ​ထံ​သို့​ရောက်​လာ ၏။-
La parole de l’Eternel-Cebaot me fut adressée en ces termes:
2 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန် မြို့​သူ​မြို့​သား​တို့​အ​ပေါ်​၌​ငါ​ထား​ရှိ​သည့် နက်​နဲ​သော​မေတ္တာ​ကြောင့်​သူ​တို့​၏​ရန်​သူ​များ အ​ပေါ်​အ​မျက်​ထွက်​စေ​သည့် ငါ​၏​မေတ္တာ​ကို ထောက်​၍​ငါ​သည်​ထို​မြို့​အား​ကူ​မ​ရန် တောင့်​တ​လျက်​နေ​၏။-
"Ainsi parle l’Eternel-Cebaot: Je suis enflammé pour Sion d’un zèle ardent, et pour elle je brûle d’une grande colère."
3 ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့ တော်​ယေ​ရု​ရှ​လင်​သို့​ပြန်​လာ​မည်။ ထို​မြို့ တွင်​ကျိန်း​ဝပ်​တော်​မူ​မည်။ ထို​မြို့​သည်​သစ္စာ ရှိ​သော​မြို့​ဟူ​၍​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​တောင်​ဟူ​၍​လည်း​ကောင်း နာ​မည်​တွင်​လိမ့်​မည်။-''
Ainsi parla l’Eternel: "Je suis revenu à Sion, et j’ai rétabli ma demeure au milieu de Jérusalem. Jérusalem s’appellera maintenant "la ville de fidélité" et la montagne de l’Eternel-Cebaot "la montagne sainte."
4 ``တောင်​ဝှေး​ကို​စွဲ​ကိုင်​၍​သွား​ရကြ​သည်​တိုင် အောင် အို​မင်း​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး ကြီး​တို့​သည် ယေ​ရု​ရှ​လင်​လမ်း​များ​တွင် ထိုင်​လျက်​နေ​ကြ​လိမ့်​မည်။-
Ainsi parle l’Eternel-Cebaot: "De nouveau des vieux et des vieilles seront assis sur les places de Jérusalem, tous un bâton à la main à cause de leur grand âge.
5 လမ်း​များ​သည်​လည်း​က​စား​လျက်​နေ​သူ က​လေး​သူ​ငယ်​သူ​ငယ်​မ​များ​နှင့်​တစ်​ဖန် ပြည့်​နှက်​၍​နေ​ပေ​လိမ့်​ဦး​မည်။''
Et les places de la cité seront pleines de jeunes garçons et de jeunes filles qui s’ébattront sur ces places."
6 ``ဤ​အ​မှု​အ​ရာ​များ​သည်​ယ​ခု​အ​ခါ​ကျန် ကြွင်း​နေ​သူ ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​ဖြစ် နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်​မှတ်​ရ​သော်​လည်း ငါ​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​မူ​ကား ဖြစ်​နိုင်​သည်​သာ​တည်း။-
Ainsi parle l’Eternel-Cebaot: "De ce que la chose paraîtra extraordinaire aux yeux des survivants de ce peuple en ces jours-là, cela devra-t-il me sembler extraordinaire à moi aussi? dit l’Eternel-Cebaot."
7 ငါ​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​အား​သူ​တို့​ရောက်​ရှိ​လေ ရာ​အ​ရပ်​မှ​ကယ်​ဆယ်​၍၊-
Ainsi parle l’Eternel-Cebaot: "Oui, certes je vais, par mon secours, retirer mon peuple de l’Orient et du pays du soleil couchant.
8 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ရန်​အ​ရှေ့​နှင့် အ​နောက်​အ​ရပ်​များ​မှ​ခေါ်​ဆောင်​လာ​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။ ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ တို့​အား​တ​ရား​မျှ​တ​စွာ​သစ္စာ​နှင့်​အုပ်​စိုး မည်။
Et je les ramènerai pour qu’ils habitent dans Jérusalem; ils seront mon peuple, et moi, je serai leur Dieu en vérité et en justice."
9 ရဲ​ရင့်​မှု​ရှိ​ကြ​လော့။ ယ​ခု​သင်​တို့​ကြား​သိ ကြ​ရ​သည့်​စ​ကား​များ​သည် ငါ​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို ပြန်​လည် တည်​ဆောက်​ရန်​အုတ်​မြစ်​ချ​ချိန်​၌​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​ကြ​သည့်​စ​ကား​များ​ပင် ဖြစ်​၏။-
Ainsi parle l’Eternel-Cebaot: "Que vos mains s’affermissent, vous qui en ces temps avez ouï ces paroles sorties de la bouche des prophètes, qui parurent au jour où fut fondée la maison de l’Eternel-Cebaot, où le temple commença à être reconstruit.
10 ၁၀ ထို​အ​ချိန်​ကာ​လ​မ​တိုင်​မီ​အ​ခါ​က​အ​ဘယ် သူ​မျှ​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​ငှား​ရမ်း​စေ ခိုင်း​နိုင်​စွမ်း​မ​ရှိ။ အ​ဘယ်​သူ​မျှ​လည်း​မိ​မိ တို့​ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​မှု မ​ရှိ။ ငါ​သည်​လူ​မျိုး​တစ်​ဦး​နှင့်​တစ်​ဦး​ရန် ဘက်​ဖြစ်​စေ​ခဲ့​၏။-
Car avant ce temps, il n’y avait point de salaire pour l’homme, point de salaire pour la bête; pour les allants et venants il n’était point de sécurité contre l’ennemi, et je lançais tous les hommes les uns contre les autres.
11 ၁၁ သို့​သော်​ယ​ခု​ငါ​သည်​ဤ​လူ​မျိုး​အ​ကြွင်း အ​ကျန်​များ​နှင့် တစ်​မျိုး​တစ်​ဖုံ​ပြောင်း​လဲ ဆက်​ဆံ​မည်။-''
Mais à présent je ne suis plus comme par le passé à l’égard des survivants de ce peuple, dit l’Eternel-Cebaot.
12 ၁၂ ``သူ​တို့​သည်​မိ​မိ​တို့​ကောက်​ပဲ​သီး​နှံ​များ ကို​ငြိမ်း​ချမ်း​စွာ​စိုက်​ပျိုး​ရကြ​လိမ့်​မည်။ သူ တို့​၏​စ​ပျစ်​ပင်​များ​သည်​အ​သီး​များ သီး​လိမ့်​မည်။ မြေ​ကြီး​သည်​ကောက်​ပဲ​သီး နှံ​များ​ကို​ဆောင်​လျက်​မိုး​သည်​လည်း​အ​မြောက် အ​မြား​ရွာ​သွန်း​လိမ့်​မည်။ ကြွင်း​ကျန်​နေ​သူ ငါ​၏​လူ​မျိုး​တော်​အား​ဤ​ကောင်း​ချီး​မင်္ဂ လာ​အ​ပေါင်း​ကို​ငါ​ပေး​မည်။-
Il y aura comme des semailles de paix: la vigne portera son fruit et la terre donnera son produit, le ciel répandra sa rosée, et à ceux qui restent du peuple je donnerai en partage tous ces biens.
13 ၁၃ အို ယု​ဒ​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​တိတ် အ​ခါ​က​လူ​မျိုး​ခြား​တို့​သည်​မိ​မိ​တို့​အ​ချင်း ချင်း​ကျိန်​ဆဲ​ရာ​တွင်`သင်​တို့​သည်​ယု​ဒ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​များ​နှင့်​ကြုံ​တွေ့​ရကြ​ပါ စေ​သော' ဟု​ဆို​တတ်​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​အား​ကယ်​တင်​တော်​မူ​မည်​ဖြစ်​၍ ထို​လူ​မျိုး​ခြား​တို့​သည်​တစ်​ဦး​နှင့်​တစ်​ဦး၊ `သင်​တို့​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ များ​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော' ဟု​ဆို ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ရဲ​ရင့်​မှု​ရှိ​ကြ လော့။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
Et de même que vous aurez été un objet de malédiction parmi les peuples, ô maison de Juda et maison d’Israël, ainsi assurerai-je votre salut, et vous serez une bénédiction. Ne craignez point, que vos mains se raffermissent!"
14 ၁၄ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင် တို့​၏​ဘိုး​ဘေး​များ​ငါ့​အား​အ​မျက်​ထွက် စေ​ကြ​သော​အ​ခါ ငါ​သည်​သူ​တို့​ကို​ဆိုး ကျိုး​ပေး​ရန်​ကြံ​စည်​ခဲ့​၏။ ထို​နောက်​စိတ် သ​ဘော​မ​ပြောင်း​မ​လဲ​ဘဲ​ယင်း​သို့​ကြံ စည်​သည့်​အ​တိုင်း​ငါ​ပြု​ခဲ့​၏။-
Oui, ainsi parle l’Eternel-Cebaot: "Comme j’avais résolu de vous nuire lorsque vos pères m’irritaient, dit l’Eternel-Cebaot, et que je n’en avais point de regret,
15 ၁၅ သို့​ရာ​တွင်​ယ​ခု​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​များ​နှင့် ယု​ဒ​ပြည်​သား​တို့ အား​ကောင်း​ချီး​ပေး​ရန်​ကြံ​စည်​လျက် ရှိ​၏။ သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။-
ainsi en revanche j’ai résolu en ces jours de combler de bienfaits Jérusalem et la maison de Juda: ne craignez point!
16 ၁၆ သင်​တို့​ပြု​ကျင့်​သင့်​သည့်​အ​မှု​များ​မှာ အ​ချင်း​ချင်း​ဟုတ်​မှန်​ရာ​ကို​ပြော​ဆို​ရန် ငြိမ်း​ချမ်း​သာ​ယာ​ရေး​အ​တွက်​ဖြောင့်​မှန် စွာ​တ​ရား​စီ​ရင်​ကြ​ရန်​ပင်​ဖြစ်​ပေ​သည်။-
Voici ce que vous devrez faire: Parlez loyalement l’un à l’autre, rendez des sentences de vérité et de paix dans vos portes!
17 ၁၇ သင်​တို့​သည်​အ​ချင်း​ချင်း​ဘေး​အန္တ​ရာယ်​ဖြစ် စေ​မည့်​အ​ကြံ​အ​စည်​ကို​မ​ပြု​ကြ​နှင့်။ ကျိန် ဆို​ခြင်း​ကို​ပြု​လျက်​မ​မှန်​သော​သက်​သေ​ကို မ​ခံ​ကြ​နှင့်။ လိမ်​လည်​ပြော​ဆို​မှု၊ မ​တ​ရား သည့်​အ​မှု​နှင့် အ​ကြမ်း​ဖက်​မှု​တို့​ကို​ငါ​မုန်း ၏'' ဟု​မိန့်​တော်​မူ​၏။
Ne méditez dans votre cœur aucune méchanceté l’un contre l’autre, n’aimez pas le faux serment, car toutes ces choses, je les hais, dit l’Eternel."
18 ၁၈ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဇာ​ခ​ရိ​အား​ဤ​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
La parole de l’Eternel me fut adressée en ces termes:
19 ၁၉ ``စ​တုတ္ထ၊ ပဉ္စ​မ၊ သတ္တ​မ​နှင့်​ဒ​သ​မ​လ​များ တွင်​ကျင်း​ပ​သည့်​အ​စာ​ရှောင်​သည့်​ပွဲ​တော် များ​သည် ယု​ဒ​ပြည်​သား​အ​တွက်​ရွှင်​လန်း ဝမ်း​မြောက်​ဖွယ်​ဖြစ်​လာ​လိမ့်​မည်။ သင်​တို့ သည်​အ​မှန်​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ မှု​ကို​နှစ်​သက်​မြတ်​နိုး​ရ​ကြ​မည်'' ဟု မိန့်​တော်​မူ​၏။
"Ainsi parle l’Eternel-Cebaot: Le jeûne du quatrième mois et le jeûne du cinquième, le jeûne du septième et le jeûne du dixième mois seront changés pour la maison de Juda en joie et en allégresse et en fêtes solennelles. Mais chérissez la vérité et la paix!"
20 ၂၀ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``တိုင်း နိုင်​ငံ​ကြီး​များ​နှင့်​မြို့​များ​မှ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​မည့် အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။-
Ainsi parle l’Eternel-Cebaot: "Il arrivera encore qu’on verra affluer des peuples, les habitants de nombreuses villes.
21 ၂၁ မြို့​တစ်​မြို့​မှ​လူ​တို့​သည်​အ​ခြား​မြို့​မှ​လူ တို့​အား`ငါ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​သွား​ရောက်​ဝတ်​ပြု​ကိုး​ကွယ်​ကာ ကိုယ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း ခံ​ကြ​ကုန်​အံ့။ ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ကြ လော့' ဟု​ဆို​လိမ့်​မည်။-
Et ces habitants iront les uns vers les autres se disant: Allons, mettons-nous en route pour rendre hommage à l’Eternel, pour rechercher l’Eternel-Cebaot; j’irai moi aussi.
22 ၂၂ တန်​ခိုး​ကြီး​မား​သည့်​တိုင်း​ကြီး​ပြည်​ကြီး သား​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ရန်​နှင့်​ကိုယ် တော်​၏​ကောင်း​ချီး​မင်္ဂလာ​ကို​တောင်း​ခံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​လိမ့်​မည်။-
Et ainsi de nombreux peuples et de puissantes nations viendront rechercher l’Eternel-Cebaot à Jérusalem et rendre hommage à l’Eternel."
23 ၂၃ ထို​နေ့​ရက်​ကာ​လ​၌​ယု​ဒ​အ​မျိုး​သား တစ်​ဦး​အား​လူ​မျိုး​ခြား​တစ်​ကျိပ်​က``ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း ငါ​တို့​ကြား​သိ​ရ​ကြ​ပေ​ပြီ။ သို့​ဖြစ်​၍ ငါ​တို့​သည်​သင်​တို့​နှင့်​ဆိုး​တူ​ကောင်း​ဖက် ဖြစ်​လို​ကြ​ပါ​သည်' ဟု​ဆို​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
Ainsi parle l’Eternel-Cebaot: "En ces jours-là, dix hommes de toute langue, de toute nation, saisiront le pan de l’habit d’un seul individu lehoudi (Juif) en disant: Nous voulons aller avec vous, car nous avons entendu dire que Dieu est avec vous!"

< ဇာခရိ 8 >