< ဇာခရိ 4 >
1 ၁ ငါနှင့်စကားပြောဆိုနေခဲ့သည့်ကောင်းကင် တမန်သည် တစ်ဖန်လာ၍အိပ်ပျော်သူကို နှိုးသကဲ့သို့ငါ့ကိုနှိုးပြီးလျှင်၊-
Then the messenger who talked with me came again and woke me, as someone who is woken from sleep.
2 ၂ ``အဘယ်အရာကိုသင်မြင်ပါသနည်း'' ဟုမေး၏။ ငါကလည်း``ရွှေမီးတင်ခုံတစ်ခု ကိုမြင်ပါသည်။ မီးတင်ခုံတိုင်ထိပ်တွင်ဆီ ခွက်တစ်ခုရှိပါသည်။ မီးတင်ခုံပေါ်တွင် မီးစာခုနစ်စစီရှိသောမီးခွက်ခုနစ်လုံး ရှိပါသည်။-
He said to me, ‘What do you see?’ I said, ‘I see a candlestick, all of gold, with a bowl on its top, and seven lamps on it. There are seven pipes to each of the lamps, which are on its top,
3 ၃ မီးတင်ခုံ၏နံဘေးတစ်ဖက်တစ်ချက်တွင် သံလွင်ပင်တစ်ပင်စီရှိပါသည်'' ဟုဖြေ ကြားလိုက်လေသည်။-
and two olive trees next to it, one on the right side of the bowl, and the other on its left side.’
4 ၄ ထိုနောက်ငါသည်ကောင်းကင်တမန်အား၊ အရှင် ဤအရာတို့သည်အဘယ်အဖြစ်အပျက် များကိုသရုပ်ဆောင်ပါသနည်း'' ဟုမေး၏။
I said to the messenger who talked with me, ‘What are these, my lord?’
5 ၅ ကောင်းကင်တမန်က``သင်မသိပါသလော'' ဟုဆိုလျှင် ငါကလည်း``အရှင်အကျွန်ုပ်မ သိပါ'' ဟုပြန်လည်ဖြေကြားလိုက်၏။
Then the messenger who talked with me answered, ‘Don’t you know what these are?’ And I said. ‘No, my lord.’
6 ၆ ကောင်းကင်တမန်ကငါ့အား``သင်သည်ဇေရုဗ ဗေလသို့ထာဝရဘုရားပေးတော်မူသည့်ဤ ဗျာဒိတ်တော်ကိုပြန်ကြားလော့။ ကိုယ်တော်က သူ့အား`သင်သည်မိမိ၏တန်ခိုးစွမ်းရည်အား ဖြင့်သော်လည်းကောင်း၊ စစ်သည်ဗိုလ်ခြေအင်အား အားဖြင့်သော်လည်းကောင်းဤအမှုကိုပြု လိမ့်မည်မဟုတ်။ ငါ၏ဝိညာဉ်တော်တန်ခိုး တော်အားဖြင့်သာလျှင်ပြုနိုင်လိမ့်မည်'' ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော် မူ၏။-
He said to me, ‘This is the message of the Lord regarding Zerubbabel: Not by might, nor by power, but by my spirit, says the Lord of hosts,
7 ၇ တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။''
will I make the great mountain before Zerubbabel a plain. He will bring forth the top stones with shoutings of, “Grace, grace, to it.”’
8 ၈ ထာဝရဘုရားထံတော်မှအခြားနှုတ် ကပတ်တော်တစ်ပါးသည် ငါ၏ထံတော် သို့ရောက်ရှိလာပြန်၏။-
Moreover this message of the Lord came to me:
9 ၉ ကိုယ်တော်က၊``ဇေရုဗဗေလသည်ဗိမာန် တော်အုတ်မြစ်ကိုချထားပြီးလေပြီ။ သူ သည်ထိုအဆောက်အဦးကိုလက်စသတ် ရပေလိမ့်မည်။ ယင်းသို့လက်စသတ်သော အခါ၌ငါ၏လူမျိုးတော်သည် မိမိတို့ ထံသို့သင့်ကိုစေလွှတ်ခဲ့သူမှာ အနန္တတန်ခိုး ရှင်ငါထာဝရဘုရားပင်ဖြစ်ကြောင်းသိရှိ ကြလိမ့်မည်။-
The hands of Zerubbabel have laid the foundation of this house. His hands will also finish it. Then you will know that the Lord of hosts has sent me to you.
10 ၁၀ သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။
For who has despised the day of small things? They will rejoice, and will see the plumb line in the hand of Zerubbabel. (The seven lamps are the eyes of the Lord that search all around the world.)
11 ၁၁ ထိုအခါငါသည်သူ့အား``မီးတင်ခုံ၏ တစ်ဖက်တစ်ချက်တွင်ရှိသောသံလွင်ပင် နှစ်ပင်၏အနက်အဋ္ဌိပ္ပါယ်ကားအဘယ် သို့နည်း။-
Again I asked, ‘What are these two olive trees on the right side of the candlestick and on its left side?’
12 ၁၂ သံလွင်ဆီများကျဆင်းရာရွှေပြွန်နှစ်လုံး ၏နံဘေးတွင်ရှိသောသံလွင်ခက်နှစ်ခု၏ အနက်အဋ္ဌိပ္ပါယ်မှာလည်းအဘယ်နည်း'' ဟု မေး၏။
Again, ‘What are these two branches of the olive trees, which are pouring out the golden oil through the two golden pipes?’
13 ၁၃ သူကငါ့အား``သင်မသိပါသလော'' ဟု ဆိုလျှင်၊ ငါကလည်း`အရှင်အကျွန်ုပ်မသိပါ' ဟု ပြန်လည်ဖြေကြားလိုက်၏။
He answered me, ‘Don’t you now what these are?’ And I said, ‘No, my lord.’
14 ၁၄ ထိုအခါကောင်းကင်တမန်က``ဤအရာ တို့သည်ကမ္ဘာမြေပြင်တစ်ခုလုံးကိုအစိုး ရသောအရှင်၊ ဘုရားသခင်၏အမှုတော် ကိုထမ်းဆောင်ရန်ကိုယ်တော်ရွေးချယ်ဘိသိက် ပေးတော်မူသောသူနှစ်ဦးဖြစ်၏'' ဟုဆို လေသည်။
Then he explained, ‘They are the two anointed ones who attend the Lord of all the earth.’