< ဇာခရိ 2 >
1 ၁ ငါသည်ပေကြိုးကိုကိုင်ထားသည့်လူတစ်ယောက် ကိုအခြားဗျာဒိတ်ရူပါရုံတစ်ခုတွင်တွေ့မြင် ရ၏။-
Después levanté mis ojos y miré, y ahí estaba un varón con un cordel de medir en su mano.
2 ၂ သူ့အား``သင်သည်အဘယ်အရပ်သို့သွားမည် နည်း'' ဟုမေးသောအခါ၊ ထိုသူက``ယေရုရှလင်မြို့သို့သွားပါမည်။ ထို မြို့သည်အလျားအနံမည်မျှရှိသည်ကိုတိုင်း ထွား၍ကြည့်ရန်ဖြစ်ပါ၏'' ဟု ပြန်ပြောလေသည်။
Y le pregunté: ¿A dónde vas? Y me respondió: A medir Jerusalén, para ver cuál es su anchura y su longitud.
3 ၃ ထိုနောက်ငါနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်သည်ရှေ့သို့လာသောအခါ အခြားကောင်းကင်တမန်တစ်ပါးကသူ့ထံ သို့လာရောက်နှုတ်ဆက်သည်ကိုငါတွေ့မြင် ရ၏။-
Cuando salía el ángel que hablaba conmigo, otro ángel le salió al encuentro,
4 ၄ ပထမကောင်းကင်တမန်ကသူ့အား``ယေရု ရှလင်မြို့တွင်နေထိုင်ကြသည့်လူသတ္တဝါ တို့သည်အလွန်ပင်များသဖြင့် ထိုမြို့ကို တံတိုင်းကာနိုင်လိမ့်မည်မဟုတ်ကြောင်းပေ ကြိုးကိုင်ထားသူလူငယ်ထံသို့ပြေး၍ပြော ကြားလော့။-
y le dijo: Corre, habla a ese joven, y dile: Jerusalén será habitada sin muros a causa de la multitud de personas y de ganado que habrá en ella.
5 ၅ ထာဝရဘုရားသည်မိမိကိုယ်တော်တိုင်မြို့ ပတ်လည်တွင် မီးတံတိုင်းအဖြစ်တည်ရှိလျက် ဘုန်းအသရေတော်အပေါင်းနှင့်တကွ ထိုမြို့ တွင်စံနေတော်မူမည်ဖြစ်ကြောင်းကတိထား တော်မူလေပြီ'' ဟုဆို၏။
Yo le seré muro de fuego alrededor, y mi gloria estará dentro de ella, dice Yavé.
6 ၆ ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်သင်တို့ကိုအရပ်တကာသို့ ကွဲလွင့်စေတော်မူခဲ့၏။-
¡Eh, eh! Huyan de la tierra del norte, dice Yavé. Pues los esparcí por los cuatro puntos del cielo, dice Yavé.
7 ၇ သို့ရာတွင်အချင်းပြည်နှင်ဒဏ်သင့်သူတို့ ယခုသင်တို့သည်ဗာဗုလုန်ပြည်မှထွက်ပြေး ကာယေရုရှလင်မြို့သို့ပြန်လာကြလော့။-
¡Escapa, oh Sion, tú que vives con la hija de Babilonia!
8 ၈ သင်တို့အားထိပါးလာသူသည်ငါတန်ဘိုး အထားဆုံးသောအရာကိုထိပါးသူဖြစ် ၏'' ဟုမိန့်တော်မူ၏။ ကိုယ်တော်၏လူမျိုးတော်တို့အားတိုက်ခိုက် ချေမှုန်းသူတို့အား ဤကဲ့သို့သတင်းစကား ပြောကြားရန် ငါ့အားအနန္တတန်ခိုးရှင်ထာ ဝရဘုရားသည်စေလွှတ်တော်မူသည်။
Porque Yavé de las huestes dice: Tras la gloria me enviará a las naciones que los despojaron, porque el que los toca, toca la niña de mi ojo.
9 ၉ ``ဤသို့လျှင်ထာဝရဘုရားကိုယ်တော်တိုင် ပင် သင်တို့အားတိုက်ခိုက်တော်မူလိမ့်မည်။ အခါ တစ်ပါးကသင်တို့၏အစေအပါးကိုခံခဲ့ ရကြသူတို့သည် သင်တို့ကိုလုယက်တိုက်ခိုက် ကြလတ္တံ့'' ဟူသောဗျာဒိတ်တော်နှင့်အတူငါ့ အားစေလွှတ်တော်မူသတည်း။ ဤအမှုအရာများဖြစ်ပျက်လာသောအခါ ငါ့အား အနန္တတန်ခိုးရှင်ထာဝရဘုရားစေ လွှတ်တော်မူလိုက်ကြောင်းကိုလူအပေါင်းတို့ သိရှိကြလိမ့်မည်။
Por tanto, miren: Yo levanto mi mano contra ellos, y serán despojo para los que fueron sus esclavos. Y sabrán que Yavé de las huestes me envió.
10 ၁၀ ထာဝရဘုရားက``အို ယေရုရှလင်မြို့သူတို့၊ ဝမ်းမြောက်စွာသီချင်းဆိုကြပါလော့။ ငါသည် သင်တို့အလယ်တွင်ကျိန်းဝပ်ရန်ကြွလာတော် မူမည်'' ဟုမိန့်တော်မူ၏။
¡Canta y alégrate, hija de Sion, porque ciertamente vengo, y viviré en medio de ti! dice Yavé.
11 ၁၁ ထိုအခါလူမျိုးပေါင်းမြောက်မြားစွာတို့ သည်ထာဝရဘုရားထံတော်သို့ချဉ်းကပ် ကြလျက် ကိုယ်တော်၏လူမျိုးတော်ဖြစ်လာ ကြလိမ့်မည်။ ကိုယ်တော်သည်သင်တို့အလယ် တွင်ကျိန်းဝပ်တော်မူလိမ့်မည်။ ငါ့အားကိုယ် တော်စေလွှတ်တော်မူလိုက်ကြောင်းကိုလည်း သင်တို့သိကြလိမ့်မည်။-
Aquel día se unirán a Yavé muchas naciones y serán mi pueblo. Viviré en medio de ti, y conocerán que Yavé de las huestes me envió a ti.
12 ၁၂ တစ်ဖန်တုံယုဒနယ်သည်သန့်ရှင်းမြင့်မြတ် သည့်ပြည်တော်တွင်ထာဝရဘုရား၏အထူး ပိုင်နက်ဖြစ်လာရလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်းကိုယ်တော်အမြတ်နိုးဆုံးသော မြို့ဖြစ်လိမ့်မည်။
Yavé poseerá a Judá como su heredad en la tierra santa, y escogerá a Jerusalén.
13 ၁၃ လူအပေါင်းတို့ထာဝရဘုရားသည်မိမိ ကျိန်းဝပ်တော်မူရာသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်မှကြွလာတော်မူမည်ဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ဆိတ်ငြိမ်စွာနေ ကြလော့။
¡Calle todo mortal ante Yavé, porque Él despertó en su santa morada!