< ဇာခရိ 5 >
1 ၁ ငါသည်နောက်တစ်ဖန်ကြည့်လိုက်ပြန်သောအခါ လေထဲတွင်ပျံဝဲနေသောစာလိပ်တစ်ခုကိုမြင် ရ၏။-
And I turned and lifted up my eyes: and I saw, and behold a volume flying.
2 ၂ ကောင်းကင်တမန်က``သင်အဘယ်အရာကို မြင်သနည်း'' ဟုမေးလျှင်ငါသည်လည်း``လေ ထဲတွင်ပျံနေသောစာလိပ်တစ်ခုကိုမြင် ပါ၏။ ထိုစာလိပ်သည်အလျားပေသုံးဆယ် အနံတစ်ဆယ့်ငါးပေရှိပါသည်'' ဟုပြန် လည်ဖြေကြား၏။
And he said to me: What seest thou? And I said: I see a volume flying: the length thereof is twenty cubits, and the breadth thereof ten cubits.
3 ၃ ထိုအခါကောင်းကင်တမန်က``တစ်နိုင်ငံလုံး အပေါ်သို့သက်ရောက်မည့်ကျိန်စာကိုထိုစာ လိပ်တွင်ရေးသားထားပါသည်။ စာလိပ်တစ် မျက်နှာ၌သူခိုးမှန်သမျှတို့သည် ဤနိုင်ငံ မှဖယ်ရှားခြင်းကိုခံရကြလိမ့်မည်ဟူ၍ လည်းကောင်း၊ အခြားတစ်မျက်နှာ၌မူမမှန် မကန်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူအပေါင်း တို့သည်သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြ လိမ့်မည်ဟူ၍လည်းကောင်းဖော်ပြထား ပါသည်။-
And he said to me: This is the curse that goeth forth over the face of the earth: for every thief shall be judged as is there written: and every one that sweareth in like manner shall be judged by it.
4 ၄ အနန္တတန်ခိုးရှင်ထာဝရဘုရားကငါသည် ဤကျိန်စာကိုစေလွှတ်လိုက်မည်ဖြစ်၍ယင်း သည်ငါ၏နာမတော်ကိုတိုင်တည်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူမှန်သမျှနှင့်သူခိုးမှန် သမျှတို့၏အိမ်များတွင်ဝင်၍နေလိမ့်မည်။ ထိုအိမ်တို့သည်လည်းကျိန်စာထွက်ခွာသွား သောအခါ ယိုယွင်းပျက်စီးလျက်ကျန်ရစ် ကြလိမ့်မည်'' ဟုဆို၏။
I will bring it forth, saith the Lord of hosts: and it shall come to the house of the thief, and to the house of him that sweareth falsely by my name: and it shall remain in the midst of his house, and shall consume it, with the timber thereof, and the stones thereof.
5 ၅ ကောင်းကင်တမန်သည်တစ်ဖန်ပေါ်လာပြန် ၍``ကြည့်လော့။ အရာဝတ္ထုတစ်ခုသည်ရွေ့ လျား၍လာနေ၏'' ဆို၏။
And the angel went forth that spoke in me, and he said to me: Lift up thy eyes, and see what this is, that goeth forth.
6 ၆ ငါက``ထိုအရာကားအဘယ်နည်း'' ဟု မေးလျှင်၊ ကောင်းကင်တမန်က``ထိုအရာသည်ခြင်း တောင်းတစ်ခုဖြစ်၍တစ်နိုင်ငံလုံး၏အပြစ် ကိုသရုပ်ဆောင်၏'' ဟုပြန်လည်ဖြေကြား လေသည်။-
And I said: What is it? And he said: This is a vessel going forth. And he said: This is their eye in all the earth.
7 ၇ ထိုခြင်းတောင်းတွင်ခဲဖြင့်ပြီးသောအဖုံး တစ်ခုရှိ၏။ ထိုအဖုံးသည်ငါကြည့်လျက် နေစဉ်၌ပင်ပွင့်၍လာလေသည်။ ခြင်းတောင်း ထဲတွင်အမျိုးသမီးတစ်ယောက်ထိုင်လျက် နေပါသည်တကား။
And behold a talent of lead was carried, and behold a woman sitting in the midst of the vessel.
8 ၈ ကောင်းကင်တမန်က၊``ဤအမျိုးသမီးသည် ယုတ်မာမှုကိုသရုပ်ဆောင်၏'' ဟုဆိုကာ သူ့အားခြင်းတောင်းထဲသို့နှိပ်ချလိုက်ပြီး လျှင်အဖုံးပြန်ဖုံး၍ထားလိုက်လေသည်။-
And he said: This is wickedness. And he cast her into the midst of the vessel, and cast the weight of lead upon the mouth thereof.
9 ၉ ငါသည်မော်၍ကြည့်လိုက်သောအခါငှက် ကျား၏အတောင်ကဲ့သို့ကြီးမားသည့် အတောင်များနှင့် ငါ့ထံသို့ပျံလာနေသော အမျိုးသမီးနှစ်ဦးကိုမြင်ရ၏။ သူတို့သည် ခြင်းတောင်းကိုချီယူကာအဝေးသို့ပျံ သွားကြ၏။
And I lifted up my eyes and looked: and behold there came out two women, and wind was in their wings, and they had wings like the wings of a kite: and they lifted up the vessel between the earth and the heaven.
10 ၁၀ ငါသည်ကောင်းကင်တမန်အား``ထိုသူတို့ သည်ခြင်းတောင်းကိုအဘယ်အရပ်သို့ ယူဆောင်သွားကြပါသနည်း'' ဟုမေး လျှင်၊
And I said to the angel that spoke in me: Whither do these carry the vessel?
11 ၁၁ ကောင်းကင်တမန်က``ဗာဗုလုန်ပြည်သို့ဖြစ် ပါ၏။ သူတို့သည်ထိုပြည်တွင်ဗိမာန်တစ်ခု ကိုတည်ဆောက်ကြပါလိမ့်မည်။ ထိုနောက်ဝတ် ပြုကိုးကွယ်ရန်ထိုဗိမာန်တော်ထဲတွင်ခြင်း တောင်းကိုတည်ထားကြပါလိမ့်မည်'' ဟု ဆို၏။
And he said to me: That a house may be built for it in the land of Sennaar, and that it may be established, and set there upon its own basis.